သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တရားမဝင္သြားေရာက္တဲ့ ျမန္မာရာနဲ႔ခ်ီ ထိုင္းမွာအဖမ္းခံရ


ေဖေဖၚ၀ါရီလ ၂၅ ရက္ေန့က ဖမ္းမိတဲ့ျမန္မာႏို္ငံသားမ်ား ( ဓါတ္ပုံ Army PR Center )

တရားမဝင္သြားေရာက္တဲ့ ျမန္မာရာနဲ႔ခ်ီ ထိုင္းမွာအဖမ္းခံရ

{{Zawgyi/Unicode}}

ထိုင္းျမန္မာနယ္စပ္ ျပည္နယ္ ၂ ခုမွာ ျမန္မာႏိုင္ငံဘက္က တရားမဝင္ ဝင္လာသူ ၂ ရက္အတြင္း ၃၅ဝ နီးပါး ဖမ္းဆီးခံခဲ့ရပါတယ္။ လူကုန္ကူးေတြ ေခၚလာတဲ့ ျမန္မာႏိုင္ငံသား ရာနဲ႔ခ်ီ အစုလိုက္ အျပံဳလိုက္ဖမ္းဆီးခံရတာျဖစ္ပါတယ္။ ဒီအေၾကာင္း ထုိင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာ တင္ျပပါမယ္။

ေဖေဖၚဝါရီီလ ၂၅ ရက္ေန႔ မနက္ ၁ နာရီအခ်ိိ္န္နဲ႔ ၂နာရီေက်ာ္အခ်ိန္ေလာက္မွာ ပရာကၽြတ္ခီရီကန္ျပည္နယ္ထဲကို အစုလိုက္အျပဳံ လိုက္ဝင္လာတဲ့ျမန္မာႏိုင္ငံသား၂ဝဝ နီးပါးကို ထိုင္းလံုျခံဳေရးတပ္ဖဲြ ့ေတြက ကင္းလွည့္ခ်ိန္မွာ ဖမ္းမိခဲ့ပါတယ္ ၂ရက္အတြင္းမွာပဲ ကမ္္ခ်နဘူရီျပည္နယ္နဲ႔ ပရာကၽြတ္ခီရီကန္ျပည္နယ္ထဲမွာ ဖမ္းမိတဲ့ျမန္မာႏိုင္ငံသား ၃၅ဝ ေလာက္ရွိတယ္လို္႔ ေရာင္ျခည္ဦးအလုပ္သမားအဖဲြ႔က အလုပ္သမားေရးလဳွပ္ရွားသူဦးမုိးေက်ာ္က အခုလိုေျပာျပပါတယ္။

"၂၅ရက္ေန့မွာပဲ ထုိင္းႏိုင္ငံထဲကို ဝင္ေရာက္လာတဲ့ျမန္မာႏိုင္ငံသားေတြ ဖမ္းမိတာပါ ဖမ္းခံထိတာ ေဖေဖၚဝါရီလ ၂၅ရက္ေန႕မွာဖမ္းမိတာ ၁၉၆ ဦးပါ။ ပရာက်ြတ္ခီရီကန္ျပည္နယ္ထဲက ထိုင္းအာဏာပုိင္ေတြလွည့္ကင္းလုပ္တဲ့ အခ်ိန္မွာ ဖမ္းမိတာပါ ။ေဖေဖၚဝါရီလ ၂၄ရက္ေန႕မွာလည္း ပရာကၽြတ္ခီရီကန္ နဲ႕ ကမ္ခ်နဘူရီျပည္နယ္ထဲမွ ာဖမ္းမိတာပါ။ ပရာက်ြတ္ခီရီကန္ မွာက ၄၃ဦး ကမ္ခ်နဘူရီမွာက၁ဝဝ ဦးပါ။ ၂ ရက္ေပါင္းဆုိရင္ ၃၅ဝေလာက္ဖမ္းမိတယ္ ရာနဲ႕ခ်ီၿပီးအစုလိုက္အျပံဳလိုက္အခု ၂ရက္အတြင္းဖမ္းဆီးခံရတယ္လို့ေျပာလို့ရပါတယ္ "

ျမန္မာႏိုင္ငံမွာႏိုင္ငံေရး စီးပြားေရးမတည္ျငိမ္မူေတြ အလုပ္အကိုင္အခက္အခဲေတြေႀကာင့္ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသားေတြဟာ ထုိင္းႏိုင္ငံမွာ အလုပ္လုပ္ကိုင္ခြင့္ရဖို႔အတြက္ လူေမွာင္ခုိသမားေတြကို အခေၾကးေငြ ေပးၿပီး လာခဲ့ၾကတာျဖစ္ပါတယ္။

ဖမ္းဆီးခံရတဲ့ျမန္မာေတြအတူ သူတို႔ကိုေခၚလာတဲ့ ထိုင္းနဲ႔ ျမန္မာ လူေမွာင္ခိုသမားတခ်ဳိ႕လည္းဖမ္းမိခဲ့ပါတယ္။ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသားေတြကိုေတာ့ ထုိင္းအာဏာပိုင္ေတြက ကိုဗစ္ကပ္ေရာဂါပိုးစစ္ေဆးျပီးေနာက္ ထို္င္းဥပေဒအရ အေရးယူေဆာင္ရြက္တာေတြ ဆက္လုပ္သြားမွာျဖစ္ပါတယ္။

"ေခၚလာတဲ့ လူကယ္ရီေတြပဲြစားေတြကို ေပးရတာကေတာ့ ဘတ္ေငြ ၁၈ဝဝ၀ေလာက္ကေန ဘတ္ေငြ ၂၅၀၀၀ေလာက္ထိေပးရပါတယ္''

ဖမ္းခံရတဲ့ျမန္မာႏိုင္ငံသားေတြကို ကိုဗစ္စည္းကမ္းခ်က္ေတြအရ စစ္ေဆးျပီးေနာက္ဆက္တဲြအေရးယူသြားမယ္လို႕သိရပါတယ္။၂ဝ၂၂ခုႏွစ္ ဇန္နဝါရီလ တလထဲမွာပဲ ထုိင္းနယ္ျခားေစာင့္တပ္က ဖမ္းမိတဲ့ျမန္မာႏုိင္ငံသားအေရအတြက္က ၅ ေထာင္ေက်ာ္ပါတယ္ ။ အခု ေဖေဖၚ၀ါရီလ ၂၅ရက္ေန႔ အထိေတာ့ နယ္စပ္အသီးသီးမွာဖမ္းမိတဲ့ျမန္မာႏိုင္ငံသား ၃ ေထာင္ေက်ာ္ေလာက္ရွိပါတယ္။ ျပီးခဲ့တဲ့ ၂၀၂၁ တႏွစ္လံုးမွာေတာ့ ထုိင္းႏိုင္ငံအတြင္း ဖမ္းမိတဲ့ ႏိုင္ငံျခားေရႊေျပာင္း အလုပ္သမားအေရအတြက္ ၆ေသာင္းေက်ာ္ေလာက္ရိွမယ္လို႔လည္း ထိုင္းႏိုင္ငံမွာ အလုပ္သမားေရးေဆာင္ရြက္ေနတဲ့အဖဲြ ့ေတြစုေပါင္းထားတဲ့ Migrant Labour Development Network က စာရင္း ျပဳစုထားပါတယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံသားေတြက အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................................

တရားမဝင်သွားရောက်တဲ့ မြန်မာရာနဲ့ချီ ထိုင်းမှာအဖမ်းခံရ

{{Zawgyi/Unicode}}

ထိုင်းမြန်မာနယ်စပ် ပြည်နယ် ၂ ခုမှာ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်လာသူ ၂ ရက်အတွင်း ၃၅ဝ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ လူကုန်ကူးတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ရာနဲ့ချီ အစုလိုက် အပြုံလိုက်ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြပါမယ်။

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ မနက် ၁ နာရီအချိန်နဲ့ ၂နာရီကျော်အချိန်လောက်မှာ ပရာကျွတ်ခီရီကန်ပြည်နယ်ထဲကို အစုလိုက်အပြုံ လိုက်ဝင်လာတဲ့မြန်မာနိုင်ငံသား၂ဝဝ နီးပါးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ကင်းလှည့်ချိန်မှာ ဖမ်းမိခဲ့ပါတယ် ၂ရက်အတွင်းမှာပဲ ကမ်ချနဘူရီပြည်နယ်နဲ့ ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ ဖမ်းမိတဲ့မြန်မာနိုင်ငံသား ၃၅ဝ လောက်ရှိတယ်လို့် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က အလုပ်သမားရေးလုှပ်ရှားသူဦးမိုးကျော်က အခုလိုပြောပြပါတယ်။

"၂၅ရက်နေ့မှာပဲ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေ ဖမ်းမိတာပါ ဖမ်းခံထိတာ ဖေဖေါ်ဝါရီလ ၂၅ရက်နေ့မှာဖမ်းမိတာ ၁၉၆ ဦးပါ။ ပရာကျွတ်ခီရီကန်ပြည်နယ်ထဲက ထိုင်းအာဏာပိုင်တွေလှည့်ကင်းလုပ်တဲ့ အချိန်မှာ ဖမ်းမိတာပါ ။ဖေဖေါ်ဝါရီလ ၂၄ရက်နေ့မှာလည်း ပရာကျွတ်ခီရီကန် နဲ့ ကမ်ချနဘူရီပြည်နယ်ထဲမှ ာဖမ်းမိတာပါ။ ပရာကျွတ်ခီရီကန် မှာက ၄၃ဦး ကမ်ချနဘူရီမှာက၁ဝဝ ဦးပါ။ ၂ ရက်ပေါင်းဆိုရင် ၃၅ဝလောက်ဖမ်းမိတယ် ရာနဲ့ချီပြီးအစုလိုက်အပြုံလိုက်အခု ၂ရက်အတွင်းဖမ်းဆီးခံရတယ်လို့ပြောလို့ရပါတယ် "

မြန်မာနိုင်ငံမှာနိုင်ငံရေး စီးပွားရေးမတည်ငြိမ်မူတွေ အလုပ်အကိုင်အခက်အခဲတွေကြောင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရဖို့အတွက် လူမှောင်ခိုသမားတွေကို အခကြေးငွေ ပေးပြီး လာခဲ့ကြတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့မြန်မာတွေအတူ သူတို့ကိုခေါ်လာတဲ့ ထိုင်းနဲ့ မြန်မာ လူမှောင်ခိုသမားတချို့လည်းဖမ်းမိခဲ့ပါတယ်။ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ထိုင်းအာဏာပိုင်တွေက ကိုဗစ်ကပ်ရောဂါပိုးစစ်ဆေးပြီးနောက် ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်တာတွေ ဆက်လုပ်သွားမှာဖြစ်ပါတယ်။

"ခေါ်လာတဲ့ လူကယ်ရီတွေပွဲစားတွေကို ပေးရတာကတော့ ဘတ်ငွေ ၁၈ဝဝဝလောက်ကနေ ဘတ်ငွေ ၂၅၀၀၀လောက်ထိပေးရပါတယ်''

ဖမ်းခံရတဲ့မြန်မာနိုင်ငံသားတွေကို ကိုဗစ်စည်းကမ်းချက်တွေအရ စစ်ဆေးပြီးနောက်ဆက်တွဲအရေးယူသွားမယ်လို့သိရပါတယ်။၂ဝ၂၂ခုနှစ် ဇန်နဝါရီလ တလထဲမှာပဲ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိတဲ့မြန်မာနိုင်ငံသားအရေအတွက်က ၅ ထောင်ကျော်ပါတယ် ။ အခု ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ အထိတော့ နယ်စပ်အသီးသီးမှာဖမ်းမိတဲ့မြန်မာနိုင်ငံသား ၃ ထောင်ကျော်လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံးမှာတော့ ထိုင်းနိုင်ငံအတွင်း ဖမ်းမိတဲ့ နိုင်ငံခြားရွှေပြောင်း အလုပ်သမားအရေအတွက် ၆သောင်းကျော်လောက်ရှိမယ်လို့လည်း ထိုင်းနိုင်ငံမှာ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့တွေစုပေါင်းထားတဲ့ Migrant Labour Development Network က စာရင်း ပြုစုထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG