သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံသား အသတ္ခံရမႈနဲ႔ ဆက္ႏြယ္ၿပီး ျမန္မာ ၁၇ဝ ေက်ာ္ စစ္ေဆးခံရ 


Myanmar migrant workers arrested in Thailand. (ယခင္မွတ္တမ္းဓါတ္ပုံ)

ထိုင္းႏိုင္ငံသား သတ္ၿပီး အေလာင္းေဖ်ာက္ခံထားရတဲ့ အမႈနဲ႔ပတ္သက္လို႔ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၁၇၀ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီးစစ္ေဆးေနတယ္လို့ ေရြေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ကေျပာပါတယ္ ။ ဒီသတင္းကို ဗြီအုိေအ သတင္းေထာက္ မေအးေအးမာ ကေျပာျပေပးပါမယ္။

ထိုင္းႏိုင္ငံသား အသတ္ခံရမႈနဲ႔ ဆက္ႏြယ္ၿပီး ျမန္မာ ၁၇ဝ ေက်ာ္ စစ္ေဆးခံရ

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံ ဆုန္ခလာျပည္နယ္ ဟတ္ယိုင္ၿမိဳ႕နယ္မွာ ဇြန္လ၁ ရက္က ထိုင္းႏိုင္ငံသား လွ်ပ္စစ္၀န္ထမ္းတဦးကို သတ္ၿပီး ေျမျမႇဳပ္ အေလာင္းေဖ်ာက္ခံထားရတဲ့ အမႈနဲ႔ပတ္သက္လို႔ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၁၇၀ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီးစစ္ေဆးေနတယ္လို့ ေရြေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ကေျပာပါတယ္ ။ ဒီသတင္းကို ဗြီအုိေအ သတင္းေထာက္ မေအးေအးမာ ကေျပာျပေပးပါမယ္။

ထိုင္းႏိုင္ငံ ဆုန္ခလာျပည္နယ္ ဟတ္ရိုင္ျမိဳနယ္ထဲ က ဘန့္ဖလူးနဲ့ ထံုးလံုနယ္စပ္ မွာ ထုိင္းႏိုင္ငံသားတဦး သတ္ျဖတ္ခံရျပီး အေလာင္းကို ေဖ်ာက္ဖ်က္ခံထားရတဲ့ ျဖစ္စဥ္ေႀကာင့္ ထုိင္းအာဏာပုိင္ေတြက သံသယရွိသူေတြကုိ လိုက္လံရွာေဖြဖမ္းဆီးရာမွာ ေတာအုပ္ထဲမွာ မေလးရွားႏုိင္ငံကုိ ခုိး၀င္ဖုိ့ေစာင့္ေနႀကတဲ့ ျမန္မာႏိုင္ငံသား ၁၀၀ေက်ာ္ကုိ ဖမ္းမိခဲ့တာပါ။ အခုဆိုရင္ လူသတ္မူျဖစ္စဥ္ေႀကာင့္ အနီးတ၀ိုက္ေတာအုပ္ထဲမွ ာဖမ္းမိတဲ့ ျမန္မာအလုပ္သမား ၁၇၀ေက်ာ္ေလာက္ ကုိ ဖမ္းဆီးစစ္ေဆးတာေတြလုပ္ေနတယ္လို့လည္း ဆံုခလာျပည္နယ္ ဟတ္ရိုင္ျမိဳ့ က ေရြေျပာင္းအလုပ္သမား အခြင့္ေရးကြန္ယက္ တာ၀န္ခံ ဦးဘရီ က အခုလိုေျပာပါတယ္။

"အသတ္ခံထိတဲ့ ထုိင္းလူမ်ိဳးတေယာက္ရဲ ့အေလာင္းကိုေတြ ့ရွိတာ သိတ္မေ၀းဘူး ။သစ္ေတာတေလ်ာက္လံုးမွာ ေတာအုပ္ေတြ အေတာ္မ်ားမ်ားမွာ မေလးရွားကုိသြားႀကမယ့္သူေတြ ေရြေျပာင္း အလုပ္သမားအေတာ္မ်ားမ်ားကို ထားထားတာ အဖမ္းဆီးေတြရွိေတာ့ အဲဒီေနရာမွာထားႀကတယ္ ။ အဲဒီေနရာမွာ ထုိင္းေတြက အဲဒီမွာသြားျပီး လုယက္တာေတြရွိတယ္။ ပုိက္ဆံပါရင္ ပုိက္ဆံလု႔တယ္။ ဖုန္းပါရင္ဖုန္းေတြသြားလုတယ္။ ေရႊေငြရတနာပါရင္ အဲဒါေတြကိုလုယက္တာေတြရွိတယ္။ အဲဒီလို့ လူယက္မူ့ေတြ မုဒိန္းမူေတြျဖစ္ျပီးေတာ့ အခုလို လူသတ္မူေတြျဖစ္တာလို့ သတင္းရထားတယ္။ ဒါေပမယ့္ မည္သူမည္၀ါ သတ္တယ္ဆုိတာေတာ့ မသိရဘူး ။ အဲဒီေတာ့မေန့က ဖမ္းတာကေတာ့ ၁၇၇ေယာက္ကုိ ေတာအုပ္ထဲမွာမိတာေပါ့ ။ အဲဒီလိုအေနအထားေတြ အခုေတာ့ လူသတ္မူနဲ့ သံသယရွိသူေတြ တရားခံေတြ ေရြေျပာင္းအလုပ္သမားေတြအားလံုးကုိျခံုျပီးေတာ့လိုက္ဖမ္းတာေပါ့ေနာ္"

အာဏာပုိင္ေတြ ဟာ ဟတ္ရိုင္ျမိဳနယ္ထဲက ဘန့္ဖလူး ဘန့္ရုိင္ ထံုးလံု စတဲ့ေဒသေတြက ေတာအုပ္တေလ်ာက္မွာ ျမန္မာေရႊေျပာင္း အလုပ္သမားေတြကုိ လိုက္လံဖမ္းဆီးခဲ့ပါတယ္ ။ ျမန္မာအလုပ္သမားေတြ ေနထုိင္္ေနတဲ့ေတာအုပ္ေတြအနီးမွာ ေသဆံုးသူ ထုိင္းႏိုင္ငံသား စီးသြားတဲ့ ဆုိင္ကယ္နဲ့့ ေျမျမွပ္ထားတဲ့အေလာင္းကို ေတြ့ရွိခဲ့တာျဖစ္လို့ အဲဒီေနရာမွာ ပိုက္စိတ္တုိက္ရွာေဖြဖမ္းဆီးမူေတြလုပ္ေနတာလုိ့လည္း ဦးဘရီကေျပာပါတယ္။

" ေရြေျပာင္းအလုပ္သမားေတြ ေတာထဲမွာရွိတာကို သြားဖမ္းရင္းနဲ့ ေသတဲ့သူက အေလာင္းကေပ်ာက္ေနတယ္။ ေသတဲ့လူက ေပ်ာက္ေနေတာ့ လူေတြကိုသြားဖမ္းရင္းနဲ့ ေသတဲ့သူရဲ႔ ဆုိင္ကယ္ကို စေတြ့တာ။ ေတာထဲမွာပဲအေလာင္းကိုျမဳပ္ထားတာေတြရတယ္"

ႀကိဳးတုပ္ၿပီး ပါးစပ္ကိုပိတ္ဆို႔ထားတဲ့ အမ်ိဳးသားတစ္ဦးရဲ႕ ႐ုပ္အေလာင္း ေဂါက္ကြင္းတစ္ခုရဲ႕ေဘးမွာ ျမွပ္ႏွံထားတာကိုေတြ ရျပီးတဲ့ေနာက္ မေလးရွားႏိုင္ငံကိုသြားဖို့ ေတာအုပ္တစ္ခုမွာ ပုန္းေအာင္းေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၆၀ကုိစတင္ဖမ္းမိခဲ့တာပါ ။ အသတ္ခံရသူဟာ တိုက္ခိုက္ခံထားရတဲ့လကၡဏာေတြ ့ရတယ္လို့ ထုိင္းအာဏာပိုင္ေတြကို ကုိးကားျပီး ထုိင္းသတင္းမွာ ေဖာ္ျပႀကပါတယ္။ ဒီေနာက္မွာေတာ့ ဟတ္ရိုင္ျမိဳနယ္ ဘန့္ဖလူးေက်းရြာထဲ က ေနအိမ္ေတြမွာ လူကုန္ကူးသူေတြက ကားနဲ့လာေခၚမွာေစာင့္ေနႀကတဲ့ ျမန္မာအလုပ္သမား၁၀၀ေက်ာ္ကုိလည္း အစုလိုက္အျပံုလိုက္ ဖမ္းမိခဲ့တာျဖစ္ပါတယ္။ အခုအခါမွာေတာ့ ဖမ္းဆီးခံရတဲ့ ျမန္မာေတြကို စစ္ေဆးေမးျမန္းတာေတြ လုပ္ေနတယ္လို့လည္း ေရႊေျပာင္းအလုပ္သမား အခြင့္ေရး ကြန္ယက္ က ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................

ထိုင်းနိုင်ငံသား အသတ်ခံရမှုနဲ့ ဆက်နွယ်ပြီး မြန်မာ ၁၇၀ ကျော် စစ်ဆေးခံရ

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ၁ ရက်က ထိုင်းနိုင်ငံသား လျှပ်စစ်ဝန်ထမ်းတဦးကို သတ်ပြီး မြေမြှုပ် အလောင်းဖျောက်ခံထားရတဲ့ အမှုနဲ့ပတ်သက်လို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရွေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ကပြောပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကပြောပြပေးပါမယ်။

ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ရိုင်မြိုနယ်ထဲ က ဘန့်ဖလူးနဲ့ ထုံးလုံနယ်စပ် မှာ ထိုင်းနိုင်ငံသားတဦး သတ်ဖြတ်ခံရပြီး အလောင်းကို ဖျောက်ဖျက်ခံထားရတဲ့ ဖြစ်စဉ်ကြောင့် ထိုင်းအာဏာပိုင်တွေက သံသယရှိသူတွေကို လိုက်လံရှာဖွေဖမ်းဆီးရာမှာ တောအုပ်ထဲမှာ မလေးရှားနိုင်ငံကို ခိုးဝင်ဖို့စောင့်နေကြတဲ့ မြန်မာနိုင်ငံသား ၁၀၀ကျော်ကို ဖမ်းမိခဲ့တာပါ။ အခုဆိုရင် လူသတ်မူဖြစ်စဉ်ကြောင့် အနီးတဝိုက်တောအုပ်ထဲမှ ာဖမ်းမိတဲ့ မြန်မာအလုပ်သမား ၁၇၀ကျော်လောက် ကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့လည်း ဆုံခလာပြည်နယ် ဟတ်ရိုင်မြို့ က ရွေပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက် တာဝန်ခံ ဦးဘရီ က အခုလိုပြောပါတယ်။

"အသတ်ခံထိတဲ့ ထိုင်းလူမျိုးတယောက်ရဲ့အလောင်းကိုတွေ့ရှိတာ သိတ်မဝေးဘူး ။သစ်တောတလျောက်လုံးမှာ တောအုပ်တွေ အတော်များများမှာ မလေးရှားကိုသွားကြမယ့်သူတွေ ရွေပြောင်း အလုပ်သမားအတော်များများကို ထားထားတာ အဖမ်းဆီးတွေရှိတော့ အဲဒီနေရာမှာထားကြတယ် ။ အဲဒီနေရာမှာ ထိုင်းတွေက အဲဒီမှာသွားပြီး လုယက်တာတွေရှိတယ်။ ပိုက်ဆံပါရင် ပိုက်ဆံလု့တယ်။ ဖုန်းပါရင်ဖုန်းတွေသွားလုတယ်။ ရွှေငွေရတနာပါရင် အဲဒါတွေကိုလုယက်တာတွေရှိတယ်။ အဲဒီလို့ လူယက်မူ့တွေ မုဒိန်းမူတွေဖြစ်ပြီးတော့ အခုလို လူသတ်မူတွေဖြစ်တာလို့ သတင်းရထားတယ်။ ဒါပေမယ့် မည်သူမည်ဝါ သတ်တယ်ဆိုတာတော့ မသိရဘူး ။ အဲဒီတော့မနေ့က ဖမ်းတာကတော့ ၁၇၇ယောက်ကို တောအုပ်ထဲမှာမိတာပေါ့ ။ အဲဒီလိုအနေအထားတွေ အခုတော့ လူသတ်မူနဲ့ သံသယရှိသူတွေ တရားခံတွေ ရွေပြောင်းအလုပ်သမားတွေအားလုံးကိုခြုံပြီးတော့လိုက်ဖမ်းတာပေါ့နော်"

အာဏာပိုင်တွေ ဟာ ဟတ်ရိုင်မြိုနယ်ထဲက ဘန့်ဖလူး ဘန့်ရိုင် ထုံးလုံ စတဲ့ဒေသတွေက တောအုပ်တလျောက်မှာ မြန်မာရွှေပြောင်း အလုပ်သမားတွေကို လိုက်လံဖမ်းဆီးခဲ့ပါတယ် ။ မြန်မာအလုပ်သမားတွေ နေထိုင်နေတဲ့တောအုပ်တွေအနီးမှာ သေဆုံးသူ ထိုင်းနိုင်ငံသား စီးသွားတဲ့ ဆိုင်ကယ်နဲ့ မြေမြှပ်ထားတဲ့အလောင်းကို တွေ့ရှိခဲ့တာဖြစ်လို့ အဲဒီနေရာမှာ ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးမူတွေလုပ်နေတာလို့လည်း ဦးဘရီကပြောပါတယ်။

" ရွေပြောင်းအလုပ်သမားတွေ တောထဲမှာရှိတာကို သွားဖမ်းရင်းနဲ့ သေတဲ့သူက အလောင်းကပျောက်နေတယ်။ သေတဲ့လူက ပျောက်နေတော့ လူတွေကိုသွားဖမ်းရင်းနဲ့ သေတဲ့သူရဲ့ ဆိုင်ကယ်ကို စတွေ့တာ။ တောထဲမှာပဲအလောင်းကိုမြုပ်ထားတာတွေရတယ်"

ကြိုးတုပ်ပြီး ပါးစပ်ကိုပိတ်ဆို့ထားတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း ဂေါက်ကွင်းတစ်ခုရဲ့ဘေးမှာ မြှပ်နှံထားတာကိုတွေ ရပြီးတဲ့နောက် မလေးရှားနိုင်ငံကိုသွားဖို့ တောအုပ်တစ်ခုမှာ ပုန်းအောင်းနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀ကိုစတင်ဖမ်းမိခဲ့တာပါ ။ အသတ်ခံရသူဟာ တိုက်ခိုက်ခံထားရတဲ့လက္ခဏာတွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြကြပါတယ်။ ဒီနောက်မှာတော့ ဟတ်ရိုင်မြိုနယ် ဘန့်ဖလူးကျေးရွာထဲ က နေအိမ်တွေမှာ လူကုန်ကူးသူတွေက ကားနဲ့လာခေါ်မှာစောင့်နေကြတဲ့ မြန်မာအလုပ်သမား၁၀၀ကျော်ကိုလည်း အစုလိုက်အပြုံလိုက် ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ ဖမ်းဆီးခံရတဲ့ မြန်မာတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့လည်း ရွှေပြောင်းအလုပ်သမား အခွင့်ရေး ကွန်ယက် က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG