သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေ႐ႊ႕ေျပာင္းအလုပ္သမားျပသနာမ်ားက ၫႊန္ျပေနေသာ ျမန္မာ့စီးပြားေရး


ေဖေဖၚ၀ါရီလ ၂၅ ရက္ေန့က ဖမ္းမိတဲ့ျမန္မာႏို္ငံသားမ်ား ( ဓါတ္ပုံ Army PR Center )

နယ္စပ္ကိုျဖတ္ေက်ာ္ၿပီး ထိုင္းႏိုင္ငံဘက္ကို တရားမဝင္ဝင္ေရာက္လာတဲ့ ျမန္မာအလုပ္သမားေတြ ဖမ္းဆီးခံရတဲ့သတင္းေတြ မီဒီယာေတြမွာ မၾကာခဏေတြ႕ေနရပါတယ္။ ျမန္မာအလုပ္သမားေတြ ထိုင္းႏိုင္ငံ ထဲ တရားမဝင္ ဝင္ေရာက္ရာမွာ ကားေမွာက္ေသဆုံးတဲ့သတင္းမ်ိဳးေတြလည္း ၾကားရတတ္ပါတယ္။ ျမန္မာႏိုင္ငံမွာ အလုပ္အကိုင္အခြင့္အလမ္းရွားပါးၿပီးဝင္ေငြနည္းတဲ့အတြက္ အိမ္နီးခ်င္းထိုင္းႏိုင္ငံမွာ သြားေရာက္အလုပ္လုပ္ၾကတဲ့ျမန္မာအလုပ္သမားေတြဟာ သန္းနဲ႔ခ်ီရွိေန တာပါ။သြားေရာက္အလုပ္လုပ္ၾက တဲ့ ပုံစံကေတာ့ မ်ိဳးစုံပါပဲ။ တရားဝင္သြားသူေရာ၊တရားမဝင္သြားသူေရာ နည္းလမ္းေပါင္းစုံနဲ႔ သြားၾကတာပါ။

လြတ္လပ္တဲ့အာရွအသံ(RFA)ရဲ႕ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔က သတင္းတစ္ခုမွာ ျမန္မာေ႐ႊ႕ေျပာင္း လုပ္သားေတြတင္ေဆာင္လာတဲ့ လူေမွာင္ခိုကားတစ္စီးနဲ႔ ထိုင္းေဖ်ာ္ေျဖေရးအဖြဲ႕ေတြတင္ေဆာင္လာတဲ့ ကားတစ္စီးတို႔ထိုင္းႏိုင္ငံ မေနာ္ရမ္ခ႐ိုင္၊ခ်ိဳင္နတ္ၿမိဳ႕မွာ တိုက္မိတဲ့သတင္းကို စိတ္မေကာင္းစြာ ၾကားရ ပါတယ္။ အလားတူပါပဲေဖေဖာ္ဝါရီ ၁၉ ရက္ ဗြီအိုေအ(ျမန္မာပိုင္း)သတင္းတစ္ပုဒ္မွာလည္း ေဖေဖာ္ဝါရီ ၁၉ရက္နဲ႔ ၂၀ ရက္ေန႔ေတြက ထိုင္းႏိုင္ငံ ပရာကြၽတ္ခီရီကန္ျပည္နယ္မွာ ၂၁၈ ဦး၊ေဆာင္ခလာျပည္ နယ္၊ ဟတ္ခ႐ိုင္ေတာထဲမွာ ၂၂ ဦး၊ခ်င္း႐ိုင္ျပည္နယ္ထဲမွာ ၃၀ ဦး၊တာ့ခ္ျပည္နယ္၊တန္ေဆာင္ရမ္းၿမိဳ႕နယ္ထဲမွာ ၃၀ ဦး၊ႏွစ္ရက္အတြင္းမွာ တရားမဝင္ ဝင္ေရာက္လာၾကတဲ့ ျမန္မာ ၃၀၀ ဦး ဖမ္းဆီးခံရတယ္လို႔ ေဖာ္ျပထားပါတယ္။

ဘန္ေကာက္ပို႔စ္သတင္းစာႀကီးကလည္း ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၄၃ ေယာက္ကို ေမာင္နဲ႔ ဆိုင္႐ြတ္ခ႐ိုင္ ထဲမွာ အဖမ္းခံရတယ္လို႔ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၈ ရက္ေန႔ကေရးပါတယ္။ဖမ္းမိတဲ့ ၄၃ ေယာက္ ထဲမွာ အမ်ိဳး သားက ၁၇ ေယာက္၊အမ်ိဳးသမီးက၁၃ ေယာက္ပါဝင္ၿပီး သူတို႔ဟာ ရန္ကုန္၊ပဲခူး၊ေမာ္လၿမိဳင္နဲ႔ ထားဝယ္ တို႔က လာၾကတာျဖစ္တယ္လို႔ေဖာ္ျပထားပါတယ္။သူတို႔ဟာ ထိုင္းႏိုင္ငံထဲကို ဝင္ေရာက္ႏိုင္ဖို႔ ဘတ္၁၇,၀၀၀ ကေန ၂၂,၀၀၀ ထိ ေပးခဲ့ၾကရတယ္လို႔ဆိုပါတယ္။အဲဒီသတင္းမွာပဲ ၿပီးခဲ့တဲ့ႏွစ္(၂၀၂၁)ႏိုဝင္ဘာလနဲ႔ ဒီဇင္ဘာ ႏွစ္လအတြင္းမွာ ထိုင္းႏိုင္ငံထဲကို နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္သူေပါင္း အနည္းဆုံး ၆၈,၀၀၀ ရွိတယ္၊အဲဒီအထဲက အမ်ားစုဟာ ျမန္မာေတြျဖစ္ၾကတယ္လို႔ ထိုင္းႏိုင္ငံ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ဖြံ႕ၿဖိဳးေရးကြန္ရက္က အာဒီဆြမ္ခပ္ေမာင္ခိုးလ္ကေျပာေၾကာင္းလည္း ေရးသားထားပါတယ္။

ထိုင္းႏိုင္ငံရဲ႕ အလုပ္သမားလိုအပ္ခ်က္ဟာ ႀကီးမားလွပါတယ္။စီးပြားေရးလုပ္ငန္းေတြအတြက္ လိုအပ္တဲ့
အလုပ္သမားေတြကို အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ ျမန္မာ၊ကေမာၻဒီးယား၊လာအိုတို႔ကေန အမ်ားဆုံးေခ ၚယူ ပါတယ္။ ဒါေပမဲ့ ၂၀၂၀ ကိုဗစ္ကပ္ေရာဂါေဘးစတင္ခ်ိန္မွာ ထိုင္းလုပ္ငန္းရွင္ေတြဟာ အလုပ္သမားေတြေ လွ်ာ့ခ်ခဲ့ပါတယ္။ထိုင္းအစိုးရကလည္း နယ္စပ္ေတြကို ပိတ္ထားခဲ့ ပါတယ္။ အလုပ္သမားသစ္ေတြေ ခၚယူတာကိုလည္း ရပ္ဆိုင္းထားခဲ့ပါတယ္။နယ္စပ္ေတြ ပိတ္ထားခဲ့တယ္ဆိုေပမဲ့ ခိုးဝင္တာေတြကေတာ့ ရွိေနခဲ့တာပါ။ အခုအခါမွာေတာ့ေႏွးေကြးသြားတဲ့ ထိုင္းစီးပြားေရးကို ျပန္လည္ကုစားႏိုင္ဖို႔ ျမန္မာနဲ႔ ကေမာၻဒီးယားက အလုပ္သမားေတြကိုအကန႔္အသတ္နဲ႔ ျပန္လည္ေခၚယူေနပါၿပီ။

ဒီအေၾကာင္းကို ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔က ထိုင္းႏိုင္ငံကေန မေအးေအးမာ ေပးပို႔တဲ့သတင္းကို ဗြီအိုေအက
ေဖာ္ျပခဲ့ပါတယ္။ထိုင္းႏိုင္ငံရဲ႕ လတ္တေလာ အလုပ္သမားလိုအပ္ခ်က္ဟာ လုပ္သားဦးေရ ၈ သိန္းေလာက္
ရွိတယ္။ေလာေလာဆယ္အလုပ္သမား တစ္သိန္းခြဲကို သုံးလအတြင္းမွာ ျမန္မာႏိုင္ငံနဲ႔ ကေမာၻဒီးယားကေန
ေခၚယူမယ္။ျမန္မာႏိုင္ငံဘက္က ေခၚယူတဲ့အလုပ္သမားေတြကို ထိုင္း-ျမန္မာနယ္စပ္ျဖစ္တဲ့ ကမ္ခ်နာ့ဘူရီ၊
တာ့ခ္၊ခ်င္း႐ိုင္၊ရေနာင္းနယ္စပ္ေတြကေနေခၚယူမွာျဖစ္တယ္။ဒါေပမဲ့ အိုမီခ႐ြန္ကူးစက္ျမန္ ကိုဗစ္ပိုးအႏၲရာယ္ရွိေနတာေၾကာင့္ ကြာရင္းတင္းေတာ့တစ္ပတ္ဝင္ရမွာျဖစ္တယ္။ဒီအေၾကာင္းကို ျမန္မာျပည္သားမ်ားအေရးပူးတြဲလႈပ္ရွားမူ႔ေကာ္မတီဥကၠဌ ဦးမိုးႀကိဳးက အခုလိုေျပာေၾကာင္း မေအးေအးမာရဲ႕သတင္းမွာေဖာ္ျပထားပါတယ္။

" ထိုင္းျမန္မာနယ္စပ္ ေလးခု ၊ ထိုင္းကေမာၻဒီးယားနယ္စပ္ေလးခု၊ အဲဒီမွာ ေ႐ႊေျပာင္းအလုပ္သမား ၃ ေသာင္းေခၚမယ္။ ထိုင္းႏိုင္ငံရဲ႕ အလုပ္ၾကမ္း လုပ္ငန္းခြင္ေတြမွာအလုပ္လုပ္ကိုင္ဖို႔ ေခၚတာျဖစ္တယ္။ နယ္စပ္ေဒသေတြမွာ အလုပ္လုပ္ဖို႔ ရည္႐ြယ္တာျဖစ္တဲ့အတြက္ ေဆာက္လုပ္ေရး၊ အိမ္တြင္းမူ စိုက္ပ်ိဳးေရးလုပ္ငန္းေတြအတြက္ပဲအဓိကထားၿပီးေခၚတာျဖစ္တယ္။ကေမာၻဒီးယားလုပ္သားေတြအတြက္ေတာ့ ကိုဗစ္ကြာရမ္တင္းစင္တာ ၁၁ ေနရာ မွာ လူ ၁ဝ၃၆ေယာက္အတြက္ အခန္း ၂၉၁ ခန္းထားမယ္။ ျမန္မာအလုပ္သမားေတြအတြက္ ကိုဗစ္စင္တာ၆ ေနရာထားတယ္။ လူကေတာ့တစ္ႀကိမ္ကို ၃၃၅ ေယာက္အတြက္ အခန္းကို ၁၈၅ ခန္း ထားရွိေပးမယ္။ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြအတြက္ကေတာ့ သတင္းေကာင္းေပါ့ "

ျမန္မာႏိုင္ငံသားေတြဟာႏိုင္ငံျခားတိုင္းျပည္အေတာ္မ်ားမ်ားမွာအလုပ္ထြက္လုပ္ၾကပါတယ္။အဲဒီလိုလုပ္ၾကရာမွာ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ထိုင္းႏိုင္ငံမွာ အမ်ားဆုံးျဖစ္ပါတယ္။ကုလသမဂၢရဲ႕ ၂၀၂၀ စာရင္းအရ ျမန္မာႏိုင္ငံေျပာင္းေ႐ႊ႕လုပ္သားေပါင္း ၃.၇ သန္းရွိတယ္။အဲဒီေျပာင္းေ႐ႊ႕လုပ္သားေတြထဲက ၇၀ ရာႏႈန္းဟာ ထိုင္းႏိုင္ငံမွာအလုပ္လုပ္ၾကတာျဖစ္တယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ ေျပာင္းေ႐ႊ႕ေနထိုင္ေရးဆိုင္ရာ ႏိုင္ငံတကာအဖြဲ႕(IOM )ရဲ႕၂၀၁၉ စာရင္းအရ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြရဲ႕ ႏိုင္ငံတြင္းျပန္ပို႔ေငြဟာ ၂.၈ ဘီလီယံရွိတယ္။ဒါဟာျမန္မာႏိုင္ငံ GDP ရဲ႕ ၄ ရာႏႈန္းရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕စီးပြားေရးအေျခအေနဟာ ကိုဗစ္ကပ္ေရာဂါအက်ိဳးသက္ေရာက္မႈေၾကာင့္ စီးပြားေရးေႏွးေကြး
ေနပါတယ္။အဲဒီလိုအခ်ိန္မွာ စစ္တပ္က အာဏာသိမ္းလိုက္တာေၾကာင့္ စီးပြားေရးအေျခအေနဟာ ပိုဆိုးသြားခဲ့ရပါတယ္။ျပည္တြင္းမွာအလုပ္အကိုင္ ရွားပါး၊အလုပ္လက္မဲ့ေတြမ်ားလာတာေၾကာင့္ အိမ္နီးခ်င္းထိုင္းႏိုင္ငံကိုေျပာင္းေ႐ႊ႕အလုပ္လုပ္သူေတြမ်ားလာပါတယ္။ ဒီအေျခအေနကို ဘန္ေကာက္ပို႔စ္သတင္းစာႀကီးက ဇန္နဝါရီ ၆ရက္ေန႔က အခုလိုေခါင္းစဥ္ေပးေရးပါတယ္။"ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းလိုက္တာဟာ ဆင္းရဲမြဲေတမႈကို မီးထိုးေပးလိုက္ရာေရာက္ၿပီး ေသာင္းနဲ႔ခ်ီတဲ့ လူေတြ ထိုင္းႏိုင္ငံထဲကို တြန္းပို႔လိုက္ပါတယ္"တဲ့။ အဲဒီသတင္းေဆာင္းပါးထဲမွာပဲ ႏွစ္ရက္တာခရီးလမ္းေလွ်ာက္ၿပီးေလာေလာဆယ္ထိုင္းႏိုင္ငံကို မိသားစုနဲ႔အတူ ေရာက္ရွိ
လာတဲ့ ၄၅ ႏွစ္အ႐ြယ္ ကိုမ်ိဳးခ်စ္ကိုေမးျမန္းထားပါတယ္။ကိုမ်ိဳးခ်စ္က ကြၽန္ေတာ့္ၿမိဳ႕မွာ ကြၽန္ေတာ့္ မေနခ်င္
ေတာ့ဘူး။ေစ်းႏႈန္းေတြကလည္း အရမ္းတက္ေနတယ္။ဒါေၾကာင့့္ထြက္လာခဲ့တာ ပါ။ဝင္ေငြရဖို႔ဒီကိုလာခဲ့တာ ပါ။ၿပီးေတာ့ကြၽန္ေတာ့ကေလးေတြရဲ႕ အနာဂတ္တြက္ ထြက္လာခဲ့တာပါလို႔ေျပာ ပါတယ္။ ဒါဟာျမန္မာႏိုင္ငံတြင္းမွာ လက္ရွိျဖစ္ေပၚေနတဲ့ လူမႈဘဝနဲ႔ စီးပြားေရးအေျခအေန တစ္စိတ္တစ္ပိုင္းကို ထင္ဟတ္ေနတယ္လို႔ ဆိုရမွာ ျဖစ္ေၾကာင္းပါခင္ဗ်ား။

-------------------------------------------

ရွှေ့ပြောင်းအလုပ်သမားပြသနာများက ညွှန်ပြနေသော မြန်မာ့စီးပွားရေး

နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရတဲ့သတင်းတွေ မီဒီယာတွေမှာ မကြာခဏတွေ့နေရပါတယ်။ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံ ထဲ တရားမဝင် ဝင်ရောက်ရာမှာ ကားမှောက်သေဆုံးတဲ့ သတင်းမျိုးတွေလည်း ကြားရတတ်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းရှား ပါးပြီးဝင်ငွေနည်းတဲ့အတွက် အိမ်နီးချင်းထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကြတဲ့မြန်မာအလုပ်သမားတွေဟာ သန်းနဲ့ချီရှိနေ တာပါ။သွားရောက်အလုပ်လုပ်ကြ တဲ့ ပုံစံကတော့ မျိုးစုံပါပဲ။ တရားဝင်သွားသူရော၊တရားမဝင်သွားသူရော နည်းလမ်းပေါင်းစုံနဲ့ သွားကြတာပါ။

လွတ်လပ်တဲ့အာရှအသံ(RFA)ရဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က သတင်းတစ်ခုမှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေတင်ဆောင်လာတဲ့ လူမှောင်ခိုကားတစ်စီးနဲ့ ထိုင်းဖျော်ဖြေရေးအဖွဲ့တွေတင်ဆောင်လာတဲ့ ကားတစ်စီးတို့ထိုင်းနိုင်ငံ မနော်ရမ်ခရိုင်၊ချိုင်နတ်မြို့မှာ တိုက်မိတဲ့သတင်းကို စိတ်မကောင်းစွာ ကြားရ ပါတယ်။ အလားတူပါပဲဖေဖော်ဝါရီ ၁၉ ရက် ဗွီအိုအေ(မြန်မာပိုင်း)သတင်းတစ်ပုဒ်မှာလည်း ဖေဖော်ဝါရီ ၁၉ရက်နဲ့ ၂၀ ရက်နေ့တွေက ထိုင်းနိုင်ငံ ပရာကျွတ်ခီရီကန်ပြည်နယ်မှာ ၂၁၈ ဦး၊ဆောင်ခလာပြည် နယ်၊ ဟတ်ခရိုင်တောထဲမှာ ၂၂ ဦး၊ချင်းရိုင်ပြည်နယ်ထဲမှာ ၃၀ ဦး၊တာ့ခ်ပြည်နယ်၊တန်ဆောင်ရမ်းမြို့နယ်ထဲမှာ ၃၀ ဦး၊နှစ်ရက်အတွင်းမှာ တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာ ၃၀၀ ဦး ဖမ်းဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

ဘန်ကောက်ပို့စ်သတင်းစာကြီးကလည်း မြန်မာရွှေ့ပြောင်းလုပ်သား ၄၃ ယောက်ကို မောင်နဲ့ ဆိုင်ရွတ်ခရိုင် ထဲမှာ အဖမ်းခံရတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ကရေးပါတယ်။ဖမ်းမိတဲ့ ၄၃ ယောက် ထဲမှာ အမျိုး သားက ၁၇ ယောက်၊အမျိုးသမီးက၁၃ ယောက်ပါဝင်ပြီး သူတို့ဟာ ရန်ကုန်၊ပဲခူး၊မော်လမြိုင်နဲ့ ထားဝယ် တို့က လာကြတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။သူတို့ဟာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်နိုင်ဖို့ ဘတ်၁၇,၀၀၀ ကနေ ၂၂,၀၀၀ ထိ ပေးခဲ့ကြရတယ်လို့ဆိုပါတယ်။အဲဒီသတင်းမှာပဲ ပြီးခဲ့တဲ့နှစ်(၂၀၂၁)နိုဝင်ဘာလနဲ့ ဒီဇင်ဘာ နှစ်လအတွင်းမှာ ထိုင်းနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူပေါင်း အနည်းဆုံး ၆၈,၀၀၀ ရှိတယ်၊အဲဒီအထဲက အများစုဟာ မြန်မာတွေဖြစ်ကြတယ်လို့ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ ဖွံ့ဖြိုးရေးကွန်ရက်က အာဒီဆွမ်ခပ်မောင်ခိုးလ်ကပြောကြောင်း လည်း ရေးသားထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက်ဟာ ကြီးမားလှပါတယ်။စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့
အလုပ်သမားတွေကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ကမ္ဘောဒီးယား၊လာအိုတို့ကနေ အများဆုံးခေ ါ်ယူ ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ကိုဗစ်ကပ်ရောဂါဘေးစတင်ချိန်မှာ ထိုင်းလုပ်ငန်းရှင်တွေဟာ အလုပ်သမားတွေေ လျှာ့ချခဲ့ပါတယ်။ထိုင်းအစိုးရကလည်း နယ်စပ်တွေကို ပိတ်ထားခဲ့ ပါတယ်။ အလုပ်သမားသစ်တွေေ ခါ်ယူတာကိုလည်း ရပ်ဆိုင်းထားခဲ့ပါတယ်။နယ်စပ်တွေ ပိတ်ထားခဲ့တယ်ဆိုပေမဲ့ ခိုးဝင်တာတွေကတော့ ရှိနေခဲ့တာပါ။ အခုအခါမှာတော့နှေးကွေးသွားတဲ့ ထိုင်းစီးပွားရေးကို ပြန်လည်ကုစားနိုင်ဖို့ မြန်မာနဲ့ ကမ္ဘောဒီးယားက အလုပ်သမားတွေကိုအကန့်အသတ်နဲ့ ပြန်လည်ခေါ်ယူနေပါပြီ။

ဒီအကြောင်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ထိုင်းနိုင်ငံကနေ မအေးအေးမာ ပေးပို့တဲ့သတင်းကို ဗွီအိုအေက
ဖော်ပြခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ လတ်တလော အလုပ်သမားလိုအပ်ချက်ဟာ လုပ်သားဦးရေ ၈ သိန်းလောက်
ရှိတယ်။လောလောဆယ်အလုပ်သမား တစ်သိန်းခွဲကို သုံးလအတွင်းမှာ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားကနေ
ခေါ်ယူမယ်။မြန်မာနိုင်ငံဘက်က ခေါ်ယူတဲ့အလုပ်သမားတွေကို ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကမ်ချနာ့ဘူရီ၊
တာ့ခ်၊ချင်းရိုင်၊ရနောင်းနယ်စပ်တွေကနေခေါ်ယူမှာဖြစ်တယ်။ဒါပေမဲ့ အိုမီခရွန်ကူးစက်မြန် ကိုဗစ်ပိုးအန္တရာယ်ရှိနေတာကြောင့် ကွာရင်းတင်းတော့တစ်ပတ်ဝင်ရမှာဖြစ်တယ်။ဒီအကြောင်းကို မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမူ့ကော်မတီဥက္ကဌ ဦးမိုးကြိုးက အခုလိုပြောကြောင်း မအေးအေးမာရဲ့သတင်းမှာဖော်ပြထားပါတယ်။

" ထိုင်းမြန်မာနယ်စပ် လေးခု ၊ ထိုင်းကမ္ဘောဒီးယားနယ်စပ်လေးခု၊ အဲဒီမှာ ရွှေပြောင်းအလုပ်သမား ၃ သောင်းခေါ်မယ်။ ထိုင်းနိုင်ငံရဲ့ အလုပ်ကြမ်း လုပ်ငန်းခွင်တွေမှာအလုပ်လုပ်ကိုင်ဖို့ ခေါ်တာဖြစ်တယ်။ နယ်စပ်ဒေသတွေမှာ အလုပ်လုပ်ဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက် ဆောက်လုပ်ရေး၊ အိမ်တွင်းမူ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်ပဲအဓိကထားပြီးခေါ်တာဖြစ်တယ်။ကမ္ဘောဒီးယားလုပ်သားတွေအတွက်တော့ ကိုဗစ်ကွာရမ်တင်းစင်တာ ၁၁ နေရာ မှာ လူ ၁ဝ၃၆ယောက်အတွက် အခန်း ၂၉၁ ခန်းထားမယ်။ မြန်မာအလုပ်သမားတွေအတွက် ကိုဗစ်စင်တာ၆ နေရာထားတယ်။ လူကတော့တစ်ကြိမ်ကို ၃၃၅ ယောက်အတွက် အခန်းကို ၁၈၅ ခန်း ထားရှိပေးမယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ကတော့ သတင်းကောင်းပေါ့ "

မြန်မာနိုင်ငံသားတွေဟာနိုင်ငံခြားတိုင်းပြည်အတော်များများမှာအလုပ်ထွက်လုပ်ကြပါတယ်။အဲဒီလိုလုပ်ကြရာမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ ၂၀၂၀ စာရင်းအရ မြန်မာနိုင်ငံပြောင်းရွှေ့လုပ်သားပေါင်း ၃.၇ သန်းရှိတယ်။အဲဒီပြောင်းရွှေ့လုပ်သားတွေထဲက ၇၀ ရာနှုန်းဟာ ထိုင်းနိုင်ငံမှာအလုပ်လုပ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ပြောင်းရွှေ့နေထိုင်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့(IOM )ရဲ့၂၀၁၉ စာရင်းအရ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နိုင်ငံတွင်းပြန်ပို့ငွေဟာ ၂.၈ ဘီလီယံရှိတယ်။ဒါဟာမြန်မာနိုင်ငံ GDP ရဲ့ ၄ ရာနှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေဟာ ကိုဗစ်ကပ်ရောဂါအကျိုးသက်ရောက်မှုကြောင့် စီးပွားရေးနှေးကွေး
နေပါတယ်။အဲဒီလိုအချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် စီးပွားရေးအခြေအနေဟာ ပိုဆိုးသွားခဲ့ရပါတယ်။ပြည်တွင်းမှာအလုပ်အကိုင် ရှားပါး၊အလုပ်လက်မဲ့တွေများလာတာကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံကိုပြောင်းရွှေ့အလုပ်လုပ်သူတွေများလာပါတယ်။ ဒီအခြေအနေကို ဘန်ကောက်ပို့စ်သတင်းစာကြီးက ဇန်နဝါရီ ၆ရက်နေ့က အခုလိုခေါင်းစဉ်ပေးရေးပါတယ်။"မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာဟာ ဆင်းရဲမွဲတေမှုကို မီးထိုးပေးလိုက်ရာရောက်ပြီး သောင်းနဲ့ချီတဲ့ လူတွေ ထိုင်းနိုင်ငံထဲကို တွန်းပို့လိုက်ပါတယ်"တဲ့။ အဲဒီသတင်းဆောင်းပါးထဲမှာပဲ နှစ်ရက်တာခရီးလမ်းလျှောက်ပြီးလောလောဆယ်ထိုင်းနိုင်ငံကို မိသားစုနဲ့အတူ ရောက်ရှိ
လာတဲ့ ၄၅ နှစ်အရွယ် ကိုမျိုးချစ်ကိုမေးမြန်းထားပါတယ်။ကိုမျိုးချစ်က ကျွန်တော့်မြို့မှာ ကျွန်တော့် မနေချင်
တော့ဘူး။ဈေးနှုန်းတွေကလည်း အရမ်းတက်နေတယ်။ဒါကြောင့်ထွက်လာခဲ့တာ ပါ။ဝင်ငွေရဖို့ဒီကိုလာခဲ့တာ ပါ။ပြီးတော့ကျွန်တော့ကလေးတွေရဲ့ အနာဂတ်တွက် ထွက်လာခဲ့တာပါလို့ပြော ပါတယ်။ ဒါဟာမြန်မာနိုင်ငံတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူမှုဘဝနဲ့ စီးပွားရေးအခြေအနေ တစ်စိတ်တစ်ပိုင်းကို ထင်ဟတ်နေတယ်လို့ ဆိုရမှာ ဖြစ်ကြောင်းပါခင်ဗျား။

XS
SM
MD
LG