{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲစမ္းသပ္မႈေပါင္း ၁၇,၅၅၈ ခုကို စစ္ေဆးခဲ့တာမွာ ကိုဗစ္ပိုးေတြ႔သူ သစ္ ၁,၃၂၉ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ဒီညထုတ္ျပန္ပါတယ္။
ပိုးေတြ႔သူက ၇.၅၇% ျဖစ္ၿပီး ဒီ ည ၈ နာရီမွာထုတ္ျပန္တဲ့ စာရင္းအရ ေသဆုံးသူ ၄၂ ေယာက္၊ ၃.၇၇% ရွိခဲ့ပါတယ္။
က်န္းမာေရးလုပ္သားေတြနဲ႔ ပရဟိတ ကူညီသူေတြကေတာ့ ကိုဗစ္တတိယလႈိင္းအတြင္း အမွန္တကယ္ ပိုးေတြ႔ ေသဆုံးသူက တရားဝင္ထုတ္ျပန္တာထက္ ပိုမ်ားႏိုင္တယ္လို႔ ခန႔္မွန္းၾကပါတယ္။
ျမန္မာတႏိုင္ငံလုံးမွာ ကိုဗစ္ပိုးေတြ႔မႈ ဇူလိုင္လမွာအျမင့္ဆုံးေရာက္ခဲ့ေပမယ့္ ပိုးကူးစက္မႈ တျဖည္းျဖည္းက်လာေနပါတယ္။ ဒါေပမယ့္လည္း ကပ္ေရာဂါကို ထိန္းႏိုင္ေလာက္တဲ့ အေနအထားျဖစ္တဲ့၅% ေအာက္ကို မေရာက္ေသးတာမို႔ ကာကြယ္ေရးဆက္လုပ္ ကာကြယ္ေဆးထိုးၾကဖို႔ က်န္းမာေရးအရာရွိေတြက တိုက္တြန္းေနပါတယ္။
------------
{{Unicode}}
မြန်မာ COVID-19 ကူးစက်သူ ၁,၃၂၉ ယောက်၊ သေဆုံး ၄၂ ယောက် ထပ်တိုး
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၇,၅၅၈ ခုကို စစ်ဆေးခဲ့တာမှာ ကိုဗစ်ပိုးတွေ့သူ သစ် ၁,၃၂၉ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီညထုတ်ပြန်ပါတယ်။
ပိုးတွေ့သူက ၇.၅၇% ဖြစ်ပြီး ဒီ ည ၈ နာရီမှာထုတ်ပြန်တဲ့ စာရင်းအရ သေဆုံးသူ ၄၂ ယောက်၊ ၃.၇၇% ရှိခဲ့ပါတယ်။
ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတ ကူညီသူတွေကတော့ ကိုဗစ်တတိယလှိုင်းအတွင်း အမှန်တကယ် ပိုးတွေ့ သေဆုံးသူက တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်ပိုးတွေ့မှု ဇူလိုင်လမှာအမြင့်ဆုံးရောက်ခဲ့ပေမယ့် ပိုးကူးစက်မှု တဖြည်းဖြည်းကျလာနေပါတယ်။ ဒါပေမယ့်လည်း ကပ်ရောဂါကို ထိန်းနိုင်လောက်တဲ့ အနေအထားဖြစ်တဲ့၅% အောက်ကို မရောက်သေးတာမို့ ကာကွယ်ရေးဆက်လုပ် ကာကွယ်ဆေးထိုးကြဖို့ ကျန်းမာရေးအရာရှိတွေက တိုက်တွန်းနေပါတယ်။
#COVID #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း