သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူရောက် ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ကိုဗစ်ကန့်သတ်ချက် လျှော့ချ


(Zawgyi / Unicode)


စကာၤပူ နိုင်ငံမှာ ကိုရိုနာကပ်ဘေးရောဂါ ဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုတွေ ၂ နှစ်ကြာ ချမှတ်ကျင့်သုံးလာခဲ့ပြီးနောက်မှာတော့ ဇွန်လ ၂၄ ရက်နေ့ သောကြာနေ့ကစလို့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ အဆောင်ကနေ အပြင်ထွက်တဲ့ အခါမှာ အထူး ခွင့်ပြုချက် ရယူဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမယ့်လည်း ခွဲခြားဆက်ဆံတဲ့ တားမြစ်ကန့်သတ်ချက် တချို့ကို ဆက်လက်ရှိနေတဲ့ အပေါ် စည်းရုံး လှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေ အတွက် တားမြစ်ကန့်သတ်ချက်တွေ ဘယ်တော့ ရုပ်သိမ်းမလဲ ဆိုတာကို မသိရတဲ့ အတွက် သိပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတာကတော အခုတော့ ရုပ်သိမ်းသွားပြီ ဖြစ်ကြောင်း၊ အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ မျှော်လင့်ကြောင်း ရွှေ့ပြောင်းလုပ်သားတွေကို ကူညီပေးနေတဲ့ စကာၤပူ အခြေစိုက် HOME အဖွဲ့က Desiree Leong က ပြောဆိုခဲ့တာပါ။

စကာၤပူမှာ Covid-19 ကပ်ဘေးရောဂါ ထိန်းချုပ်ကန့်သတ်ရေး အတွက် နေထိုင်သူ အများစု အပေါ် ကာလတို အသွားအလာ တားမြစ် ကန့်သတ်မှုချမှတ်ခဲ့တာ ဖြစ်ပေမယ့် ရွှေ့ပြောင်း လုပ်သားတွေကတော့ အလုပ်သွားတာနဲ့ သွားလာစရာတွေကလွဲလို့ အဆောင်ကနေ ထွက်ခွာတာကို တင်းတင်းကြပ်ကြပ် တားမြစ် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က စလို့ ဆောက်လုပ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း ကဏ္ဍတွေ အပါအဝင် စက်မှု လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ လုပ်သားတွေ အနေနဲ့ သူတို့ အဆောင်ကနေ ထွက်ဖို့ အတွက် ခွင့်ပြုချက် မလိုအပ်တော့ပါဘူး။ ဒါပေမဲ့လို့လည်း တနင်္ဂနွေနေ့နဲ့ အများပြည်သူ အားလပ်ရပ်တွေမှာတော့ လူတွေ အသွားအလာ များတဲ့ နေရာ ၄ ခုကို သွားဖို့ အတွက်တော့ ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ ခွင့်ပြုချက် လျှောက်ထား ရယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG