သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Covid-19 သောက်ဆေး ဒေါ်လာ ၅ ဘီလီယံဖိုး ကန် အစိုးရဝယ်မည်


Pfizer ဂျာမနီ ထုတ် ကိုဗစ်ရောဂါ သောက်ဆေး
Pfizer ဂျာမနီ ထုတ် ကိုဗစ်ရောဂါ သောက်ဆေး

{{Zawgyi/Unicode}}

Pfizer ကုမ္ပဏီက စမ်းသပ်ဆဲ COVID-19 ရောဂါကိုကုသတဲ့ သောက်ဆေးသစ် ဒေါ်လာ ၅ ဘီလီယံဖိုး သမ္မတ Joe Biden အစိုးရက ဝယ်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်သတင်းတွေက ပြောကြပါတယ်။ ဒီအရေအတွက် ဟာ ကုသမှုပေါင်း ၁၀ သန်းအတွက် လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။

နိုင်ငံပေါင်း ၉၅ နိုင်ငံက အာနိသင်တူ ဆေးဝါးထုတ်လုပ်တဲ့ကုမ္ပဏီတွေကို Pfizer ကုမ္ပဏီက စမ်းသပ်နေတဲ့ COVID-19 ရောဂါအတွက် သောက်ဆေးကို ထုတ်လုပ်ခွင့်ပေးဖို့ ဂျီနီဗာအခြေစိုက် Medicines Patent Pool အဖွဲ့နဲ့ သဘောတူညီချက်တရပ် လက်မှတ်ထိုးပြီးပြီလို့ Pfizer က ကြေညာအပြီး နောက်တရက်မှာပဲ အမေရိကန် ဆေးဝယ်ဖို့ စီစဉ်နေတဲ့သတင်း ထွက်လာတာပါ။ ဒီအဖွဲ့ဟာ ကုလသမဂ္ဂက ကျောထောက် နောက်ခံပေးထားတဲ့ အများပြည်သူကျန်းမာရေးဆိုင်ရာ အဖွဲ့တခုဖြစ်ပါတယ်။

Pfizer နဲ့ Medicines Patent Pool အဖွဲ့ကြား သဘောတူညီချက်အရ ကမ္ဘာ့လူဦးရေရဲ့ ၅၃% ရှိတဲ့ ဝင်ငွေနိမ့်နဲ့ အလယ်အလတ်ဝင်ငွေအဆင့်ရှိ နိုင်ငံတွေမှာ ဒီသောက်ဆေး ရလာမှာဖြစ်ပါတယ်။

Paxlovid လို့ အမည်ပေးထားတဲ့ ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲက ခပ်ပျော့ပျော့နဲ့ အလယ်အလတ်အဆင့် ရောဂါခံစားရသူတွေ ဆေးရုံတက်နှုန်းနဲ့ သေဆုံးနှုန်း ၉၀% ထိ လျှော့ချနိုင်တယ်လို့ Pfizer ကုမ္ပဏီကပြောပါတယ်။

ဒီဆေးကိုစမ်းသပ်မှုကနေ အားတက်ဖွယ်ရလဒ်တွေ တွေ့ထားရတာကြောင့် စမ်းသပ်တာကို ရပ်လိုက်ဖို့ သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

=========

{{Unicode}}







#Covid-19#Pfizer#Paxlovid#pill#ကိုဗဈသောကျဆေး

တိုက်ရိုက် လင့်ခ်


=============

XS
SM
MD
LG