သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ အထောက်အထားမဲ့ မြန်မာအများအပြား ဖမ်းဆီးခံရ


Photo Credit: Immigration Department of Malaysia
Photo Credit: Immigration Department of Malaysia

(Zawgyi / Unicode)

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းပေါင်း ၁၀၀ ကျော်ကို ဝင်ရောက်စစ်ဆေးပြီး တရားမဝင် နေထိုင်နေတဲ့ နိုင်ငံခြားသား ၁၇၅ယောက်ကို ဖမ်းဆီးရာမှာ ဒီထဲမှာ မြန်မာ ၁၀၀ ကျော်ဖမ်းဆီးခံရပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းပေါင်း ၁၀၀ ကျော်ကို သြဂုတ်လ ၉ ရက်နေ့ သန်းခေါင်ကျော် အချိန် ဝင်ရောက်စစ်ဆေးပြီး တရားမဝင် နိုင်ငံခြားသား ၁၇၅ ယောက်ကို ဖမ်းဆီးရာမှာ ဒီထဲမှာ မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း မလေးရှားနိုင်ငံက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးစိုးထက်သိန်းက ပြောပါတယ်။

“ မနေ့က ဖမ်းတာကတော့ ကာဂျမ်းမြို့မှာ ဖမ်းတာပါ။ အားလုံးကတော့ မြန်မာတွေ အပါအဝင် နီပေါတို့ ၊ ရိုဟင်ဂျာတွေ၊ ဘင်္ဂလားတို့ အားလုံး အဖမ်းခံရတာ ၁၇၅ ဦး ပါ ဖမ်းခံရသူတွေကတော့ ယူအန်ကဒ် ကိုင်ဆောင်ထားသူတွေ မြန်မာတွေကတော့ ၁၁၅ ဦး ဖမ်းခံရတယ်။ ဖမ်းတဲ့အချိန်ကတော့ ညသန်းခေါင်ကြီးမှာ ဖမ်းတာ။ စစ်ဆင်ရေးတခုလို ဖမ်းတာပါ။ စစ်ဆေးတာကတော့ အဲဒီ ဧရိယာထဲက အခန်းပေါင်း ၁၃၄ခန်းလောက် စစ်တယ်။ လူဦးရေကတော့ ၄၂၅ ဦး ကု ိစစ်ပါတယ်။ ”

တရားမဝင် နေထိုင်သူတွေကို မလေးရှား အာဏာပိုင်တွေက လိုက်လံဖမ်းဆီးရာမှာ ကာဂျမ်းမြို့နယ်ထဲက အဆောက်အဦး ၆ လုံး ကို ဝင်ရောက်စစ်ဆေးရာမှာ အစစ်အဆေးမခံပဲ တံခါးတွေ ပိတ်ထားတဲ့ အခန်းတွေကိုတော့ တံခါးတွေ ဖျက်ပြီး ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ တချို့ကြောက်လန့် တကြား ထွက်ပြေးရင်း တိုက်ပေါ်က ခုန်ချတဲ့ဖြစ်စဉ်တခုလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ နောက်တခုက ထူးခြားဖြစ်စဉ်တခုရှိတာကတော့အင်ဒိုနီးရှာအမျိုးသားတဦးအသက်၂ရ နှစ်အရွယ်ပေါ့ လေးထပ်တိုက်ပေါ်ကနေ ခုန်ချတာ ထွက်ပြေးတာပေါ့နော်။ ” ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။ နိုင်ငံခြားသားတွေ နေတယ်လို့ သတင်းရထားတဲ့ နေရာမျိုးဆိုရင် တံခါးေးတွကို ပေါက်စိန်တွေနဲ့ပေါက်၊ တူရွင်းတွေနဲ့ ကလော်၊ အဲဒါက ထုံးစံလိုဖြစ်နေပြီ။ ”

တရားမဝင် နိုင်ငံခြားသား အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၄၁ ဦး၊ ကလေး ၂ ဦးတို့ကို ဖမ်းမိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၂နှစ်အရွယ်ကနေ အသက် ၅၅ နှစ်အထိ ပါဝင်တယ်လို့လည်း မလေးရှား အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းဆီးခံရသူ အများစုကတော့ သန့်ရှင်းရေး အလုပ်သမားတွေ၊ စက်ရုံလုပ်သားတွေ ဈေးရောင်းတဲ့သူတွေဖြစ်ပြီး သူတို့က အထောက်အထား မရှိသူတွေ အထောက်အထားအတု ကိုင်ဆောင်ထားသူတွေ အလည်ဗီဇာနဲ့ လာရောက်ပြီး သက်တမ်းကုန်နေသူတွေ အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းကုန်နေသူတွေ မြန်မာပြည် ရခိုင်ပြည်နယ်ကလာပြီး UNHCR ကဒ်ကိုင်ဆောင်ထားသူတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရသူများကို မေးမြန်းဖို့ အတွက် စမန်နရီ (Semenyih) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာကိုခေါ်ဆောင်သွားခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့လည်း မလေးရှား အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)









XS
SM
MD
LG