သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေရာက္ ေ႐ႊ႕ေျပာင္းလုပ္သားအားလုံးကို ကိုဗစ္ကာကြယ္ေဆးထိုးမည္


တာခ့်ပြည်နယ်၊ မဲဆောက်မြိုနယ်အုပ်ချုပ်ရေးမှူးရုံးဝင်းထဲမှာ အောက်တိုဘာလအတွင်းမှာ တရားမဝင်အထောက်အထားမဲ့တွေအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကိုကာကွယ်ဆေးထိုးပေးခဲ့ပုံ (VOA/Nov 03, 2021)

{Zawgyi/Unicode}

ထိုင္းက်န္းမာေရးဒုတိယဝန္ႀကီးက ထိုင္းႏိုင္ငံထဲမွာ တရားမဝင္ အလုပ္လုပ္ကိုင္ေနသူေတြအပါအဝင္ ေ႐ႊ႕ေျပာင္းအလုပ္သမားအားလုံးကို Covid-19 ကာကြယ္ေဆးမ်ား ထိုးႏွံဖို႔စီစဥ္သြားမွာျဖစ္ေၾကာင္း ႏိုဝင္ဘာလ ၃ ရက္ေန႔က တရားဝင္ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ထိုင္းႏိုင္ငံတြင္းမွာ စက္တင္ဘာလက စၿပီး ၄လအတြင္း တႏိုင္ငံလံုး ကိုဗစ္ကာကြယ္ေဆးအၿပီးထိုးႏွံဖို႔ ထိုင္းအစိုးရက စီစဥ္ေနဆဲမွာပဲ ႏိုင္ငံတြင္း တရားမဝင္အလုပ္လုပ္ေနတဲ့ ေ႐ႊေျပာင္းအလုပ္သမားေတြကိုလည္း ကာကြယ္ေဆးထိုးေပးမယ္လို႔ ထိုင္းက်န္းမာေရးဌာန ဒုတိယဝန္ႀကီး Mr Anutin က တရားဝင္ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဒီအေၾကာင္း ထိုင္းေတာင္ပိုင္းအေျခစိုက္ ပညာေရးနဲ႔ဖြံ႔ၿဖိဳးတိုးတက္ေရးအဖြဲ႔က အလုပ္သမားေရးရာတာဝန္ခံ ဦးမင္းဦးက အခုလိုေျပာျပပါတယ္။

“ဒီေန႔သတင္းအရ ထိုင္းက်န္းမာေရးဒုဝန္ႀကီးက ဒီမွာရွိတဲ့ ေရႊ႕ေျပာင္းအလုပ္သမားအားလုံးကို ကာကြယ္ေဆးထိုးေပးမယ္ဆိုတဲ့အေၾကာင္း ဒီထဲမွာ တရားမဝင္အလုပ္လုပ္ေနတဲ့ လက္ရွိအလုပ္ လုပ္ေနၿပီေပါ့ဗ်ာ။ အေထာက္အထားမရွိတဲ့သူေတြအားလုံးပါေအာင္ ကာကြယ္ေဆးထိုးေပးမယ္လို႔ေျပာတယ္။ အေထာက္အထားမဲ့ေတြအတြက္ တရားဝင္ေျပာလာတဲ့သေဘာပဲ။”

တရားမဝင္ အေထာက္အထားမဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ ကာကြယ္ေဆးထိုးႏွံခြင့္ရဖို႔ ေ႐ႊေျပာင္းအလုပ္ သမားအေရးလုပ္ေနတဲ့အဖြဲ႔ေတြ စုစည္းၿပီး လြန္ခဲ့တဲ့ ၂ လေလာက္ကတည္းက ထိုင္းအစိုးရကို တင္ျပထားတာရွိတယ္လို႔လည္း ဦးမင္းဦးကေျပာပါတယ္။

“တကယ္ေတာ့လြန္ခဲ့တဲ့ ၂ လေလာက္က MWG တို႔၊ က်ေနာ္တို႔ေရႊ႕ေျပာင္းအလုပ္သမားေရးလုပ္ေနတဲ့ အဖြဲ႔အစည္းေတြကေနကိုဗစ္ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး ကာကြယ္ေဆးထိုးခြင့္ရဖို႔ ေဆြးေႏြးေနခဲ့တာၾကာၿပီ။ ထိုင္းၾကက္ေျခနီကိုတင္ျပေတာ့ ထိုင္းၾကက္ေျခနီကေန moderna vaccine ကို ထိုင္းၾကက္ေျခနီအဖြဲ႔က ႏိုင္ငံျခားကေန မွာထားတာ။ ေပးဖို႔ သေဘာတူခဲ့တာ ဒီႏွစ္ထဲမွာေတာ့မဟုတ္ဘူး။ ႏွစ္ကုန္ပိုင္းေလာက္မွာ အေထာက္အထားမဲ့ေတြအတြက္ရႏိုင္မယ္လို႔ ေျပာထားတာရွိတယ္။ ဟိုတုန္းထဲကေတာ့ေျပာတယ္။ အားလုံးထိုးနံွခြင့္ရေအာင္စီစဥ္ေပးမယ္လို႔ေတာ့ အစိုးရ ကေျပာတယ္။”

ထိုင္းအစိုးရက်န္းမာေရးဝန္ႀကီးဌာနအစီစဥ္နဲ႔တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕မွာေတာ့တရားမဝင္အထာက္အထားမဲ့ ေ႐ႊေျပာင္းအလုပ္သမားေတြကိုေတာ့ၿပီးခဲ့တဲ့တပတ္ေက်ာ္ကစၿပီး ကာကြယ္ေဆးထိုးႏွံေပးတာေတြလည္းရွိပါတယ္ ။

ဒါ့အျပင္ နယ္စပ္က မယ္ေတာ္ေဆးခန္းမွာ လာေရာက္ျပသၾကတဲ့ အေထာက္အထားမဲ့ သက္ႀကီး႐ြယ္အိုေတြ၊ နာတာရွည္ေရာဂါသည္ေတြ၊ HIV AIDS ေဝဒနာရွင္ေတြကိုလည္း ကာကြယ္ေဆးထိုးႏွံေပးေနတာ ရွိပါတယ္။ ဒါေပမယ့္ ကာကြယ္ေဆးမလုံေလာက္တဲ့ အကန႔္အသတ္ေတြေၾကာင့္ ေရႊ႕ေျပာင္းအလုပ္သမားတိုင္းကေတာ့ ကာကြယ္ေဆးထိုးႏွံခြင့္မရၾကေသးပါဘူး။ လက္ရွိမွာ တာ့ခ္ျပည္နယ္ထဲက ထိုင္းႏိုင္ငံသားေတြအပါအဝင္ လူဦးေရ ခုႏွစ္သိန္းေလာက္ကို ကိုဗစ္ကာကြယ္ေဆးထိုးႏွံေပးခဲ့ၿပီး တရားဝင္ေကာ တရားမဝင္ေကာပါတဲ့ျမန္မာေ႐ႊေျပာင္းအလုပ္သမား ခုႏွစ္ေသာင္းေလာက္ကေတာ့ ကိုဗစ္ကာကြယ္ေဆးထိုးႏွံခဲ့ရတယ္လို႔ ေ႐ႊေျပာင္းအလုပ္သမားေရးလုပ္ေဆာင္ေနသူေတြကဆိုပါတယ္။

မၾကာေသးမီရက္ေတြအတြင္း Covid-19 ကူးစက္မႈ ပိုမိုဆိုး႐ြားလာခဲ့တဲ့ ခ်င္းမိုင္မွာေတာ့ ေဒသခံ ၁.၇ သန္းရွိတဲ့အထဲမွာ ၁.၂ သန္းကို ကာကြယ္ေဆးထိုးၿပီးၿပီျဖစ္တယ္လို႔ ထိုင္းက်န္းမာေရးဝန္ႀကီးဌာနကဆိုပါတယ္။ ဒီထဲမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြလည္းပါဝင္ပါတယ္။ ဒါေပမယ့္ အေထာက္အထားမဲ့ေတြေတာ့ မပါဝင္ေသးပါဘူး။

ထိုင္းႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ၁ သန္း၊ ၉ သိန္း၊ ၃ ေသာင္းေက်ာ္ ရွိေနၿပီး ႏိုဝင္ဘာလ ၃ ရက္ေန႔မွာ ကူးစက္မႈအသစ္ ခုႏွစ္ေထာင္ေက်ာ္ရွိေနပါတယ္။ ထိုင္းအစိုးရေတာ့ ကိုဗစ္ကူးစက္မႈႏႈန္း ေလ်ာ့က်လာတဲ့အတြက္ ကိုဗစ္ကန႔္ သတ္ခ်က္ေတြ ေျဖေလ်ာ့ေပးခဲ့ၿပီး ႏိုဝင္ဘာလ ၁ ရက္ေန႔ကစၿပီး ျမန္မာအပါအဝင္ႏိုင္ငံေပါင္း ၆၃ ႏိုင္ငံက ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသား ခရီးသြားေတြကို ေစာင့္ၾကည့္ေရးစင္တာေတြမွာဝင္စရာမလိုဘဲ လာလည္ခြင့္ျပဳလိုက္ပါတယ္ရွင္။

=========

{{Unicode}}

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားအားလုံးကို ကိုဗစ်ကာကွယ်ဆေးထိုးမည်

ထိုင်းကျန်းမာရေးဒုတိယဝန်ကြီးက ထိုင်းနိုင်ငံထဲမှာ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေအပါအဝင် ရွှေ့ပြောင်းအလုပ်သမားအားလုံးကို Covid-19 ကာကွယ်ဆေးများ ထိုးနှံဖို့စီစဉ်သွားမှာဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့က တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ စက်တင်ဘာလက စပြီး ၄လအတွင်း တနိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေးအပြီးထိုးနှံဖို့ ထိုင်းအစိုးရက စီစဉ်နေဆဲမှာပဲ နိုင်ငံတွင်း တရားမဝင်အလုပ်လုပ်နေတဲ့ ရွှေပြောင်းအလုပ်သမားတွေကိုလည်း ကာကွယ်ဆေးထိုးပေးမယ်လို့ ထိုင်းကျန်းမာရေးဌာန ဒုတိယဝန်ကြီး Mr Anutin က တရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပြပါတယ်။

“ဒီနေ့သတင်းအရ ထိုင်းကျန်းမာရေးဒုဝန်ကြီးက ဒီမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားအားလုံးကို ကာကွယ်ဆေးထိုးပေးမယ်ဆိုတဲ့အကြောင်း ဒီထဲမှာ တရားမဝင်အလုပ်လုပ်နေတဲ့ လက်ရှိအလုပ် လုပ်နေပြီပေါ့ဗျာ။ အထောက်အထားမရှိတဲ့သူတွေအားလုံးပါအောင် ကာကွယ်ဆေးထိုးပေးမယ်လို့ပြောတယ်။ အထောက်အထားမဲ့တွေအတွက် တရားဝင်ပြောလာတဲ့သဘောပဲ။”

တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကာကွယ်ဆေးထိုးနှံခွင့်ရဖို့ ရွှေပြောင်းအလုပ် သမားအရေးလုပ်နေတဲ့အဖွဲ့တွေ စုစည်းပြီး လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ထိုင်းအစိုးရကို တင်ပြထားတာရှိတယ်လို့လည်း ဦးမင်းဦးကပြောပါတယ်။

“တကယ်တော့လွန်ခဲ့တဲ့ ၂ လလောက်က MWG တို့၊ ကျနော်တို့ရွှေ့ပြောင်းအလုပ်သမားရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေကနေကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ကာကွယ်ဆေးထိုးခွင့်ရဖို့ ဆွေးနွေးနေခဲ့တာကြာပြီ။ ထိုင်းကြက်ခြေနီကိုတင်ပြတော့ ထိုင်းကြက်ခြေနီကနေ moderna vaccine ကို ထိုင်းကြက်ခြေနီအဖွဲ့က နိုင်ငံခြားကနေ မှာထားတာ။ ပေးဖို့ သဘောတူခဲ့တာ ဒီနှစ်ထဲမှာတော့မဟုတ်ဘူး။ နှစ်ကုန်ပိုင်းလောက်မှာ အထောက်အထားမဲ့တွေအတွက်ရနိုင်မယ်လို့ ပြောထားတာရှိတယ်။ ဟိုတုန်းထဲကတော့ပြောတယ်။ အားလုံးထိုးနံှခွင့်ရအောင်စီစဉ်ပေးမယ်လို့တော့ အစိုးရ ကပြောတယ်။”

ထိုင်းအစိုးရကျန်းမာရေးဝန်ကြီးဌာနအစီစဉ်နဲ့တာ့ခ်ပြည်နယ် မဲဆောက်မြို့မှာတော့တရားမဝင်အထာက်အထားမဲ့ ရွှေပြောင်းအလုပ်သမားတွေကိုတော့ပြီးခဲ့တဲ့တပတ်ကျော်ကစပြီး ကာကွယ်ဆေးထိုးနှံပေးတာတွေလည်းရှိပါတယ် ။

ဒါ့အပြင် နယ်စပ်က မယ်တော်ဆေးခန်းမှာ လာရောက်ပြသကြတဲ့ အထောက်အထားမဲ့ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါသည်တွေ၊ HIV AIDS ဝေဒနာရှင်တွေကိုလည်း ကာကွယ်ဆေးထိုးနှံပေးနေတာ ရှိပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးမလုံလောက်တဲ့ အကန့်အသတ်တွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတိုင်းကတော့ ကာကွယ်ဆေးထိုးနှံခွင့်မရကြသေးပါဘူး။ လက်ရှိမှာ တာ့ခ်ပြည်နယ်ထဲက ထိုင်းနိုင်ငံသားတွေအပါအဝင် လူဦးရေ ခုနှစ်သိန်းလောက်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး တရားဝင်ကော တရားမဝင်ကောပါတဲ့မြန်မာရွှေပြောင်းအလုပ်သမား ခုနှစ်သောင်းလောက်ကတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံခဲ့ရတယ်လို့ ရွှေပြောင်းအလုပ်သမားရေးလုပ်ဆောင်နေသူတွေကဆိုပါတယ်။

မကြာသေးမီရက်တွေအတွင်း Covid-19 ကူးစက်မှု ပိုမိုဆိုးရွားလာခဲ့တဲ့ ချင်းမိုင်မှာတော့ ဒေသခံ ၁.၇ သန်းရှိတဲ့အထဲမှာ ၁.၂ သန်းကို ကာကွယ်ဆေးထိုးပြီးပြီဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။ ဒီထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်းပါဝင်ပါတယ်။ ဒါပေမယ့် အထောက်အထားမဲ့တွေတော့ မပါဝင်သေးပါဘူး။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ၁ သန်း၊ ၉ သိန်း၊ ၃ သောင်းကျော် ရှိနေပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ ကူးစက်မှုအသစ် ခုနှစ်ထောင်ကျော်ရှိနေပါတယ်။ ထိုင်းအစိုးရတော့ ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျလာတဲ့အတွက် ကိုဗစ်ကန့် သတ်ချက်တွေ ဖြေလျော့ပေးခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး မြန်မာအပါအဝင်နိုင်ငံပေါင်း ၆၃ နိုင်ငံက ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေကို စောင့်ကြည့်ရေးစင်တာတွေမှာဝင်စရာမလိုဘဲ လာလည်ခွင့်ပြုလိုက်ပါတယ်ရှင်။

#MyanmarMigrants #MyanmarThailand #CovidVaccine #VOABurmese

#ထိုင်းကိုဗစ်ကာကွယ်ဆေး#မြန်မာရွှေ့ပြောင်း#မယ်တော်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG