သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာအပါအဝင္ အလုပ္သမား ၁ သိန္း ၄ ေသာင္းေက်ာ္ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ခြင့္ျပဳ


Myanmar migrant workers trying to get Thailand

ထိုင္းႏိုင္ငံမွာ ျမန္မာအပါအ၀င္ အိမ္နီးခ်င္းႏိုင္ငံေတြက ေရႊ႕ေျပာင္းအလုပ္သမား ၁ သိန္း ၄ ေသာင္းေက်ာ္ကို တရား၀င္ အလုပ္လုပ္ခြင့္ ျပဳလိုက္ေၾကာင္း ထိုင္းအလုပ္သမား၀န္ႀကီးဌာနက ေၾကညာလိုက္ပါတယ္။ အျပည့္အစုံကိုေတာ့ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို့ထားပါတယ္။

ျမန္မာအပါအဝင္ အလုပ္သမား ၁ သိန္း ၄ ေသာင္းေက်ာ္ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ခြင့္ျပဳ

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံမွာ ျမန္မာအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြက ေရႊ႕ေျပာင္းအလုပ္သမား ၁ သိန္း ၄ ေသာင္းေက်ာ္ကို တရား၀င္ အလုပ္လုပ္ခြင့္ ျပဳလိုက္ေၾကာင္း ထိုင္းအလုပ္သမားဝန္ႀကီးဌာနက ေၾကညာလိုက္ပါတယ္။ ျမန္မာႏိုင္ငံက အလုပ္သမား ၁ သိန္းေက်ာ္နဲ႔ ကေမာၻဒီးယား၊ လာအိုႏိုင္ငံေတြက အလုပ္သမားေတြကို ၂ ႏိုင္ငံ သေဘာတူညီခ်က္ MOU ေတြအရ ခြင့္ျပဳလိုက္တာျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ အလုပ္အကိုင္ဦးစီးဌာန ညႊန္ႀကာေရးမွူးခ်ဳပ္ Pairoj Chotikasathien က ၾကာသပေတးေန႔မွာ ေျပာဆုိလိုက္တာပါ။ အျပည့္အစုံကိုေတာ့ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို့ထားပါတယ္။

ထိုင္း အလုပ္သမား၀န္ႀကီးဌာန လက္ေအာက္က ဌာနတခုျဖစ္တဲ့ အလုပ္အကိုင္ဦးစီးဌာန ညြန္ႀကားေရးမွူးခ်ဳပ္ က ႏွစ္ႏိုင္ငံသေဘာတူညီမူ စာခ်ြန္လႊာ(MOU) နဲ့လာတဲ့ ျမန္မာအပါအ၀င္ ၃ႏို္င္ငံက ေရႊ့ေျပာင္းအလုပ္သမား တသိန္းေလးေသာင္းေလးေထာင္ေက်ာ္ ကို အလုပ္လုပ္ခြင့္ပါမစ္မ်ားခ်ေပးလိုက္ျပီလို့ ႀကာသပေတးေန့ကေျပာဆုိလုိက္ပါတယ္။ ဒီထဲမွာျမန္မာအလုပ္သမား အမ်ားဆံုးပါ၀င္တာပါ။ တသိန္းေလးေသာင္းေက်ာ္ထဲမွာ ျမန္မာအလုပ္သမားက တသိန္းေက်ာ္ပါ၀င္တယ္လို့ ေရႊ့ေျပာင္းအလုပ္သမားေရး ေဆာင္ရြက္ေနတဲ့ ပညာေရးနဲ့ ဖြံျဖိဳးတိုးတက္ေရးအဖဲြ႔ ကအလုပ္သမားေရးရာ တာ၀န္ခံဦးမင္းဦး က အခုလိုေျပာပါတယ္ ။

"က်ဟမ္ငမ္ လို့ ေခၚတဲ့ အလုပ္သမား၀န္ႀကီးဌာနေအာက္ကေန အလုပ္အကုိင္ ဦးစီးဌာနက ညြန္ႀကားေရးမွူးခ်ဳပ္ကေပါ့ ျမန္မာအပါအ၀င္ တသိန္းေလးေသာင္းေက်ာ္ ပါမစ္ခြင့္ျပုလိုက္တာေပါ့၊ ေျပာရမယ္ဆိုရင္ ပါမစ္ခြင့္ျပဳတယ္ဆုိတာသူတို့ေခၚဖို့အတြက္ ဘယ္ႏွစ္ေယာက္ဆုိတာကေတာ့ စာရင္းကရွိျပီးသား လုပ္ငန္းရွင္ေတြကေခၚဖို့တင္ထားတာရိွတယ္။ ျမန္မာကဘယ္ႏွစ္ေယာက္၊ ကေမၻာဒီယားက ဘယ္ႏွစ္ေယာက္ဆုိတာ ရိွတယ္။ တင္ထားတဲ့ Demand letterေတြကုိ ခြင့္ျပဳလိုက္တာ။ ခြင့္ျပဳလိုက္ျပီဆုိေတာ့ ျမန္မာကေတာ့ အမ်ားဆံုးေပါ့။ တသိန္းေလးေသာင္းေက်ာ္ထဲမွာ ျမန္မာက ေတာ့အမ်ားဆံုးပါ"

ကိုဗစ္ကပ္ေဘးကာလမွာ အလုပ္သမားေတြကို ေခၚယူမယ့္ကိစၥနဲ့ ပတ္သက္လို့ ကုိဗစ္စည္းကမ္းသတ္မွတ္ခ်က္ေတြရွိသလို ကုန္က်စရိပ္ေတြကို အလုပ္ရွင္ေတြ ေအဂ်င္စီေတြက က်ခံရမယ္ဆုိတာနဲ႔ ပတ္သက္တဲ့ စည္းကမ္းခ်က္ေတြ ကေတာ့ မေျပာင္းလဲေသးဘူးလို့လည္း ဦးမင္းဦး က ေျပာပါတယ္ ။

" သူတုိကို သတ္မွတ္ခ်က္ေတြကေတာ့ ဘာမွမေျပာင္းေသးဘူး ။ အလုပ္ရွင္ေတြ ေအဂ်င္စီေတြကေပးရမွာေပါ့၊ ကုန္က်စရိပ္နဲ့ ပတ္သက္တာေတြကိုပါ ထိုင္းအစိုးရက သတ္မွတ္တာကေတာ့ ကြာရမ္းတင္းကာလမွာ ေဆး၀ါးကုသဖို့ျဖစ္လာမယ္ဆုိရင္ အလုပ္ရွင္ကတာ၀န္ယူရမယ္လိုေျပာတယ္ေလ"

ထိုင္းအလုပ္ရွင္ေတြက ေခၚယူခြင့္ ေလ်ာက္ထားတဲ့ အလုပ္သမားစုစုေပါင္း ၁၆၇၀၀၀ေက်ာ္ရွိေပမယ့္ ေလာေလာဆည္မွာေတာ့ အလုပ္လုပ္ခြင့္ပါမစ္ခ်ေပးလိုက္တာကေတာ့ ၁၄၀၀၀၀ ေက်ာ္ျဖစ္ပါတယ္။ ပါမစ္ခြင့္ျပဳလိုက္တဲ့အလုပ္သမားမ်ားထဲမွာ ျမန္မာက ၁၁၇,၀၂၉ ဦး၊ လာအိုနဲ့ကေမာၻဒီးယားက ၃၈,၉၃၃ ဦးျဖစ္ပါတယ္။

ထိုင္းအစိုးရအေနနဲ့ ကုိဗစ္ကပ္ေဘးကာလမွာ ေျဖေလ်ာ့ေပးတဲ့အေနနဲ့ လက္ရွိထိုင္းႏိုင္ငံတြင္းမွာရွိေနတဲ့ျမန္မာအပါအ၀င္ ေ႐ႊ႕ေျပာင္း အလုပ္သမား ၂.၁ သန္းအတြက္ ေနရပ္ရင္းကို ျပန္စရာမလိုပဲ ထုိင္းႏိုင္ငံထဲမွာ အလုပ္လုပ္ကိုင္ဖို့နဲ့ ေနထိုင္ခြင့္သက္တမ္း တိုးခြင့္ျပဳထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

...................................................

မြန်မာအပါအဝင် အလုပ်သမား ၁ သိန်း ၄ သောင်းကျော် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပြု

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမား ၁ သိန်း ၄ သောင်းကျော်ကို တရားဝင် အလုပ်လုပ်ခွင့် ပြုလိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံက အလုပ်သမား ၁ သိန်းကျော်နဲ့ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတွေက အလုပ်သမားတွေကို ၂ နိုင်ငံ သဘောတူညီချက် MOU တွေအရ ခွင့်ပြုလိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် Pairoj Chotikasathien က ကြာသပတေးနေ့မှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း အလုပ်သမားဝန်ကြီးဌာန လက်အောက်က ဌာနတခုဖြစ်တဲ့ အလုပ်အကိုင်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် က နှစ်နိုင်ငံသဘောတူညီမူ စာချွန်လွှာ(MOU) နဲ့လာတဲ့ မြန်မာအပါအဝင် ၃နိုင်ငံက ရွှေ့ပြောင်းအလုပ်သမား တသိန်းလေးသောင်းလေးထောင်ကျော် ကို အလုပ်လုပ်ခွင့်ပါမစ်များချပေးလိုက်ပြီလို့ ကြာသပတေးနေ့ကပြောဆိုလိုက်ပါတယ်။ ဒီထဲမှာမြန်မာအလုပ်သမား အများဆုံးပါဝင်တာပါ။ တသိန်းလေးသောင်းကျော်ထဲမှာ မြန်မာအလုပ်သမားက တသိန်းကျော်ပါဝင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့ ကအလုပ်သမားရေးရာ တာဝန်ခံဦးမင်းဦး က အခုလိုပြောပါတယ် ။

"ကျဟမ်ငမ် လို့ ခေါ်တဲ့ အလုပ်သမားဝန်ကြီးဌာနအောက်ကနေ အလုပ်အကိုင် ဦးစီးဌာနက ညွန်ကြားရေးမှူးချုပ်ကပေါ့ မြန်မာအပါအဝင် တသိန်းလေးသောင်းကျော် ပါမစ်ခွင့်ပြုလိုက်တာပေါ့၊ ပြောရမယ်ဆိုရင် ပါမစ်ခွင့်ပြုတယ်ဆိုတာသူတို့ခေါ်ဖို့အတွက် ဘယ်နှစ်ယောက်ဆိုတာကတော့ စာရင်းကရှိပြီးသား လုပ်ငန်းရှင်တွေကခေါ်ဖို့တင်ထားတာရှိတယ်။ မြန်မာကဘယ်နှစ်ယောက်၊ ကမ္ဘောဒီယားက ဘယ်နှစ်ယောက်ဆိုတာ ရှိတယ်။ တင်ထားတဲ့ Demand letterတွေကို ခွင့်ပြုလိုက်တာ။ ခွင့်ပြုလိုက်ပြီဆိုတော့ မြန်မာကတော့ အများဆုံးပေါ့။ တသိန်းလေးသောင်းကျော်ထဲမှာ မြန်မာက တော့အများဆုံးပါ"

ကိုဗစ်ကပ်ဘေးကာလမှာ အလုပ်သမားတွေကို ခေါ်ယူမယ့်ကိစ္စနဲ့ ပတ်သက်လို့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေရှိသလို ကုန်ကျစရိပ်တွေကို အလုပ်ရှင်တွေ အေဂျင်စီတွေက ကျခံရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေ ကတော့ မပြောင်းလဲသေးဘူးလို့လည်း ဦးမင်းဦး က ပြောပါတယ် ။

" သူတိုကို သတ်မှတ်ချက်တွေကတော့ ဘာမှမပြောင်းသေးဘူး ။ အလုပ်ရှင်တွေ အေဂျင်စီတွေကပေးရမှာပေါ့၊ ကုန်ကျစရိပ်နဲ့ ပတ်သက်တာတွေကိုပါ ထိုင်းအစိုးရက သတ်မှတ်တာကတော့ ကွာရမ်းတင်းကာလမှာ ဆေးဝါးကုသဖို့ဖြစ်လာမယ်ဆိုရင် အလုပ်ရှင်ကတာဝန်ယူရမယ်လိုပြောတယ်လေ"

ထိုင်းအလုပ်ရှင်တွေက ခေါ်ယူခွင့် လျောက်ထားတဲ့ အလုပ်သမားစုစုပေါင်း ၁၆၇၀၀၀ကျော်ရှိပေမယ့် လောလောဆည်မှာတော့ အလုပ်လုပ်ခွင့်ပါမစ်ချပေးလိုက်တာကတော့ ၁၄၀၀၀၀ ကျော်ဖြစ်ပါတယ်။ ပါမစ်ခွင့်ပြုလိုက်တဲ့အလုပ်သမားများထဲမှာ မြန်မာက ၁၁၇,၀၂၉ ဦး၊ လာအိုနဲ့ကမ္ဘောဒီးယားက ၃၈,၉၃၃ ဦးဖြစ်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ ကိုဗစ်ကပ်ဘေးကာလမှာ ဖြေလျော့ပေးတဲ့အနေနဲ့ လက်ရှိထိုင်းနိုင်ငံတွင်းမှာရှိနေတဲ့မြန်မာအပါအဝင် ရွှေ့ပြောင်း အလုပ်သမား ၂.၁ သန်းအတွက် နေရပ်ရင်းကို ပြန်စရာမလိုပဲ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်ဖို့နဲ့ နေထိုင်ခွင့်သက်တမ်း တိုးခွင့်ပြုထားပါတယ်ရှင်။

XS
SM
MD
LG