သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာအလုပ္သမားတခ်ိဳ႕ထိုင္းမွာ ကားေမွာက္ ေသဆံုး


ျမန္မာအလုပ္သမားတခ်ိဳ႕ထိုင္းမွာ ကားေမွာက္ ေသဆံုး

Zawgyi

ျမန္မာအလုပ္သမားတခ်ိဳ႕ထိုင္းမွာ ကားေမွာက္ ေသဆံုး

ထိုင္းႏိုင္ငံ အယုဒၶယခ႐ိုင္ထဲမွာျမန္မာေရႊေျပာင္းအလုပ္သမားေတြကို တင္ေဆာင္လာတဲ့ ကားတိမ္းေမွာက္တဲ့အတြက္ ျမန္မာႏိုင္ငံသား ၃ ဦးေသဆံုးၿပီး ၁၅ ဦး ဒဏ္ရာရခဲ့ပါတယ္။ လူ၀င္မူႀကီးၾကပ္ေရးအရာရွိေတြက ကားကို စစ္ေဆးဖုိ႔တားဆီးတာကိုမခံပဲေမာင္းေျပးခဲ့ရာကေန ကားေမွာက္ခဲ့တာလို႔ ထိုင္းရဲက ေျပာပါတယ္။ ဒီသတင္းအျပည့္အစံုကုိ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက တင္ျပပါမယ္။

ျမန္မာအလုပ္သမား ၁၈ ဦးစီးနင္းလာတဲ့ ဟုိင္းလက္ကားဟာ ထိုင္းႏိုင္ငံ စင္ဘူရီခ႐ိုင္ကေန အယုဒၶယခ႐ိုင္ဘက္အသြား အယုဒၶယခ႐ိုင္ မဟာရတ္ျမိဳနယ္ထဲမွာ ဒီဇင္ဘာ ၈ ရက္ ဗုဒၶဟူးေန႔က တိမ္းေမွာက္ခဲ့ပါတယ္။ ကားေမွာက္မႈအတြင္း ျမန္မာႏိုင္ငံသား ၃ ဦးေသဆံုးခဲ့ျပီး ၁၅ ဦး ဒဏ္ရာျပင္းထန္စြာရခဲ့တယ္လို႔ စင္ဘူရီျပည္နယ္ရဲခ်ဳပ္ Chaiwichit Saensub က အတည္ျပဳေျပာၾကားသြားပါတယ္။

"အလုပ္သမားသံုုးဦးေသဆံုုးျပီး ၁၅ ဦးဒဏ္ရာရပါတယ္။ ကားသမားကေတာ့ ထြက္ေျပးသြားပါျပီ။ အခု ထိခိုက္ေသဆံုးခဲ့တဲ့ ျမန္မာနိုုင္ငံသားေတြဟာ ႏိုင္ငံထဲမွာ တရားဝင္အေထာက္အထား႐ွိသူေတြလား အေထာက္အထားမဲ့ေတြလားဆိုတာ ဆက္လက္ စစ္ေဆးေနပါတယ္ဆိုျပီးေျပာသြားတာျဖစ္ ပါတယ္"

အလုပ္သမားေတြတင္လာတဲ့ကားကုိ လူ၀င္မူႀကီးၾကပ္ေရးအရာရွိေတြက စစ္ေဆးဖို႔ တားဆီးတာကို ရပ္ေပးဘဲ ေမာင္းေျပးခဲ့ရာကေန အခုလို တိမ္းေမွာက္ခဲ့တာလို႔ ေျပာပါတယ္။ ဒဏ္ရာရသူေတြကိုနီးစပ္ရာေဆးရံုေတြမွာ ပို႔ၿပီး ကုသမူေပးေနတယ္လို႔လည္း ရဲခ်ဳပ္ Chaiwichit Saensub က ေျပာျပပါတယ္။

"ဒဏ္ရာရတဲ့သူေတြကို နီးစပ္တဲ့ေဆးရံု ၃ခုေလာက္ကုိခဲြျပီး ပုိ႔ေဆာင္ကုသမူ့ေပးေနပါတယ္ သူတို႔ ၀င္လာတဲ့လမ္းေႀကာင္းနဲ႔ သူတို႔အားလံုးမွာ သက္ေသခံအေထာက္အထား ရွိ မရွိဆုိတာလည္းလ ိုက္လံစံုစမ္းေနပါတယ္ဆိုျပီးေျပာသြားပါတယ္။"

ဘန္ေကာက္ၿမိဳ႕က ျမန္မာအလုပ္္သမားသံအရာရွိရံုး ထုတ္ျပန္ခ်က္မွာေတာ့ဒီဇင္ဘာလ၈ရက္ေန႔ မနက္ ၇ နာ၇ီေလာက္မွ ာထိုင္းႏိုင္ငံ အယုဒၶယခ႐ိုင္ မဟာရတ္ၿမိဳ႕နယ္အတြင္း ျမန္မာအလုပ္သမား ၁၈ ဦးကို တင္ေဆာင္လာတဲ့ ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္ခဲ့ျပီး၃ ဦးေသဆံုးေၾကာင္းနဲ႔ ၃ ဦး ျပင္းထန္စြာ ဒဏ္ရာရတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒဏ္ရာျပင္းထန္သူေတြထဲက ၂ ဦးကေတာ့အရိုးအဆစ္ထိခိုက္မူ့ရွိျပီးတဦးကေတာ့ ၀မ္းဗိုက္တြင္းေသြယုိစီးမူေတြျဖစ္ေနတယ္လို႔လည္း ေျပာထားပါတယ္။ တျခားသူေတြကေတာ့ ရဲစခန္းမွာ ရွိေနျပီး အေျခအေန ေကာင္းမြန္တယ္လို႔ ေျပာပါတယ္။ သူတုိ့ေတြဟာ လြန္ခဲ့တဲ့၂ ပတ္ခန္႔ကမွ ကရင္ျပည္နယ္ျမ၀တီ ကေန ကားလမ္း၊ ေရလမ္းအျပင္ ေတာင္တက္လမ္းေလ ွ်ာက္လာႀကျပီး ထိုင္းႏိုင္ငံထဲ တရားမ၀င္ ၀င္လာႀကသူေတြျဖစ္ေၾကားင္းနဲ႔လူကုန္ကူးပဲြစားေတြနဲ႔ အတူတိုင္းနဲ႔ ျပည္နယ္စံုကေန ေရာက္လာၾကသူေတြျဖစ္တယ္လို႔ ဆုိပါတယ္။ ေသဆံုးသူထဲက ၁ ဦးကေတာ့အခုခ်ိန္ထိ မည္သူမည္၀ါျဖစ္တယ္ဆုိတာစံုစမ္းလို႔ မရေသးဘူးလုိ႔ ျမန္မာအလုပ္သမားသံအရာ႐ွိ႐ံုးက ထုတ္ျပန္ထားပါတယ္။

တခ်ဳိ႕သတင္းေတြမွာေတာ့ ထြက္ေျပးသြားတဲ့ ကားေမာင္းသမားကု ိဖမ္းမိသြားျပီလို႔ ထုတ္ျပန္ေနၾကပါတယ္။ ျမန္မာအလုပ္သမားသံအရာရွိရံုးကေတာ့ ဒီအလုပ္သမားေတြကို ေနရပ္ရင္းကုိျပန္ပုိ႔ႏုိင္ေရးနဲ႔ ေသဆံုးဒဏ္ရာရသူေတြအတြက္ နစ္နာေၾကးရေအာင္ လုပ္ေဆာင္သြားမယ္လုိ႔ သတင္းထုတ္ျပန္္ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ ကမ္ခ်နဘူရီျပည္နယ္ထဲမွာလည္း ဒီဇင္ဘာလ ၇ ရက္ေန႔က ျမန္မာအလုပ္သမား ၄၇ ဦးကို ထိုင္းလုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြ ဖမ္းဆီးရမိခဲ့တယ္လို႔ ထိုင္းဘုရင့္တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။ ျပီးခဲ့တဲ့ ၅ ရက္အတြင္း ပရာကၽြတ္ခီရီကန္ျပည္နယ္ထဲမွာလည္း ျမန္မာႏိုင္ငံသား ၄၀၀ ေလာက္ ဖမ္းမိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၁၁ လအတြင္း ထိုင္းႏိုင္ငံထဲကို တရားမ၀င္ ၀င္လာတဲ့အေထာက္အထားမဲ့ ၄ ေသာင္းေက်ာ္ေလာက္ကို ထုိင္းအစုိးရက ဖမ္းမိခဲ့ျပီး အမ်ားစုက ျမန္မာႏိုင္ငံသားေတြျဖစ္ၾကပါတယ္။ ထိုင္းႏို္င္ငံမွာ တရားဝင္ေနထိုင္ခြင့္ အေထာက္အထားလက္မွတ္ေတြလုပ္ေပးတဲ့ကာလျဖစ္တဲ့ ေအာက္တုိဘာနဲ႔ ႏို၀င္ဘာလေတြတုန္းကလည္း ျမန္မာႏိုင္ငံဘက္က တရားမဝင္ ဝင္လာသူ ရာနဲ႔ခ်ီကို ထိုင္းလံုၿခံဳေရးေတြ ဖမ္းဆီးခဲ့ပါတယ္႐ွင္။

Myanmar Migrants
please wait

No media source currently available

0:00 0:03:21 0:00
တိုက္႐ိုက္ လင့္ခ္


##

Unicode

မြန်မာအလုပ်သမားတချို့ထိုင်းမှာ ကားမှောက် သေဆုံး

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ထဲမှာမြန်မာရွှေပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတိမ်းမှောက်တဲ့အတွက် မြန်မာနိုင်ငံသား ၃ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ လူဝင်မူကြီးကြပ်ရေးအရာရှိတွေက ကားကို စစ်ဆေးဖို့တားဆီးတာကိုမခံပဲမောင်းပြေးခဲ့ရာကနေ ကားမှောက်ခဲ့တာလို့ ထိုင်းရဲက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြပါမယ်။

မြန်မာအလုပ်သမား ၁၈ ဦးစီးနင်းလာတဲ့ ဟိုင်းလက်ကားဟာ ထိုင်းနိုင်ငံ စင်ဘူရီခရိုင်ကနေ အယုဒ္ဓယခရိုင်ဘက်အသွား အယုဒ္ဓယခရိုင် မဟာရတ်မြိုနယ်ထဲမှာ ဒီဇင်ဘာ ၈ ရက် ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့ပါတယ်။ ကားမှောက်မှုအတွင်း မြန်မာနိုင်ငံသား ၃ ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ စင်ဘူရီပြည်နယ်ရဲချုပ် Chaiwichit Saensub က အတည်ပြုပြောကြားသွားပါတယ်။

"အလုပ်သမားသုံးဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရပါတယ်။ ကားသမားကတော့ ထွက်ပြေးသွားပါပြီ။ အခု ထိခိုက်သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံထဲမှာ တရားဝင်အထောက်အထားရှိသူတွေလား အထောက်အထားမဲ့တွေလားဆိုတာ ဆက်လက် စစ်ဆေးနေပါတယ်ဆိုပြီးပြောသွားတာဖြစ် ပါတယ်"

အလုပ်သမားတွေတင်လာတဲ့ကားကို လူဝင်မူကြီးကြပ်ရေးအရာရှိတွေက စစ်ဆေးဖို့ တားဆီးတာကို ရပ်ပေးဘဲ မောင်းပြေးခဲ့ရာကနေ အခုလို တိမ်းမှောက်ခဲ့တာလို့ ပြောပါတယ်။ ဒဏ်ရာရသူတွေကိုနီးစပ်ရာဆေးရုံတွေမှာ ပို့ပြီး ကုသမူပေးနေတယ်လို့လည်း ရဲချုပ် Chaiwichit Saensub က ပြောပြပါတယ်။

"ဒဏ်ရာရတဲ့သူတွေကို နီးစပ်တဲ့ဆေးရုံ ၃ခုလောက်ကိုခွဲပြီး ပို့ဆောင်ကုသမူ့ပေးနေပါတယ် သူတို့ ဝင်လာတဲ့လမ်းကြောင်းနဲ့ သူတို့အားလုံးမှာ သက်သေခံအထောက်အထား ရှိ မရှိဆိုတာလည်းလ ိုက်လံစုံစမ်းနေပါတယ်ဆိုပြီးပြောသွားပါတယ်။"

ဘန်ကောက်မြို့က မြန်မာအလုပ်သမားသံအရာရှိရုံး ထုတ်ပြန်ချက်မှာတော့ဒီဇင်ဘာလ၈ရက်နေ့ မနက် ၇ နာရီလောက်မှ ာထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် မဟာရတ်မြို့နယ်အတွင်း မြန်မာအလုပ်သမား ၁၈ ဦးကို တင်ဆောင်လာတဲ့ မော်တော်ယာဉ် တိမ်းမှောက်ခဲ့ပြီး၃ ဦးသေဆုံးကြောင်းနဲ့ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။ ဒဏ်ရာပြင်းထန်သူတွေထဲက ၂ ဦးကတော့အရိုးအဆစ်ထိခိုက်မူ့ရှိပြီးတဦးကတော့ ဝမ်းဗိုက်တွင်းသွေယိုစီးမူတွေဖြစ်နေတယ်လို့လည်း ပြောထားပါတယ်။ တခြားသူတွေကတော့ ရဲစခန်းမှာ ရှိနေပြီး အခြေအနေ ကောင်းမွန်တယ်လို့ ပြောပါတယ်။ သူတို့တွေဟာ လွန်ခဲ့တဲ့၂ ပတ်ခန့်ကမှ ကရင်ပြည်နယ်မြဝတီ ကနေ ကားလမ်း၊ ရေလမ်းအပြင် တောင်တက်လမ်းလေ ျှာက်လာကြပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာကြသူတွေဖြစ်ကြေားင်းနဲ့လူကုန်ကူးပွဲစားတွေနဲ့ အတူတိုင်းနဲ့ ပြည်နယ်စုံကနေ ရောက်လာကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူထဲက ၁ ဦးကတော့အခုချိန်ထိ မည်သူမည်ဝါဖြစ်တယ်ဆိုတာစုံစမ်းလို့ မရသေးဘူးလို့ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားပါတယ်။

တချို့သတင်းတွေမှာတော့ ထွက်ပြေးသွားတဲ့ ကားမောင်းသမားကု ိဖမ်းမိသွားပြီလို့ ထုတ်ပြန်နေကြပါတယ်။ မြန်မာအလုပ်သမားသံအရာရှိရုံးကတော့ ဒီအလုပ်သမားတွေကို နေရပ်ရင်းကိုပြန်ပို့နိုင်ရေးနဲ့ သေဆုံးဒဏ်ရာရသူတွေအတွက် နစ်နာကြေးရအောင် လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာလည်း ဒီဇင်ဘာလ ၇ ရက်နေ့က မြန်မာအလုပ်သမား ၄၇ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်အတွင်း ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာလည်း မြန်မာနိုင်ငံသား ၄၀၀ လောက် ဖမ်းမိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၁ လအတွင်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာတဲ့အထောက်အထားမဲ့ ၄ သောင်းကျော်လောက်ကို ထိုင်းအစိုးရက ဖမ်းမိခဲ့ပြီး အများစုက မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် အထောက်အထားလက်မှတ်တွေလုပ်ပေးတဲ့ကာလဖြစ်တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေတုန်းကလည်း မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်လာသူ ရာနဲ့ချီကို ထိုင်းလုံခြုံရေးတွေ ဖမ်းဆီးခဲ့ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG