သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ ျမန္မာအလုပ္သမား ၂၀၀ ခန္႔ ထိုင္းႏိုင္ငံကေနျပန္ပို႔


ဖမ္းဆီးခံ ျမန္မာအလုပ္သမား ၂၀၀ ခန္႔ ထိုင္းႏိုင္ငံကေနျပန္ပို႔

{{Zawgyi/Unicode}}

ထုိင္းႏို္င္ငံတြင္းမွာ အေႀကာင္းအမ်ိဳးမ်ိဳးနဲ့ေထာင္က်ျပီး လ၀က အခ်ဳပ္ေတြမွာ ေနေနရတဲ့ လြတ္ရက္ေစ့ အခ်ုပ္သားေတြအပါအ၀င္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၂၀၀ ေလာက္ကို တရက္ျခားစီ ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ ့က ခ်စ္ႀကည္ေရးတံတား(၂) ကေန ထုိင္းဘက္ကေန ျမန္မာဘက္ကို လဲႊေျပာင္းေပးေနပါတယ္။ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကေျပာျပေပးမွာပါ

ထိုင္းႏို္င္ငံတြင္းက အက်ဥ္းေထာင္ေတြမွ ာလြတ္ရက္ေစ့လို့ ေနရပ္ျပန္ရမယ့္ အက်ဥ္းသားေတြအပါအ၀င္ နယ္စပ္ျဖတ္ေက်ာ္ဖမ္းဆီးခံရသူေတြကို ႀသဂုတ္လ ၁ရက္ေန့စျပီး တရက္ျခားစီ အေယာက္ ၂၀၀၀န္းက်င္ကို ထုိင္းျမန္မာနယ္စပ္ မဲေဆာက္ျမို ့ခ်စ္ႀကည္ေရးတံတား(၂)ကေန ေနရပ္ျပန္ပို့ေပးေနတာပါ။ တလေက်ာ္ႀကာပိတ္ထားတဲ့ခ်စ္ႀကည္ေရးတံတား(၂)ကေန ဒီလဆန္းစျပီး ေနရပ္ျပန္ဖို့ ထိုင္းနဲ့ျမန္မာတို့သေဘာတူျပီး ျပန္ဖြင့္ေပးေနတာျဖစ္ေႀကာင္းေနရပ္ျပန္အလုပ္သမားေတြကိုအကူညီေပးေနတဲ့ေစတနာ၀န္ထမ္းတဦးကေျပာျပပါတယ္။

"၁ ရက္ေန့စဖြင့္တယ္။ တရက္ျခား ၂၀၀ဆိုေတာ့ ၁ရက္ေန့ ဖြင့္တယ္ ။၂ ရက္ေန့ ပိတ္တယ္ ၃ရက္ေန့ျပန္ဖြင့္တယ္ ။အခုဆိုရင္ ၆သုတ္ေျမာက္ရွိျပီ ။ မေန့ကဖြင့္တယ္ ။ ဒိီေန့ေတာ့ပိတ္တယ္။ တရက္ျခားကို ၂၀၀ အနည္းနဲ့အမ်ားအစြန္းထြက္တာလဲရွိတယ္။ IDC အခ်ဳပ္ေလ။ထုိင္းထဲမွာ ေထာင္က်ျပီးရင္ IDC အခ်ဳပ္ထဲမွာသြားေနရတယ္။ အဲဒီကေနတဆင့္ ျမန္မာႏို္င္ငံျပန္လဲြရတယ္ ။ အဲဒီလူေတြက ေထာင္ထဲမွာခ်ဳပ္ရက္ျပည့္သြားျပီ။ ျပည္တြင္းျမန္မာႏို္င္ငံဘက္ကပိတ္ေနတဲ့အတြက္ ျပန္လို့မရတဲ့လူေတြပိတ္မိေနသူေတြ နယ္စပ္ကုိခိုး၀င္လာသူေတြရွိတယ္။ အခ်ဳပ္သား သေဘာမ်ိဳးနဲ့ အဖမ္းခံရျပီ ျပန္လာတဲ့သူေတြလည္းရိွတယ္။ထိုင္းႏိုင္ငံမွာက နယ္ေျမျဖတ္ေက်ာ္ခြင့္မရွိဘူး။ ပံုမွန္ကားေတြလိုင္းကားေတြနဲျပန္လာလို့မရဘူး။ ကုိယ့္အစီစဥ္နဲ့ကိုယ္ျပန္လာလို့မရဘူး"

တျခားနယ္ေျမအသီးသီးကအလုပ္သမားေတြဟာ ကိုဗစ္ကာလနယ္စပ္ျဖတ္ေက်ာ္ခြင့္မရတာေႀကာင့္ ေနရပ္ကိုမျပန္ႏိုင္ႀကတဲ့အခါမွာအဖမ္းဆီးခံျပီးျပန္ႀကတယ္လို့ဆိုပါတယ္ ။ကိုဗစ္ကပ္ေဘးေႀကာင့္ထုိင္းမွာအလုပ္လက္မဲ့ ျဖစ္ေနတာေႀကာင့္ေရာ တခ်ိဳ ့ကေတာ့ ျမန္မာျပည္မွာမိသားစု၀င္ေတြ ကိုဗစ္ကူးစက္ျပီးေသဆုံးႀကတာေႀကာင့္ မျဖစ္မေန့ျပန္ေနႀကရတာျဖစ္ေႀကာင္း ဆက္ေျပာျပပါတယ္။

"သူတို့ကလည္းထို္င္းမွာေနဖို့က စက္ရံုအလုပ္ရံုေတြပိတ္တယ္။ ကိုဗစ္ေရာဂါပိုးျဖစ္တယ္ ။ တခ်ိဳ့ကမိသားစု၀င္ေတြ မရွိလို့ျပန္ႀကတယ္။ ေသဆံုးတာမ်ဳိးေတြ မိသားစုေတြဆိုတာ အသက္အရြယ္ႀကီးသူေတြက်န္ခဲ့တယ္ေလ။ ထုိင္းမွာအရြယ္ေကာင္းေတြအလုပ္လာလုပ္ေတာ့ ျမန္မာျပည္မွာ အသက္ႀကီးရြယ္အုိေတြ ကေလးသူငယ္ေတြပဲက်န္ခဲ့တာ။ အဲဒီလူႀကီးေတြက ေန မေကာင္းတာေတြျဖစ္တယ္ ။အသက္ေသဆံုးတာေတြျဖစ္လာေတာ့ သူတို့ကေလးေတြကို ႀကည့္မဲ့သူေတြမရွိေတာ့ဘူး ။အဲဒါေႀကာင့္မျဖစ္မေနျပန္လာႀကတာလည္းရိွတယ္။

ထိုင္းႏိုင္ငံမွာျမန္မာအလုပ္သမား၃သန္းထက္မနည္းရွိေနျပီး တရားမ၀င္အေထာက္အထားမဲ့ေတြေတြအမ်ားအျပားရွိေနတာပါ။ အခုဆုိရင္ ကိုဗစ္ကပ္ေဘးေႀကာင့္ စက္ရံုအလုပ္ရံုေတြပိတ္သိမ္းတာ လူေတြေလ်ာ့ခ်တာေတြရွိလာတဲ့အတြက္ အလုပ္လက္မဲ့ေတြျဖစ္ျပီးေနရပ္ျပန္ႀကရသူေတြလည္းရွိပါတယ္ ။

တရား၀င္အေထာက္အထားရိွသူေတြကအစ အလုပ္လက္မ့ဲေတြျဖစ္လာေတြေႀကာင့္ေနရပ္ျပန္ႀကသူေတြရွိသလို ေနစဥ္ခိုး၀င္တဲ့လူေတြကလည္းအမ်ားအျပားရိွေနတာေႀကာင့္ နယ္စပ္လူ၀င္မူႀကီးႀကပ္ေရးအခ်ဳပ္ေတြမွာ ဖမ္းဆိီးထားျပီး းျပန္ပုိ့ေနတာေတြလည္းရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................................

{{Unicode}}

ထိုင်းနိုင်ငံတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ထောင်ကျပြီး လဝက အချုပ်တွေမှာ နေနေရတဲ့ လွတ်ရက်စေ့ အချုပ်သားတွေအပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ လောက်ကို တရက်ခြားစီ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က ချစ်ကြည်ရေးတံတား(၂) ကနေ ထိုင်းဘက်ကနေ မြန်မာဘက်ကို လွဲှပြောင်းပေးနေပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ

ထိုင်းနိုင်ငံတွင်းက အကျဉ်းထောင်တွေမှ ာလွတ်ရက်စေ့လို့ နေရပ်ပြန်ရမယ့် အကျဉ်းသားတွေအပါအဝင် နယ်စပ်ဖြတ်ကျော်ဖမ်းဆီးခံရသူတွေကို သြဂုတ်လ ၁ရက်နေ့စပြီး တရက်ခြားစီ အယောက် ၂၀၀၀န်းကျင်ကို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ချစ်ကြည်ရေးတံတား(၂)ကနေ နေရပ်ပြန်ပို့ပေးနေတာပါ။ တလကျော်ကြာပိတ်ထားတဲ့ချစ်ကြည်ရေးတံတား(၂)ကနေ ဒီလဆန်းစပြီး နေရပ်ပြန်ဖို့ ထိုင်းနဲ့မြန်မာတို့သဘောတူပြီး ပြန်ဖွင့်ပေးနေတာဖြစ်ကြောင်းနေရပ်ပြန်အလုပ်သမားတွေကိုအကူညီပေးနေတဲ့စေတနာဝန်ထမ်းတဦးကပြောပြပါတယ်။

"၁ ရက်နေ့စဖွင့်တယ်။ တရက်ခြား ၂၀၀ဆိုတော့ ၁ရက်နေ့ ဖွင့်တယ် ။၂ ရက်နေ့ ပိတ်တယ် ၃ရက်နေ့ပြန်ဖွင့်တယ် ။အခုဆိုရင် ၆သုတ်မြောက်ရှိပြီ ။ မနေ့ကဖွင့်တယ် ။ ဒီနေ့တော့ပိတ်တယ်။ တရက်ခြားကို ၂၀၀ အနည်းနဲ့အများအစွန်းထွက်တာလဲရှိတယ်။ IDC အချုပ်လေ။ထိုင်းထဲမှာ ထောင်ကျပြီးရင် IDC အချုပ်ထဲမှာသွားနေရတယ်။ အဲဒီကနေတဆင့် မြန်မာနိုင်ငံပြန်လွဲရတယ် ။ အဲဒီလူတွေက ထောင်ထဲမှာချုပ်ရက်ပြည့်သွားပြီ။ ပြည်တွင်းမြန်မာနိုင်ငံဘက်ကပိတ်နေတဲ့အတွက် ပြန်လို့မရတဲ့လူတွေပိတ်မိနေသူတွေ နယ်စပ်ကိုခိုးဝင်လာသူတွေရှိတယ်။ အချုပ်သား သဘောမျိုးနဲ့ အဖမ်းခံရပြီ ပြန်လာတဲ့သူတွေလည်းရှိတယ်။ထိုင်းနိုင်ငံမှာက နယ်မြေဖြတ်ကျော်ခွင့်မရှိဘူး။ ပုံမှန်ကားတွေလိုင်းကားတွေနဲပြန်လာလို့မရဘူး။ ကိုယ့်အစီစဉ်နဲ့ကိုယ်ပြန်လာလို့မရဘူး"

တခြားနယ်မြေအသီးသီးကအလုပ်သမားတွေဟာ ကိုဗစ်ကာလနယ်စပ်ဖြတ်ကျော်ခွင့်မရတာကြောင့် နေရပ်ကိုမပြန်နိုင်ကြတဲ့အခါမှာအဖမ်းဆီးခံပြီးပြန်ကြတယ်လို့ဆိုပါတယ် ။ကိုဗစ်ကပ်ဘေးကြောင့်ထိုင်းမှာအလုပ်လက်မဲ့ ဖြစ်နေတာကြောင့်ရော တချို့ကတော့ မြန်မာပြည်မှာမိသားစုဝင်တွေ ကိုဗစ်ကူးစက်ပြီးသေဆုံးကြတာကြောင့် မဖြစ်မနေ့ပြန်နေကြရတာဖြစ်ကြောင်း ဆက်ပြောပြပါတယ်။

"သူတို့ကလည်းထိုင်းမှာနေဖို့က စက်ရုံအလုပ်ရုံတွေပိတ်တယ်။ ကိုဗစ်ရောဂါပိုးဖြစ်တယ် ။ တချို့ကမိသားစုဝင်တွေ မရှိလို့ပြန်ကြတယ်။ သေဆုံးတာမျိုးတွေ မိသားစုတွေဆိုတာ အသက်အရွယ်ကြီးသူတွေကျန်ခဲ့တယ်လေ။ ထိုင်းမှာအရွယ်ကောင်းတွေအလုပ်လာလုပ်တော့ မြန်မာပြည်မှာ အသက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေပဲကျန်ခဲ့တာ။ အဲဒီလူကြီးတွေက နေ မကောင်းတာတွေဖြစ်တယ် ။အသက်သေဆုံးတာတွေဖြစ်လာတော့ သူတို့ကလေးတွေကို ကြည့်မဲ့သူတွေမရှိတော့ဘူး ။အဲဒါကြောင့်မဖြစ်မနေပြန်လာကြတာလည်းရှိတယ်။

ထိုင်းနိုင်ငံမှာမြန်မာအလုပ်သမား၃သန်းထက်မနည်းရှိနေပြီး တရားမဝင်အထောက်အထားမဲ့တွေတွေအများအပြားရှိနေတာပါ။ အခုဆိုရင် ကိုဗစ်ကပ်ဘေးကြောင့် စက်ရုံအလုပ်ရုံတွေပိတ်သိမ်းတာ လူတွေလျော့ချတာတွေရှိလာတဲ့အတွက် အလုပ်လက်မဲ့တွေဖြစ်ပြီးနေရပ်ပြန်ကြရသူတွေလည်းရှိပါတယ် ။

တရားဝင်အထောက်အထားရှိသူတွေကအစ အလုပ်လက်မဲ့တွေဖြစ်လာတွေကြောင့်နေရပ်ပြန်ကြသူတွေရှိသလို နေစဉ်ခိုးဝင်တဲ့လူတွေကလည်းအများအပြားရှိနေတာကြောင့် နယ်စပ်လူဝင်မူကြီးကြပ်ရေးအချုပ်တွေမှာ ဖမ်းဆီးထားပြီး းပြန်ပို့နေတာတွေလည်းရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG