သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံ ျပည္ပလုပ္သားေတြအတြက္ ကိုဗစ္ကာကြယ္ေဆး ၅ သိန္းလ်ာထား


ထုိင္းႏိုင္ငံမွာရွိေနၾကတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

အလုပ္သမား ေလ်ာ့နည္းတဲ့ျပႆနာနဲ႔ ရင္ဆိုင္ေနရတဲ့ ထိုင္းႏိုင္ငံမွာ ျပည္ပႏိုင္ငံသား အလုပ္သမားေတြ ျပန္လာေအာင္ ဖိတ္ေခၚတဲ့အေနနဲ႔ COVID-19 ကာကြယ္ေဆး ၅ သိန္းကို အလုပ္သမားေတြအတြက္ သီးသန္႔ ခ်န္ထားတဲ့အေၾကာင္း ထိုင္း အလုပ္သမားဝန္ႀကီးက မေန႔က ေျပာဆိုပါတယ္။

အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ ျမန္မာ၊ ကေမာၻဒီးယားနဲ႔ လာအိုႏိုင္ငံက အလုပ္သမားေတြကို ေရွ႕လမွာ ထိုင္းႏိုင္ငံထဲ ျပန္လည္ လာေရာက္ခြင့္ျပဳဖို႔ ထိုင္းအစိုးရက စီစဥ္ေနပါတယ္။ အစားအေသာက္နဲ႔ ရာဘာထုတ္လုပ္ေရးလို ျပည္ပတင္ပို႔တဲ့ လုပ္ငန္းေတြအတြက္ ထိုင္းႏုိင္ငံမွာ ႏုိင္ငံျခားသား အလုပ္သမား အႀကီးအက်ယ္ ေလ်ာ့နည္းတာနဲ႔ ရင္ဆိုင္ေနရတာပါ။

ျပည္ပက ေရာက္လာတဲ့ အလုပ္သမားေတြကို ေရာက္ေရာက္ခ်င္း သီတင္းႏွစ္ပတ္ ျပင္ပနဲ႔ မထိေတြ႔ဘဲ ေစာင့္ၾကည့္မွာျဖစ္ၿပီး အဲဒီအခ်ိန္မွာ ကာကြယ္ေဆးထိုးမွာပါ။ သူ႔တုိ႔ကို COVID-19 ေရာဂါပိုး ရွိမရွိ စမ္းသပ္စစ္ေဆးမွာပါ လို႔ ထိုင္း အလုပ္သမားဝန္ႀကီး Suchart Chomklin ေျပာပါတယ္။

ေရႊ႕ေျပာင္းဝင္ေရာက္လာတဲ့ အလုပ္သမားေတြကို ကာကြယ္ေဆး ၄ သိန္းကေန ၅ သိန္းအထိ ထိုးေပးဖို႔ ထုိင္းႏုိင္ငံက ျပင္ဆင္ေပးထားပါတယ္။ နယ္စပ္မွာ အရင္က COVID-19 ေရာဂါ ကူးစက္မွာ စိုးရိမ္ၿပီး တင္းၾကပ္ထားတဲ့ စည္းကမ္းေတြကို ေလွ်ာ့ေပးမယ္ဆိုရင္ လူကုန္ကူးမႈေတြ ရပ္တန္႔ေအာင္လည္း အေထာက္အကူျပဳမယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း ထိုင္းအစိုးရက ေမွ်ာ္လင့္ထားပါတယ္။

ေလာေလာဆယ္ ထိုင္းႏိုင္ငံထဲကို အိမ္နီးခ်င္းႏိုင္ငံေတြက အလုပ္သမားေတြ အမ်ားအျပား တရားမဝင္ ဝင္ေရာက္ေနၿပီး ၿပီးခဲ့တဲ့လ တလထဲမွာ လူ ၁၁,၀၀၀ ဖမ္းဆီးမိခဲ့တဲ့အေၾကာင္း ထိုင္း ရဲတပ္ဖြဲ႔က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


========

{Unicode}

ထိုင်းနိုင်ငံ ပြည်ပလုပ်သားတွေအတွက် ကိုဗစ်ကာကွယ်ဆေး ၅ သိန်းလျာထား

အလုပ်သမား လျော့နည်းတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမှာ ပြည်ပနိုင်ငံသား အလုပ်သမားတွေ ပြန်လာအောင် ဖိတ်ခေါ်တဲ့အနေနဲ့ COVID-19 ကာကွယ်ဆေး ၅ သိန်းကို အလုပ်သမားတွေအတွက် သီးသန့် ချန်ထားတဲ့အကြောင်း ထိုင်း အလုပ်သမားဝန်ကြီးက မနေ့က ပြောဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက အလုပ်သမားတွေကို ရှေ့လမှာ ထိုင်းနိုင်ငံထဲ ပြန်လည် လာရောက်ခွင့်ပြုဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။ အစားအသောက်နဲ့ ရာဘာထုတ်လုပ်ရေးလို ပြည်ပတင်ပို့တဲ့ လုပ်ငန်းတွေအတွက် ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမား အကြီးအကျယ် လျော့နည်းတာနဲ့ ရင်ဆိုင်နေရတာပါ။

ပြည်ပက ရောက်လာတဲ့ အလုပ်သမားတွေကို ရောက်ရောက်ချင်း သီတင်းနှစ်ပတ် ပြင်ပနဲ့ မထိတွေ့ဘဲ စောင့်ကြည့်မှာဖြစ်ပြီး အဲဒီအချိန်မှာ ကာကွယ်ဆေးထိုးမှာပါ။ သူ့တို့ကို COVID-19 ရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးမှာပါ လို့ ထိုင်း အလုပ်သမားဝန်ကြီး Suchart Chomklin ပြောပါတယ်။

ရွှေ့ပြောင်းဝင်ရောက်လာတဲ့ အလုပ်သမားတွေကို ကာကွယ်ဆေး ၄ သိန်းကနေ ၅ သိန်းအထိ ထိုးပေးဖို့ ထိုင်းနိုင်ငံက ပြင်ဆင်ပေးထားပါတယ်။ နယ်စပ်မှာ အရင်က COVID-19 ရောဂါ ကူးစက်မှာ စိုးရိမ်ပြီး တင်းကြပ်ထားတဲ့ စည်းကမ်းတွေကို လျှော့ပေးမယ်ဆိုရင် လူကုန်ကူးမှုတွေ ရပ်တန့်အောင်လည်း အထောက်အကူပြုမယ်လို့ မျှော်လင့်တဲ့အကြောင်း ထိုင်းအစိုးရက မျှော်လင့်ထားပါတယ်။

လောလောဆယ် ထိုင်းနိုင်ငံထဲကို အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေ အများအပြား တရားမဝင် ဝင်ရောက်နေပြီး ပြီးခဲ့တဲ့လ တလထဲမှာ လူ ၁၁,၀၀၀ ဖမ်းဆီးမိခဲ့တဲ့အကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

#ThailandMigrants #MyanmarMigrants #COVID #voaburmese #ရွှေ့ပြောင်းလုပ်သား #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG