သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး တန်းတူညီမျှ မရတဲ့အပေါ် WHO အကြီးအကဲ ဝေဖန်ပြောဆို


WHO အကြီးအကဲ Tedros Adhanom Ghebreyesus. (စက်တင်ဘာ ၂၇၊ ၂၀၂၁)
WHO အကြီးအကဲ Tedros Adhanom Ghebreyesus. (စက်တင်ဘာ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

ဝင်ငွေနိမ့်နိုင်ငံတွေမှာ COVID-19 ရောဂါကာကွယ်ဆေး ပထမတလုံး ထိုးပေးတဲ့ အရေအတွက်ထက် ချမ်းသာတဲ့နိုင်ငံတွေမှာ ဖြည့်စွက် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့ အရေအတွက်က နေ့စဉ် ၆ ဆ ပိုများနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက သောကြာနေ့မှာ ပြောပါတယ်။

လူဦးရေအများစုကို ကာကွယ်ဆေး ထိုးပေးပြီးတဲ့ နိုင်ငံတွေက "ကာကွယ်ဆေးတွေ ဆက်ပြီး သိုလှောင်ထားကြချိန်" ဝင်ငွေနိမ့်နိုင်ငံတွေမှာတော့ ကာကွယ်ဆေးရဖို့ ဆက်ပြီး စောင့်နေရတုန်းပဲလို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး တန်းတူညီမျှ မရတာနဲ့ ပတ်သက်ပြီး "ဒါဟာ မတော်မတည့်တဲ့ လုပ်ရပ်တခုဖြစ်ပြီး ချက်ချင်းရပ်ပစ်ရပါမယ်" လို့ ဒေါက်တာ Tedros က ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့လည်း "ပြီးခဲ့တဲ့ သီတင်းပတ်က ဥရောပမှာ COVID-19 ရောဂါကူးစက်သူ ၂ သန်းနီးပါးရှိခဲ့ပြီး ကပ်ရောဂါ စဖြစ်ကတည်းကဆိုရင် အဲဒီဒေသမှာ တပတ်အတွင်း အများဆုံး ကူးစက်ခဲ့တာပါ" လို့ ပြောသလို "ပြီးခဲ့တဲ့သီတင်းပတ်က ဥရောပမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၇,၀၀၀ နီးပါး ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့အပတ်က တကမ္ဘာလုံးမှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက်ရဲ့ ထက်ဝက်ကျော်ရှိပါတယ်" လို့လည်း WHO အကြီးအကဲက ပြောပါတယ်။

ဝင်ငွေနိမ့်နဲ့ အလယ်အလတ် ဝင်ငွေအဆင့် နိုင်ငံတွေအတွက် COVID-19 ရောဂါကာကွယ်ဆေး ကူညီဖို့ ရည်ရွယ်တဲ့ COVAX အစီအစဉ်အနေနဲ့ ကာကွယ်ဆေး တန်းတူညီမျှမရတာ လျော့ကျစေဖို့ ကူညီနိုင်ကြောင်း၊ ဒါပေမယ့် နိုင်ငံတိုင်းက လူဦးရေ ၄၀ ရာခိုင်နှုန်းကို ဒီနှစ်ကုန်မှာ ကာကွယ်ဆေးထိုးပေးရေး ရည်မှန်းချက် ပြည့်မီဖို့ ဆိုရင်တော့ ကာကွယ်ဆေး အရေအတွက် အနည်းဆုံး သန်းပေါင်း ၅၅၀ လိုအပ်ကြောင်း WHO အကြီးအကဲ Tedros Ghebreyesus က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)







XS
SM
MD
LG