သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ ေရထဲက်သြားတဲ့ ကားေပၚလိုက္ပါသြားသူ ျမန္မာ ၂ ဦးေပ်ာက္ဆုံး


Myanmar Migrants Missing

ထိုင္းႏိုင္ငံ အလယ္ပုိင္း ခ်ြန္ဘူရီျပည္နယ္ အတြင္းက ေရခဲစက္ရံုမွာ အလုပ္လုပ္ႀကတဲ့ ျမန္မာအလုပ္သမား၂ဦး စီးလာတဲ့ကားဟာ ဇူလုိင္လ၂၁ရက္ေန့က လမ္းေဘးက ေရစီးသန္တဲ့ ေရေျမာင္းထဲ ထိုးက်သြားတာေႀကာင့္ ျမန္မာအလုပ္သမား၂ဦးေပ်ာက္ဆံုေနပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္။

ထိုင္းႏိုင္ငံမွာ ေရထဲက်သြားတဲ့ ကားေပၚလိုက္ပါသြားသူ ျမန္မာ ၂ ဦးေပ်ာက္ဆုံး

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံ အလယ္ပုိင္း ခ်ြန္ဘူရီျပည္နယ္ စီရတ္ခ်ားျမိဳ့နယ္ အတြင္းက ေရခဲစက္ရံုမွာ အလုပ္လုပ္ႀကတဲ့ ျမန္မာအလုပ္သမား၂ဦး စီးလာတဲ့ကားဟာ ဇူလုိင္လ၂၁ရက္ေန့က လမ္းေဘးက ေရစီးသန္တဲ့ ေရေျမာင္းထဲ ထိုးက်သြားတာေႀကာင့္ ျမန္မာအလုပ္သမား၂ဦးေပ်ာက္ဆံုေနပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္။

ထုိင္းႏို္င္ငံ အလယ္ပုိင္း ခ်ြန္ဘူရီျပည္နယ္မွာ မုိးသည္းထန္စြာရြာသြန္းျပီး ေရႀကီးေရလ်ံမူေတြ ျဖစ္ေနတာပါ။ ဇူလိုင္လ ၂၁ရက္ေန့ မနက္ပိုင္းမွာေတာ့ ေရခဲစက္ရံုက ျမန္မာအလုပ္သမားေတြ စီးနင္းလာတဲ့ ကားတစီးဟာ ေမာင္ေနးရင္း ေရစီးသန္တဲ့ လမ္းေဘးကေျမာင္းထဲ ထုိးက်ခဲ့တာေႀကာင့္ ကားေပၚမွာပါလာတဲ့ ျမန္မာအလုပ္သမား၂ဦးဟာ ေပ်ာက္ဆံုးေနပါတယ္။
ကားေမာင္းသမားကေတာ့ အသက္ရွင္ေပမယ့္ ကားထဲမွာပါလာတဲ့ ျမန္မာအလုပ္သမား၂ဦးကေတာ့ အခုခ်ိန္ထိ ျပန္ရွာလို့မေတြ႔ပဲ ေပ်ာက္ဆံုးေနတဲ့အေႀကာင္း ျမန္မာျပည္သားမ်ား အေရး ပူးတဲြလွဳပ္ရွားမူ့ေကာ္မတီရဲ ့ဥကၠဌ ဦးမုိးႀကိဳးကေျပာပါတယ္။

"ထိုင္းႏို္င္ငံ အလယ္ပုိင္း၊ ေတာင္ပုိင္း၊ ေျမာက္ပုိင္း ျပည္နယ္ေတြမွာ မိုးကအဆက္မျပတ္ ရြာသြန္းေနတာေႀကာင့္ ေရႀကီးေရလ်ံမူေတြ ျဖစ္ေပၚေနပါတယ္။ အဲဒီထဲက ထုိင္းႏို္င္ငံ အလယ္ပုိင္း၊ ခ်ြန္ဘူရီျပည္နယ္၊ စီရာတ္ခ်ားျမိဳနယ္ထဲမွာ ဇူလိုင္လ ၂၁ရက္ေန့က ေရခဲစက္ရံုမွ ာအလုပ္သမား၂ေယာက္ စီးလာတဲ့ ေမာ္ေတာ္ယဥ္ဟာ ေရစီးသန္တဲ့ ေနရာတခုကိုျဖတ္ေမာင္းသြားတဲ့အခ်ိန္မွာ လမ္းေဘးကေျမာင္းထဲကိုထုိးက်သြားတယ္။ အဲဒီမွာပဲ ျမန္မာအလုပ္သမား၂ေယာက္ဟာ ေရထဲကို ေမ်ာပါေပ်ာက္ဆံုး ေနတာအခုခ်ိန္ထိပဲျဖစ္ပါတယ္။ ကယ္ဆယ္ေရးလုပ္သားေတြကေတာ့ ေပ်ာက္ဆံုးေနတဲ့ျမန္မာအလုပ္သမား၂ဦးကို ရွာေဖြေနဆဲျဖစ္ျပီး သူတို့ရွင္သလား။ ေသသလားဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ရွာေဖြေနဆဲျဖစ္ပါတယ္"

ကားေမာင္းသမားကေတာ့ အသက္ရွင္လ်က္ ျပန္ေတြ ့ခဲ့ေပမယ့္ ကားေပၚမွာ က်န္ခဲ့တဲ့ ျမန္မာအလုပ္သမားေတြကို ျပန္ရွာမေတြ ့တာေႀကာင့္ ကယ္ဆယ္ေရးလုပ္သားေတြက ေရငုတ္ျပီးဆက္လက္ရွာေဖြေနႀကပါတယ္။ ညေနပုိင္း အထိေတာ့ ျမန္မာအလုပ္သမားေတြကုိ ျပန္ရွာမေတြ ့ေသးတာေႀကာင့္ စိုးရိမ္စရာရိွတယ္လို့ ထုိင္းကယ္ဆယ္ေရးအဖဲြ့ေတြ့ ကေတာ့ေျပာဆုိပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

.........................


ထိုင်းနိုင်ငံမှာ ရေထဲကျသွားတဲ့ ကားပေါ်လိုက်ပါသွားသူ မြန်မာ ၂ ဦးပျောက်ဆုံး


{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ အလယ်ပိုင်း ချွန်ဘူရီပြည်နယ် စီရတ်ချားမြို့နယ် အတွင်းက ရေခဲစက်ရုံမှာ အလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမား၂ဦး စီးလာတဲ့ကားဟာ ဇူလိုင်လ၂၁ရက်နေ့က လမ်းဘေးက ရေစီးသန်တဲ့ ရေမြောင်းထဲ ထိုးကျသွားတာကြောင့် မြန်မာအလုပ်သမား၂ဦးပျောက်ဆုံနေပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ အလယ်ပိုင်း ချွန်ဘူရီပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျံမူတွေ ဖြစ်နေတာပါ။ ဇူလိုင်လ ၂၁ရက်နေ့ မနက်ပိုင်းမှာတော့ ရေခဲစက်ရုံက မြန်မာအလုပ်သမားတွေ စီးနင်းလာတဲ့ ကားတစီးဟာ မောင်နေးရင်း ရေစီးသန်တဲ့ လမ်းဘေးကမြောင်းထဲ ထိုးကျခဲ့တာကြောင့် ကားပေါ်မှာပါလာတဲ့ မြန်မာအလုပ်သမား၂ဦးဟာ ပျောက်ဆုံးနေပါတယ်။
ကားမောင်းသမားကတော့ အသက်ရှင်ပေမယ့် ကားထဲမှာပါလာတဲ့ မြန်မာအလုပ်သမား၂ဦးကတော့ အခုချိန်ထိ ပြန်ရှာလို့မတွေ့ပဲ ပျောက်ဆုံးနေတဲ့အကြောင်း မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးကပြောပါတယ်။

"ထိုင်းနိုင်ငံ အလယ်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း ပြည်နယ်တွေမှာ မိုးကအဆက်မပြတ် ရွာသွန်းနေတာကြောင့် ရေကြီးရေလျံမူတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီထဲက ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ချွန်ဘူရီပြည်နယ်၊ စီရာတ်ချားမြိုနယ်ထဲမှာ ဇူလိုင်လ ၂၁ရက်နေ့က ရေခဲစက်ရုံမှ ာအလုပ်သမား၂ယောက် စီးလာတဲ့ မော်တော်ယဉ်ဟာ ရေစီးသန်တဲ့ နေရာတခုကိုဖြတ်မောင်းသွားတဲ့အချိန်မှာ လမ်းဘေးကမြောင်းထဲကိုထိုးကျသွားတယ်။ အဲဒီမှာပဲ မြန်မာအလုပ်သမား၂ယောက်ဟာ ရေထဲကို မျောပါပျောက်ဆုံး နေတာအခုချိန်ထိပဲဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေကတော့ ပျောက်ဆုံးနေတဲ့မြန်မာအလုပ်သမား၂ဦးကို ရှာဖွေနေဆဲဖြစ်ပြီး သူတို့ရှင်သလား။ သေသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရှာဖွေနေဆဲဖြစ်ပါတယ်"

ကားမောင်းသမားကတော့ အသက်ရှင်လျက် ပြန်တွေ့ခဲ့ပေမယ့် ကားပေါ်မှာ ကျန်ခဲ့တဲ့ မြန်မာအလုပ်သမားတွေကို ပြန်ရှာမတွေ့တာကြောင့် ကယ်ဆယ်ရေးလုပ်သားတွေက ရေငုတ်ပြီးဆက်လက်ရှာဖွေနေကြပါတယ်။ ညနေပိုင်း အထိတော့ မြန်မာအလုပ်သမားတွေကို ပြန်ရှာမတွေ့သေးတာကြောင့် စိုးရိမ်စရာရှိတယ်လို့ ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေ့ ကတော့ပြောဆိုပါတယ်ရှင်။

XS
SM
MD
LG