သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံက အလုပ္သမားေတြ လက္ခံဖို႔ ထိုင္းႏိုင္ငံျပင္ဆင္ 


ႏြန္ထဘူရီျပည္နယ္မွာ စက္တင္ဘာလ၂၀ရက္ေန့က ျမန္မာအပါအ၀င္ႏို္င္ငံျခားသားအလုပ္သမားေတြကာကြယ္ေဆးထိုးႏွံဖို့ လာေရာက္တန္းစီေနႀကပံု (CJ) (ယခင္မွတ္တမ္းဓါတ္ပုံ)

ျမန္မာအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံက အလုပ္သမားေတြ လက္ခံဖို႔ ထိုင္းႏိုင္ငံျပင္ဆင္

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံမွာ အလုပ္သမားလိုအပ္ခ်က္ေတြရွိေနတဲ့အတြက္ နယ္စပ္ေတြမွာ အလုပ္လုပ္ရမယ့္ ကေမၻာဒီးယား၊ ျမန္မာ စတဲ့ အိမ္နီးခ်င္း ႏိုင္ငံ ၂ ခုက အလုပ္သမား ၃ေသာင္းေလာက္ကို လတ္တေလာ ပထမဦး ဆံုးေခၚယူဖုိ႔ ျပင္ဆင္ေနပါတယ္။ ကူးစက္ျမန္ Omicron ကုိဗစ္ပိုးကူးစက္သူ ျမင့္တက္ေနခ်ိန္ျဖစ္လို႔ အလုပ္သမားေတြေရာက္လာရင္ သီးျခားခြဲထားမယ့္ ကြာရန္တင္း ေစာင့္ႀကည့္ေရးစင္တာေတြ ျပင္ဆင္ထားတယ္လို႔ ထုိင္းအလုပ္သမား၀န္ႀကီးဌာနက ေျပာပါတယ္။ ဒီသတင္းကို ဗြီအုိေအ သတင္းေထာက္မေအးေအးမာက သတင္းေပးပို႔ထားပါတယ္ ။

ကိုဗစ္ကပ္ေဘးဒဏ္ကို ၂ ႏွစ္ေလာက္ခံေနရၿပီး စီးပြားေရး ထိခိုက္က်ဆင္းေနတဲ့ ထိုင္းႏိုင္ငံက ႏိုင္ငံရဲ႕ ကုန္ထုတ္လုပ္မႈပိုင္း ျပန္လည္စတင္ႏိုင္ဖို႔ ေရႊေျပာင္းအလုပ္သမား ၈ သိန္းေလာက္ လိုအပ္ခ်က္ရွိေနတယ္လို႔ ထိုင္းလုပ္ငန္း႐ွင္ေတြက ထိုင္းအလုပ္သမားေရးဌာနကို တင္ျပထားၾကပါတယ္။

လက္ရွိမွာလည္း ကူးစက္ျမန္ Omicron ကုိဗစ္ပိုးကူးစက္သူျမင့္တက္ေနေပမယ္ ့ နယ္စပ္ေဒသေတြမွာ အလုပ္လုပ္ဖို႔အတြက္ ျမန္မာနဲ့ကေမၻာဒီးယား အလုပ္သမားေတြကို စတင္ေခၚယူေတာ့မွာျဖစ္ပါတယ္။ သူတို႔အတြက္ ကြာရန္တင္းစင္တာေတြ ျပင္ဆင္ထားၿပီျဖစ္ေႀကာင္း ထုိင္းအလုပ္သမားဝန္ႀကီး ကေျပာဆုိခဲ့ပါတယ္ ။ ဒီအေႀကာင္းနဲ့ပတ္သက္လို႔ ျမန္မာျပည္သားမ်ားအေရးပူးတဲြလွဳပ္ရွားမူ့ေကာ္မတီဥကၠဌ ဦးမုိးႀကိဳးက အခုလိုေျပာပါတယ္။

" ထိုင္းျမန္မာနယ္စပ္ ေလးခု ၊ ထုိင္းကေမၻာဒီးယားနယ္စပ္ေလးခု၊ အဲဒီမွာ ေရႊေျပာင္းအလုပ္သမား ၃ေသာင္းေခၚမယ္။ ထုိင္းႏိုင္ငံရဲ့ အလုပ္ႀကမ္း လုပ္ငန္းခြင္ေတြမွာ အလုပ္လုပ္ကိုင္ဖုိ႔ ေခၚတာျဖစ္တယ္။ နယ္စပ္ေဒသေတြမွာ အလုပ္လုပ္ဖုိ႔ ရည္ရြယ္တာျဖစ္တဲ့အတြက္ ေဆာက္လုပ္ေရး၊ အိမ္တြင္းမူ စိုက္ပ်ိဳးေရးလုပ္ငန္းေတြအတြက္ပဲ အဓိကထားျပီးေခၚတာျဖစ္တယ္။ ကေမၻာဒီးယားလုပ္သားေတြအတြက္ေတာ့ ကိုဗစ္ကြာရမ္တင္းစင္တာ ၁၁ေနရာမွာ လူ ၁ဝ၃၆ေယာက္အတြက္ အခန္း၂၉၁ ခန္းထားမယ္။ ျမန္မာအလုပ္သမားေတြအတြက္ ကိုဗစ္စင္တာ ၆ေနရာထားတယ္။ လူကေတာ့ တႀကိမ္ကို ၃၃၅ေယာက္အတြက္ အခန္းကုိ ၁၈၅ ခန္း ထားရွိေပးမယ္။ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ကေတာ့ သတင္းေကာင္းေပါ့ ။ ဒါေပမယ့္နယ္စပ္ေတြမွာပဲ အလုပ္လုပ္ရမယ္။အလုပ္သမားဝန္ႀကီး ႏိုင္ဆူခ်တ္ခ်ြန္ကလင္ ဦးေဆာင္တဲ့အစည္းအေဝးကေန မေန႔ကပဲ အစည္းအေဝးလုပ္ျပီး ေျပာခဲ့တာပါ"

ျမန္မာအလုပ္သမားေတြအတြက္ ထိုင္းႏုိင္ငံရဲ ့နယ္စပ္ေတြျဖစ္တဲ့ ကမ္ခ်နဘူရီ၊ တာ့ခ္၊ ခ်င္းရိုင္၊ ရေနာင္းနယ္စပ္ေတြကေန အလုပ္သမားေတြကိုေခၚယူသြားမွာျဖစ္ပါတယ္။ ကိုဗစ္ကပ္ေဘးကာလျဖစ္တာမို႔ ထိုင္းအစိုးရက ကုိဗစ္စည္းကမ္း သတ္မွတ္ခ်က္ေတြနဲ႔ အလုပ္သမားေတြကုိေခၚယူသြားမွာျဖစ္တယ္လို႔ ဦးမုိးႀကိဳးက ႐ွင္းျပပါတယ္။

" အလုပ္ရွင္က ထုိင္းႏို္င္ငံကိုလာေရာက္မယ့္ အလုပ္သမားေတြကိုဆက္သြယ္ျပီးတာနဲ႔ ၃ရက္အတြင္းမွာ PCR စံနစ္နဲ့ ကိုဗစ္စစ္ေဆးျ႔ပီးတဲ့အခါ ကိုဗစ္ကာကြယ္ေဆး ၂ ႀကိမ္ထုိးျပီးေႀကာင္း သက္ေသစာရြက္စာတမ္းျပရမယ္။ ထုိင္းေဆးရံုမွာေရာဂါစစ္ေဆးျပီး က်န္းမာေရးအာမခံ ၃ လစာဝယ္ယူရမယ္။ ထုိင္းလဝကမွာ တလသက္တမ္းရွိတဲ ့ထုိင္းႏို္င္ငံထဲကို၀င္ေရာက္ခြင့္ တလေနထိုင္ခြင့္ ဗီဇာယူရမယ္။ ကြာရမ္တင္း ၇ ရက္ဝင္ရမယ္။ ကြာရမ္တင္း (၇)ရက္အတြင္းမွာက်န္းမာေရးစစ္ေဆးတာလုပ္ျပီးပိုးေတြ႕ရင္ေတာ့ ေဆးရံုေဆးခန္းပို႔မယ္ ။အဆင့္(၅)ကေတာ့ ေရာဂါကင္းစင္တဲ့ ေရႊ႕ေျပာင္းလုပ္သားကို ထုိင္းအလုပ္အကုိင္ရွာေဖြေရးဌာနကေန ၃ လ အလုပ္လုပ္ခြင့္ လက္မွတ္ထုတ္ေပးမယ္ "

ထိုင္အလုပ္ရွင္ေတြက လုပ္သားလိုအပ္ခ်က္ေတြရွိေၾကာင္း ထုိင္းအလုပ္သမားဝန္ႀကီးဌာနကုိ တင္ျပေတာင္းဆိုခဲ့ရာမွာ ဒီဇင္ဘာလကေန ေဖေဖၚဝါရီ ၂ဝ ရက္ေန႔အထိ ၃ လတာကာလအတြင္းမွာ ေရႊေျပာင္းအလုပ္သမား ၁ သိန္း ၁ ေသာင္းေက်ာ္ေခၚယူဖို႔ တင္ျပထားတယ္လို့ဆိုပါတယ္။ ဒါေပမယ့္ ထုိင္းႏိုင္ငံမွာ ကူးစက္ျမန္ အိုမီခရြန္ကိုဗစ္ ကူးစက္မူေတြ ထပ္မံျမင့္တက္လာေနတဲ့အတြက္ ျမန္မာအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြကအလုပ္သမားေခၚယူေရးကိစၥေတြက ႀကံႀကာမူေတြရွိေနျပီး လတ္တေလာမွာေတာ့ နယ္စပ္ေတြက လိုအပ္ေနတဲ့အလုပ္သမားေတြကုိ စတင္ေခၚယူဖို႔ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

........................................................

တိုက္႐ိုက္ လင့္ခ္

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံက အလုပ်သမားတွေ လက်ခံဖို့ ထိုင်းနိုင်ငံပြင်ဆင်

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ အလုပ်သမားလိုအပ်ချက်တွေရှိနေတဲ့အတွက် နယ်စပ်တွေမှာ အလုပ်လုပ်ရမယ့် ကမ္ဘောဒီးယား၊ မြန်မာ စတဲ့ အိမ်နီးချင်းနိုင်ငံ ၂ ခုက အလုပ်သမား ၃သောင်းလောက်ကို လတ်တလော ပထမဦး ဆုံးခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ကူးစက်မြန် Omicron ကိုဗစ်ပိုးကူးစက်သူ မြင့်တက်နေချိန်ဖြစ်လို့ အလုပ်သမားတွေရောက်လာရင် သီးခြားခွဲထားမယ့် ကွာရန်တင်း စောင့်ကြည့်ရေးစင်တာတွေ ပြင်ဆင်ထားတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ကိုဗစ်ကပ်ဘေးဒဏ်ကို ၂ နှစ်လောက်ခံနေရပြီး စီးပွားရေး ထိခိုက်ကျဆင်းနေတဲ့ ထိုင်းနိုင်ငံက နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုပိုင်း ပြန်လည်စတင်နိုင်ဖို့ ရွှေပြောင်းအလုပ်သမား ၈ သိန်းလောက် လိုအပ်ချက်ရှိနေတယ်လို့ ထိုင်းလုပ်ငန်းရှင်တွေက ထိုင်းအလုပ်သမားရေးဌာနကို တင်ပြထားကြပါတယ်။

လက်ရှိမှာလည်း ကူးစက်မြန် Omicron ကိုဗစ်ပိုးကူးစက်သူမြင့်တက်နေပေမယ့် နယ်စပ်ဒေသတွေမှာ အလုပ်လုပ်ဖို့အတွက် မြန်မာနဲ့ကမ္ဘောဒီးယား အလုပ်သမားတွေကို စတင်ခေါ်ယူတော့မှာဖြစ်ပါတယ်။ သူတို့အတွက် ကွာရန်တင်းစင်တာတွေ ပြင်ဆင်ထားပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ကပြောဆိုခဲ့ပါတယ် ။ ဒီအကြောင်းနဲ့ပတ်သက်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမူ့ကော်မတီဥက္ကဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

" ထိုင်းမြန်မာနယ်စပ် လေးခု ၊ ထိုင်းကမ္ဘောဒီးယားနယ်စပ်လေးခု၊ အဲဒီမှာ ရွှေပြောင်းအလုပ်သမား ၃သောင်းခေါ်မယ်။ ထိုင်းနိုင်ငံရဲ့ အလုပ်ကြမ်း လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်ဖို့ ခေါ်တာဖြစ်တယ်။ နယ်စပ်ဒေသတွေမှာ အလုပ်လုပ်ဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက် ဆောက်လုပ်ရေး၊ အိမ်တွင်းမူ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်ပဲ အဓိကထားပြီးခေါ်တာဖြစ်တယ်။ ကမ္ဘောဒီးယားလုပ်သားတွေအတွက်တော့ ကိုဗစ်ကွာရမ်တင်းစင်တာ ၁၁နေရာမှာ လူ ၁၀၃၆ယောက်အတွက် အခန်း၂၉၁ ခန်းထားမယ်။ မြန်မာအလုပ်သမားတွေအတွက် ကိုဗစ်စင်တာ ၆နေရာထားတယ်။ လူကတော့ တကြိမ်ကို ၃၃၅ယောက်အတွက် အခန်းကို ၁၈၅ ခန်း ထားရှိပေးမယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ကတော့ သတင်းကောင်းပေါ့ ။ ဒါပေမယ့်နယ်စပ်တွေမှာပဲ အလုပ်လုပ်ရမယ်။အလုပ်သမားဝန်ကြီး နိုင်ဆူချတ်ချွန်ကလင် ဦးဆောင်တဲ့အစည်းအဝေးကနေ မနေ့ကပဲ အစည်းအဝေးလုပ်ပြီး ပြောခဲ့တာပါ"

မြန်မာအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံရဲ့နယ်စပ်တွေဖြစ်တဲ့ ကမ်ချနဘူရီ၊ တာ့ခ်၊ ချင်းရိုင်၊ ရနောင်းနယ်စပ်တွေကနေ အလုပ်သမားတွေကိုခေါ်ယူသွားမှာဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေးကာလဖြစ်တာမို့ ထိုင်းအစိုးရက ကိုဗစ်စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အလုပ်သမားတွေကိုခေါ်ယူသွားမှာဖြစ်တယ်လို့ ဦးမိုးကြိုးက ရှင်းပြပါတယ်။

" အလုပ်ရှင်က ထိုင်းနိုင်ငံကိုလာရောက်မယ့် အလုပ်သမားတွေကိုဆက်သွယ်ပြီးတာနဲ့ ၃ရက်အတွင်းမှာ PCR စံနစ်နဲ့ ကိုဗစ်စစ်ဆေးြ့ပီးတဲ့အခါ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်းသက်သေစာရွက်စာတမ်းပြရမယ်။ ထိုင်းဆေးရုံမှာရောဂါစစ်ဆေးပြီး ကျန်းမာရေးအာမခံ ၃ လစာဝယ်ယူရမယ်။ ထိုင်းလဝကမှာ တလသက်တမ်းရှိတဲ့ထိုင်းနိုင်ငံထဲကိုဝင်ရောက်ခွင့်တလနေထိုင်ခွင့်ဗီဇာယူရမယ်။ကွာရမ်တင်း ၇ ရက်ဝင်ရမယ်။ ကွာရမ်တင်း (၇)ရက်အတွင်းမှာကျန်းမာရေးစစ်ဆေးတာလုပ်ပြီးပိုးတွေ့ရင်တော့ ဆေးရုံဆေးခန်းပို့မယ် ။အဆင့်(၅)ကတော့ ရောဂါကင်းစင်တဲ့ ရွှေ့ပြောင်းလုပ်သားကို ထိုင်းအလုပ်အကိုင်ရှာဖွေရေးဌာနကနေ ၃ လ အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမယ် "

ထိုင်အလုပ်ရှင်တွေက လုပ်သားလိုအပ်ချက်တွေရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကို တင်ပြတောင်းဆိုခဲ့ရာမှာ ဒီဇင်ဘာလကနေ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့အထိ ၃ လတာကာလအတွင်းမှာ ရွှေပြောင်းအလုပ်သမား ၁ သိန်း ၁ သောင်းကျော်ခေါ်ယူဖို့ တင်ပြထားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ကူးစက်မြန် အိုမီခရွန်ကိုဗစ် ကူးစက်မူတွေ ထပ်မံမြင့်တက်လာနေတဲ့အတွက် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကအလုပ်သမားခေါ်ယူရေးကိစ္စတွေက ကြံကြာမူတွေရှိနေပြီး လတ်တလောမှာတော့ နယ်စပ်တွေက လိုအပ်နေတဲ့အလုပ်သမားတွေကို စတင်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG