သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စကၤာပူရဲ႕ ႏိုင္ငံျခားသား လုပ္သားဆိုင္ရာ မူဝါဒေတြ ျပန္လည္ခ်ိန္ညိႇဖို႔ရွိ 


စကၤာပူမွာ အလုပ္လုပ္ေနတဲ့ ႏိုင္ငံျခားသားအလုပ္သမားမ်ား (Foto: Reuters)

[ Zawgyi ]

စကၤာပူ ႏိုင္ငံသားေတြၾကား အလုပ္အကိုင္အတြက္ ယွဥ္ၿပိဳင္ရမႈအေပၚ စိုးရိမ္လာၾကတဲ႔အခ်က္ကို ေျဖရွင္းႏိုင္ေရးအတြက္ ႏိုင္ငံျခားသား လုပ္သားဆိုင္ရာ မူဝါဒေတြကို အစိုးရက ခ်ိန္ညိႇမယ့္အေၾကာင္း စကၤာပူ၀န္ႀကီးခ်ဳပ္က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

စကၤာပူႏိုင္ငံတြင္းကို ႏိုင္ငံျခားသားေတြ ၀င္ေရာက္မႈ၊ အေရအတြက္နဲ႔ အရည္အေသြးကို စီမံခန္႔ခြဲႏိုင္ေရး စကၤာပူရဲ႕ မူဝါဒေတြကို ခ်ိန္ၫွိရမယ့္အေၾကာင္း၊ ဒီလို ေကာင္းေကာင္း ေဆာင္ရြက္ႏိုင္မယ္ဆိုရင္ေတာ့ ျပည္ပက လုပ္သားေတြနဲ႔ ေရႊ႕ေျပာင္းအေျခခ်သူ အသစ္ေတြကို ဆက္ၿပီး ႀကိဳဆိုႏိုင္မယ္လို႔ ၀န္ႀကီးခ်ဳပ္ Lee Hsien Loong က အမ်ိဳးသားေန႔ မိန္႔ခြန္းမွာ ထည့္သြင္းေျပာဆိုပါတယ္။

ႏိုင္ငံျခားသား အလုပ္သမား အေရးျပႆနာက အရင္ကတည္းက ရွိေနၿပီးသား ျဖစ္ေပမယ့္လည္း Covid-19 ကပ္ေဘးေရာဂါ ကာလအတြင္း မေရရာမႈေတြေၾကာင့္ အလုပ္အကိုင္အေရး စကၤာပူ ျပည္သူေတြၾကား ပိုၿပီး စိုးရိမ္ေနၾကတာပါ။ ၿပီးခဲ႔တဲ႔ႏွစ္ အေထြေထြေရြးေကာက္ပြဲ စည္းရံုးမႈေတြမွာ အတိုက္အခံ ပါတီေတြဘက္က ဒီကိစၥကို အေလးေပးခဲ႔ၾကပါတယ္။

စကၤာပူ လူဦးေရ ၅ ဒသမ ၇ သန္းရဲ႕ ၃၀ ရာခိုင္ႏႈန္းေလာက္က ႏိုင္ငံျခားသားေတြ ျဖစ္ၿပီး ၁၉၉၀ ျပည့္ႏွစ္မွာ ၁၀ ရာခိုင္ႏႈန္းေလာက္ ရွိခဲ႔ရာကေန တိုးလာတာ ျဖစ္ေၾကာင္း အစိုးရ စာရင္းေတြမွာ ေဖာ္ျပပါတယ္။ စကၤာပူမွာ အေျခခ် အလုပ္လုပ္ေနတဲ႔ ႏိုင္ငံျခားသားေတြထဲမွာ ျမန္မာေတြလည္း အမ်ားအျပားပါ၀င္ၿပီး သတင္းအခ်က္အလက္ နည္းပညာ၊ အင္ဂ်င္နီယာနဲ႔ သူနာျပဳ အကူလိုမ်ိဳး ၀န္ေဆာင္မႈေတြမွာပါ အလုပ္လုပ္ကိုင္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

စင်္ကာပူရဲ့ နိုင်ငံခြားသား လုပ်သားဆိုင်ရာ မူဝါဒတွေ ပြန်လည်ချိန်ညှိဖို့ရှိ

စင်္ကာပူ နိုင်ငံသားတွေကြား အလုပ်အကိုင်အတွက် ယှဉ်ပြိုင်ရမှုအပေါ် စိုးရိမ်လာကြတဲ့အချက်ကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံခြားသား လုပ်သားဆိုင်ရာ မူဝါဒတွေကို အစိုးရက ချိန်ညှိမယ့်အကြောင်း စင်္ကာပူဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

စင်္ကာပူနိုင်ငံတွင်းကို နိုင်ငံခြားသားတွေ ဝင်ရောက်မှု၊ အရေအတွက်နဲ့ အရည်အသွေးကို စီမံခန့်ခွဲနိုင်ရေး စင်္ကာပူရဲ့ မူဝါဒတွေကို ချိန်ညှိရမယ့်အကြောင်း၊ ဒီလို ကောင်းကောင်း ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ပြည်ပက လုပ်သားတွေနဲ့ ရွှေ့ပြောင်းအခြေချသူ အသစ်တွေကို ဆက်ပြီး ကြိုဆိုနိုင်မယ်လို့ ဝန်ကြီးချုပ် Lee Hsien Loong က အမျိုးသားနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

နိုင်ငံခြားသား အလုပ်သမား အရေးပြဿနာက အရင်ကတည်းက ရှိနေပြီးသား ဖြစ်ပေမယ့်လည်း Covid-19 ကပ်ဘေးရောဂါ ကာလအတွင်း မရေရာမှုတွေကြောင့် အလုပ်အကိုင်အရေး စင်္ကာပူ ပြည်သူတွေကြား ပိုပြီး စိုးရိမ်နေကြတာပါ။ ပြီးခဲ့တဲ့နှစ် အထွေထွေရွေးကောက်ပွဲ စည်းရုံးမှုတွေမှာ အတိုက်အခံ ပါတီတွေဘက်က ဒီကိစ္စကို အလေးပေးခဲ့ကြပါတယ်။

စင်္ကာပူ လူဦးရေ ၅ ဒသမ ၇ သန်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်က နိုင်ငံခြားသားတွေ ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်မှာ ၁၀ ရာခိုင်နှုန်းလောက် ရှိခဲ့ရာကနေ တိုးလာတာ ဖြစ်ကြောင်း အစိုးရ စာရင်းတွေမှာ ဖော်ပြပါတယ်။ စင်္ကာပူမှာ အခြေချ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာတွေလည်း အများအပြားပါဝင်ပြီး သတင်းအချက်အလက် နည်းပညာ၊ အင်ဂျင်နီယာနဲ့ သူနာပြု အကူလိုမျိုး ဝန်ဆောင်မှုတွေမှာပါ အလုပ်လုပ်ကိုင်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG