သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ႔ေတြကို ထိုင္းရဲ ေရွာင္တခင္ဝင္ဖမ္း


ျမန္မာေတြနဲ့စည္ကားေနတဲ့မဲေဆာက္ေစ်းျမင္ကြင္း( Photo Credit : : Moe Kyaw)

ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြ အမ်ားဆံုးရွိႀကတဲ့ မဲေဆာက္ၿမိဳ႕နယ္အတြင္း စက္႐ုံ၄ရံုေလာက္ကို ထုိင္းလူဝင္မူ့ႀကီးႀကပ္ေရး ဝင္ေရာက္ျပီး အေထာက္အထားမရွိသူေတြကို စစ္ေဆးတာေတြ ဖမ္းဆီးတာေတြလုပ္ခဲ့ေႀကာင္း အလုပ္သမားေရးလွဳပ္ရွားေနသူေတြက ဆိုပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ထားပါတယ္။

အေထာက္အထားမဲ႔ေတြကို ထိုင္းရဲ ေရွာင္တခင္ဝင္ဖမ္း

{{Zawgyi/Unicode}}
ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြ အမ်ားဆံုးရွိႀကတဲ့ တာခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕နယ္အတြင္း က စက္႐ုံ၄ရံုေလာက္ကို ထုိင္းလူဝင္မူ့ႀကီးႀကပ္ေရး အာဏာပိုင္ေတြ ဝင္ေရာက္ျပီး တရားမဝင္ အေထာက္အထားမရွိသူေတြကို ေရွာင္တခင္ စစ္ေဆးတာေတြ ဖမ္းဆီးတာေတြလုပ္ခဲ့ေႀကာင္း အလုပ္သမားေရးလွဳပ္ရွားေနသူေတြက ဆိုပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံ တာ့ခ္ျပည္နယ္ မဲေဆာက္ျမိဳနယ္ အတြင္းက အေထာက္အထားမရွိဘဲ အလုပ္လုပ္ေနတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြ ရွာေဖြစစ္ေဆးအေရးယူဖို႔အတြက္ ထိုင္းလူဝင္မႈႀကီးႀကပ္ေရး အာဏာပိုင္ေတြ ေဖေဖၚဝါရီလ (၈)ရက္ေန႔က မဲေဆာက္ျမိဳနယ္ အတြင္းမွာရွိတဲ့ အထည္ခ်ဳပ္ရံု(၄)ရံု ကို ဝင္ေရာက္စစ္ေဆးခဲ့ပါတယ္။ အဲဒီစက္ရံုေတြမွာ အေထာက္အထား မရိွသူေတြ ရွိေနတဲ့အတြက္ ဖမ္းဆီးသြားတာေတြ လုပ္ခဲ့ေႀကာင္း ေရာင္ျခည္ဦး အလုပ္သမားအဖဲြ႔ရဲ ့မဲေဆာက္ရံုး တာဝန္ခံဦးမုိးေက်ာ္ က အခုလိုေျပာပါတယ္။

" ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က စက္ရံု ၄ရံုဝင္တယ္။ မယ္ေတာင္ဆိုတဲ့ ရြာဘက္မွာရွိတဲ့ စက္ရံု ၂ရံုကိုဝင္ေရာက္ျပီး ဖမ္းဆီးတာေတြရွိတယ္။အဲဒီဘက္မွာ ဝင္ေရာက္စစ္ေဆးရာမွာ အေထာက္အထားမရွိတဲ့ မျပည့္စံုတဲ့ အလုပ္သမား၁ဝေယာက္ေက်ာ္ကုိ ဖမ္းဆီးသြားတာရွိတယ္။ ေနာက္တခ်က္က ကမ္းနားမွာ တံတား(၁)နားမွာရွိတဲ့ အမုိးစိမ္းရံုေတြရွိတဲ့ ေနရာေတြကို ထဆိုင္လုဝပ္ေနရာေတြမွာလည္း ဝင္ေရာက္စစ္ေဆးဖမ္းဆီးတာေတြရိွတယ္လို႔သိရပါတယ္ ။ လဝက ဝင္ေရာက္စစ္ေဆးတာေတြ လုပ္လိမ့္မယ္ဆိုတဲ့ သတင္းေတြ ႀကားတာ သတင္းထြက္ေနတာ တပတ္ေက်ာ္ေလာက္ေတာ့ရွိျပီ အခုေဖေဖၚဝါရီလ ၈ရက္ေန႔ကစျပီး စစ္ေဆးဖမ္းဆီးတာေတြရွိလာတာေပါ့ေနာ္ "

ထိုင္းႏိုင္ငံထဲမွာ ေန႔စဥ္ရာနဲ႔ခ်ီျပီး အစုလိုက္အျပံဳလိုက္ အေထာက္အထားမဲ့ ျမန္မာေတြ ဖမ္းဆီးခံရျပီးတဲ့ေနာက္ ထုိင္းအာဏာပိုင္ေတြက နယ္စပ္ေတြကို တင္းတင္းႀကပ္ႀကပ္ ကိုင္တြယ္လာတာပါ။ အခုဆိုရင္ စက္ရံုေတြထဲထိ ဝင္ေရာက္စစ္ေဆးဖမ္းဆီးတာေတြ လုပ္လာတာျဖစ္ပါတယ္။ ဒါအျပင္ မဲေဆာက္ေစ်းဘက္ နဲ့ မဲေဆာက္လမ္းမေတြေပၚမွာလည္း အဖမ္းအဆီးေတြမ်ားလာေႀကာင္း ဦးမုိးေက်ာ္ကအခုလိုေျပာပါတယ္။

" ေစ်းထဲမွာလည္း စစ္ေနတာပဲ က်ေနာ္တို႔လည္း အရင္က တခါမွ စစ္ေဆးမခံရဘူး ။ အခုေတာ့ အလုပ္က ျပန္လာခ်ိန္ စစ္ေဆးတာခံရတယ္။ ေရႊေရာင္ဦးထုတ္ေဆာင္းထားတဲ့ ဆိုင္ကယ္စီးျပီး ျမိဳ႕ကိုပတ္ေနတဲ့ ရဲေတြက မသကၤာရင္ သံသယရွိတဲ့သူေတြ႔ရင္ လမ္းမွာစစ္ေဆးတာေတြရွိတယ္။လမ္းေဘးမွာ ယာဥ္ေတြကိုရပ္ခိုင္းျပီး စစ္ေဆးတာေတြ ဖမ္းဆီးတာေတြရွိေနတယ္ ။အဲဒါနိစၥဓူဝလိုျဖစ္ေနျပီ။ ေစ်းထဲမွာေပါ့။ က်ေနာ္တုိ႔ကိုယ္တုိင္လည္း စစ္ေဆးခံရတာေတြရွိေနတယ္"

ထိုင္းနယ္စပ္ေတြမွာ တရားမဝင္ ဝင္ေရာက္လာတဲ့ ေ႐ႊ႕ေျပာင္းျမန္မာ အလုပ္သမားေတြ ေန႔စဥ္ဖမ္းမိတဲ့အတြက္ အလုပ္သမားေတြ လုပ္ကိုင္တဲ့ေနရာကို စစ္ေဆးမႈေတြ လုပ္ေနတာလို႔ အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြကဆိုပါတယ္ ။ အေထာက္အထားမရွိဘဲ လုပ္ကိုင္ေနတဲ့ တရားမဝင္တဲ့ အလုပ္သမားေတြသာမက လုပ္ငန္းေစခိုင္းတဲ့ အလုပ္ရွင္ကိုပါ အေရးယူမႈေတြ ေဆာင္႐ြက္သြားမယ္လို႔ ထုိင္းအာဏာပိုင္ေတြကဆုိပါတယ္ ။

ထိုင္းျမန္မာနယ္စပ္ျမိဳ ့ျဖစ္တဲ့ မဲေဆာက္ျမိဳ့ဟာ ကရင္ျပည္နယ္ ျမဝတီျမိဳ ့ရဲ ့မ်က္ႏွာခ်င္းဆိုင္မွာရွိျပီး ျပီးခဲ့တဲ့ႏွစ္ကစလို႔ အေထာက္အထားမဲ့ျမန္မာေတြ ရာနဲ့ခ်ီျပီး ေန႔စဥ္ဝင္ေရာက္ေနတဲ့ျမိဳ ့လည္းျဖစ္ပါတယ္။ ဒါအျပင္စစ္အာဏာသိမ္းလိုက္ျပီးတဲ့ေနာက္ ျမန္မာျပည္ရဲ့ ႏို္င္ငံေရး စစ္ေရး စီးပြာေရး အေျခေနေတြေႀကာင့္ အလုပ္အကုိင္အခြင့္အလန္းေတြရဖို႔ေကာ ႏိုင္ငံေရးအရခိုလႈံႏိုင္ဖုိ႔အတြက္ပါ မဲေဆာက္ျမိဳ ႔ကိုျမန္မာႏိုင္ငံသားေတြ လာေရာက္ေနႀကတာေတြလည္းရွိႀကပါတယ္ရွင္။

...........................................................................

တိုက္႐ိုက္ လင့္ခ္

အထောက်အထားမဲ့တွေကို ထိုင်းရဲ ရှောင်တခင်ဝင်ဖမ်း
{{Unicode}}

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများဆုံးရှိကြတဲ့ တာခ်ပြည်နယ် မဲဆောက်မြို့နယ်အတွင်း က စက်ရုံ၄ရုံလောက်ကို ထိုင်းလူဝင်မူ့ကြီးကြပ်ရေး အာဏာပိုင်တွေ ဝင်ရောက်ပြီး တရားမဝင် အထောက်အထားမရှိသူတွေကို ရှောင်တခင် စစ်ဆေးတာတွေ ဖမ်းဆီးတာတွေလုပ်ခဲ့ကြောင်း အလုပ်သမားရေးလှုပ်ရှားနေသူတွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်မြိုနယ် အတွင်းက အထောက်အထားမရှိဘဲ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ရှာဖွေစစ်ဆေးအရေးယူဖို့အတွက် ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေ ဖေဖေါ်ဝါရီလ (၈)ရက်နေ့က မဲဆောက်မြိုနယ် အတွင်းမှာရှိတဲ့ အထည်ချုပ်ရုံ(၄)ရုံ ကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီစက်ရုံတွေမှာ အထောက်အထား မရှိသူတွေ ရှိနေတဲ့အတွက် ဖမ်းဆီးသွားတာတွေ လုပ်ခဲ့ကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့မဲဆောက်ရုံး တာဝန်ခံဦးမိုးကျော် က အခုလိုပြောပါတယ်။

" ဖေဖော်ဝါရီလ ၈ ရက်နေ့က စက်ရုံ ၄ရုံဝင်တယ်။ မယ်တောင်ဆိုတဲ့ ရွာဘက်မှာရှိတဲ့ စက်ရုံ ၂ရုံကိုဝင်ရောက်ပြီး ဖမ်းဆီးတာတွေရှိတယ်။အဲဒီဘက်မှာ ဝင်ရောက်စစ်ဆေးရာမှာ အထောက်အထားမရှိတဲ့ မပြည့်စုံတဲ့ အလုပ်သမား၁ဝယောက်ကျော်ကို ဖမ်းဆီးသွားတာရှိတယ်။ နောက်တချက်က ကမ်းနားမှာ တံတား(၁)နားမှာရှိတဲ့ အမိုးစိမ်းရုံတွေရှိတဲ့ နေရာတွေကို ထဆိုင်လုဝပ်နေရာတွေမှာလည်း ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေရှိတယ်လို့သိရပါတယ် ။ လဝက ဝင်ရောက်စစ်ဆေးတာတွေ လုပ်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ကြားတာ သတင်းထွက်နေတာ တပတ်ကျော်လောက်တော့ရှိပြီ အခုဖေဖေါ်ဝါရီလ ၈ရက်နေ့ကစပြီး စစ်ဆေးဖမ်းဆီးတာတွေရှိလာတာပေါ့နော် "

ထိုင်းနိုင်ငံထဲမှာ နေ့စဉ်ရာနဲ့ချီပြီး အစုလိုက်အပြုံလိုက် အထောက်အထားမဲ့ မြန်မာတွေ ဖမ်းဆီးခံရပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက နယ်စပ်တွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာတာပါ။ အခုဆိုရင် စက်ရုံတွေထဲထိ ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေ လုပ်လာတာဖြစ်ပါတယ်။ ဒါအပြင် မဲဆောက်ဈေးဘက် နဲ့ မဲဆောက်လမ်းမတွေပေါ်မှာလည်း အဖမ်းအဆီးတွေများလာကြောင်း ဦးမိုးကျော်ကအခုလိုပြောပါတယ်။

" ဈေးထဲမှာလည်း စစ်နေတာပဲ ကျနော်တို့လည်း အရင်က တခါမှ စစ်ဆေးမခံရဘူး ။ အခုတော့ အလုပ်က ပြန်လာချိန် စစ်ဆေးတာခံရတယ်။ ရွှေရောင်ဦးထုတ်ဆောင်းထားတဲ့ ဆိုင်ကယ်စီးပြီး မြို့ကိုပတ်နေတဲ့ ရဲတွေက မသင်္ကာရင် သံသယရှိတဲ့သူတွေ့ရင် လမ်းမှာစစ်ဆေးတာတွေရှိတယ်။လမ်းဘေးမှာ ယာဉ်တွေကိုရပ်ခိုင်းပြီး စစ်ဆေးတာတွေ ဖမ်းဆီးတာတွေရှိနေတယ် ။အဲဒါနိစ္စဓူဝလိုဖြစ်နေပြီ။ ဈေးထဲမှာပေါ့။ ကျနော်တို့ကိုယ်တိုင်လည်း စစ်ဆေးခံရတာတွေရှိနေတယ်"

ထိုင်းနယ်စပ်တွေမှာ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ နေ့စဉ်ဖမ်းမိတဲ့အတွက် အလုပ်သမားတွေ လုပ်ကိုင်တဲ့နေရာကို စစ်ဆေးမှုတွေ လုပ်နေတာလို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေကဆိုပါတယ် ။ အထောက်အထားမရှိဘဲ လုပ်ကိုင်နေတဲ့ တရားမဝင်တဲ့ အလုပ်သမားတွေသာမက လုပ်ငန်းစေခိုင်းတဲ့ အလုပ်ရှင်ကိုပါ အရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ် ။

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ဟာ ကရင်ပြည်နယ် မြဝတီမြို့ရဲ့မျက်နှာချင်းဆိုင်မှာရှိပြီး ပြီးခဲ့တဲ့နှစ်ကစလို့ အထောက်အထားမဲ့မြန်မာတွေ ရာနဲ့ချီပြီး နေ့စဉ်ဝင်ရောက်နေတဲ့မြို့လည်းဖြစ်ပါတယ်။ ဒါအပြင်စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် မြန်မာပြည်ရဲ့ နိုင်ငံရေး စစ်ရေး စီးပွာရေး အခြေနေတွေကြောင့် အလုပ်အကိုင်အခွင့်အလန်းတွေရဖို့ကော နိုင်ငံရေးအရခိုလှုံနိုင်ဖို့အတွက်ပါ မဲဆောက်မြို့ကိုမြန်မာနိုင်ငံသားတွေ လာရောက်နေကြတာတွေလည်းရှိကြပါတယ်ရှင်။

XS
SM
MD
LG