သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ႔ ျမန္မာေတြ ထိုင္းနယ္ထဲ ဝင္လာမစဲ


ေဖေဖၚ၀ါရီလ (၂၈)ရက္ေန့က ပရာက်ြတ္ခီရီကန္မွာ ဖမ္းမိတဲ့ျမန္မာႏိုင္ငံသားမ်ား

အေထာက္အထားမဲ႔ ျမန္မာေတြ ထိုင္းနယ္ထဲ ဝင္လာမစဲ

{{Unicode }}
ထိုင္းႏိုင္ငံထဲကို အေထာက္အထားမဲ့ျမန္မာေတြေန့စဥ္ရာနဲ့ခ်ီျပီးအစုလိုက္အျပံဳလိုက္ ၀င္ေရာက္လာေနတာေႀကာင့္ ေဖေဖၚ၀ါရီလ၂၈ရက္ေန့နဲ့ မတ္လ၁ရက္ေန့ ထိ ၂ရက္အတြင္း တာ့ခ္ျပည္နယ္နဲ့ ပရာက်ြတ္ခီရီကန္ျပည္နယ္၂ခုမွာ ဖမ္းမိတဲ့ျမန္မာႏိုင္ငံသား ၂၀၀ ၀န္းက်င္ရွိေနပါတယ္။ ဒီသတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပို့ထားပါတယ္။

ျမန္မာႏို္င္ငံမွာ ႏိုင္ငံေရးစီးပြားေရး မတည္ျငိမ္မူေတြ အလုပ္အကုိင္အခက္အခဲေတြေႀကာင့္ ဒီလပိုင္းေတြအတြင္း ျမန္မာေတြ အစုလိုက္အျပံုလိုက္ ေန႔စဥ္ရာနဲ့ခ်ီျပီး ၀င္ေရာက္ကာ ထုိင္းႏိုင္ငံဘက္ကလည္း အေထာက္အထားမဲ့ျမန္မာေတြကိုေနစဥ္ဖမ္းဆီးေနပါတယ္။

လူကုန္ကူးသူေတြက အလံုပိတ္ကားေတြထဲမွာ ျမန္မာေတြကိုထည့္ျပီးေခၚလာတာမ်ိဳးေတြ ဟင္းသီးဟင္းရြက္ကားေတြထဲမွာဖြက္ျပီးသယ္ေဆာင္လာတာမ်ဳိးေတြရိိွျပီး ဒီ၂ရက္အတြင္းမွာ လူဦးေရ ၂၀၀ေလာက္ဖမ္းဆိီးခံရတယ္လို့ ျမန္မာျပည္္သားမ်ားအေရးပူးတဲြလွဳပ္ရွားမူ့ေကာ္မတီရဲ ့ဥကၠဌဦးမုိးႀကိဳးကေျပာပါတယ္ ။

" ေဖေဖၚ၀ါရီလ ၂၈ရက္ေန့ နဲ့မတ္လ ၁ရက္ေန့မွာနယ္စပ္ကေန ၀င္လာတာျမန္မာ၂၀၀ေလာက္၀င္လာတာေတြ ့ရတယ္။ မတ္လ ၁ရက္ေန့မွာေတာ့ ကရင္ျပည္နယ္ လိွုင္းဘဲြကေန ထိုင္းဘက္ထာ့ေဆာင္ရမ္းျမိဳနယ္ထဲ၀င္လာတဲ့ ျမန္မာ၃၀ ထိုင္းလံုျခံုေရးေတြကဖမ္းမိတယ္။တဆက္တည္းမွာပဲ ေဖေဖၚ၀ါရီလ ၂၈ေန့မွာတာ့ခ္ျပည္နယ္ မဲေထာ့ျမိဳနယ္ထဲက စစ္ေေဆးေရးဂိတ္မွာျဖတ္သန္းလာတဲ့ မသကၤာဖြယ္ကားတစီး စစ္ေဆးတာကို မခံပဲေမာင္းေျပးတဲ့အတြက္ ရဲကားက ဖမ္းလိုက္ေတာ့ တရားမ၀င္ျမန္မာ ၁၃ဦးဖမ္းမိတယ္။ ေဖေဖၚ၀ါရီလ ၂၈ရက္ေန့မွာပဲ ပရာက်ြတ္ခီရီကန္ျပည္နယ္ထဲမွ ာတရားမ၀င္ ျမန္မာ ၁၃၄ဦး၀င္ေရာက္လာတဲ့အတြက္ အားလံုးေပါင္းတရားမ၀င္ ျမန္မာ ၂၀၀နီးပါး၀င္ေရာက္လာပါတယ္ "

ဖမ္းဆီးခံရတဲ့ျမန္မာေတြကို ထုိင္းဘက္က ကိုဗစ္ကပ္ေရာဂါပိုးရွိမရွိစစ္ေဆးခဲ့ရာမွာ တခ်ိဳ့က ကိုဗစ္ကူးစက္မူေတြရွိေနတာေႀကာင့္ ေစာင့္ႀကည္ေရး စင္တာပို့ရတာေတြရိွေနပါတယ္။ ၂၀၂၂ခုႏွစ္ ႏွစ္စကစျပီး ဒီ၂လအတြင္း ဖမ္းမိတဲ့ျမန္မာႏို္င္ငံသားအေရအတြက္ တေသာင္း၀န္းက်င္ရွိေနပါတယ္။

အဖမ္းအဆီးေတြမ်ားေနေပမယ့္ လူကုန္ကူးသူေတြေခၚလာတ့ဲျမန္မာႏို္င္ငံသားေတြအစုလိုက္အျပံုလိုက္ဖမ္းမိေနတဲ့အတြက္ ကုိဗစ္ကပ္ေရာဂါကိုထိမ္းခ်ဳပ္ဖို့နဲ့ ထိုင္းႏိုင္ငံတြင္း လူကုန္ကူးမူေတြကို ထိထိေရာက္ေရာက္ အေရးယူေဆာင္ရြက္ႏိုင္ဖို့ ျပည္နယ္အသီးသီးကအုပ္ခ်ဳပ္ေရးမွဴးေတြကိုလည္းထုိင္းျပည္တဲေရး၀န္ႀကီးဌာနကညြန္ႀကားခ်က္ထုတ္ျပန္ထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

.....................................

အထောက်အထားမဲ့ မြန်မာတွေ ထိုင်းနယ်ထဲ ဝင်လာမစဲ
{{Unicode }}
ထိုင်းနိုင်ငံထဲကို အထောက်အထားမဲ့မြန်မာတွေနေ့စဉ်ရာနဲ့ချီပြီးအစုလိုက်အပြုံလိုက် ဝင်ရောက်လာနေတာကြောင့် ဖေဖေါ်ဝါရီလ၂၈ရက်နေ့နဲ့ မတ်လ၁ရက်နေ့ ထိ ၂ရက်အတွင်း တာ့ခ်ပြည်နယ်နဲ့ ပရာကျွတ်ခီရီကန်ပြည်နယ်၂ခုမှာ ဖမ်းမိတဲ့မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်ရှိနေပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးစီးပွားရေး မတည်ငြိမ်မူတွေ အလုပ်အကိုင်အခက်အခဲတွေကြောင့် ဒီလပိုင်းတွေအတွင်း မြန်မာတွေ အစုလိုက်အပြုံလိုက် နေ့စဉ်ရာနဲ့ချီပြီး ဝင်ရောက်ကာ ထိုင်းနိုင်ငံဘက်ကလည်း အထောက်အထားမဲ့မြန်မာတွေကိုနေစဉ်ဖမ်းဆီးနေပါတယ်။

လူကုန်ကူးသူတွေက အလုံပိတ်ကားတွေထဲမှာ မြန်မာတွေကိုထည့်ပြီးခေါ်လာတာမျိုးတွေ ဟင်းသီးဟင်းရွက်ကားတွေထဲမှာဖွက်ပြီးသယ်ဆောင်လာတာမျိုးတွေရှိပြီး ဒီ၂ရက်အတွင်းမှာ လူဦးရေ ၂၀၀လောက်ဖမ်းဆီးခံရတယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌဦးမိုးကြိုးကပြောပါတယ် ။

" ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ နဲ့မတ်လ ၁ရက်နေ့မှာနယ်စပ်ကနေ ဝင်လာတာမြန်မာ၂၀၀လောက်ဝင်လာတာတွေ့ရတယ်။ မတ်လ ၁ရက်နေ့မှာတော့ ကရင်ပြည်နယ် လှိုင်းဘွဲကနေ ထိုင်းဘက်ထာ့ဆောင်ရမ်းမြိုနယ်ထဲဝင်လာတဲ့ မြန်မာ၃၀ ထိုင်းလုံခြုံရေးတွေကဖမ်းမိတယ်။တဆက်တည်းမှာပဲ ဖေဖေါ်ဝါရီလ ၂၈နေ့မှာတာ့ခ်ပြည်နယ် မဲထော့မြိုနယ်ထဲက စစ်ေဆေးရေးဂိတ်မှာဖြတ်သန်းလာတဲ့ မသင်္ကာဖွယ်ကားတစီး စစ်ဆေးတာကို မခံပဲမောင်းပြေးတဲ့အတွက် ရဲကားက ဖမ်းလိုက်တော့ တရားမဝင်မြန်မာ ၁၃ဦးဖမ်းမိတယ်။ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့မှာပဲ ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှ ာတရားမဝင် မြန်မာ ၁၃၄ဦးဝင်ရောက်လာတဲ့အတွက် အားလုံးပေါင်းတရားမဝင် မြန်မာ ၂၀၀နီးပါးဝင်ရောက်လာပါတယ် "

ဖမ်းဆီးခံရတဲ့မြန်မာတွေကို ထိုင်းဘက်က ကိုဗစ်ကပ်ရောဂါပိုးရှိမရှိစစ်ဆေးခဲ့ရာမှာ တချို့က ကိုဗစ်ကူးစက်မူတွေရှိနေတာကြောင့် စောင့်ကြည်ရေး စင်တာပို့ရတာတွေရှိနေပါတယ်။ ၂၀၂၂ခုနှစ် နှစ်စကစပြီး ဒီ၂လအတွင်း ဖမ်းမိတဲ့မြန်မာနိုင်ငံသားအရေအတွက် တသောင်းဝန်းကျင်ရှိနေပါတယ်။

အဖမ်းအဆီးတွေများနေပေမယ့် လူကုန်ကူးသူတွေခေါ်လာတဲ့မြန်မာနိုင်ငံသားတွေအစုလိုက်အပြုံလိုက်ဖမ်းမိနေတဲ့အတွက် ကိုဗစ်ကပ်ရောဂါကိုထိမ်းချုပ်ဖို့နဲ့ ထိုင်းနိုင်ငံတွင်း လူကုန်ကူးမူတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်နယ်အသီးသီးကအုပ်ချုပ်ရေးမှူးတွေကိုလည်းထိုင်းပြည်တဲရေးဝန်ကြီးဌာနကညွန်ကြားချက်ထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG