သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပမှာ အလုပ်ရဖို့ ကြိုးပမ်းတဲ့ မြန်မာလူငယ်တွေ လူကုန်ကူးမှု အန္တရာယ်နဲ့ကြုံ 


မလေးရှားမှာ အထောက်အထားမဲ့ မြန်မာအများအပြား ဖမ်းဆီးခံရ
မလေးရှားမှာ အထောက်အထားမဲ့ မြန်မာအများအပြား ဖမ်းဆီးခံရ

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးပြီး စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် မြန်မာလူငယ်အများစုဟာ ထိုင်းနဲ့ မလေးရှားကို တရားမဝင်တဲ့နည်းနဲ့ သွားဖို့ကြိုးပမ်းလာကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို မဆုမွန် က ပြောပြမှာပါ။

ပြည်ပမှာ အလုပ်ရဖို့ ကြိုးပမ်းတဲ့ မြန်မာလူငယ်တွေ လူကုန်ကူးမှု အန္တရာယ်နဲ့ကြုံ

{{Zawgyi/Unicode}}

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးပြီး စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် မြန်မာလူငယ်အများစုဟာ ထိုင်းနဲ့ မလေးရှားကို တရားမဝင်တဲ့နည်းနဲ့ သွားဖို့ကြိုးပမ်းလာကြပါတယ်။ အများစုက နယ်စပ်မှာဖမ်းဆီးခံရပြီး တချို့ကလည်း လူကုန်ကူးပွဲစားတွေရဲ့ လိမ်လည်လှည့်ဖျားမှုကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို မဆုမွန် က ပြောပြမှာပါ။

ပြည်ပကို တရားမဝင် အောက်လမ်းကနေ ထွက်ခွာနေတဲ့ မြန်မာလူငယ်တွေ တဖြည်းဖြည်းများလာတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ နယ်မြေမလုံခြုံမှု၊ စီးပွားရေးအကျပ်အတည်း၊ ဝင်ငွေကွာဟမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုက အဓိကပြဿနာဖြစ်တယ်လို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ရဲ့ အလုပ်သမားရေးဌာနက ဦးမိုးဝေက ဗွီအိုအေကို ပြောပါတယ်။

" ပွဲစားတွေလို့ ပြောရမှာပေါ့လေ။ ဒီလူတွေက သူတို့ကို မက်လုံးပေးပြီးတော့ ဆွဲဆောင်တာပေါ့၊ လမ်းစရိတ်လေးပဲ လောလောဆယ်ဒီမှာပေး၊ ဟိုဘက်ရောက်မှ အလုပ်ခွင်ထဲရောက်ပြီးမှ သူတို့ကိုပေးဆိုတဲ့ ပုံစံမျိုး။ လိုက်သွားပြီးဟိုရောက်တော့ သောင်တင်နေကြတာတွေရှိတယ်၊ ဖမ်းခံရတာတွေရှိတယ်။ အလုပ်ရှင်က ဒီလိုမျိုး တရားမဝင်ဘူးဆိုရင် တချို့ကလက်မခံဘူး။ တချို့ကလည်း လက်ခံကြတယ်။ ဒါကြောင့်မို့ ပိတ်မိနေတာတွေ၊ တချို့တွေဆို အခန်းတွေထဲမှာ လအကြာကြီး စောင့်ဆိုင်းရတာတွေ အဲလိုမျိုးတွေ ဖြစ်ပေါ်နေတာဖြစ်တယ်။"

လူကုန်ကူးသူတွေက မလေးရှားသွားမဲ့ လူတယောက်ကို ကျပ်၂သိန်းခွဲနဲ့ `စုဆောင်းခေါ်ယူပြီး ထားဝယ်မြို့ကတဆင့် ကား ဒါမှမဟုတ် စက်လှေနဲ့ မလေးရှားကိုတဆင့် ကူးကြတာပါ။ အများစုကတော့ အလိမ်ခံရပြီး လမ်းခရီးတဝက်မှာတင် နောက်ကြောင်းပြန်လှည့်လာရတယ်လို့ မလေးရှားသွားမယ့် လူငယ်တွေကို လိုက်ပို့ပေးနေတဲ့ ကားပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" ပွဲစားတွေက ကျနော်တို့ကားကို အွန်လိုင်းပေါ်ကနေ ကားငှားတယ်၊ ကားငှားပြီး မော်လမြိုင်ကို ပို့ပေးပါဆိုပြီး ကားတစီးကို ၂သိန်းနဲ့ ကျနော်တို့လိုက်သွားတယ်။ ပြီးတော့ ကျနော်တို့ ပြဿနာတက်လို့၊ ပွဲစားတွေက ပိုက်ဆံတွေကောက်ပြီးတော့ နိုင်ငံခြားလည်းမပို့ဘဲနဲ့ ကလေးတွေဆီက ပိုက်ဆံတွေလိမ်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တော်တော်များများ အဲလိုဖြစ်တယ်။ အဲနေ့ကဆို ကျနော်တို့ကားချည်းပဲ ငါးစီး၊ ငါးစီးဆိုရင် တစီးကိုလေးယောက်နဲ့ပဲတွက် အများကြီးပါသွားတယ်။"


တရားဝင် MoU နဲ့သွားတဲ့ကုန်ကျစရိတ်ထက် နည်းတယ်ဆိုပေမဲ့ ခရီးစရိတ်၊ လမ်းတံတားခနဲ့ စစ်ဆေးရေးဂိတ်ကြေးတွေကြောင့် တယောက်ကို မြန်မာငွေ ၁၀ သိန်းကျော်လောက်တော့ ကုန်နိုင်ပါတယ်။ စစ်ဆေးရေးဂိတ်တွေကလည်း ဒီလိုပြည်ပကိုထွက်တဲ့ လူငယ်တွေဆီကနေ အကျိုးအမြတ်ရနေကြတယ်လို့ ကားပိုင်ရှင်တဦးက သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

" လမ်းမှာဂိတ်ကြေးက တယောက်ကို သုံးသောင်းပေးရတာရှိတယ်၊ ကားပေါ်မှာ ခြောက်ယောက်ပါရင် တသိန်းရှစ်သောင်း တဘရိတ်တည်း တန်းပေးရတာ ဂိတ်တွေက။ ဂိတ်ကပိတ်တယ်ဆိုတာမရှိဘူး၊ တောက်လျှောက်ကိုစစ်တာ။ တောင်းတာကလည်း တောက်လျှောက်တောင်းတာ။ ဘယ်နေရာမဆို ပိုတောင်ဆိုးသေးတယ် အခုနောက်ပိုင်းက။"

ဒီလိုကိစ္စတွေဖြစ်နေပေမဲ့ တရားခွင်လုပ်သားစေလွှတ်မှုနဲ့ နယ်စပ်ဖြတ်ကျော်တာ မဟုတ်တဲ့အတွက် တဖက်နိုင်ငံကို ရောက်သွားသည်ဖြစ်စေ သူတို့အတွက် ဥပဒေအရ အကာအကွယ်မရနိုင်ဘူးလို့ မြန်မာအလုပ်သမားဌာနရဲ့ အမြဲတမ်းအတွင်းဝင် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

" နယ်စပ်ကို တရားမဝင်ဖြတ်ကျော်တာ ဖြစ်တဲ့အတွက် ဘာရည်ရွယ်ချက်နဲ့ သွားတယ်ဆိုတာ အလုပ်သမားလို့ ပြောလို့မရဘူး၊ မျိုးစုံဖြစ်နိုင်တယ်။ အဲဒါအတွက်တော့ ကျနော်တို့ ဝန်ကြီးဌာနကနေ ပြဋ္ဌာန်းထားတဲ့ အလုပ်သမားဥပဒေအရ ဘာမှကာကွယ်ပေးလို့ မရဘူး။ ထိုင်းနိုင်ငံနဲ့ MoUလုပ်သား စေလွှတ်ရေးဆိုင်ရာ သဘောတူထားတဲ့ အချက်တွေအရလည်း အဲလိုတရားမဝင် ကူးတဲ့သူတွေအတွက် ဘာမှကျနော်တို့ သဘောတူထားတာ၊ ကတိပြုထားတာ ဘာတခုမှ မရှိပါဘူး။"

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်က နေအိမ်တိုက်ခန်း ၁၀၀ ကျော်မှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို မလေးရှားရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အလားတူပဲ ထိုင်းနိုင်ငံတွင်းကို ရောက်လာတဲ့ တရားမဝင်မြန်မာနိုင်ငံသားလည်း အများအပြားရှိနေပြီး နေ့တိုင်းလိုလို အစုလိုက် ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုက ဒီလိုစိန်ခေါ်မှုတွေကိုတော့ ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ပြောနေကြပါတယ်။

08-12-2022 SMA file for web .mp3
please wait

No media source currently available

0:00 0:03:55 0:00
တိုက်ရိုက် လင့်ခ်

............................


{{Zawgyi/Unicode}}












XS
SM
MD
LG