သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈ အခ်က္အခ်ာ ျဖစ္လာတဲ႔ ဥေရာပ


Hans Kluge, World Health Organization’s regional director for Europe at a virtual news briefing from Copenhagen, Nov. 4, 2021

ကိုဗစ္ကူးစက္မႈ အခ်က္အခ်ာ ျဖစ္လာတဲ႔ ဥေရာပ

{{Zawgyi/Unicode}}

ဥေရာပဟာ ကိုဗစ္ ကပ္ေရာဂါျဖစ္ပြါးတဲ့ ဗဟိုအခ်က္အခ်ာ ေနရာ ျဖစ္လာေနၿပီး အခုဆို ကမာၻတဝွမ္းျဖစ္ပြါးမႈရဲ႕ ၅၉ ရာခိုင္ႏႈန္းရွိေနတယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ ဥေရာပဆိုင္ရာအႀကီးအကဲ Hans Kluge က ေျပာပါတယ္။

ဒယ္လ္တာအမ်ိဳးစား ကိုဗစ္ပိုးကူးစက္မႈ ျမင့္မားလာသလို ေနာက္ထပ္ကူးစက္သူက စံခ်ိန္တင္ေလာက္ေအာင္ ျဖစ္လာေၾကာင္းနဲ႔ အခုလိုႏႈန္းထားနဲ႔ ဆက္ျပန္႔ပြါးေနမယ္ဆိုရင္ ေဒသတြင္းက ႏိုင္ငံေပါင္း ၅၃ ႏိ္ုင္ငံအတြက္ အထူးစိုးရရိမ္ရတဲ့ အေနထားျဖစ္ေနတယ္လို႔ အြန္လိုင္းကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ မစၥတာ Kluge က ေျပာပါတယ္။ ဒါ့အျပင္ ေဒသတြင္းမွာ ဒီေရာဂါနဲ႔ ေဆးရံုးတက္ရသူကလည္း တပတ္အတြင္းမွာပဲ ၂ ဆ မ်ားလာေနတယ္လို႔ ေျပာပါတယ္။

ကူးစက္မႈတိုးလာတာဟာ အသက္အရြယ္အားလံုးမွာေတြ႕ေနရေပမယ့္ ဒီေရာဂါနဲ႔ ေသဆံုးရသူ အမ်ားစုကေတာ့ အသက္ ၆၅ ႏွစ္နဲ႔ အထက္ေတြ ျဖစ္တာေတြ႕ရတယ္လို႔လည္း ေျပာပါတယ္။ ဒါေၾကာင့္ အခုႏႈန္းထားအတိုင္းသာ ဆက္လက္ျဖစ္ပြါးေနမယ္ ဆိုရင္ ကိုဗစ္ေၾကာင့္ ေသဆံုးရသူဟာ လာမယ့္ ေဖေဖၚဝါရီလဆန္းေရာက္ရင္ ဥေရာပမွာပဲ ေနာက္ထပ္ သန္းဝက္ေလာက္အထိ ရွိလာႏိုင္တယ္လို႔လည္း ေျပာပါတယ္။

အခုလို ကူးစက္မႈ တိုးလာတာဟာ ကိုဗစ္ကာကြယ္ေဆးထိုးႏႈန္း မညီမမွ် ျဖစ္ေနတာနဲ႔ ေဒသတြင္း ကိုဗစ္ကပ္ေရာရဂါ ဆိုင္ရာ က်န္းမာေရးနဲ႔ လူမႈေရး ကန္႔သတ္ခ်က္ေတြ ေျဖေလွ်ာ့ေပးတာေၾကာင့္ ျဖစ္ေၾကာင္း မစၥတာ Kluge က ေဝဘန္ပါတယ္။

ဒါ့အျပင္ ဥေရာပမွာ ကိုဗစ္ကာကြယ္ေဆး အလံုးေပါင္း သန္း ၁၀၀၀ ျဖန႔္ျဖဴးေပးခဲ့ေပမယ့္ ေဒသခံ ၄၇ ရာခိုင္ႏႈန္းပဲ ေဆးအျပည့္ထိုးႏိုင္ၿပီး ႏိုင္ငံ ၈ ခုမွာ ၇၀ ရာခိုင္ႏႈံးက ေဆးအျပည့္ထိုးႏိုင္ခ်ိန္မွာ က်န္ႏိုင္ငံ ၂ ႏိုင္ငံမွာေတာ့ ေဆးအျပည့္ထိုးၿပီးသူက ၁၀ ရာခိုင္ႏႈန္းေလာက္ပဲရွိေနတာေၾကာင့္ သူတို႔ကို က်န္နိ္ုင္ငံေတြက မွ်ေဝၾကဖို႔လည္း တိုက္တြန္းပါတယ္။

ကိုဗစ္ကူးစက္မႈ အခ်က္အခ်ာ ျဖစ္လာတဲ႔ ဥေရာပ
please wait

No media source currently available

0:00 0:01:01 0:00
တိုက္႐ိုက္ လင့္ခ္


...................................................

ကိုဗစ်ကူးစက်မှု အချက်အချာ ဖြစ်လာတဲ့ ဥရောပ

{{Unicode}}

ဥရောပဟာ ကိုဗစ် ကပ်ရောဂါဖြစ်ပွါးတဲ့ ဗဟိုအချက်အချာ နေရာ ဖြစ်လာနေပြီး အခုဆို ကမ္ဘာတဝှမ်းဖြစ်ပွါးမှုရဲ့ ၅၉ ရာခိုင်နှုန်းရှိနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဆိုင်ရာအကြီးအကဲ Hans Kluge က ပြောပါတယ်။

ဒယ်လ်တာအမျိုးစား ကိုဗစ်ပိုးကူးစက်မှု မြင့်မားလာသလို နောက်ထပ်ကူးစက်သူက စံချိန်တင်လောက်အောင် ဖြစ်လာကြောင်းနဲ့ အခုလိုနှုန်းထားနဲ့ ဆက်ပြန့်ပွါးနေမယ်ဆိုရင် ဒေသတွင်းက နိုင်ငံပေါင်း ၅၃ နိုင်ငံအတွက် အထူးစိုးရရိမ်ရတဲ့ အနေထားဖြစ်နေတယ်လို့ အွန်လိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ Kluge က ပြောပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ ဒီရောဂါနဲ့ ဆေးရုံးတက်ရသူကလည်း တပတ်အတွင်းမှာပဲ ၂ ဆ များလာနေတယ်လို့ ပြောပါတယ်။

ကူးစက်မှုတိုးလာတာဟာ အသက်အရွယ်အားလုံးမှာတွေ့နေရပေမယ့် ဒီရောဂါနဲ့ သေဆုံးရသူ အများစုကတော့ အသက် ၆၅ နှစ်နဲ့ အထက်တွေ ဖြစ်တာတွေ့ရတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် အခုနှုန်းထားအတိုင်းသာ ဆက်လက်ဖြစ်ပွါးနေမယ် ဆိုရင် ကိုဗစ်ကြောင့် သေဆုံးရသူဟာ လာမယ့် ဖေဖေါ်ဝါရီလဆန်းရောက်ရင် ဥရောပမှာပဲ နောက်ထပ် သန်းဝက်လောက်အထိ ရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။

အခုလို ကူးစက်မှု တိုးလာတာဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှုန်း မညီမမျှ ဖြစ်နေတာနဲ့ ဒေသတွင်း ကိုဗစ်ကပ်ရောရဂါ ဆိုင်ရာ ကျန်းမာရေးနဲ့ လူမှုရေး ကန့်သတ်ချက်တွေ ဖြေလျှော့ပေးတာကြောင့် ဖြစ်ကြောင်း မစ္စတာ Kluge က ဝေဘန်ပါတယ်။

ဒါ့အပြင် ဥရောပမှာ ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း သန်း ၁၀၀၀ ဖြန့်ဖြူးပေးခဲ့ပေမယ့် ဒေသခံ ၄၇ ရာခိုင်နှုန်းပဲ ဆေးအပြည့်ထိုးနိုင်ပြီး နိုင်ငံ ၈ ခုမှာ ၇၀ ရာခိုင်နှုံးက ဆေးအပြည့်ထိုးနိုင်ချိန်မှာ ကျန်နိုင်ငံ ၂ နိုင်ငံမှာတော့ ဆေးအပြည့်ထိုးပြီးသူက ၁၀ ရာခိုင်နှုန်းလောက်ပဲရှိနေတာကြောင့် သူတို့ကို ကျန်နိုင်ငံတွေက မျှဝေကြဖို့လည်း တိုက်တွန်းပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG