သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ျဖစ္တဲ့ ထိုင္းေရာက္ ျမန္မာအလုပ္သမားတခ်ဳိ႕ အလုပ္ထုတ္ခံရ


ကိုဗစ္ျဖစ္တဲ့ ထိုင္းေရာက္ ျမန္မာအလုပ္သမားတခ်ဳိ႕ အလုပ္ထုတ္ခံရ

{{Zawgyi/Unicode}}

ထိုင္းႏုိင္ငံ၊ နကြန္ပထုံျပည္နယ္အတြင္း ဆပ္ျပာထုတ္လုပ္တဲ့စက္ရံုက အလုပ္သမား ၆၀ ဟာ ကိုဗစ္ေရာဂါ ကူးစက္ၿပီး ေစာင့္ႀကည့္စင္တာကို ၁၄ ရက္ ပို့ေဆာင္ခဲ့ျပီးတဲ့ေနာက္ ဇူလိုင္လ၂၁ ရက္ေန့ကစျပီး သူတို႔ကုိ စက္႐ံုက အလုပ္ကေန ထုတ္ပယ္လိုက္တယ္လို့ ဆုိပါတယ္။ ဒီအေၾကာင္း ဗြီအုိေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထုိင္းႏို္င္ငံတြင္းမွာ ကုိဗစ္ကူးစက္မူေတြ ေနစဥ္ေသာင္းနဲ့ခ်ီတိုးလာေနျပီး ျမန္မာေရြေျပာင္းအလုပ္သမားေတြ အလုပ္လုပ္တဲ့စက္ရံုေတြမွာလည္း ရာနဲ့ခ်ီတ့ဲကူးစက္မူေတြျဖစ္ေနတာပါ။

နကြန္ပထံုျပည္နယ္ အတြင္းက ဆပ္ျပာတံုးေတြ ထုတ္လုပ္တဲ့စက္ရံုမွာ အလုပ္လုပ္တဲ့ အလုပ္သမား ၃၀၀ ထဲမွာ သံုးပံုတပံုေလာက္က ကိုဗစ္ကူးစက္မူေတြျဖစ္ခဲ့ျပီးေနာက္ ၁၄ရက္ႀကာ သီးျခားခဲြထားခဲ့ပါတယ္။

ဒီေနာက္ ျပန္လာတဲ့အခါမွာေတာ့ အဲဒီထဲက လူ၄၀အလုပ္ျဖဳတ္ခံရတာပါ။ အလုပ္ျဖဳတ္ခံရတဲ့ အမ်ိဳးသမီးတဦးကေတာ့ အလုပ္ျဖဳတ္ခံရျပီးေနာက္ စက္ရံုဘက္ကနစ္နာေႀကးေပးတာကလည္းနည္းတယ္ဆုိျပီး အခုလိုေျပာျပပါတယ္

"ကိုဗစ္ေတြ ့တယ္ဆိုျပီ းဆြန္ကုိဗစ္က တည္းခိုခန္းမွာလားမသိဘူး အကုန္လံုးကုိသြားထားတယ္ ။ အဲဒီထဲက ၆၀ ကိုျဖဳတ္လိုက္တယ္။ ေယာက္က်ားေလး ၄ ေယာက္ပါတယ္။ အားလံုးကေတာ့ မိန္းကေလးေတြခ်ည္းပဲ။ ကိုဗစ္ျဖစ္တယ္ဆိုျပီး သမီးတုိ့ကို ေစာင့္ႀကည္ေရးေနရာမွ ာသြားေနရတယ္။ ကားေပၚကဆင္းလာတာနဲ့ စာေရးမက စာရြက္စာတမ္းေတြယူလာတယ္ ။ အဲဒီထဲမွာ ညီမတို့ကိုေပးတာက ၃၀၀၀ သမားရွိတယ္ ။ ၅၀၀၀ သမားရွိတယ္။ ၈၀၀၀ သမားရွိတယ္။ အလုပ္ကေတာ့ စက္ကထြက္လာတဲ့ ဆပ္ျပာတံုးေလးေတြကို အိပ္ေလးေတြသြတ္ေပးရတယ္ ။ဒါးေလးေတြနဲ့ခဲြေပးရတယ္။ ခြက္ေလးေတြ ဖာေလးေတြနဲ့ ထည့္ေပးရတယ္ ။ ညီမတို့ဆို ၆ လပုိင္းကတႏွစ္ျပည့္ျပီ။ တခ်ိဳဆုိရင္ေတာ့ ၃ ႏွစ္ ၄ ႏွစ္ ၅ႏွစ္သမားေတြ အမ်ားႀကီးရွိတယ္"

အလုပ္သမားေတြအေနနဲ့ ရုတ္တရက္အလုပ္ျဖဳတ္ခံရတဲ့အတြက္ အလုပ္ထပ္ရွာဖို့ကလည္း အခက္အခဲႀကံုေနရတယ္လို့ဆုိပါတယ္။

"အခက္အခဲရွိတာေပါ့ အခု ပတ္ပတ္လည္မွ ာအလုပ္ကုိ ဘယ္မွာမွ အလုပ္လုပ္လို့မရဘူး သမီးတို့အနားတ၀ုိက္မွာအကုန္လံုးေရာဂါေတြလည္းျပန့္ေနတယ္ တခ်ိဳ့စက္ရံုေတြမွာလည္း ပိုးေတြ ့ေနတယ္ အခုေလာေလာဆည္မွာဒီေနရာတ၀ိုက္မွာဘယ္မွာမွ အလုပ္လုပ္လို့မရဘူး"

ကိုဗစ္ကာလ အလုပ္ရွားပါးခ်ိန္မွာ ရုပ္တရက္ အလုပ္ျဖဳတ္ခံရတဲ့အလုပ္သမားေတြကုိ ထုိင္းဥပေဒအရ နစ္နာေႀကးေပးသင့္ေႀကာင္း AAC အလုပ္သမားကူညီေရးအဖဲြ႔က ေျပာေရးဆုိခြင့္ရွိသူ ကိုရဲမင္းက ေျပာပါတယ္။

"ထိုင္းႏို္င္ငံက ထုိင္းဥပေဒအရ အလုပ္သမားအခြင့္အေရးအရ ၄ လကေန တႏွစ္အတြင္း လုပ္တဲ့သူဆုိရင္ တလစာ နစ္နာေႀကး လုပ္အားခေပးရပါတယ္။ တႏွစ္နဲ့အထက္ဆို ၃ လစာ ၅ လစာ အဲဒီလုိေပးရပါတယ္။ အခုေပးတဲ့ အျမင့္ဆံုးနစ္နာေႀကးကအင္မတန္နည္းေနပါတယ္။ တလစာေတာင္မရွိပါဘူး"

ထိုင္းႏိုင္ငံတြင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၄၆၇,၀၀၀ ေက်ာ္ရွိေနျပီး မေန႔က ဇူလိုင္လ ၂၃ ရက္ေန့မွာ အျမင့္ဆံုးကူးစက္သူလူနာအသစ္ ၁၄,၅၀၀ ေက်ာ္ ရွိခဲ့ပါတယ္။

အခုလိုကူးစက္မူေတြျမင့္တက္လာေနခ်ိန္ ထုိင္းႏို္င္ငံအတြင္းမွာ အလုပ္လုပ္ကုိင္ေနႀကတဲ့ျမန္မာအလုပ္သမားေတြလည္းကူးစက္ခံေနရပါတယ္။ အခုလိုကာလအလုပ္အကိုင္ရွားပါးေနခ်ိန္မွာပဲအလုပ္သမားေတြအလုပ္ျဖဳတ္ခံရတာျဖစ္ပါတယ္။

...................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထိုင်းနိုင်ငံ၊ နကွန်ပထုံပြည်နယ်အတွင်း ဆပ်ပြာထုတ်လုပ်တဲ့စက်ရုံက အလုပ်သမား ၆၀ ဟာ ကိုဗစ်ရောဂါ ကူးစက်ပြီး စောင့်ကြည့်စင်တာကို ၁၄ ရက် ပို့ဆောင်ခဲ့ပြီးတဲ့နောက် ဇူလိုင်လ၂၁ ရက်နေ့ကစပြီး သူတို့ကို စက်ရုံက အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ ကိုဗစ်ကူးစက်မူတွေ နေစဉ်သောင်းနဲ့ချီတိုးလာနေပြီး မြန်မာရွေပြောင်းအလုပ်သမားတွေ အလုပ်လုပ်တဲ့စက်ရုံတွေမှာလည်း ရာနဲ့ချီတဲ့ကူးစက်မူတွေဖြစ်နေတာပါ။

နကွန်ပထုံပြည်နယ် အတွင်းက ဆပ်ပြာတုံးတွေ ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမား ၃၀၀ ထဲမှာ သုံးပုံတပုံလောက်က ကိုဗစ်ကူးစက်မူတွေဖြစ်ခဲ့ပြီးနောက် ၁၄ရက်ကြာ သီးခြားခွဲထားခဲ့ပါတယ်။

ဒီနောက် ပြန်လာတဲ့အခါမှာတော့ အဲဒီထဲက လူ၄၀အလုပ်ဖြုတ်ခံရတာပါ။ အလုပ်ဖြုတ်ခံရတဲ့ အမျိုးသမီးတဦးကတော့ အလုပ်ဖြုတ်ခံရပြီးနောက် စက်ရုံဘက်ကနစ်နာကြေးပေးတာကလည်းနည်းတယ်ဆိုပြီး အခုလိုပြောပြပါတယ်

"ကိုဗစ်တွေ့တယ်ဆိုပြီ းဆွန်ကိုဗစ်က တည်းခိုခန်းမှာလားမသိဘူး အကုန်လုံးကိုသွားထားတယ် ။ အဲဒီထဲက ၆၀ ကိုဖြုတ်လိုက်တယ်။ ယောက်ကျားလေး ၄ ယောက်ပါတယ်။ အားလုံးကတော့ မိန်းကလေးတွေချည်းပဲ။ ကိုဗစ်ဖြစ်တယ်ဆိုပြီး သမီးတို့ကို စောင့်ကြည်ရေးနေရာမှ ာသွားနေရတယ်။ ကားပေါ်ကဆင်းလာတာနဲ့ စာရေးမက စာရွက်စာတမ်းတွေယူလာတယ် ။ အဲဒီထဲမှာ ညီမတို့ကိုပေးတာက ၃၀၀၀ သမားရှိတယ် ။ ၅၀၀၀ သမားရှိတယ်။ ၈၀၀၀ သမားရှိတယ်။ အလုပ်ကတော့ စက်ကထွက်လာတဲ့ ဆပ်ပြာတုံးလေးတွေကို အိပ်လေးတွေသွတ်ပေးရတယ် ။ဒါးလေးတွေနဲ့ခွဲပေးရတယ်။ ခွက်လေးတွေ ဖာလေးတွေနဲ့ ထည့်ပေးရတယ် ။ ညီမတို့ဆို ၆ လပိုင်းကတနှစ်ပြည့်ပြီ။ တချိုဆိုရင်တော့ ၃ နှစ် ၄ နှစ် ၅နှစ်သမားတွေ အများကြီးရှိတယ်"

အလုပ်သမားတွေအနေနဲ့ ရုတ်တရက်အလုပ်ဖြုတ်ခံရတဲ့အတွက် အလုပ်ထပ်ရှာဖို့ကလည်း အခက်အခဲကြုံနေရတယ်လို့ဆိုပါတယ်။

"အခက်အခဲရှိတာပေါ့ အခု ပတ်ပတ်လည်မှ ာအလုပ်ကို ဘယ်မှာမှ အလုပ်လုပ်လို့မရဘူး သမီးတို့အနားတဝိုက်မှာအကုန်လုံးရောဂါတွေလည်းပြန့်နေတယ် တချို့စက်ရုံတွေမှာလည်း ပိုးတွေ့နေတယ် အခုလောလောဆည်မှာဒီနေရာတဝိုက်မှာဘယ်မှာမှ အလုပ်လုပ်လို့မရဘူး"

ကိုဗစ်ကာလ အလုပ်ရှားပါးချိန်မှာ ရုပ်တရက် အလုပ်ဖြုတ်ခံရတဲ့အလုပ်သမားတွေကို ထိုင်းဥပဒေအရ နစ်နာကြေးပေးသင့်ကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

"ထိုင်းနိုင်ငံက ထိုင်းဥပဒေအရ အလုပ်သမားအခွင့်အရေးအရ ၄ လကနေ တနှစ်အတွင်း လုပ်တဲ့သူဆိုရင် တလစာ နစ်နာကြေး လုပ်အားခပေးရပါတယ်။ တနှစ်နဲ့အထက်ဆို ၃ လစာ ၅ လစာ အဲဒီလိုပေးရပါတယ်။ အခုပေးတဲ့ အမြင့်ဆုံးနစ်နာကြေးကအင်မတန်နည်းနေပါတယ်။ တလစာတောင်မရှိပါဘူး"

ထိုင်းနိုင်ငံတွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၄၆၇,၀၀၀ ကျော်ရှိနေပြီး မနေ့က ဇူလိုင်လ ၂၃ ရက်နေ့မှာ အမြင့်ဆုံးကူးစက်သူလူနာအသစ် ၁၄,၅၀၀ ကျော် ရှိခဲ့ပါတယ်။

အခုလိုကူးစက်မူတွေမြင့်တက်လာနေချိန် ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာအလုပ်သမားတွေလည်းကူးစက်ခံနေရပါတယ်။ အခုလိုကာလအလုပ်အကိုင်ရှားပါးနေချိန်မှာပဲအလုပ်သမားတွေအလုပ်ဖြုတ်ခံရတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG