သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးထိုးေရးဗ်ဴဟာသစ္ ကန္ FDA အတည္ျပဳဖြယ္ရွိ


{{Zawgyi/Unicode}}

Moderna နဲ႔ Johnson & Johnson ထုတ္ ကိုဗစ္ကာကြယ္ေဆး ေဆးရရွိၿပီးသူမ်ားအတြက္ ထပ္တိုးကာကြယ္ေဆး တလုံးေပးဖို႔ အေမရိကန္ အစားအေသာက္နဲ႔ေဆးဝါး စစ္ေဆးေရးဌာန FDA က ေထာက္ခံလိုက္သလို မဟာဗ်ဴဟာအသစ္တရပ္ကိုလည္း ေၾကညာလိုက္ပါတယ္။

အေမရိကန္ အမ်ိဳးသားက်န္းမာေရးသုေတသနဌာန National Institutes of Health ရဲ႕ ေလ့လာခ်က္တရပ္အရ ခုလို သေဘာတူလိုက္တာပါ။ Johnson & Johnson ကာကြယ္ေဆး ရၿပီးသူေတြကို Moderna ကာကြယ္ေဆးထပ္ထိုးေပးတဲ့အခါ သူတို႔ရဲ႕ခုခံအားက ၇၆ ဆ တက္လာတာကို ဒီ ေလ့လာခ်က္မွာ ေတြ႔ရွိရပါတယ္။ ဖိုင္ဇာရၿပီးသူကို ဖိုင္ဇာကာကြယ္ေဆး ထပ္တိုးေပးတဲ့အခါ ၃၅ ဆ တက္ၿပီး၊ ဂြၽန္ဆန္ရၿပီးသူကို ဂြၽန္ဆန္ကိုပဲထပ္ေပးတဲ့အခါ ၄ ဆ တက္တာကို ေတြ႔ရပါတယ္။ ဒီေလ့လာခ်က္ကို ေသာၾကာေန႔က FDA ကို တင္ျပခဲ့တာပါ။ဒါေၾကာင့္ ေရာထိုး မဟာဗ်ဴဟာတရပ္ကိုလည္း ဒီ ေလ့လာခ်က္ေပၚ အေျခခံၿပီး FDA က အႀကံျပဳလိုက္တာ ျဖစ္ပါတယ္။
Pfizer ကိုဗစ္ကာကြယ္ေဆးအတြက္ တတိယတလုံးကို လူတခ်ိဳ႕ထိုးဖို႔ အေမရိကန္ ကူးစက္ ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဌာန စီဒီစီ က သေဘာတူၿပီး ျဖစ္ပါတယ္။

ေတာင္အာဖရိက ႏိုင္ငံကေတာ့ ႐ုရွားထုတ္ ကိုဗစ္ကာကြယ္ေဆး Sputnik V ကို လက္မခံေၾကာင္း ေၾကညာလိုက္ပါတယ္။ဒီ ကာကြယ္ေဆးဟာ အမ်ိဳးသားေတြၾကားမွာ HIV ကူးစက္ႏိုင္ေျခ အႏၲရာယ္ရွိတဲ့အတြက္ လက္မခံတာပါ။

အေမရိကန္ႏိုင္ငံ ဝါရွင္တန္ ျပည္နယ္မွာေတာ့ အစိုးဝန္ထမ္းေတြ ကာကြယ္ေဆး မထိုးမေနရ သတ္မွတ္ထားပါတယ္။ဒါေပမဲ့ ကာကြယ္ေဆးထိုးဖို႔ ျငင္းဆိုတာေၾကာင့္ ျပည္နယ္ အေမရိကန္ ေဘာ္လုံးနည္းျပခ်ဳပ္ Nick Rolovich ကို ျပည္နယ္အစိုးရက အလုပ္က ထုတ္လိုက္ပါတယ္။သူက ျပည္နယ္ အစိုးရဝန္ထမ္းေတြထဲမွာ လစာအမ်ားဆုံး တႏွစ္ကို လစာ ၃.၂ မီလီယံ ရရွိတာပါ။

တိုက္႐ိုက္ လင့္ခ္


=======

{{Unicode}}

ကိုဗစ်ကာကွယ်ဆေးထိုးရေးဗျူဟာသစ် ကန် FDA အတည်ပြုဖွယ်ရှိ

Moderna နဲ့ Johnson & Johnson ထုတ် ကိုဗစ်ကာကွယ်ဆေး ဆေးရရှိပြီးသူများအတွက် ထပ်တိုးကာကွယ်ဆေး တလုံးပေးဖို့ အမေရိကန် အစားအသောက်နဲ့ဆေးဝါး စစ်ဆေးရေးဌာန FDA က ထောက်ခံလိုက်သလို မဟာဗျူဟာအသစ်တရပ်ကိုလည်း ကြေညာလိုက်ပါတယ်။

အမေရိကန် အမျိုးသားကျန်းမာရေးသုတေသနဌာန National Institutes of Health ရဲ့ လေ့လာချက်တရပ်အရ ခုလို သဘောတူလိုက်တာပါ။ Johnson & Johnson ကာကွယ်ဆေး ရပြီးသူတွေကို Moderna ကာကွယ်ဆေးထပ်ထိုးပေးတဲ့အခါ သူတို့ရဲ့ခုခံအားက ၇၆ ဆ တက်လာတာကို ဒီ လေ့လာချက်မှာ တွေ့ရှိရပါတယ်။ဖိုင်ဇာရပြီးသူကို ဖိုင်ဇာကာကွယ်ဆေး ထပ်တိုးပေးတဲ့အခါ ၃၅ ဆ တက်ပြီး၊ ဂျွန်ဆန်ရပြီးသူကို ဂျွန်ဆန်ကိုပဲထပ်ပေးတဲ့အခါ ၄ ဆ တက်တာကို တွေ့ရပါတယ်။ဒီလေ့လာချက်ကို သောကြာနေ့က FDA ကို တင်ပြခဲ့တာပါ။ဒါကြောင့် ရောထိုး မဟာဗျူဟာတရပ်ကိုလည်း ဒီ လေ့လာချက်ပေါ် အခြေခံပြီး FDA က အကြံပြုလိုက်တာ ဖြစ်ပါတယ်။
Pfizer ကိုဗစ်ကာကွယ်ဆေးအတွက် တတိယတလုံးကို လူတချို့ထိုးဖို့ အမေရိကန် ကူးစက် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန စီဒီစီ က သဘောတူပြီး ဖြစ်ပါတယ်။

တောင်အာဖရိက နိုင်ငံကတော့ ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး Sputnik V ကို လက်မခံကြောင်း ကြေညာလိုက်ပါတယ်။ဒီ ကာကွယ်ဆေးဟာ အမျိုးသားတွေကြားမှာ HIV ကူးစက်နိုင်ခြေ အန္တရာယ်ရှိတဲ့အတွက် လက်မခံတာပါ။

အမေရိကန်နိုင်ငံ ဝါရှင်တန် ပြည်နယ်မှာတော့ အစိုးဝန်ထမ်းတွေ ကာကွယ်ဆေး မထိုးမနေရ သတ်မှတ်ထားပါတယ်။ဒါပေမဲ့ ကာကွယ်ဆေးထိုးဖို့ ငြင်းဆိုတာကြောင့် ပြည်နယ် အမေရိကန် ဘော်လုံးနည်းပြချုပ် Nick Rolovich ကို ပြည်နယ်အစိုးရက အလုပ်က ထုတ်လိုက်ပါတယ်။သူက ပြည်နယ် အစိုးရဝန်ထမ်းတွေထဲမှာ လစာအများဆုံး တနှစ်ကို လစာ ၃.၂ မီလီယံ ရရှိတာပါ။


#CovidVaccine #Covid19 #USFDA #VOABurmese
=======

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG