သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံသား သတ္ျဖတ္ခံရမႈနဲ႔ ဆက္ႏြယ္ၿပီး ဖမ္းဆီးခံရသူ ျမန္မာ ၃၀၀ နီးပါးရွိ


ဖမ္းဆီးခံ ျမန္မာေတြကို ရဲစခန္းမွာ ေနရာမလံုေလာက္တာေႀကာင့္ မ႑ပ္ထုိးျပီးထားရပံု

ထိုင္းႏိုင္ငံ ဆုန္ခလာျပည္နယ္ ဟတ္ယိုင္ၿမိဳ႕နယ္မွာ ထိုင္းႏိုင္ငံသား လွ်ပ္စစ္ဝန္ထမ္းတဦးကို သတ္ၿပီး ေျမျမႇဳပ္အေလာင္းေဖ်ာက္ခံထားရတဲ့အမႈနဲ႔ ပတ္သက္လို႔ ဖမ္းဆီးေနတာ လူ၃ဝဝနီးပါထိ ရွိလာေႀကာင္း  ေရြေျပာင္းအလုပ္သမားအခြင့္ေရး ကြန္ယက္ က ေျပာပါတယ္ ။ ဒီသတင္းကို ဗြီအုိေအ သတင္းေထာက္ မေအးေအးမာ က ေျပာျပေပးပါမယ္။

ထိုင္းႏိုင္ငံသား သတ္ျဖတ္ခံရမႈနဲ႔ ဆက္ႏြယ္ၿပီး ဖမ္းဆီးခံရသူ ျမန္မာ ၃၀၀ နီးပါးရွိ

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံ ဆုန္ခလာျပည္နယ္ ဟတ္ယိုင္ၿမိဳ႕နယ္မွာ ဇြန္လ၁ ရက္က ထိုင္းႏိုင္ငံသား လွ်ပ္စစ္ဝန္ထမ္းတဦးကို သတ္ၿပီး ေျမျမႇဳပ္အေလာင္းေဖ်ာက္ခံထားရတဲ့အမႈနဲ႔ ပတ္သက္လို႔ တရားခံကိုဖမ္းဆိးႏိုင္ဖို႔အတြက္ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို ထိုင္းအာဏာပိုင္ေတြက ၃ရက္အတြင္း ဖမ္းဆီးေနတာ လူ၃ဝဝနီးပါထိ ရွိလာေႀကာင္း ေရြေျပာင္းအလုပ္သမားအခြင့္ေရး ကြန္ယက္ က ေျပာပါတယ္ ။ ဒီသတင္းကို ဗြီအုိေအ သတင္းေထာက္ မေအးေအးမာ က ေျပာျပေပးပါမယ္။

ထိုင္းႏိုင္ငံ ဆုန္ခလာျပည္နယ္ ဟတ္ရိုင္ျမိဳနယ္ထဲ က ဘန႔္ဖလူနဲ႔ ထံုးလံုနယ္စပ္ မွာ ထုိင္းႏိုင္ငံသားတဦး သတ္ျဖတ္ခံရျပီး အေလာင္းကို ေဖ်ာက္ဖ်က္ခံထားရတဲ့ ျဖစ္စဥ္ေႀကာင့္ ထုိင္းအာဏာပုိင္ေတြက သံသယရွိသူေတြကုိ လိုက္လံရွာေဖြဖမ္းဆီးရာမွာ အခုဆိုရင္ အေထာက္အထားမဲ့ ျမန္မာ ၃ဝဝနီးပါး ဖမ္းဆိီးခံထားရေႀကာင္း ေရႊေျပာင္းအလုပ္သမား အခြင့္ေရး ကြန္ယက္ရဲ့ ဟတ္ရိုင္ျမိဳ ့တာ၀န္ခံ ဦးဘရီ က အခုလိုေျပာပါတယ္ ။

"ထံုးလံုရဲစခန္း က ေန ထားတဲ့ေနရာမရွိေတာ့ မ႑ပ္လုပ္ျပီးထားတယ္။ သူတို႔ ေနစဥ္ရွာျပီး ဖမ္းတာေပါ့ေနာ္။ လူေသမူ႔ျဖစ္ျပီးတဲ့ ေနာက္ပုိင္းကေန တဖက္က အမိန့္အရ တရားမဝင္ေတြကို ရွာေဖြျပီးဖမ္းတယ္။ ဖမ္းလို႔မိတဲ့သူေတြကေတာ့ အခုဆိုရင္ ၂ဝဝေက်ာ္ ၃ဝဝနီးပါးထိရွိေနျပီ ၊ တရားမဝင္ ေတာထဲမွာရွိတဲ့သူေတြကုိ လိုက္ဖမ္းတယ္ ။ အနီးအနားပတ္န္းဝက်င္က ဘတ္ (ကဒ္)မရွိတဲ့သူေတြ အခန္းထဲမွာေနတဲ့သူေတြကုိလည္း လိုက္ဖမ္းတယ္။ လူသတ္မူ႔ျဖစ္ျပီးေနာက္ပိုင္းမွာ အထက္က အရာရွိေတြ ေဒသခံလူႀကီးေတြရဲ ့ဖိအားေပးမူ႔အရ သူတို႔ ကေန တရားမဝင္ အလုပ္သမားဟူသမ်ွ အားလံုးကိုလိုက္ဖမ္းတယ္"

ထိုင္းႏိုင္ငံသား ေသဆံုးခဲ့တဲ့ ေမလ၃၁ရက္ေန့ ေနာက္ပုိင္း၊ ဟတ္ရိုင္ျမိဳ႕နယ္ထဲက ျမန္မာေတြကုိ ဆက္တုိက္ဖမ္းဆီးေနတာ ၃ရက္ရွိျပီလို႔လည္း ဦးဘရီက ေျပာပါတယ္။

"နယ္ေျမတဝိွက္ ဂိတ္ေတြခ်ျပီး ဖမ္းတယ္။ အရာရွိေတြ အမ်ားႀကီးကေန လုိက္လံဖမ္းဆီးတယ္။ အနီးတ၀ိုက္က က်ေနာ္တို႔ ျမန္မာအလုပ္သမားေတြေနတဲ့ အခန္းေတြအထိ လိုက္ရွာျပီး ဖမ္းေနတယ္။ အခုဆိုရင္ဖမ္းေနတာ ၃ရက္ရွိသြားပါျပီ"

အခုဆိုရင္ ထံုးလံုရဲစခန္းမွာ ေနရာထုိင္ခင္း မလံုေလာက္တာေႀကာင့္ တာလပတ္ မုိးကာနဲ့ မ႑ပ္ထုိးျပီး ဖမ္းဆီးခံထားရတဲ့လူေတြကုိ ထားထားရသလို အစားအေသာက္ အဝတ္အစားေတြ မလံုေလာက္တာေႀကာင့္ အခက္အခဲျဖစ္ေနႀကတဲ့ ျမန္မာေတြကုိ ကူညီႀကဖို႔ အကူညီေပးႏိုင္သူေတြကို ေဆာ္ႀသေနရတယ္လို႔လည္း ဦးဘရီကေျပာပါတယ္။

"အစားအေသာက္ေတြက သူတို႔အတြက္ ဖူလံုတာမရွိဘူး ။ လူေတြကအမ်ားႀကီးဖမ္းမိေတာ့ေလ။ အခုဆိုရင္ အဝတ္အစားေတြလည္းမရွိဘူး။ သူတို႔ကုိဖမ္းေတာ့ အဝတ္တထည္ ကုိယ္တခုနဲ႔လာခဲ့ႀကတာေလ"

ထုိင္းမေလးနယ္စပ္ ဆံုခလာျပည္နယ္ ဟတ္ရိုင္ျမိဳ႕ ဘန့္ရိုင္ ဘန္႔ဖလူး၊ ထံုးလံု စတဲ့ေနရာေဒသတဝိွက္က ေတာအုပ္ထဲမွာ ႀကိဳးတုပ္ၿပီး ပါးစပ္ကို ပိတ္ဆို႔ထားတဲ့ အမ်ိဳးသားတဦးရဲ႕ ႐ုပ္အေလာင္း ျမွပ္ႏွံထားတာကိုေတြ႔ ခဲ့ရျပီးတဲ့ေနာက္ မေလးရွားႏိုင္ငံကိုသြားဖို႔ ေတာအုပ္တခုမွာ ပုန္းေအာင္းေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၆ဝ ကုိ စတင္ဖမ္းမိခဲ့တာပါ။ အသတ္ခံရသူဟာ တိုက္ခိုက္ခံထားရတဲ့ လကၡဏာေတြ ့ရတယ္လို ထုိင္းအာဏာပိုင္ေတြကို ကုိးကားျပီး ထုိင္းသတင္းမွာ ေဖာ္ျပႀကပါတယ္ ။ ဒီေနာက္မွာေတာ့ ဟတ္ရိုင္ျမိဳနယ္ ဘန္႔ဖလူးေက်းရြာထဲက ေနအိမ္ေတြမွာ လူကုန္ကူးသူေတြက ကားနဲ႔လာေခၚမွာ ေစာင့္ေနႀကတဲ့ ျမန္မာအလုပ္သမားေတြ တန္းလ်ားေတြ ေက်းရြာေတြထဲမွာ ေနထုိင္ေနႀကတဲ့ အေထာက္အထားမဲ့ ျမန္မာေတြကို အစုလိုက္ အျပံဳလိုက္ ဖမ္းဆီးေနတာဟာ အခုဆိုရင္ လူဦးေရ ၃ဝဝ နီးပါးရွိသြားျပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................................

ထိုင်းနိုင်ငံသား သတ်ဖြတ်ခံရမှုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံရသူ မြန်မာ ၃၀၀ နီးပါးရှိ


{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ၁ ရက်က ထိုင်းနိုင်ငံသား လျှပ်စစ်ဝန်ထမ်းတဦးကို သတ်ပြီး မြေမြှုပ်အလောင်းဖျောက်ခံထားရတဲ့အမှုနဲ့ ပတ်သက်လို့ တရားခံကိုဖမ်းဆိးနိုင်ဖို့အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက ၃ရက်အတွင်း ဖမ်းဆီးနေတာ လူ၃ဝဝနီးပါထိ ရှိလာကြောင်း ရွေပြောင်းအလုပ်သမားအခွင့်ရေး ကွန်ယက် က ပြောပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ရိုင်မြိုနယ်ထဲ က ဘန့်ဖလူနဲ့ ထုံးလုံနယ်စပ် မှာ ထိုင်းနိုင်ငံသားတဦး သတ်ဖြတ်ခံရပြီး အလောင်းကို ဖျောက်ဖျက်ခံထားရတဲ့ ဖြစ်စဉ်ကြောင့် ထိုင်းအာဏာပိုင်တွေက သံသယရှိသူတွေကို လိုက်လံရှာဖွေဖမ်းဆီးရာမှာ အခုဆိုရင် အထောက်အထားမဲ့ မြန်မာ ၃ဝဝနီးပါး ဖမ်းဆီးခံထားရကြောင်း ရွှေပြောင်းအလုပ်သမား အခွင့်ရေး ကွန်ယက်ရဲ့ ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီ က အခုလိုပြောပါတယ် ။

"ထုံးလုံရဲစခန်း က နေ ထားတဲ့နေရာမရှိတော့ မဏ္ဍပ်လုပ်ပြီးထားတယ်။ သူတို့ နေစဉ်ရှာပြီး ဖမ်းတာပေါ့နော်။ လူသေမူ့ဖြစ်ပြီးတဲ့ နောက်ပိုင်းကနေ တဖက်က အမိန့်အရ တရားမဝင်တွေကို ရှာဖွေပြီးဖမ်းတယ်။ ဖမ်းလို့မိတဲ့သူတွေကတော့ အခုဆိုရင် ၂ဝဝကျော် ၃ဝဝနီးပါးထိရှိနေပြီ ၊ တရားမဝင် တောထဲမှာရှိတဲ့သူတွေကို လိုက်ဖမ်းတယ် ။ အနီးအနားပတ်န်းဝကျင်က ဘတ် (ကဒ်)မရှိတဲ့သူတွေ အခန်းထဲမှာနေတဲ့သူတွေကိုလည်း လိုက်ဖမ်းတယ်။ လူသတ်မူ့ဖြစ်ပြီးနောက်ပိုင်းမှာ အထက်က အရာရှိတွေ ဒေသခံလူကြီးတွေရဲ့ဖိအားပေးမူ့အရ သူတို့ ကနေ တရားမဝင် အလုပ်သမားဟူသမျှ အားလုံးကိုလိုက်ဖမ်းတယ်"

ထိုင်းနိုင်ငံသား သေဆုံးခဲ့တဲ့ မေလ၃၁ရက်နေ့ နောက်ပိုင်း၊ ဟတ်ရိုင်မြို့နယ်ထဲက မြန်မာတွေကို ဆက်တိုက်ဖမ်းဆီးနေတာ ၃ရက်ရှိပြီလို့လည်း ဦးဘရီက ပြောပါတယ်။

"နယ်မြေတဝှိက် ဂိတ်တွေချပြီး ဖမ်းတယ်။ အရာရှိတွေ အများကြီးကနေ လိုက်လံဖမ်းဆီးတယ်။ အနီးတဝိုက်က ကျနော်တို့ မြန်မာအလုပ်သမားတွေနေတဲ့ အခန်းတွေအထိ လိုက်ရှာပြီး ဖမ်းနေတယ်။ အခုဆိုရင်ဖမ်းနေတာ ၃ရက်ရှိသွားပါပြီ"

အခုဆိုရင် ထုံးလုံရဲစခန်းမှာ နေရာထိုင်ခင်း မလုံလောက်တာကြောင့် တာလပတ် မိုးကာနဲ့ မဏ္ဍပ်ထိုးပြီး ဖမ်းဆီးခံထားရတဲ့လူတွေကို ထားထားရသလို အစားအသောက် အဝတ်အစားတွေ မလုံလောက်တာကြောင့် အခက်အခဲဖြစ်နေကြတဲ့ မြန်မာတွေကို ကူညီကြဖို့ အကူညီပေးနိုင်သူတွေကို ဆော်သြနေရတယ်လို့လည်း ဦးဘရီကပြောပါတယ်။

"အစားအသောက်တွေက သူတို့အတွက် ဖူလုံတာမရှိဘူး ။ လူတွေကအများကြီးဖမ်းမိတော့လေ။ အခုဆိုရင် အဝတ်အစားတွေလည်းမရှိဘူး။ သူတို့ကိုဖမ်းတော့ အဝတ်တထည် ကိုယ်တခုနဲ့လာခဲ့ကြတာလေ"

ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ် ဟတ်ရိုင်မြို့ ဘန့်ရိုင် ဘန့်ဖလူး၊ ထုံးလုံ စတဲ့နေရာဒေသတဝှိက်က တောအုပ်ထဲမှာ ကြိုးတုပ်ပြီး ပါးစပ်ကို ပိတ်ဆို့ထားတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်း မြှပ်နှံထားတာကိုတွေ့ ခဲ့ရပြီးတဲ့နောက် မလေးရှားနိုင်ငံကိုသွားဖို့ တောအုပ်တခုမှာ ပုန်းအောင်းနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ဝ ကို စတင်ဖမ်းမိခဲ့တာပါ။ အသတ်ခံရသူဟာ တိုက်ခိုက်ခံထားရတဲ့ လက္ခဏာတွေ့ရတယ်လို ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြကြပါတယ် ။ ဒီနောက်မှာတော့ ဟတ်ရိုင်မြိုနယ် ဘန့်ဖလူးကျေးရွာထဲက နေအိမ်တွေမှာ လူကုန်ကူးသူတွေက ကားနဲ့လာခေါ်မှာ စောင့်နေကြတဲ့ မြန်မာအလုပ်သမားတွေ တန်းလျားတွေ ကျေးရွာတွေထဲမှာ နေထိုင်နေကြတဲ့ အထောက်အထားမဲ့ မြန်မာတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီးနေတာဟာ အခုဆိုရင် လူဦးရေ ၃ဝဝ နီးပါးရှိသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG