(Zawgyi / Unicode)
ထိုင္းႏိုင္ငံေတာင္ပိုင္း ပါတနီၿမိဳ႕က ထိုင္းငါးဖမ္းေလွတစီးေပၚမွာ ေလွဝမ္းဗိုက္ ငါးေလွာင္ကန္ထဲက ငါးေတြကုိ ေလွလုပ္သားေတြက သယ္ထုတ္ဖို႔လုပ္စဥ္မွာ ငါးအပုပ္နံ႔ေတြကေန အဆိပ္သင့္ၿပီး ျမန္မာေရလုပ္သား ၃ ဦး ႐ုတ္တရက္ ေသဆံုးခဲ့ၿပီး တဦးကေတာ့ ေဆး႐ုံပုိ႔ ကုသခံခဲ့ရပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။
ထိုင္းနိုင္ငံေတာင္ပိုင္း ပါတနီၿမိဳ႕မွာ မတ္လ ၃၁ ရက္ ညက ျမန္မာေရလုပ္သားသုံးဦး ငါးဖမ္းေလွအတြင္း အဆိပ္သင့္ၿပီး အသက္႐ွဴက်ပ္ ေသဆုံးခဲ့ေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ (MWRN) ဆံုခလာျပည္နယ္ ဟတ္႐ုိင္ၿမိဳ႕တာဝန္ခံ ဦးဘရီက ေျပာပါတယ္။
“ငါးမဲလံုးဝုိင္းေလွက ပင္လယ္ကုိ တခါထြက္လို႔ရွိရင္ ၁၀ ရက္၊ ၁၅ ရက္ေလာက္ ၾကာတယ္။ ပင္လယ္ထဲမွာရတဲ့ မေကာင္းတဲ့ငါးေတြကို ပါကင္ထားတဲ့ အခန္းအထဲမွာ ငါးပုပ္နံ႔ေတြက စုၿပီး အဆိပ္သင့္တ့ဲဂက္စ္ ျဖစ္ေစတာေပါ့။ ဂက္စ္နံ႔ကို ရတဲ့အခါ လူအသက္ကုိ ေသေစတာေပါ့။ ပထမတေယာက္ျဖစ္ေတာ့ ေနာက္တေယာက္ကလည္း ဆင္းၿပီးကူေတာ့ မူးၿပီး လဲၿပီးေသတယ္။ ေနာက္တေယာက္လည္း ဆင္းကူေတာ့ ေနာက္တေယာက္လည္း မူးလဲၿပီး အခန္းထဲမွာေသတယ္။ ေလးေယာက္ေျမာက္က်ေတာ့ ေတာ္ေသးတယ္ ေဆး႐ုံေရာက္သြားတယ္။ ေလးေယာက္ေျမာက္ကေတာ့ မေသဘူး၊ ေသတာကေတာ့ ၃ ေယာက္ေသတယ္။”
ေရလုပ္သားေတြဟာ ငါးဖမ္းေလွေပၚမွာ အလုပ္လုပ္ရင္း ႐ုတ္တရက္ ေသဆံုးခဲ့တာျဖစ္လို႔ ဥပေဒေၾကာင္းအရ လူမႈဖူလံုေရး အာမခံေၾကးရေအာင္ ေဆာင္ရြက္ေပးေနေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ရဲ႕ ဥကၠ႒ ဦးေအာင္ေက်ာ္ကလည္း ေျပာပါတယ္။
“လွေေပၚမွာ တာဝန္ထမ္းေဆာင္ရင္းနဲ႔ဆုိေတာ့ သြားေရာက္အမူဖြင့္ေတာ့ ဒါကို ဥပေဒေၾကာင္းအရ နစ္နာေၾကးရေအာင္ လုပ္ေပးမယ္ေျပာတယ္။ ၁၀ သိန္း ၈ ေသာင္းေပါ့ေနာ္၊ ပကန္ဆန္ခြန္း (လူမႈဖူလံုေရးေၾကးဝင္ထားရင္) ရရွိမွာျဖစ္ပါတယ္။”
ေသဆုံးသူေတြကေတာ့ ရခိုင္ျပည္နယ္ကျဖစ္ၿပီး ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ေလညႇင္းေတာင္ရြာ၊ ဗူးရြက္မညိႇဳးရြာ၊ ေတာေဗြရြာမွာ ေနထုိင္ၾကသူေတြ ျဖစ္ပါတယ္။ ေသဆုံးသူ ၃ ေယာက္ကေတာ့ ေမာင္စံလွ (ခ) ငျပက္ေခ်၊ ကုိညီညီ၊ ကုိေက်ာ္ဝင္းေမာင္တို႔ ျဖစ္ၾကပါတယ္။
---------------------------
(Unicode)
မြန်မာ ၃ ဦး ထိုင်းငါးဖမ်းလှေပေါ် အဆိပ်သင့်သေဆုံး
ထိုင်းနိုင်ငံတောင်ပိုင်း ပါတနီမြို့က ထိုင်းငါးဖမ်းလှေတစီးပေါ်မှာ လှေဝမ်းဗိုက် ငါးလှောင်ကန်ထဲက ငါးတွေကို လှေလုပ်သားတွေက သယ်ထုတ်ဖို့လုပ်စဉ်မှာ ငါးအပုပ်နံ့တွေကနေ အဆိပ်သင့်ပြီး မြန်မာရေလုပ်သား ၃ ဦး ရုတ်တရက် သေဆုံးခဲ့ပြီး တဦးကတော့ ဆေးရုံပို့ ကုသခံခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ပါတနီမြို့မှာ မတ်လ ၃၁ ရက် ညက မြန်မာရေလုပ်သားသုံးဦး ငါးဖမ်းလှေအတွင်း အဆိပ်သင့်ပြီး အသက်ရှူကျပ် သေဆုံးခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဆုံခလာပြည်နယ် ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီက ပြောပါတယ်။
“ငါးမဲလုံးဝိုင်းလှေက ပင်လယ်ကို တခါထွက်လို့ရှိရင် ၁၀ ရက်၊ ၁၅ ရက်လောက် ကြာတယ်။ ပင်လယ်ထဲမှာရတဲ့ မကောင်းတဲ့ငါးတွေကို ပါကင်ထားတဲ့ အခန်းအထဲမှာ ငါးပုပ်နံ့တွေက စုပြီး အဆိပ်သင့်တဲ့ဂက်စ် ဖြစ်စေတာပေါ့။ ဂက်စ်နံ့ကို ရတဲ့အခါ လူအသက်ကို သေစေတာပေါ့။ ပထမတယောက်ဖြစ်တော့ နောက်တယောက်ကလည်း ဆင်းပြီးကူတော့ မူးပြီး လဲပြီးသေတယ်။ နောက်တယောက်လည်း ဆင်းကူတော့ နောက်တယောက်လည်း မူးလဲပြီး အခန်းထဲမှာသေတယ်။ လေးယောက်မြောက်ကျတော့ တော်သေးတယ် ဆေးရုံရောက်သွားတယ်။ လေးယောက်မြောက်ကတော့ မသေဘူး၊ သေတာကတော့ ၃ ယောက်သေတယ်။”
ရေလုပ်သားတွေဟာ ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်ရင်း ရုတ်တရက် သေဆုံးခဲ့တာဖြစ်လို့ ဥပဒေကြောင်းအရ လူမှုဖူလုံရေး အာမခံကြေးရအောင် ဆောင်ရွက်ပေးနေကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်း ပြောပါတယ်။
“လှေပေါ်မှာ တာဝန်ထမ်းဆောင်ရင်းနဲ့ဆိုတော့ သွားရောက်အမူဖွင့်တော့ ဒါကို ဥပဒေကြောင်းအရ နစ်နာကြေးရအောင် လုပ်ပေးမယ်ပြောတယ်။ ၁၀ သိန်း ၈ သောင်းပေါ့နော်၊ ပကန်ဆန်ခွန်း (လူမှုဖူလုံရေးကြေးဝင်ထားရင်) ရရှိမှာဖြစ်ပါတယ်။”
သေဆုံးသူတွေကတော့ ရခိုင်ပြည်နယ်ကဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေညှင်းတောင်ရွာ၊ ဗူးရွက်မညှိုးရွာ၊ တောဗွေရွာမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ သေဆုံးသူ ၃ ယောက်ကတော့ မောင်စံလှ (ခ) ငပြက်ချေ၊ ကိုညီညီ၊ ကိုကျော်ဝင်းမောင်တို့ ဖြစ်ကြပါတယ်။