သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

MOU အရ ျမန္အလုပ္သမားေတြကို ထိုင္း ျပန္လည္ေခၚယူ


MOU အရ ျမန္အလုပ္သမားေတြကို ထိုင္း ျပန္လည္ေခၚယူ

ထိုင္းျမန္မာနယ္စပ္ ျမ၀တီ မဲေဆာက္ခ်စ္ႀကည္ေရးတံတား(၂)ကေန ၂ရက္အတြင္း ႏွစ္ႏိုင္ငံ သေဘာတူစာခ်ဳပ္ MOU နဲ့ လာတဲ့ ျမန္မာအလုပ္သမား ၆၀၀ေလာက္ကို ထုိင္းဘက္က ေခၚယူခဲ့ပါတယ္။   ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ့ထားပါတယ္။

MOU အရ ျမန္အလုပ္သမားေတြကို ထိုင္း ျပန္လည္ေခၚယူ

{{Zawgyi/Unicode}}
ထိုင္းျမန္မာနယ္စပ္ ျမ၀တီ မဲေဆာက္ခ်စ္ႀကည္ေရးတံတား(၂)ကေန ၂ရက္အတြင္း ႏွစ္ႏိုင္ငံ သေဘာတူစာခ်ဳပ္ MOU နဲ့ လာတဲ့ ျမန္မာအလုပ္သမား ၆၀၀ေလာက္ကို ထုိင္းဘက္က ေခၚယူခဲ့ပါတယ္။ အခုလို ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္နဲ့ တရား၀င္ ေခၚယူခဲ့ေပမယ္ ျပီးခဲ့တဲ့ႏွစ္ေတြက MOU လုပ္သားေတြႀကံဳခဲ့ရတဲ့ အလုပ္မရွိတဲ့ အျဖစ္ေတြ လုပ္ငန္းခြင္ မတူတဲ့အျဖစ္ေတြ ေနရပ္ျပန္ပုိ့ခံရတာေတြ လုပ္အားခနည္းတာေတြ လူကုန္ကူးခံရတဲ့ျဖစ္ရပ္ေတြကုိ ႀကံဳရမွာေတြကုိ စိုးရိမ္မိတယ္လို့ အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက ဆိုပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ့ထားပါတယ္။

ကိုဗစ္ကပ္ေဘးကာလ အေျခအေနေတြေႀကာင့္ ၂ႏွစ္ႀကာ ရပ္ဆုိင္းထားတဲ့ MOU အလုပ္သမားေခၚယူတဲ့ လုပ္ငန္းစဥ္ကို ထုိင္းနဲျမန္မာ တာ၀န္ရွိသူေတြဘက္က ျပန္စခဲ့ပါတယ္။ ဒီအတြက္ ေမလ ၁၀ရက္ေန့နဲ့ ၁၁ရက္ေန့ေတြမွာ ျမန္မာအလုပ္သမား ၆၀၀ေလာက္ဟာ ထုိင္းဘက္ကုိ ေရာက္ရွိလာတယ္ဆုိျပီး အလုပ္သမားေရး လွဳပ္ရွားေဆာင္ရြက္ေနတဲ့ ေရာင္ျခည္ဦး အလုပ္သမားအဖဲြက အလုပ္သမားေရးလွုပ္ရွားသူဦးမိုးေက်ာ္ ကေျပာပါတယ္။

"ထိုင္း ျမန္မာနယ္စပ္ကေန MOU လုပ္သားေတြ ၃၀၁ဦးကို လက္ခံသြင္းတယ္ဆိုျပီး ၀င္လာတာရွိတယ္။မေန့ကေတာ့ ၂၈၈ေယာက္ေပါ့ေနာ္ "

အခု လာႀကတဲ့ MOU လုပ္သားေတြဟာ ကုန္က်စရိတ္ ၂ဆေလာက္ေပးျပီး လာခဲ့ႀကရတယ္လို့ ဦးမိုးေက်ာ္ကဆုိပါတယ္။

" အရင္တုန္းက MOU စံနစ္နဲ့ တင္သြင္းတဲ့ ကုန္က်စရိတ္ေတြထက္ ႏွစ္ဖက္ ထုိင္းေကာ ျမန္မာေကာ ႏွစ္ဆေလာက္ ႀကီးျမင့္တဲ့ ကုန္က်စရိတ္ေတြနဲ့ ၀င္ေရာက္လာတာေတြ ့ရတယ္။ ျမန္မာလုပ္သားေတြက ျမန္မာဘက္က ၃သိန္းနဲ့ ထိုင္း၀န္ေဆာင္ခက ရ၄၀၀ ဆုိေတာ့ ႏွစ္ဆေလာက္တုိးသြားတယ္ ။ ဗီဇာေႀကးကလည္းအရင္က ဘတ္ ၅၀၀ကေန အခုက်ေတာ့ ၁၉၀၀ ဆုိေတာ့ဗီဇာေႀကးက ပုိျပီးႀကီးသြားတယ္။ အျပင္မွာက ပဲြစားေတြ ေအဂ်င္စီက အလုပ္သမားေတြဆီက တကယ္ေကာက္ခံတာက က်ပ္သိန္း ၁၈သိန္းကေန ၂၂ႏွစ္သိန္းအထိေကာက္ခံတာရွိတယ္"

အခုလို အလုပ္အကုိင္ အခက္အခဲေတြျဖစ္ေနတဲ့ ကာလမွာ အလုပ္အကုိင္ရဖို့အတြက္ ႀကီးေလးတဲ့ကုန္က်စရိတ္ေတြ ေပးျပီးလာခဲ့ႀကတဲ့ ျမန္မာအလုပ္သမားေတြအတြက္ လုပ္ငန္းခြင္သေဘာတူစာခ်ဳပ္ေတြအတိုင္း လုပ္ေဆာင္ေပးဖို့ လိုအပ္တယ္လို့လည္း အလုပ္သမားေရး လွဳပ္ရွားေဆာင္ရြက္ေနသူေတြကဆုိပါတယ္။ ဒါေပမယ့္ အရင္တုန္းကဆုိရင္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ စာခ်ဳပ္ေတြ လက္မွတ္ေရးထုိးထားေပမယ့္ ေအဂ်င္စီေတြ ပဲြစားေတြက စာခ်ဳပ္ပါစည္းမ်ဥ္းေတြအတိုင္း လုပ္ေဆာင္တာ လုိက္နာတာမ်ိဳးမရွိခဲ့တဲ့အတြက္ အလုပ္သမားေတြဟာ ေနရပ္ျပန္ပို့ခံရတာေတြအျပင္ ေငြကုန္ျပီး တရားမ၀င္ လူကုန္ကူးခံရတဲ့ အျဖစ္ေတြကို ေရာက္ရွိႀကတာေတြလည္ းရွိခဲ့တယ္လို့ဦးမုိးေက်ာ္ကဆိုပါတယ္။

" ဥပမာ နာနာသီးစက္ရံုလုပ္ရမယ္ေျပာျပီး သားသတ္စက္ရံုမွ ာလုပ္ရတာလည္းရွိတယ္။ လုပ္ငန္းခြင့္မတူတဲ့ျပသာနာေတြရွိတယ္ ။ ေနာက္တခါက်ေတာ့ ဘန္ေကာက္ အနီး၀န္းက်င္မွာ လုပ္ရမယ္ဆုိျပီး ကေမၻာဒီးယားနယ္စပ္က ငါးဖမ္းပုိက္စက္ရံုကို ပုိ့လိုက္တာေတြလည္းရွိတယ္။ အလုပ္ေတြမရလို့ ျပန္ျပီးလႊတ္တာမ်ိဳးက်ေတာ့ သူတို့ ေအးဂ်င့္ေတြကို ေပးထားတဲ့ ပုိက္ဆံေတြဆံုးရွံးျပီးေတာ့ အျခားနယ္ေတြ ကိုျပန္ေရာက္တာရွိတယ္။ နယ္စပ္ကုိျပန္ပု့ိခံရတာေတြရွိတယ္။ သူတုိ့ပိုက္ဆံေတြျပန္ရဖုိ့အတြက္ ေအးဂ်င့္ေတြကိုျပန္ေတာင္းတာရွိတယ္။ အဲဒီေအဂ်င့္ေတြက တျခားေနရာေတြမွာ အလုပ္ရမယ္ေျပာျပီး တျခားေနရာေတြကို လူကုန္ကူးတဲ့ ပံုစံေတြနဲ့ ပါသြားတဲ့ နမူနာေတြရွိခဲ့ပါတယ္"

ထုိင္းႏိုင္ငံမွာ လုပ္သားလိုအပ္ခ်က္ေတြရွိေနတဲ့အတြက္ သိန္းန့ဲခ်ီရွိတဲ့ အလုပ္သမားေတြ ဌားရမ္းဖို့အတြက္ျပင္ဆင္ထားတာပါ ။ကုိဗစ္ကာလမွာ စီးပြာေရးလုပ္ငန္းေတြက ေဒ၀ါလီခံသြားတာ စက္ရံုေတြ ဖ်က္သိမ္းလိုက္တာ အလုပ္သမား အင္အားေလ်ာ့ခ်ပစ္တာေတြ အမ်ားအျပားရွိခဲ့ပါတယ္။ ဒီအတြက္ ထိုင္းႏိုင္ငံရဲ ့စီးပြားေရးက်ဆင္းမူကို နလံထူႏိုင္ဖို့အတြက္ လုပ္ငန္းေတြကို ျပန္အေကာင္အထည္ေဖာ္ဖို့အတြက္ ထုိင္းအစုိးရျပင္ဆင္ခဲ့ျပီး အိမ္နီးခ်င္းႏိုင္ငံေတြက အလုပ္သမားအမ်ားအျပားကုိ စတင္ေခၚယူတင္သြင္းလာတာျဖစ္ပါတယ္ ။

ထိုင္းအလုပ္သမား၀န္ႀကီးဌာန လက္ေအာက္က ဌာနတခုျဖစ္တဲ့ အလုပ္အကုိင္ဦးစီးဌာန Department of Employment (DOE )က MOU နဲ႔ လာေရာက္လုပ္ကိုင္မယ့္ ျမန္မာအပါအ၀င္ ကေမၻာဒီးယား လာအို၀္ ၃ ႏိုင္ငံက ေ႐ႊ႕ေျပာင္းအလုပ္သမား ၁၄၄၇၀၉ ကုိ ဧျပီလအတြင္း အလုပ္လုပ္ခြင့္ ပါမစ္မ်ား ခ်ေပးခဲ့ျပီး ဒီထဲမွာ ျမန္မာအလုပ္သမား တသိန္းေက်ာ္ကို ေခၚယူသြားမွာျဖစ္ပါတယ္။

အခုဆိုရင္ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္နဲ့ လာႀကတဲ့ျမန္မာအလုပ္သမားေတြဟာ ေမလ၁၀ရက္ေန့နဲ့ ၁၁ရက္ေန့ ႏွစ္ရက္အတြင္း လူ၆၀၀ေလာက္ စတင္ေခၚယူေနျပီျဖစ္ပါတယ္ရွင္။

MOU အရ ျမန္အလုပ္သမားေတြကို ထိုင္း ျပန္လည္ေခၚယူ
please wait

No media source currently available

0:00 0:04:22 0:00
တိုက္႐ိုက္ လင့္ခ္

.............................................

MOU အရ မြန်အလုပ်သမားတွေကို ထိုင်း ပြန်လည်ခေါ်ယူ

{{Zawgyi/Unicode}}
ထိုင်းမြန်မာနယ်စပ် မြဝတီ မဲဆောက်ချစ်ကြည်ရေးတံတား(၂)ကနေ ၂ရက်အတွင်း နှစ်နိုင်ငံ သဘောတူစာချုပ် MOU နဲ့ လာတဲ့ မြန်မာအလုပ်သမား ၆၀၀လောက်ကို ထိုင်းဘက်က ခေါ်ယူခဲ့ပါတယ်။ အခုလို နှစ်နိုင်ငံ သဘောတူညီချက်နဲ့ တရားဝင် ခေါ်ယူခဲ့ပေမယ် ပြီးခဲ့တဲ့နှစ်တွေက MOU လုပ်သားတွေကြုံခဲ့ရတဲ့ အလုပ်မရှိတဲ့ အဖြစ်တွေ လုပ်ငန်းခွင် မတူတဲ့အဖြစ်တွေ နေရပ်ပြန်ပို့ခံရတာတွေ လုပ်အားခနည်းတာတွေ လူကုန်ကူးခံရတဲ့ဖြစ်ရပ်တွေကို ကြုံရမှာတွေကို စိုးရိမ်မိတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ဘေးကာလ အခြေအနေတွေကြောင့် ၂နှစ်ကြာ ရပ်ဆိုင်းထားတဲ့ MOU အလုပ်သမားခေါ်ယူတဲ့ လုပ်ငန်းစဉ်ကို ထိုင်းနဲမြန်မာ တာဝန်ရှိသူတွေဘက်က ပြန်စခဲ့ပါတယ်။ ဒီအတွက် မေလ ၁၀ရက်နေ့နဲ့ ၁၁ရက်နေ့တွေမှာ မြန်မာအလုပ်သမား ၆၀၀လောက်ဟာ ထိုင်းဘက်ကို ရောက်ရှိလာတယ်ဆိုပြီး အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ရောင်ခြည်ဦး အလုပ်သမားအဖွဲက အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကျော် ကပြောပါတယ်။

"ထိုင်း မြန်မာနယ်စပ်ကနေ MOU လုပ်သားတွေ ၃၀၁ဦးကို လက်ခံသွင်းတယ်ဆိုပြီး ဝင်လာတာရှိတယ်။မနေ့ကတော့ ၂၈၈ယောက်ပေါ့နော် "

အခု လာကြတဲ့ MOU လုပ်သားတွေဟာ ကုန်ကျစရိတ် ၂ဆလောက်ပေးပြီး လာခဲ့ကြရတယ်လို့ ဦးမိုးကျော်ကဆိုပါတယ်။

" အရင်တုန်းက MOU စံနစ်နဲ့ တင်သွင်းတဲ့ ကုန်ကျစရိတ်တွေထက် နှစ်ဖက် ထိုင်းကော မြန်မာကော နှစ်ဆလောက် ကြီးမြင့်တဲ့ ကုန်ကျစရိတ်တွေနဲ့ ဝင်ရောက်လာတာတွေ့ရတယ်။ မြန်မာလုပ်သားတွေက မြန်မာဘက်က ၃သိန်းနဲ့ ထိုင်းဝန်ဆောင်ခက ရ၄၀၀ ဆိုတော့ နှစ်ဆလောက်တိုးသွားတယ် ။ ဗီဇာကြေးကလည်းအရင်က ဘတ် ၅၀၀ကနေ အခုကျတော့ ၁၉၀၀ ဆိုတော့ဗီဇာကြေးက ပိုပြီးကြီးသွားတယ်။ အပြင်မှာက ပွဲစားတွေ အေဂျင်စီက အလုပ်သမားတွေဆီက တကယ်ကောက်ခံတာက ကျပ်သိန်း ၁၈သိန်းကနေ ၂၂နှစ်သိန်းအထိကောက်ခံတာရှိတယ်"

အခုလို အလုပ်အကိုင် အခက်အခဲတွေဖြစ်နေတဲ့ ကာလမှာ အလုပ်အကိုင်ရဖို့အတွက် ကြီးလေးတဲ့ကုန်ကျစရိတ်တွေ ပေးပြီးလာခဲ့ကြတဲ့ မြန်မာအလုပ်သမားတွေအတွက် လုပ်ငန်းခွင်သဘောတူစာချုပ်တွေအတိုင်း လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်နေသူတွေကဆိုပါတယ်။ ဒါပေမယ့် အရင်တုန်းကဆိုရင် နှစ်နိုင်ငံ သဘောတူညီချက် စာချုပ်တွေ လက်မှတ်ရေးထိုးထားပေမယ့် အေဂျင်စီတွေ ပွဲစားတွေက စာချုပ်ပါစည်းမျဉ်းတွေအတိုင်း လုပ်ဆောင်တာ လိုက်နာတာမျိုးမရှိခဲ့တဲ့အတွက် အလုပ်သမားတွေဟာ နေရပ်ပြန်ပို့ခံရတာတွေအပြင် ငွေကုန်ပြီး တရားမဝင် လူကုန်ကူးခံရတဲ့ အဖြစ်တွေကို ရောက်ရှိကြတာတွေလည် းရှိခဲ့တယ်လို့ဦးမိုးကျော်ကဆိုပါတယ်။

" ဥပမာ နာနာသီးစက်ရုံလုပ်ရမယ်ပြောပြီး သားသတ်စက်ရုံမှ ာလုပ်ရတာလည်းရှိတယ်။ လုပ်ငန်းခွင့်မတူတဲ့ပြသာနာတွေရှိတယ် ။ နောက်တခါကျတော့ ဘန်ကောက် အနီးဝန်းကျင်မှာ လုပ်ရမယ်ဆိုပြီး ကမ္ဘောဒီးယားနယ်စပ်က ငါးဖမ်းပိုက်စက်ရုံကို ပို့လိုက်တာတွေလည်းရှိတယ်။ အလုပ်တွေမရလို့ ပြန်ပြီးလွှတ်တာမျိုးကျတော့ သူတို့ အေးဂျင့်တွေကို ပေးထားတဲ့ ပိုက်ဆံတွေဆုံးရှံးပြီးတော့ အခြားနယ်တွေ ကိုပြန်ရောက်တာရှိတယ်။ နယ်စပ်ကိုပြန်ပု့ိခံရတာတွေရှိတယ်။ သူတို့ပိုက်ဆံတွေပြန်ရဖို့အတွက် အေးဂျင့်တွေကိုပြန်တောင်းတာရှိတယ်။ အဲဒီအေဂျင့်တွေက တခြားနေရာတွေမှာ အလုပ်ရမယ်ပြောပြီး တခြားနေရာတွေကို လူကုန်ကူးတဲ့ ပုံစံတွေနဲ့ ပါသွားတဲ့ နမူနာတွေရှိခဲ့ပါတယ်"

ထိုင်းနိုင်ငံမှာ လုပ်သားလိုအပ်ချက်တွေရှိနေတဲ့အတွက် သိန်းနဲ့ချီရှိတဲ့ အလုပ်သမားတွေ ဌားရမ်းဖို့အတွက်ပြင်ဆင်ထားတာပါ ။ကိုဗစ်ကာလမှာ စီးပွာရေးလုပ်ငန်းတွေက ဒေဝါလီခံသွားတာ စက်ရုံတွေ ဖျက်သိမ်းလိုက်တာ အလုပ်သမား အင်အားလျော့ချပစ်တာတွေ အများအပြားရှိခဲ့ပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံရဲ့စီးပွားရေးကျဆင်းမူကို နလံထူနိုင်ဖို့အတွက် လုပ်ငန်းတွေကို ပြန်အကောင်အထည်ဖော်ဖို့အတွက် ထိုင်းအစိုးရပြင်ဆင်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားအများအပြားကို စတင်ခေါ်ယူတင်သွင်းလာတာဖြစ်ပါတယ် ။

ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်က ဌာနတခုဖြစ်တဲ့ အလုပ်အကိုင်ဦးစီးဌာန Department of Employment (DOE )က MOU နဲ့ လာရောက်လုပ်ကိုင်မယ့် မြန်မာအပါအဝင် ကမ္ဘောဒီးယား လာအိုဝ် ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၁၄၄၇၀၉ ကို ဧပြီလအတွင်း အလုပ်လုပ်ခွင့် ပါမစ်များ ချပေးခဲ့ပြီး ဒီထဲမှာ မြန်မာအလုပ်သမား တသိန်းကျော်ကို ခေါ်ယူသွားမှာဖြစ်ပါတယ်။

အခုဆိုရင် နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ လာကြတဲ့မြန်မာအလုပ်သမားတွေဟာ မေလ၁၀ရက်နေ့နဲ့ ၁၁ရက်နေ့ နှစ်ရက်အတွင်း လူ၆၀၀လောက် စတင်ခေါ်ယူနေပြီဖြစ်ပါတယ်ရှင်။

XS
SM
MD
LG