သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron မ်ိဳးကဲြရဲ႕ အႏၲရာယ္ ျပင္းထန္မႈ ယတိျပတ္ မေျပာႏုိင္ေသး


သတင္းစာရွင္းလင္းပြဲမွာ Omicron မ်ဳိးကြဲအေၾကာင္း ေျပာျပေနတဲ့ အေမရိကန္ ကူးစက္ေရာဂါဆိုင္ရာ ကၽြမ္းက်င္သူ ေဒါက္တာ Antony Fauci. (ဒီဇင္ဘာ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးကြဲ အိုမီခရြန္ဟာ အခုဆိုရင္ ႏိုင္ငံေပါင္း ၄၀ ကို ပ်ံ႕ႏွံ႔ေနၿပီ ျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စု ျပည္နယ္ ၅၀ ထဲမွာ ၁၆ ျပည္နယ္မွာ ျဖစ္ပြားေနပါတယ္။

ဒါေပမယ့္လည္း အိုမီခရြန္ မ်ိဳးကြဲဟာ ကူးစက္ခံထားရသူေတြရဲ႕ က်န္းမာေရးကို ဘယ္ေလာက္ ထိခိုက္ေစသလဲဆိုတာ မေသခ်ာေသးေၾကာင္း အေမရိကန္အစိုးရ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြက တနဂၤေႏြေန႔မွာ ေျပာပါတယ္။

သိပ္ၿပီး ျပင္းထန္လြန္းတဲ့ သေဘာမ်ိဳး မေတြ႔ရေၾကာင္း အေမရိကန္ ကူးစက္ေရာဂါဆိုင္ရာ ကၽြမ္းက်င္သူ ေဒါက္တာ Antony Fauci က CNN ႐ုပ္သံရဲ႕ State of the Union အစီအစဥ္မွာ ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္လည္း ႏိုင္ငံတခုကေန တခုကို ကူးစက္လာေနတဲ့ အိုမီခရြန္ မ်ိဳးကြဲအေၾကာင္း ပိုၿပီး သိရွိ နားမလည္ေသးခင္မွာေတာ့ အကဲျဖတ္မေစာဖို႔ အေရးႀကီးတယ္လို႔လည္း သူက ေျပာပါတယ္။

အေမရိကန္ က်န္းမာေရးဆိုင္ရာ အမ်ိဳးသား အင္စတီက်ဳရဲ႕ ၫႊန္ၾကားေရးမွဴး ေဒါက္တာ Francis Collins ကလည္း အိုမီခရြန္အေရး မေသခ်ာေသးေၾကာင္း NBC ရဲ႕ Meet the Press အစီအစဥ္မွာ ေျပာပါတယ္။

အိုမီခရြန္မ်ိဳးကြဲက အရင္ေတြ႔ရတဲ့ မ်ိဳးကြဲေတြထက္ အႏၲရာယ္နည္းသလား ဆိုတာကို သိရဖို႔ သိပၸံပညာရွင္ေတြ အခ်ိန္ျပည့္ ႀကိဳးစားရွာေဖြေနေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

Omicron မျိုးကွဲရဲ့ အန္တရာယ် ပြင်းထန်မှု ယတိပြတ် မပြောနိုင်သေး

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန်ဟာ အခုဆိုရင် နိုင်ငံပေါင်း ၄၀ ကို ပျံ့နှံ့နေပြီ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ပြည်နယ် ၅၀ ထဲမှာ ၁၆ ပြည်နယ်မှာ ဖြစ်ပွားနေပါတယ်။

ဒါပေမယ့်လည်း အိုမီခရွန် မျိုးကွဲဟာ ကူးစက်ခံထားရသူတွေရဲ့ ကျန်းမာရေးကို ဘယ်လောက် ထိခိုက်စေသလဲဆိုတာ မသေချာသေးကြောင်း အမေရိကန်အစိုးရ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သိပ်ပြီး ပြင်းထန်လွန်းတဲ့ သဘောမျိုး မတွေ့ရကြောင်း အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Antony Fauci က CNN ရုပ်သံရဲ့ State of the Union အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း နိုင်ငံတခုကနေ တခုကို ကူးစက်လာနေတဲ့ အိုမီခရွန် မျိုးကွဲအကြောင်း ပိုပြီး သိရှိ နားမလည်သေးခင်မှာတော့ အကဲဖြတ်မစောဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန် ကျန်းမာရေးဆိုင်ရာ အမျိုးသား အင်စတီကျုရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ Francis Collins ကလည်း အိုမီခရွန်အရေး မသေချာသေးကြောင်း NBC ရဲ့ Meet the Press အစီအစဉ်မှာ ပြောပါတယ်။

အိုမီခရွန်မျိုးကွဲက အရင်တွေ့ရတဲ့ မျိုးကွဲတွေထက် အန္တရာယ်နည်းသလား ဆိုတာကို သိရဖို့ သိပ္ပံပညာရှင်တွေ အချိန်ပြည့် ကြိုးစားရှာဖွေနေကြောင်း ပြောပါတယ်။

XS
SM
MD
LG