သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၅ ႏွစ္အထက္ Pfizer ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ ကန္ က်န္းမာေရးခြင့္ျပဳ


ကေလးေတြအတြက္ ထုတ္ထားတဲ့ ကုိဗစ္ကာကြယ္ေဆးဗူးပံုစံ။ (ေအာက္တိုဘာ၊ ၂၀၂၁)

{{Zawgyi/Unicode}}

အသက္ ၅ ႏွစ္ကေန ၁၁ ႏွစ္အထိ ကေလးငယ္ေတြကို Pfizer ကိုဗစ္ကာကြယ္ေဆး ထိုးေပးဖို႔ အေမရိကန္ က်န္းမာေရး တာဝန္ရွိသူေတြ အဂၤါေန႔က ခြင့္ျပဳလိုက္ပါတယ္။

အသက္ ၅ ႏွစ္အထိ ငယ္႐ြယ္တဲ့ကေလးေတြကို ကိုဗစ္ကာကြယ္ေဆးထိုးသင့္တယ္လို႔ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန (CDC) အႀကံေပးအဖြဲ႕က တညီတၫြတ္တည္း ဆုံးျဖတ္ၿပီး နာရီပိုင္းအၾကာမွာပဲ ဒီေၾကညာခ်က္ ထြက္ေပၚလာတာပါ။

ဆယ္ေက်ာ္သက္ေတြနဲ႔ လူႀကီးေတြကို ထိုးေပးတဲ့ ကာကြယ္ေဆးပမာဏရဲ႕ ၃ ပုံ ၁ ပုံကို ကေလးငယ္ေတြကိုထိုးေပးဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။ ကေလးငယ္ေတြမွာ ကိုဗစ္ေၾကာင့္ ေသဆုံးမႈႏႈန္း နည္းတယ္ဆိုေပမဲ့ သူတို႔ လူမႈဘဝ၊ စိတ္ပိုင္းဆိုင္ရာနဲ႔ ပညာေရးပိုင္းေတြမွာ ထိခိုက္မႈေတြ ရွိေနတယ္လို႔လည္း CDC ၫႊန္ၾကားေရးမႈး Dr. Rochelle Walensky ကေျပာပါတယ္။


လူႀကီးေတြကိုထိုးေပးတဲ့ေဆးနဲ႔ ကြဲျပားမႈရွိေအာင္ ထိုးေဆးပုလင္းအဖုံးေတြကို အေရာင္ခြဲျခားသတ္မွတ္ထားတဲ့ သန္းနဲ႔ ခ်ီတဲ့ ကာကြယ္ေဆးေတြကို Pfizer ေဆးကုမၸဏီက ျပည္နယ္အသီးသီးကို ျဖန႔္ေဝထားၿပီးလည္း ျဖစ္ပါတယ္။

အေမရိကန္မွာ အခုထိ အသက္ ၁၂ ႏွစ္ကေန ၁၅ ႏွစ္အ႐ြယ္ ကေလး ၇ သန္းအပါအဝင္ လူဦးေရ ၁၀၆ သန္း ကိုဗစ္ ကာကြယ္ေဆး အျပည့္အဝထိုးၿပီးၿပီ ျဖစ္ပါတယ္။ Johns Hopkins ကို႐ိုနာဗိုင္းရပ္စ္ သုေတသနစာရင္းေတြအရ အေမရိကန္မွာ ကိုဗစ္ကူးစက္သူ ၄၆ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၇ သိန္း ၄ ေသာင္းေက်ာ္ရွိပါတယ္။ တကမာၻလုံးအတိုင္းအတာနဲ႔ အခုထိ ကိုဗစ္ ကူးစက္ခံရသူက ၂၄၇ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၅ သန္းေက်ာ္ေနၿပီျဖစ္ပါတယ္။
===========
{{Unicode}}

၅ နှစ်အထက် Pfizer ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကန် ကျန်းမာရေးခွင့်ပြု


အသက် ၅ နှစ်ကနေ ၁၁ နှစ်အထိ ကလေးငယ်တွေကို Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေ အင်္ဂါနေ့က ခွင့်ပြုလိုက်ပါတယ်။
အသက် ၅ နှစ်အထိ ငယ်ရွယ်တဲ့ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးသင့်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) အကြံပေးအဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်ပြီး နာရီပိုင်းအကြာမှာပဲ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။

ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေးပမာဏရဲ့ ၃ ပုံ ၁ ပုံကို ကလေးငယ်တွေကိုထိုးပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ကလေးငယ်တွေမှာ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်း နည်းတယ်ဆိုပေမဲ့ သူတို့ လူမှုဘဝ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပညာရေးပိုင်းတွေမှာ ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း CDC ညွှန်ကြားရေးမှုး Dr. Rochelle Walensky ကပြောပါတယ်။

လူကြီးတွေကိုထိုးပေးတဲ့ဆေးနဲ့ ကွဲပြားမှုရှိအောင် ထိုးဆေးပုလင်းအဖုံးတွေကို အရောင်ခွဲခြားသတ်မှတ်ထားတဲ့ သန်းနဲ့ ချီတဲ့ ကာကွယ်ဆေးတွေကို Pfizer ဆေးကုမ္ပဏီက ပြည်နယ်အသီးသီးကို ဖြန့်ဝေထားပြီးလည်း ဖြစ်ပါတယ်။

အမေရိကန်မှာ အခုထိ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေး ၇ သန်းအပါအဝင် လူဦးရေ ၁၀၆ သန်း ကိုဗစ် ကာကွယ်ဆေး အပြည့်အဝထိုးပြီးပြီ ဖြစ်ပါတယ်။ Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစာရင်းတွေအရ အမေရိကန်မှာ ကိုဗစ်ကူးစက်သူ ၄၆ သန်းကျော်နဲ့ သေဆုံးသူ ၇ သိန်း ၄ သောင်းကျော်ရှိပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ အခုထိ ကိုဗစ် ကူးစက်ခံရသူက ၂၄၇ သန်းကျော်နဲ့ သေဆုံးသူ ၅ သန်းကျော်နေပြီဖြစ်ပါတယ်။

#CovidVaccine #PfizerVaccine #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG