သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဂိတ်ကို ဖြတ်မောင်းပြေးတဲ့ကား တိမ်းမှောက်လို့ မြန်မာတွေ ထိခိုက် အဖမ်းခံရ


ထိုင်းဂိတ်ကို ဖြတ်မောင်းပြေးတဲ့ကား တိမ်းမှောက်လို့ မြန်မာတွေ ထိခိုက် အဖမ်းခံရ (Photo Credit : : Thai Police)
ထိုင်းဂိတ်ကို ဖြတ်မောင်းပြေးတဲ့ကား တိမ်းမှောက်လို့ မြန်မာတွေ ထိခိုက် အဖမ်းခံရ (Photo Credit : : Thai Police)

ထိုင်းနိုင်ငံ ချုံဖော်ပြည်နယ်ထဲမှာ မတ်လ၂၃ရက်နေ့က အထောက်အထားမဲ့ မြန်မာ၃၅ဦးလိုက်ပါလာတဲ့ ကားတစီး ဟာ လုံခြုံရေးရဲစစ်ဆေးရေးဂိတ်မှ ာမရပ်ပဲမောင်းပြေးတာကြောင့် ကားတိမ်းမှောက်မူ့ဖြစ်ခဲ့ပြီး အဖမ်းဆီးခံခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းဂိတ်ကို ဖြတ်မောင်းပြေးတဲ့ကား တိမ်းမှောက်လို့ မြန်မာတွေ ထိခိုက် အဖမ်းခံရ

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ ချုံဖော်ပြည်နယ်ထဲမှာ မတ်လ၂၃ရက်နေ့က အထောက်အထားမဲ့ မြန်မာ၃၅ဦးလိုက်ပါလာတဲ့ ကားတစီး ဟာ လုံခြုံရေးရဲစစ်ဆေးရေးဂိတ်မှ ာမရပ်ပဲမောင်းပြေးတာကြောင့် ကားတိမ်းမှောက်မူ့ဖြစ်ခဲ့ပြီး အဖမ်းဆီးခံခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ချုံဖော်ပြည်နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာ၃၀ကျော်လိုက်ပါလာတဲ့ ကားတစီးဟာ ရဲလုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးချက်ကိုမခံပဲ မောင်းပြေးရာကနေ ကားတိမ်းမှောက်မူ့ဖြစ်ပြီး မြန်မာနိုင်ငံသားတချို့ဒဏ်ရာရခဲ့ကာ ဖမ်းဆီးခံခဲ့ရကြောင်းမြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

" မတ်လ၂၃ရက်နေ့ ဒီနေ့မနက်ပေါ့ ၊ တရားမဝင်မြန်မာ၃၅ဦးကို တင်ဆောင်လာတဲ့ ကားတစီးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက တားဆီးတာကိုမခံပဲမောင်းပြေးတယ်။ အဲဒီကားက တိမ်းမှောက်မူ့ဖြစ်ပြီး အဖမ်းခံလိုက်ရတယ် ။ အဲဒီမှာကားသမားကော၊ တရားမဝင်မြန်မာ ၃၅ဦးကော ၊အဖမ်းခံရတယ် ။ သေဆုံးတယ်လို့တော့မကြားရဘူး။ ၃၅ဦးလုံးထိခိုက်ဒဏ်ရာ အနည်းအကျဉ်းရပြီး အဖမ်းခံလိုက်ရတယ် "

ဒီနှစ်ထဲမှာပဲ အထောက်အထားမဲ့ မြန်မာတွေလိုက်ပါလာတဲ့ လူကုန်ကူးတဲ့ကားတွေဟာ စစ်ဆေးရေးဂိတ်တွေဖြတ်တဲ့အခါ အစစ်ဆေးမခံပဲမောင်းပြေးရာကနေ အခုလိုကားတိမ်းမှောက်မူတွေဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေ သေဆုံးတာတွေဖြစ်ခဲ့ကြောင်း ဦးမိုးကြိုးကဆက်ပြောပြပါတယ်။

" ၃မူမြောက်ပေါ့ ၊၂၀၂၂အတွက် ၃မူမြောက်ပါ၊တရားမဝင်မြန်မာတွေ အစစ်ဆေးမခံပဲ ထွက်ပြေးကြတာ ဒါက သုံးမူ့မြောက်ပေါ့ ၊ ၂၀၂၂ခုနှစ် ဇန်နဝါရီထဲက ကမ်ဖယ်ဖက်မှာ တမှု၊ ၂၀၂၂ မတ်လထဲမှာပဲ ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာတမှု ၊ အခုချုံဖော်ပြည်နယ်ထဲမှာ ရှေ့ကဖြစ်ရပ်တွေမှာတော့ ကမ်ဖယ်ဖက်မှ ာတယောက်သေတယ်။ ပရာကျွတ်ခီရီကန်မှာ ၆ယောက်သေတယ်"

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီကန်ပြည်နယ် ထဲက Phetkasem highway လမ်းမပေါ်မှာ မတ်လ၁၆ ရက်နေ့မနက် အစောကြီးအချိန်မှာ တရားမဝင်မြန်မာ၁၈ဦးသယ်ဆောင်လာတဲ့ ကားမတော်တဆဖြစ်ပြီး နောက်ကားက ဝင်တိုက်တာကြောင့် ကားပေါ်မှာပါလာတဲ့မြန်မာ ၆ဦးပွဲချင်းပြီးသေဆုံးခဲ့သလို ကျန်တဲ့၁၂ဦးလည်းဆေးရုံမှာ ပင်ထန်းတဲ့ဒဏ်ရာတွေရခဲ့ပါတယ်

တချို့ကတော့ကားတိုက်မူဖြစ်ပြီး ဆေးရုံဆေးခန်းမပို့ပဲ ဒဏ်ရာရ မြန်မာတွေကို တောတောင်တွေထဲစွန့်ပစ်သွားတာတွေလည်းရှိတဲ့အတွက် မလိုလားအပ်ပဲမြန်မာအလုပ်သမားတွေသေဆုံးတာတွေလည်းရှိခဲ့ပါတယ်။

ဒီလပိုင်းတွေအတွင်းမှာပဲ တရားမဝင်မြန်မာတွေကို သယ်ဆောင်လာတဲ့ကားတွေဟာ စစ်ဆေးရေးဂိတ်တွေကို ရှောင်ပြီးမောင်းနှင်ရာကနေ ယာဉ်မတော်တဆတိုက်မူတွေ မကြာခနရှိနေပြီး အများစုကတော့မြန်မာတွေကိုအစုလိုက်အပြုံလိုက် လူကုန်ကူးတဲ့ဂိုဏ်းတွေ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

.................................................


{{Unicode}}









XS
SM
MD
LG