သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဲေဆာက္အထြက္ ဟင္းသီးဟင္း႐ြက္ကားမွာ ျမန္မာ ၅၀ေက်ာ္ဖမ္းဆီးမိ


Myanmar Migrants arrested in Thailand

ထိုင္းျမန္မာနယ္စပ္၊ မဲေဆာက္ၿမိဳ႕ အထြက္စစ္ေဆးေရးဂိတ္မွာမတ္လ ၁၄ရက္ေန႔မနက္ပိုင္းမွာပဲ ဟင္းသီးဟင္း႐ြက္ကားထဲဖြက္ၿပီး လူကုန္ကူးသူေတြ သယ္ေဆာင္လာတဲ့ျမန္မာ ၅၀ေက်ာ္ကို ထိုင္းလုံၿခဳံေရးတပ္ဖြဲ႕ေတြကဖမ္းဆီးခဲ့ပါတယ္။ မတ္လဆန္းကစၿပီး၂ပတ္အတြင္း ျမန္မာ တေထာင္ေလာက္ဖမ္းဆီးခံရပါတယ္။ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႔ကေန ဘန္ေကာက္ၿမိဳ႕အတြက္ စစ္ေဆးေရးဂိတ္တခုျဖစ္တဲ့" ေဟြဟင္ဖြန္ "စစ္ေဆးေရးဂိတ္မွာေတာ့ မတ္လ၁၄ရက္ေန႔မနက္အေစာႀကီးမွာပဲ ျမန္မာေတြကို ဟင္းသီးဟင္း႐ြက္ၾကားဖြက္ၿပီး သယ္ေဆာင္လာတဲ့ ကားကိုရပ္တန႔္စစ္ေဆးရင္းနဲ႔ျ မန္မာ၅၃ေယာက္ဖမ္းမိခဲ့ပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ျမန္မာျပည္သးားမ်ားအေရးပူးတြဲလႈပ္ရွားမူ႔ေကာ္မတီရဲ႕ဥကၠဌ ဦးမိုးႀကိဳးကအခုလိုေျပာပါတယ္။

"ဒီထိုင္းနယ္စပ္နဲ႔ ထိုင္းႏိုင္ငံအႏွံအျပားမွာ အဖမ္းအဆီးေတြမ်ားအရမ္းမ်ားေနတဲ့အတြက္ အသီးအႏွံတင္တဲ့ကားေတြထဲမွာျမန္မာေတြကိုလႈိ႕ဝွက္ဖြက္ၿပီးသယ္ေဆာင္တာမ်ိဳးကိုပြဲစားေတြကသုံးလာတာပါ။ ၂၀၂၂ခုႏွစ္၊ မတ္လ ၁၄ရက္ေန႔ ဒီေန႔မနက္ မွာမဲေဆာက္ၿမိဳ႕အထြက္ပထမစစ္ေဆးေရးဂိတ္ျဖစ္တဲ့ေဟြဟင္ဖြန္ဂိတ္မွာ ေဂၚဖီထုတ္တင္လာတဲ့ေပါ့၊ ကုန္စိမ္းတင္တဲ့ကားပုံစံဖန္တီးထားၿပီး တရားမဝင္ ျမန္မာ၅၃ေယာက္တင္လာလို႔ဖမ္းမိတာျဖစ္ပါတယ္။ မတ္လ ၁၁ ၊၁၂၊ ၁၃၊ ၁၄ ေလးရက္အတြင္းမွာ နယ္စပ္နဲ႔ထိုင္းႏိုင္ငံအတြင္းမွာ ျမန္မာ (၂၇၂ ေယာက္ဖမ္းဆီးခံရတယ္။ ထိုင္းနယ္စပ္အသီးသီးကေကာ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕ေရာက္ခါနီးျပည္နယ္ေတြမွာေကာစုစုေပါင္း ျမန္မာ ၉၄၁ ေယာက္ ျမန္မာ(၁၄)ရက္ေန႔ထိ ၂ပတ္အတြင္းမွာ ဖမ္းမိတဲ့အေၾကာင္း ထိုင္းနယ္ျခားေစာင့္တပ္က သတင္းထုတ္ျပန္ထားပါတယ္။"

ကုန္စီမ္းကားေတြနဲ႔ဖြက္ၿပီးသယ္ေဆာင္လာတာကို မဲေဆာက္အထြက္စစ္ေဆးေရးဂိတ္မွာပဲ ဒုတိယအႀကိမ္ဖမ္းမိတာျဖစ္ၿပီး ၿပီးခဲ့တဲ့လကလည္းအလားတူပုံစံမ်ိဳးနဲ႔ျမန္မာ တဒါဇင္ေက်ာ္ မဲေဆာက္အထြက္ဒုတိယစစ္ေဆးေရးဂိတ္မွာပဲ ဖမ္းမိခဲ့ပါတယ္။

ထိုင္းႏိုင္ငံအတြင္းမွာျမန္မာႏိုင္ငံသားေတြအစုလိုက္အၿပဳံလိုက္ လူကုန္ကူးခံမူေတြမ်ားျပားလာတာေၾကာင့္ထိုင္းအစိုးရက ျပည္နယ္အသီးသီးကအုပ္ခ်ဳပ္ေရးမႉးေတြကို တင္းတင္းၾကပ္ၾကပ္ စစ္ေဆးဖို႔နဲ႔ လုံၿခဳံေရးတပ္ဖြဲေတြအေနနဲ႔နယ္စပ္ေတြမွာပိုမိုကင္းလွည့္စစ္ေဆးမူေတြလုပ္ၾကဖို႔လည္ းၿပီးခဲ့တဲ့လကတည္းကၫြန္ၾကားထားပါတယ္။ ဒီအတြက္ျမန္မာေတြ အစုလိုက္အၿပဳံလိုက္ ဖမ္းဆီးခံရမႈေတြပိုမ်ားလာတယ္လို႔လည္း ဦးမိုးႀကိဳးကလည္းေျပာပါတယ္။

"ထိုင္းအစိုးရရဲ႕လြန္ခဲ့တဲ့ ေဖေဖၚဝါရီလ ၂၀ရက္ေန႔ၫြန္ၾကားခ်က္အရနယ္ျခားေစာင့္ကင္းလွည့္လုပ္ငန္းေတြလည္းပိုမိုလုပ္လာတယ္။ ရပ္႐ြာေတြမွာလည္းပိုၿပီးစစ္ေဆးလာတယ္လူကုန္ကူးမူေတြကိုလည္းပိုၿပီး ထိထိေရာက္ေရာက္အေရးယူလာတယ္ "

အခုဆိုရင္ ၂၀၂၂ခုႏွစ္ႏွစ္စကစၿပိး ဇန္နဝါရီလနဲ႔ေဖေဖၚဝါရီလ ၂လထဲမွာေတာင္ျမန္မာႏိုင္ငံသား တေသာင္ဝန္းက်င္ေလာက္ဖမ္းဆီးခံထားရပါတယ္။ ဖမ္းဆီးခံရသူေတြဟာျမန္မာႏိုင္ငံမွာႏိုင္ငံေရးမတည္ၿငိမ္မူ႔ စီးပြားေရးခက္ခဲမႈ ေတြေၾကာင့္အလုပ္အကိုင္ရွာေဖြဖို႔အတြက္ လူကုန္ကူးသူေတြကိုအခေၾကးေငြေပးၿပီးလာၾကရင္းနဲ႔ ခုလိုဖမ္းဆီးခံရတာျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အထွက်စစ်ဆေးရေးဂိတ်မှာမတ်လ ၁၄ရက်နေ့မနက်ပိုင်းမှာပဲ ဟင်းသီးဟင်းရွက်ကားထဲဖွက်ပြီး လူကုန်ကူးသူတွေ သယ်ဆောင်လာတဲ့မြန်မာ ၅၀ကျော်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကဖမ်းဆီးခဲ့ပါတယ်။ မတ်လဆန်းကစပြီး၂ပတ်အတွင်း မြန်မာ တထောင်လောက်ဖမ်းဆီးခံရပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကနေ ဘန်ကောက်မြို့အတွက် စစ်ဆေးရေးဂိတ်တခုဖြစ်တဲ့" ဟွေဟင်ဖွန် "စစ်ဆေးရေးဂိတ်မှာတော့ မတ်လ၁၄ရက်နေ့မနက်အစောကြီးမှာပဲ မြန်မာတွေကို ဟင်းသီးဟင်းရွက်ကြားဖွက်ပြီး သယ်ဆောင်လာတဲ့ ကားကိုရပ်တန့်စစ်ဆေးရင်းနဲ့ြ မန်မာ၅၃ယောက်ဖမ်းမိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့မြန်မာပြည်သးားများအရေးပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ဒီထိုင်းနယ်စပ်နဲ့ ထိုင်းနိုင်ငံအနှံအပြားမှာ အဖမ်းအဆီးတွေများအရမ်းများနေတဲ့အတွက် အသီးအနှံတင်တဲ့ကားတွေထဲမှာမြန်မာတွေကိုလှို့ဝှက်ဖွက်ပြီးသယ်ဆောင်တာမျိုးကိုပွဲစားတွေကသုံးလာတာပါ။ ၂၀၂၂ခုနှစ်၊ မတ်လ ၁၄ရက်နေ့ ဒီနေ့မနက် မှာမဲဆောက်မြို့အထွက်ပထမစစ်ဆေးရေးဂိတ်ဖြစ်တဲ့ဟွေဟင်ဖွန်ဂိတ်မှာ ဂေါ်ဖီထုတ်တင်လာတဲ့ပေါ့၊ ကုန်စိမ်းတင်တဲ့ကားပုံစံဖန်တီးထားပြီး တရားမဝင် မြန်မာ၅၃ယောက်တင်လာလို့ဖမ်းမိတာဖြစ်ပါတယ်။ မတ်လ ၁၁ ၊၁၂၊ ၁၃၊ ၁၄ လေးရက်အတွင်းမှာ နယ်စပ်နဲ့ထိုင်းနိုင်ငံအတွင်းမှာ မြန်မာ (၂၇၂ ယောက်ဖမ်းဆီးခံရတယ်။ ထိုင်းနယ်စပ်အသီးသီးကကော ထိုင်းနိုင်ငံဘန်ကောက်မြို့ရောက်ခါနီးပြည်နယ်တွေမှာကောစုစုပေါင်း မြန်မာ ၉၄၁ ယောက် မြန်မာ(၁၄)ရက်နေ့ထိ ၂ပတ်အတွင်းမှာ ဖမ်းမိတဲ့အကြောင်း ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ထားပါတယ်။"

ကုန်စီမ်းကားတွေနဲ့ဖွက်ပြီးသယ်ဆောင်လာတာကို မဲဆောက်အထွက်စစ်ဆေးရေးဂိတ်မှာပဲ ဒုတိယအကြိမ်ဖမ်းမိတာဖြစ်ပြီး ပြီးခဲ့တဲ့လကလည်းအလားတူပုံစံမျိုးနဲ့မြန်မာ တဒါဇင်ကျော် မဲဆောက်အထွက်ဒုတိယစစ်ဆေးရေးဂိတ်မှာပဲ ဖမ်းမိခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာမြန်မာနိုင်ငံသားတွေအစုလိုက်အပြုံလိုက် လူကုန်ကူးခံမူတွေများပြားလာတာကြောင့်ထိုင်းအစိုးရက ပြည်နယ်အသီးသီးကအုပ်ချုပ်ရေးမှူးတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့နဲ့ လုံခြုံရေးတပ်ဖွဲတွေအနေနဲ့နယ်စပ်တွေမှာပိုမိုကင်းလှည့်စစ်ဆေးမူတွေလုပ်ကြဖို့လည် းပြီးခဲ့တဲ့လကတည်းကညွန်ကြားထားပါတယ်။ ဒီအတွက်မြန်မာတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှုတွေပိုများလာတယ်လို့လည်း ဦးမိုးကြိုးကလည်းပြောပါတယ်။

"ထိုင်းအစိုးရရဲ့လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၀ရက်နေ့ညွန်ကြားချက်အရနယ်ခြားစောင့်ကင်းလှည့်လုပ်ငန်းတွေလည်းပိုမိုလုပ်လာတယ်။ ရပ်ရွာတွေမှာလည်းပိုပြီးစစ်ဆေးလာတယ်လူကုန်ကူးမူတွေကိုလည်းပိုပြီး ထိထိရောက်ရောက်အရေးယူလာတယ် "

အခုဆိုရင် ၂၀၂၂ခုနှစ်နှစ်စကစပြိး ဇန်နဝါရီလနဲ့ဖေဖေါ်ဝါရီလ ၂လထဲမှာတောင်မြန်မာနိုင်ငံသား တသောင်ဝန်းကျင်လောက်ဖမ်းဆီးခံထားရပါတယ်။ ဖမ်းဆီးခံရသူတွေဟာမြန်မာနိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်မူ့ စီးပွားရေးခက်ခဲမှု တွေကြောင့်အလုပ်အကိုင်ရှာဖွေဖို့အတွက် လူကုန်ကူးသူတွေကိုအခကြေးငွေပေးပြီးလာကြရင်းနဲ့ ခုလိုဖမ်းဆီးခံရတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG