သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကုသဆေး ပထမဆုံးသောက်ဆေးတမျိုး ဗြိတိန်အတည်ပြု


COVID-19 ရောဂါသောက်ဆေး molnupiravir
COVID-19 ရောဂါသောက်ဆေး molnupiravir

{{Zawgyi/Unicode}}

COVID-19 ရောဂါ တိုက်ဖျက်ရေးအစီအစဉ်တွေ လုံးဝ တိုးတက် ပြောင်းလဲသွားစေနိုင်တဲ့ ကုသဆေးအဖြစ် ပထမဆုံး သောက်ဆေးကို ဗြိတိန်နိုင်ငံက ကမ္ဘာမှာ ခွင့်ပြုချက်ပေးလိုက်ပါပြီ။

ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးအစီအစဉ်တွေ တိုးမြှင့်လုပ်ဆောင်ရေးအတွက် ရည်ရွယ်ပြီး Merck နဲ့ Ridgeback Biotherapeutics ဆေးကုမ္ပဏီတို့က ဒီ သောက်ဆေးကို ပူးတွဲ ထုတ်လုပ်လိုက်ကြတာပါ။

COVID-19 ကူးစက်ခံထားရသူ လူနာအနေနဲ့ ရောဂါလက္ခဏာပြပြီး ၅ ရက်အတွင်းမှာ ဒီဆေးကိုသောက်ခြင်းအားဖြင့် သိသာတဲ့ တိုးတက်ကောင်းမွန်မှု ရတယ်ဆိုတာ စမ်းသပ် တွေ့ရှိပြီးတဲ့နောက် Molnupiravir လို့ခေါ်တဲ့ ဒီသောက်ဆေးကို ချက်ခြင်းအသုံးပြုဖို့အတွက် ဗြိတိန် ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာကုန်ပစ္စည်းများ ကြည့်ရှု စောင့်ကြပ်ရေးအဖွဲ့ (MHRA) က ညွန်ကြားချက် ထုတ်ပြန်လိုက်တာပါ။

ဒါဟာ COVID-19 ရောဂါ ကုသရေးမှာ သောက်ဆေးအဖြစ် ပထမဆုံးအကြိမ် ခွင့်ပြုချက်ရတဲ့ဆေးတမျိုးဖြစ်ပြီး အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေကလည်း မကြာခင်မှာ ခွင့်ပြုချက် ချပေးဖို့ ရှိနေပါတယ်။ ဒီ Molnupiravir သောက်ဆေးကို ခွင့်ပြုသင့် မသင့်ဆိုတာကိုတော့ အမေရိကန်ကျန်းမာရေးဝန်ရှိသူတွေက အခုလအတွင်း အစည်းဝေးထိုင်ပြီး ဆုံးဖြတ်ကြမှာပါ။

COVID-19 ကူးစက်ခံရပြီး ဆိုးရွားတဲ့လက္ခဏာခံစားရသူတွေကို အစပိုင်းကာလမှာ ဒီသောက်ဆေးကို တိုက်လိုက်ခြင်းဖြင့် ဆေးရုံတက်ရပြီး သေလုမျောပါးဖြစ်မယ့်အရေးက ထက်ဝက်လောက် သက်သာစေတယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေ ထွက်လာပြီးတဲ့နောက် ဒီဆေးကို အများစုက အနီးကပ် စောင့်ကြည့်နေခဲ့တာပါ။

ဗြိတိန်မှာ Lagevrio အမည်နဲ့ ဖြန့်ချိမယ့် ဒီဆေးကို ဘယ်လို တိုက်ကျွေး အသုံးပြုသင့်တယ်ဆိုတာကိုတော့ ဗြိတိန်အစိုးရနဲ့ ကျန်းမာရေးဌာနတို့က မကြာခင်မှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


=======

{{Unicode}}









XS
SM
MD
LG