သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ အေနာက္နဲ႔ ေျမာက္ျပည္နယ္ေတြမွာ ကိုဗစ္ျဖစ္သူတိုး


Moderna COVID-19 Vaccine

{{Zawgyi/Unicode}}

မ်ိဳးဗီဇ ဆင့္ကဲေျပာင္းလဲလာတဲ့ ကူးစက္ျမန္ Delta ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ အေမရိကန္ျပည္ေထာင္စုအေနာက္ပိုင္း ေတာင္တန္းထူထပ္တဲ့ ျပည္နယ္ေတြနဲ႔ ေျမာက္ပိုင္းေဒသေတြမွာ ဆိုးဆိုး႐ြား႐ြား ကူးစက္တာေတြ ႀကဳံေနရၿပီး ေဆး႐ုံတက္ရသူ အေျမာက္အမ်ား ရွိေနပါတယ္။

ေဆာင္းရာသီအဝင္မွာ ခုလို ကူးစက္မႈေတြဆိုးလာတာက စိုးရိမ္စရာလကၡဏာတခုလည္း ျဖစ္လာေနပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီကာလအတြင္း ကူးစက္မႈေတြ အဆိုးဆုံး ႀကဳံခဲ့ရတဲ့ ဖေလာ္ရီဒါ၊ တကၠဆက္စ္နဲ႔ တျခား ေတာင္ပိုင္းျပည္နယ္ေတြမွာေတာ့ လက္တေလာ ကူးစက္မႈႏႈန္း က်ဆင္းလာေနပါတယ္။ ဒါေပမဲ့လည္း Delta ပိုး ကူးစက္မႈေတြ အေမရိကန္ျပည္ေထာင္စုမွာ ဆက္ရွိေနဆဲျဖစ္ၿပီး ေျမာက္ပိုင္းနဲ႔ အေနာက္ပိုင္းေဒသေတြမွာ ပိုၿပီး ကူးစက္လာေနတာ ျဖစ္ပါတယ္။

New Mexico နဲ႔ Colorado ျပည္နယ္ေတြက ေဆး႐ုံေတြမွာ ကိုဗစ္လူနာေတြ ျပည့္ေနပါတယ္။ Vermont ေကာလိပ္ေက်ာင္းမွာေတာ့ ၿပီးခဲ့တဲ့ Halloween တေစၱႀကီးမ်ားပြဲေတာ္ လူစုလူေဝး လုပ္ခဲ့တာေတြနဲ႔ ဆက္စပ္ၿပီး ကူးစက္မႈေတြ တိုးလာတာေၾကာင့္ ေပ်ာ္ပြဲ႐ႊင္ပြဲ လူစုတာေတြမလုပ္ဖို႔ ယာယီတားျမစ္ထားပါတယ္။

ေဆာင္းရာသီထဲေရာက္ေနၿပီမို႔ လူေတြ ေနအိမ္ေတြထဲမွာပဲ အေနမ်ားၿပီး တံခါးေတြအလုံပိတ္ထားတဲ့ အခန္းေတြထဲက ေလကိုပဲ ႐ႉေနၾကရခ်ိန္ ရာသီဥတုေအးတဲ့ ေဒသေတြမွာ ကူးစက္မႈ မ်ားလာေနတာပါ။ ဒါေၾကာင့္ ကာကြယ္ေဆး မထိုးရေသးတဲ့သူေတြၾကားမွာ ကူးစက္မႈေတြ၊ အျပင္းအထန္ ဖ်ားနာတာေတြ၊ ဝမ္းနည္းစရာအေျခအေနေတြ ဆိုးဆိုး႐ြား႐ြား ႀကဳံလာရႏိုင္တဲ့အေၾကာင္း က်န္းမာေရးဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ေတြက သတိေပးေနၾကပါတယ္။

ကာကြယ္ေဆးထိုးတာေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနေပမဲ့ အေမရိကန္ျပည္ေထာင္စုမွာ အသက္ ၁၂ ႏွစ္နဲ႔အထက္ ကာကြယ္ေဆး မထိုးရေသးသူ သန္း ၆၀ နီးပါး ရွိေနပါေသးတယ္။ အေမရိကန္ျပည္ေထာင္စုဟာ ကမာၻေပၚမွာ COVID-19 ကူးစက္မႈနဲ႔ ေသဆုံးမႈ အမ်ားဆုံးရွိတဲ့ႏိုင္ငံျဖစ္ၿပီး ကူးစက္သူ ၄၇ သန္းနီးပါးနဲ႔ ေသဆုံးသူ ၇ သိန္းခြဲေက်ာ္ ရွိပါတယ္။ ကမာၻတဝန္းမွာေတာ့ ကူးစက္သူ ၂၅၂ သန္းနဲ႔ ေသဆုံးသူ ၅ သန္းေက်ာ္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


============

{{Unicode}}

အမေရိကန် အနောက်နဲ့ မြောက်ပြည်နယ်တွေမှာ ကိုဗစ်ဖြစ်သူတိုး

မျိုးဗီဇ ဆင့်ကဲပြောင်းလဲလာတဲ့ ကူးစက်မြန် Delta ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အမေရိကန်ပြည်ထောင်စုအနောက်ပိုင်း တောင်တန်းထူထပ်တဲ့ ပြည်နယ်တွေနဲ့ မြောက်ပိုင်းဒေသတွေမှာ ဆိုးဆိုးရွားရွား ကူးစက်တာတွေ ကြုံနေရပြီး ဆေးရုံတက်ရသူ အမြောက်အများ ရှိနေပါတယ်။

ဆောင်းရာသီအဝင်မှာ ခုလို ကူးစက်မှုတွေဆိုးလာတာက စိုးရိမ်စရာလက္ခဏာတခုလည်း ဖြစ်လာနေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကာလအတွင်း ကူးစက်မှုတွေ အဆိုးဆုံး ကြုံခဲ့ရတဲ့ ဖလော်ရီဒါ၊ တက္ကဆက်စ်နဲ့ တခြား တောင်ပိုင်းပြည်နယ်တွေမှာတော့ လက်တလော ကူးစက်မှုနှုန်း ကျဆင်းလာနေပါတယ်။ ဒါပေမဲ့လည်း Delta ပိုး ကူးစက်မှုတွေ အမေရိကန်ပြည်ထောင်စုမှာ ဆက်ရှိနေဆဲဖြစ်ပြီး မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ပိုပြီး ကူးစက်လာနေတာ ဖြစ်ပါတယ်။

New Mexico နဲ့ Colorado ပြည်နယ်တွေက ဆေးရုံတွေမှာ ကိုဗစ်လူနာတွေ ပြည့်နေပါတယ်။ Vermont ကောလိပ်ကျောင်းမှာတော့ ပြီးခဲ့တဲ့ Halloween တစ္တေကြီးများပွဲတော် လူစုလူဝေး လုပ်ခဲ့တာတွေနဲ့ ဆက်စပ်ပြီး ကူးစက်မှုတွေ တိုးလာတာကြောင့် ပျော်ပွဲရွှင်ပွဲ လူစုတာတွေမလုပ်ဖို့ ယာယီတားမြစ်ထားပါတယ်။

ဆောင်းရာသီထဲရောက်နေပြီမို့ လူတွေ နေအိမ်တွေထဲမှာပဲ အနေများပြီး တံခါးတွေအလုံပိတ်ထားတဲ့ အခန်းတွေထဲက လေကိုပဲ ရှူနေကြရချိန် ရာသီဥတုအေးတဲ့ ဒေသတွေမှာ ကူးစက်မှု များလာနေတာပါ။ ဒါကြောင့် ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေကြားမှာ ကူးစက်မှုတွေ၊ အပြင်းအထန် ဖျားနာတာတွေ၊ ဝမ်းနည်းစရာအခြေအနေတွေ ဆိုးဆိုးရွားရွား ကြုံလာရနိုင်တဲ့အကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သတိပေးနေကြပါတယ်။

ကာကွယ်ဆေးထိုးတာတွေကို အရှိန်မြှင့်လုပ်ဆောင်နေပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ အသက် ၁၂ နှစ်နဲ့အထက် ကာကွယ်ဆေး မထိုးရသေးသူ သန်း ၆၀ နီးပါး ရှိနေပါသေးတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးရှိတဲ့နိုင်ငံဖြစ်ပြီး ကူးစက်သူ ၄၇ သန်းနီးပါးနဲ့ သေဆုံးသူ ၇ သိန်းခွဲကျော် ရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကူးစက်သူ ၂၅၂ သန်းနဲ့ သေဆုံးသူ ၅ သန်းကျော် ရှိပါတယ်။

#အမေရိကန် #ကိုဗစ် #အမေရိကန်ပြည်ထောင်စု #အတည်ပြုလူနာတိုး #Delta ဗိုင်းရပ်စ်

============

XS
SM
MD
LG