သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဏာသိမ္းတႏွစ္ျပည့္ မေလးရွားမွာ ဆႏၵျပသူတခ်ဳိ႕ ဖမ္းဆီးခံရ 


စစ္အာဏာသိမ္းမႈတႏွစ္ျပည့္ သံ႐ံုးေရွ႕မွာဆႏၵျပခဲ့ၾကသူ မေလးရွားေရာက္ ျမန္မာမ်ား။ (ေဖေဖၚဝါရီ ၃၊ ၂၀၂၂) photo- NLD (Organizing Committee International) Malaysia

[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္း တႏွစ္ျပည့္အျဖစ္ မေလးရွားႏိုင္ငံမွာ ဆႏၵျပသူ အေယာက္ ၅၀ ဝန္းက်င္ ဖမ္းဆီးခံရပါတယ္။ မေလးရွားေရာက္ ျမန္မာအလုပ္သမားေတြ၊ တိုင္းရင္းသားအဖြဲ႕ေတြ၊ ဒုကၡသည္ေတြစုေပါင္းၿပီး ကြာလာလမ္ပူၿမိဳ႕ေတာ္ က ျမန္မာသံ႐ုံးေရွ႕မွာ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ဆႏၵျပခဲ့ၾကတာျဖစ္ၿပီး ဆႏၵျပပြဲအၿပီးမွာ ရဲက ဖမ္းဆီးသြားတာျဖစ္ပါတယ္။ ဖမ္းဆီးခံရသူေတြထဲမွာ မေလးရွားမွာ တရားဝင္ေနထိုင္ခြင့္အေထာက္အထား လက္မွတ္မရွိၾကသူေတြ ပါဝင္ပါတယ္။ ဒီအေၾကာင္း ထိုင္းအေျခစိုက္ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္း တႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ မေလးရွားႏိုင္ငံ ျမန္မာသံ႐ုံး ေရွ႕မွာ မေလးရွားေရာက္ ျမန္မာေတြ ဒီေန႔ ၾကာသပေတးေန႔မွာ ကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္။ မေလးရွားက NLD ပါတီဝင္ေတြအပါအဝင္ မေလးရွား ေရာက္ျမန္မာေတြ ဆႏၵျပခဲ့ၾကတာျဖစ္ၿပီး ဆႏၵျပပြဲအၿပီး အေယာက္ ၅၀ ဝန္းက်င္ ဖမ္းဆီးခံရတယ္လို႔ NLD (OCI - Organizing Committee International) ႐ုံးတာဝန္ခံ ဦးစိုးထက္သိန္းက ေျပာပါတယ္။ သူတို႔ငွားစီးလာတဲ့ ကားတစီးလုံးကို ရဲစခန္း ေခၚသြားတာျဖစ္တယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔ NLD (OCI Organizing Committee International) ႐ုံးကေၾကညာၿပီး စစ္ေကာင္စီက မတရားသျဖင့္ အာဏာသိမ္းတာတႏွစ္ျပည့္ ဝမ္းနည္းဖြယ္အထိမ္းအမွတ္အျဖစ္ ျမန္မာသံ႐ုံးေရွ႕ မွာ ဆႏၵျပတာပါ။ က်ေနာ္တို႔က တႏွစ္ျပည့္ကို ဒီေန႔ ၃ ရက္ေန႔က်မွ လုပ္တာပါ။ ဆႏၵျပတာပါ။ ဆႏၵျပၿပီးေတာ့ က်ေနာ္တို႔က ကားငွားၿပီးသြားတာကိုး။ အဲဒါ ဆႏၵျပတဲ့သူေတြအားလုံးကို ကားေပၚ တက္ခိုင္းၿပီး ပူဒူးရဲစခန္းကို တခါတည္းေမာင္းေခၚသြားတယ္။ မနက္ ၁၁ နာရီခြဲကတည္းက ဖမ္းခံရတာ။ အခုခ်ိန္ထိပဲ။ ျပန္မလႊတ္ေသးဘူး။ ဆႏၵျပတဲ့သူေတြကို ဘတ္စ္ကားေပၚတက္ခိုင္းၿပီး သူတို႔ကေန အေရွ႕ကေန ရဲကားကထြက္တယ္။ အေနာက္ကေန ရဲကားကလိုက္တယ္။ က်ေနာ္တို႔ ကားကိုေတာ့ အလယ္မွာထားၿပီး ရဲစခန္းကို တခါတည္း ေမာင္းသြားခိုင္းတာခင္ဗ်။”

မနက္ကတည္းအဖမ္းခံရၿပီး ညေနပိုင္းအထိ ျပန္မလြတ္ေသးေၾကာင္း၊ အဖမ္းခံရသူေတြထဲမွာ UNHCR အသိမွတ္ျပဳ လက္မွတ္ကိုင္ေဆာင္ထားသူေတြနဲ႔ အေထာက္အထားမဲ့ ျမန္မာေတြလည္း ပါဝင္တယ္လို႔ ဦးစိုးထက္သိန္းကေျပာပါတယ္။

“အခ်ဳပ္က်မယ္လို႔ေတာ့ၾကားတယ္။ ပထမဆုံးအဖမ္းခံရၿပီးတုန္းကေတာ့ မိနစ္၂၀ေလာက္ထိ က်ေနာ္ တို႔ဆီက လူေတြက သတင္းေတြပို႔ေနတယ္။ ဓါတ္ပုံေတြပို႔ေနတယ္။ အတြင္းေရးမႉးရယ္၊ ဒု ဥကၠ႒ရယ္ က ေတာက္ေလွ်ာက္ပို႔ေနတယ္။ အဲဒီေနာက္ပိုင္းမွာ ဆက္သြယ္လို႔မရေတာ့ဘူး။ ကေလး ၂ ေယာက္ လည္းပါတယ္။ ၇ ႏွစ္သမီးတေယာက္ရယ္၊ ၉ ႏွစ္သားတေယာက္ရယ္ ပါတယ္။ လူအားလုံး စာရင္း သိရတာ ၄၈ ေယာက္ပါတယ္ ။ တိုင္းရင္းသားအဖြဲ အစည္းေတြရယ္၊ ဒီက ျမန္မာအလုပ္သမားေတြရယ္ ပါၾကတယ္။ ၿမိဳ႕ထဲကျမန္မာေတြ ပူးေပါင္းၾကလို႔။ ကေလး၂ ဦးအပါအဝင္ ၄၈ ေယာက္ပါတယ္။ အေထာက္အထားမရွိတဲ့ျမန္မာေတြပါတယ္။ (UNHCR) အေထာက္အထားကဒ္ (ယူအန္ကဒ္) ကိုင္ထားသူ၊ ဒုကၡသည္အျဖစ္ ခုိလႈံခြင့္ရထားသူေတြပါတယ္။ အမ်ားအားျဖင့္ အေထာက္အထား မရွိသူေတြ ပါတယ္။”

ျမန္မာသံ႐ုံးေရွ႕မွာ ဆႏၵျပဖို႔ ရဲကို ႀကိဳတင္ခြင့္ေတာင္း အသိေပးခဲ့တယ္လို႔ ဆႏၵျပပြဲစီစဥ္သူေတြက ေျပာပါတယ္။ ဒါေပမဲ့ သူတို႔ခြင့္ျပဳခ်က္ ရ မရဆိုတာ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ အခုလို ဆႏၵျပပြဲမွာ ဖမ္းဆီးခံရသူေတြကို ဘယ္လိုပုဒ္မနဲ႔ ဖမ္းသလဲဆိုတာလည္း မသိရေသး ပါဘူး။ မေလးရွားႏိုင္ငံမွာ တရားဝင္ေကာ မတရားမဝင္ပါ ျမန္မာႏိုင္ငံသား ၅ သိန္းခြဲေလာက္ အလုပ္လုပ္ကိုင္ေနၾကပါတယ္။


#MyanmarMilitaryCoup #MyanmarProtest #Malaysia #AyeAyeMar #voaburmese #စစ္အာဏာသိမ္းမႈ #မေလးရွား #ေအးေအးမာ #ဗြီအိုေအျမန္မာပိုင္း
===========

[[Unicode]]
အာဏာသိမ်းတနှစ်ပြည့် မလေးရှားမှာ ဆန္ဒပြသူတချို့ ဖမ်းဆီးခံရ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း တနှစ်ပြည့်အဖြစ် မလေးရှားနိုင်ငံမှာ ဆန္ဒပြသူ အယောက် ၅၀ ဝန်းကျင် ဖမ်းဆီးခံရပါတယ်။ မလေးရှားရောက် မြန်မာအလုပ်သမားတွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ ဒုက္ခသည်တွေစုပေါင်းပြီး ကွာလာလမ်ပူမြို့တော် က မြန်မာသံရုံးရှေ့မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြပွဲအပြီးမှာ ရဲက ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ မလေးရှားမှာ တရားဝင်နေထိုင်ခွင့်အထောက်အထား လက်မှတ်မရှိကြသူတွေ ပါဝင်ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် မလေးရှားနိုင်ငံ မြန်မာသံရုံး ရှေ့မှာ မလေးရှားရောက် မြန်မာတွေ ဒီနေ့ ကြာသပတေးနေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ မလေးရှားက NLD ပါတီဝင်တွေအပါအဝင် မလေးရှား ရောက်မြန်မာတွေ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြပွဲအပြီး အယောက် ၅၀ ဝန်းကျင် ဖမ်းဆီးခံရတယ်လို့ NLD (OCI - Organizing Committee International) ရုံးတာဝန်ခံ ဦးစိုးထက်သိန်းက ပြောပါတယ်။ သူတို့ငှားစီးလာတဲ့ ကားတစီးလုံးကို ရဲစခန်း ခေါ်သွားတာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ NLD (OCI Organizing Committee International) ရုံးကကြေညာပြီး စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းတာတနှစ်ပြည့် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် မြန်မာသံရုံးရှေ့ မှာ ဆန္ဒပြတာပါ။ ကျနော်တို့က တနှစ်ပြည့်ကို ဒီနေ့ ၃ ရက်နေ့ကျမှ လုပ်တာပါ။ ဆန္ဒပြတာပါ။ ဆန္ဒပြပြီးတော့ ကျနော်တို့က ကားငှားပြီးသွားတာကိုး။ အဲဒါ ဆန္ဒပြတဲ့သူတွေအားလုံးကို ကားပေါ် တက်ခိုင်းပြီး ပူဒူးရဲစခန်းကို တခါတည်းမောင်းခေါ်သွားတယ်။ မနက် ၁၁ နာရီခွဲကတည်းက ဖမ်းခံရတာ။ အခုချိန်ထိပဲ။ ပြန်မလွှတ်သေးဘူး။ ဆန္ဒပြတဲ့သူတွေကို ဘတ်စ်ကားပေါ်တက်ခိုင်းပြီး သူတို့ကနေ အရှေ့ကနေ ရဲကားကထွက်တယ်။ အနောက်ကနေ ရဲကားကလိုက်တယ်။ ကျနော်တို့ ကားကိုတော့ အလယ်မှာထားပြီး ရဲစခန်းကို တခါတည်း မောင်းသွားခိုင်းတာခင်ဗျ။”

မနက်ကတည်းအဖမ်းခံရပြီး ညနေပိုင်းအထိ ပြန်မလွတ်သေးကြောင်း၊ အဖမ်းခံရသူတွေထဲမှာ UNHCR အသိမှတ်ပြု လက်မှတ်ကိုင်ဆောင်ထားသူတွေနဲ့ အထောက်အထားမဲ့ မြန်မာတွေလည်း ပါဝင်တယ်လို့ ဦးစိုးထက်သိန်းကပြောပါတယ်။

“အချုပ်ကျမယ်လို့တော့ကြားတယ်။ ပထမဆုံးအဖမ်းခံရပြီးတုန်းကတော့ မိနစ်၂၀လောက်ထိ ကျနော် တို့ဆီက လူတွေက သတင်းတွေပို့နေတယ်။ ဓါတ်ပုံတွေပို့နေတယ်။ အတွင်းရေးမှူးရယ်၊ ဒု ဥက္ကဋ္ဌရယ် က တောက်လျှောက်ပို့နေတယ်။ အဲဒီနောက်ပိုင်းမှာ ဆက်သွယ်လို့မရတော့ဘူး။ ကလေး ၂ ယောက် လည်းပါတယ်။ ၇ နှစ်သမီးတယောက်ရယ်၊ ၉ နှစ်သားတယောက်ရယ် ပါတယ်။ လူအားလုံး စာရင်း သိရတာ ၄၈ ယောက်ပါတယ် ။ တိုင်းရင်းသားအဖွဲ အစည်းတွေရယ်၊ ဒီက မြန်မာအလုပ်သမားတွေရယ် ပါကြတယ်။ မြို့ထဲကမြန်မာတွေ ပူးပေါင်းကြလို့။ ကလေး၂ ဦးအပါအဝင် ၄၈ ယောက်ပါတယ်။ အထောက်အထားမရှိတဲ့မြန်မာတွေပါတယ်။ (UNHCR) အထောက်အထားကဒ် (ယူအန်ကဒ်) ကိုင်ထားသူ၊ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရထားသူတွေပါတယ်။ အများအားဖြင့် အထောက်အထား မရှိသူတွေ ပါတယ်။”

မြန်မာသံရုံးရှေ့မှာ ဆန္ဒပြဖို့ ရဲကို ကြိုတင်ခွင့်တောင်း အသိပေးခဲ့တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ သူတို့ခွင့်ပြုချက် ရ မရဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အခုလို ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူတွေကို ဘယ်လိုပုဒ်မနဲ့ ဖမ်းသလဲဆိုတာလည်း မသိရသေး ပါဘူး။ မလေးရှားနိုင်ငံမှာ တရားဝင်ကော မတရားမဝင်ပါ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေကြပါတယ်။


#MyanmarMilitaryCoup #MyanmarProtest #Malaysia #AyeAyeMar #voaburmese #စစ်အာဏာသိမ်းမှု #မလေးရှား #အေးအေးမာ #ဗွီအိုအေမြန်မာပိုင်း
===========

XS
SM
MD
LG