သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 တတိယလှိုင်း ကူးစက်နှုန်း ၅% အောက် ပထမဆုံးအကြိမ်ကျဆင်း


{{Zawgyi/Unicode}}

COVID-19 တတိယလှိုင်းဒဏ် ခံနေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲစမ်းသပ်မှုပေါင်း ၁၃,၈၀၅ ခုကို ပြုလုပ်ခဲ့တာမှာ ၆၃၈ ဦး ရောဂါပိုး ကူးစက်နေတာ တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း စစ်ဆေးမှုအရ ပိုးတွေ့ရာခိုင်နှုန်းဟာ ၄.၉၅ % ရှိကြောင်း ကျန်းမာရေးဌာနက တရားဝင်ထုတ်ပြန်တာကြောင့် ဒါဟာ COVID-19 တတိယလှိုင်း စတင်တဲ့အချိန်ကလို့ ပထမဆုံးအကြိမ်အဖြစ် ၅% အောက်ကို လျော့ကျသွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့၂၄ နာရီအတွင်း သေဆုံးသူ၂၁ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၈,၄၆၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပရဟိတ လူမှုကူညီရေးအသင်းတွေကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းအတွင်း အမှန်တကယ် ပိုးကူးစက်သူနဲ့ သေဆုံးသူအရေအတွက် ဟာ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့စာရင်းထက် ပိုများနိုင်ကြောင်း သုံးသပ် ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေးထိုးတဲ့အစီအစဉ်တွေကို ကျန်းမာရေးဌာနက ဦးဆောင်ပြီး လုပ်ဆောင်နေတာမှာ အခုချိန်ထိ ကာကွယ်ဆေး ၁၂ သန်းကို ထိုးပေးခဲ့တာမှာ ကာကွယ်ဆေး ၂ ကြိမ် အပြည့်ထိုးပြီးသူက ၄.၉၈ သန်းနဲ့ ကာကွယ်ဆေး ပထမတကြိမ် ထိုးပြီးသူကတော့ ၇.၀၁ သန်းရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက မနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


=========

{{Unicode}}










XS
SM
MD
LG