လွတ်ရက်စေ့ မြန်မာ ၁၃ဝ ကျော် ထိုင်းအာဏာပိုင်တွေ နေရပ်ပြန်ပို့
{{Zawgyi/Unicode}}
ထိုင်းနိုင်ငံတောင်းပိုင်းပြည်နယ် ၁၄ ခုအတွင်းမှာ အဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၃၀ကျော်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး မေလ ၆ရက်နေ့မှာ ရနောင်းကနေ ကော့သောင်းမြို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
လူကုန်ကူးမှု လူမှောင်ခိုမူ့တရားမဝင် နယ်စပ်ဖြတ်ကျော်မှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတောင်းပိုင်း ပြည်နယ် ၁၄ ခုထဲ အဖမ်းဆီးခံရပြီး လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၃၀ကျော်ကို ထိုင်းအာဏာပိုင်တွေက မေလ ၆ရက်နေ့မှာ ပြည်နှင်ဒဏ်ပေးခဲ့တာပါ။ဒီလို ပြည်နှင်ဒဏ်ပေးခံရသူတွေကို ရနောင်းဘက်ကနေ ကော့သောင်းဘက်ကို ပြန်လည်လွဲှပြောင်းပေးခဲ့ကြောင်း ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးကအခုလိုပြောပါတယ်
" အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းမှာ အချုပ်ကျတဲ့ အများစုကတော့ တရားမဝင် အထောက်အထားမဲ့ ဖမ်းဆီးခံရသူတွေကို အလှည့်ကျနဲ့ ပြန်ပို့တာပေါ့နော်။ အားလုံးပေါင်း ၁၃၄ဦးပါလူနာတဦးပါအပါဝင်ပေါ့နော် "
ရနောင်းဘက်ကနေ ပြန်ပို့လိုက်တဲ့ နေရပ်ပြန်လာတဲ့ မြန်မာတွေကို မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့ရောက်တဲ့အခါမှာ ကိုဗစ်ကပ်ရောဂါပိုး ရှိမရှိ စစ်ဆေးပြီး စောင့်ကြည့်ရေးစင်တာတွေမှာ ထားပြီးမှ နေရပ်ပြန်ပို့တာတွေ လုပ်ရတာပါ။ ကိုဗစ်ကပ်ဘေးကာလမှာတော့ စောင့်ကြည့်ရေးစင်တာတွေ မလုံလောက်တာကြောင့် မြန်မာဘက်က အကန့်အသတ်နဲ့သာ လက်ခံနိုင်တဲ့အပေါ်မှာ ပြည်တော်ပြန်တွေဟာ လဝကအချုပ်မှာပဲ ကြာကြာနေရတယ်လို့ ဦးမင်းဦးကပြောပါတယ်။
"တချို့လည်းကြာကြာနေနေရတယ်။ မြန်မာဘက်မှာထားဖို့ကလည်း ချက်ချင်းခေါ်ဖို့က တချို့လည်းကွာရမ်တင်း ထားဖို့ကလိုတယ် ။ အထူးသဖြင့် တနင်္သာရီတိုင်းကလူတွေကို ဦးစားပေးပြီးပြန်ပို့ရတယ် ရန်ကုန် မော်လမြိုင်တို့အညာတို့ဘက်ကလူတွေကိုတော့အကုန်လုံးလက်မခံနိုင်ဘူး)
ထိုင်းပြည်နယ်အသီးသီးက အကျဉ်းထောင်တွေ ရဲစခန်းတွေ အချုပ်တွေကနေ ရနောင်းလဝက အချုပ်ကိုပြန်ပြီး လွဲှပြောင်းရတာဖြစ်တဲ့အတွက် နောက်ဆုံးရနောင်း လဝက အချုပ်မှာ လူတွေ စုပုံလာတဲ့အခါ သက်ဆိုင်ရာ အကျဉ်းထောင်တွေ အချုပ်တွေက ပို့တာတွေကလည်း ကြံကြာမူ့တွေ ဖြစ်လာတယ်လို့ ဦးမင်းဦးကဆိုပါတယ်။
" လဝက အစီစဉ်ကနေပို့တဲ့အခါ လဝကအချုပ်ကနေ ပြန်ပို့ရတာရှိတယ်။ ရဲစခန်းတို့ အချုပ်တို့ ကလည်း လဝကကိုပို့ရတယ်။ လဝကမှာက ထပ်ပြီးစောင့်နေရတဲ့အတွက် ဖမ်းမိတဲ့သူတွေကလည်းသက်ဆိုင်ရာ ရဲစခန်းတွေမှ ာအဲဒီလိုပဲစောင့်နေရတယ်။
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံသားတွေ ထောင်ဂဏန်းနဲ့ရှိနေပေမယ့် ကိုဗစ်ကပ်ဘေးကာလမှာ နေရပ်ပြန်ပို့တဲ့ကိစ္စတွေကကြန့်ကြာနေတာပါ။
ထိုင်းအကျဉ်းထောင်တွေ၊ အချုပ်တွေက လွတ်ရက်စေ့တဲ့ မြန်မာတွေကို မဲဆောက်၊ မြဝတီ၊ မဲဆိုင်၊ တာချီလိတ်၊ ရနောင်း၊ ကော့သောင်းလမ်းတွေကနေ ပြန်လည် လွဲှပြောင်းပေးလေ့ရှိပါတယ်။
ဒီထဲမှာတော့ မဲဆောက် မြဝတီ ချစ်ကြည်တံတား အမှတ်(၂)ကနေ အများဆုံးလွဲှပြောင်းပေးတာဖြစ်ပြီး ရနောင်း ကေ့ာသောင်း ရေလမ်းကတော့ ကော့သောင်းမြို့က စောင့်ကြည်ရေးစင်တာမှာ လက်ခံနိုင်တဲ့လူဦးရေ ပမာဏကိုကြည့်ပြီး ထိုင်းဖက်ကနေ တလမှာ တကြိမ်နှစ်ကြိမ်ခန့် သာလွဲှပြောင်းပေးခဲ့တာ ဖြစ်ပါတယ်ရှင်။
................................
{{Zawgyi/Unicode}}