သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၄ ရက္အတြင္း ထိုင္းရဲအဖမ္းခံရသူ အေထာက္အထားမဲ့ ျမန္မာ ၄၀၀ ေက်ာ္ၿပီ


မဲေဆာက္ၿမိဳ႕ကေန ဘန္ေကာက္အထြက္ စစ္ေဆးေရးဂိတ္မွာ ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၂။ ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕အထြက္ စစ္ေဆးေရးဂိ္တ္မွာ ဟင္းသီးဟင္းရြက္ေတြၾကားထဲ ပုန္းၿပီး လိုက္ပါလာတဲ့ လူကုန္ကူးခံရသူ ျမန္မာႏိုင္ငံသား ၁၄ ဦးကုိ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔က ထုိင္းလံုၿခံဳေရးတပ္ဖဲြ႔ေတြက ဖမ္းဆီးခဲ့သလို တေန႔တည္းမွာပဲ မယ္ေတာင္ၿမိဳ႕နယ္ထဲမွာပဲ ေနာက္ထပ္ ျမန္မာ ၄၀ ဖမ္းဆီးခံရပါတယ္။ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔အထိ ဒီ ၄ ရက္အတြင္းမွာ ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသား ၄၀၀ ေက်ာ္ရိွေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက ဆုိပါတယ္။ အျပည့္အစုံကုိ ဗီြအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕ကေန ဘန္ေကာက္အထြက္ ဒုတိယစစ္ေဆးေရးဂိ္တ္မွာ ဟင္းသီးဟင္းရြက္ေတြၾကားထဲ ပုန္းၿပီး လိုက္ပါလာတဲ့ ျမန္မာႏုိင္ငံသား တဒါဇင္ေက်ာ္ ဖမ္းမိခဲ့ေၾကာင္း ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈ ေကာ္မတီရဲ႕ ဥကၠ႒ ဦးမိုးႀကိဳးက အခုလိုေျပာပါတယ္။

“သူတို႔က မဲေဆာက္ၿမိဳ႕ေတာင္ဘက္ ဖြတ္ဖရၿမိဳ႕နယ္ ၄၄ ကီလိုမီတာကေန လာၾကတယ္။ အသီးအႏံွတင္တဲ့ကား ေဂၚဖိီထုပ္ေတြတင္တဲ့ကားနဲ႔ လာၾကၿပီးေတာ့ မဲေဆာက္ကေန ဘန္ေကာက္အထြက္ မဲေဆာက္ဧရိယာ ေဟြဟင္ဖြန္႔ဂိတ္မွာ အဖမ္းခံရတာ၊ ကုိးကီလိုမီတာဂိတ္မွာ အဖမ္းခံရတာပါ။ ေယာက္်ားေလး ၆ ေယာက္၊ မိန္းကေလး ၆ ေယာက္၊ ကေလးတေယာက္၊ ေဂၚဖီထုပ္ေတြၾကားထဲမွာ ပုန္းၿပီး လိုက္လာတာ။ အဲဒါကို ထိုင္းလံုၿခံဳေရးတပ္ဖဲြ႔ေတြက ဖမ္းမိတာ။ ကားသမား အပါအဝင္ ၁၄ ေယာက္ေပါ့။ ေနာက္တစုကေတာ့ ေသာင္ရင္းျမစ္ကိုျဖတ္ၿပီး တဦးကို ဘတ္ေငြ ၂၀,၀၀၀ ႏႈန္းနဲ႔ ဘန္ေကာက္အပါအဝင္ ၿမိဳ႕ႀကီးေတြမွာ အလုပ္လုပ္ဖုိ႔လာတဲ့ ျမန္မာႏုိင္ငံသား ၄၀၊ အမ်ိဳးသားက ၂၈ ေယာက္၊ အမ်ိဳးသမီး ၁၂ ေယာက္၊ ျမန္မာေတြေခၚေနၾကတဲ့ မယ္ေတာင္ေက်းရြာမွာ ဖမ္းမိတာပါ။ ေသာင္ရင္းျမစ္ကို ျဖတ္ကူးၿပီး ႀကံခင္းထဲမွာ လံုၿခံဳေရးတပ္ဖဲြ႔ေတြက ဖမ္းမိတာပါ။ ေဖေဖာ္ဝါရီ ၂၄ ရက္ကေန ၂၇ ရက္ထိ ၄၃၀ ေက်ာ္ ဖမ္းမိတယ္၊ ၄၄၀ နီးပါး ဒီ ၄ ရက္အတြင္းမွာ ဖမ္းမိပါတယ္။”

ထိုင္းနဲ႔ျမန္မာ ႏွစ္ႏိုင္ငံ သေဘာတူညီမႈ စာခၽြန္လႊာအရ တရားဝင္ MOU စနစ္နဲ႔ အလုပ္သမားေတြ ေခၚယူႏိုင္ဖို႔အေရး ကိုဗစ္ကပ္ေဘးေၾကာင့္ ၾကန္႔ၾကာမႈေတြ ရိွေနခ်ိန္မွာ အလုပ္အကုိင္ အခြင့္အလမ္းေတြ ရဖို႔အတြက္ ျမန္မာႏိုင္ငံသားေတြဟာ တရားမဝင္ လမ္းေတြကေန လာၾကသူေတြ ပိုမ်ားလာတယ္လို႔လည္း ဆိုပါတယ္။

“ထိုင္းနဲ႔ ျမန္မာ ပူးေပါင္းၿပီး ေဖာ္ေဆာင္ရမယ့္ တရားဝင္လမ္းေၾကာင္း မဖြင့္မခ်င္း တရားမဝင္ ဝင္ေရာက္တဲ့ လုပ္ငန္းေတြက သိသိသာသာ ေလ်ာ့နည္းသြားမယ္လို႔ မယူဆဘူး။ ရွိေနဦးမွာပဲ။ ဒီ ေဖေဖာ္ဝါရီလ တလတည္းမွာပဲ ဖမ္းဆီးခံရသူ ၅,၀၀၀ ဝန္းက်င္ေလာက္ အဖမ္းခံရတယ္။”

ၿပီးခဲ့တဲ့ ၂၀၂၁ တႏွစ္လံုးမွာေတာ့ ထုိင္းႏိုင္ငံအတြင္း ဖမ္းမိတဲ့ ႏိုင္ငံျခားသား ေရႊ႕ေျပာင္းအလုပ္သမား အေရအတြက္ ၆၀,၀၀၀ ေက်ာ္ေလာက္ ရွိမယ္လို႔လည္း ထိုင္းႏိုင္ငံမွာ အလုပ္သမားေရး ေဆာင္ရြက္ေနတဲ့ အဖဲြ႔ေတြ စုေပါင္းထားတဲ့ Migrant Labour Development Network က စာရင္းျပဳစုထားပါတယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံသားေတြက အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

၄ ရက်အတွင်း ထိုင်းရဲအဖမ်းခံရသူ အထောက်အထားမဲ့ မြန်မာ ၄၀၀ ကျော်ပြီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်မှာ ဟင်းသီးဟင်းရွက်တွေကြားထဲ ပုန်းပြီး လိုက်ပါလာတဲ့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၁၄ ဦးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့သလို တနေ့တည်းမှာပဲ မယ်တောင်မြို့နယ်ထဲမှာပဲ နောက်ထပ် မြန်မာ ၄၀ ဖမ်းဆီးခံရပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ ဒီ ၄ ရက်အတွင်းမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၄၀၀ ကျော်ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့ကနေ ဘန်ကောက်အထွက် ဒုတိယစစ်ဆေးရေးဂိတ်မှာ ဟင်းသီးဟင်းရွက်တွေကြားထဲ ပုန်းပြီး လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား တဒါဇင်ကျော် ဖမ်းမိခဲ့ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“သူတို့က မဲဆောက်မြို့တောင်ဘက် ဖွတ်ဖရမြို့နယ် ၄၄ ကီလိုမီတာကနေ လာကြတယ်။ အသီးအနံှတင်တဲ့ကား ဂေါ်ဖီထုပ်တွေတင်တဲ့ကားနဲ့ လာကြပြီးတော့ မဲဆောက်ကနေ ဘန်ကောက်အထွက် မဲဆောက်ဧရိယာ ဟွေဟင်ဖွန့်ဂိတ်မှာ အဖမ်းခံရတာ၊ ကိုးကီလိုမီတာဂိတ်မှာ အဖမ်းခံရတာပါ။ ယောက်ျားလေး ၆ ယောက်၊ မိန်းကလေး ၆ ယောက်၊ ကလေးတယောက်၊ ဂေါ်ဖီထုပ်တွေကြားထဲမှာ ပုန်းပြီး လိုက်လာတာ။ အဲဒါကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိတာ။ ကားသမား အပါအဝင် ၁၄ ယောက်ပေါ့။ နောက်တစုကတော့ သောင်ရင်းမြစ်ကိုဖြတ်ပြီး တဦးကို ဘတ်ငွေ ၂၀,၀၀၀ နှုန်းနဲ့ ဘန်ကောက်အပါအဝင် မြို့ကြီးတွေမှာ အလုပ်လုပ်ဖို့လာတဲ့ မြန်မာနိုင်ငံသား ၄၀၊ အမျိုးသားက ၂၈ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ မြန်မာတွေခေါ်နေကြတဲ့ မယ်တောင်ကျေးရွာမှာ ဖမ်းမိတာပါ။ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ကြံခင်းထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိတာပါ။ ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၇ ရက်ထိ ၄၃၀ ကျော် ဖမ်းမိတယ်၊ ၄၄၀ နီးပါး ဒီ ၄ ရက်အတွင်းမှာ ဖမ်းမိပါတယ်။”

ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာအရ တရားဝင် MOU စနစ်နဲ့ အလုပ်သမားတွေ ခေါ်ယူနိုင်ဖို့အရေး ကိုဗစ်ကပ်ဘေးကြောင့် ကြန့်ကြာမှုတွေ ရှိနေချိန်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့အတွက် မြန်မာနိုင်ငံသားတွေဟာ တရားမဝင် လမ်းတွေကနေ လာကြသူတွေ ပိုများလာတယ်လို့လည်း ဆိုပါတယ်။

“ထိုင်းနဲ့ မြန်မာ ပူးပေါင်းပြီး ဖော်ဆောင်ရမယ့် တရားဝင်လမ်းကြောင်း မဖွင့်မချင်း တရားမဝင် ဝင်ရောက်တဲ့ လုပ်ငန်းတွေက သိသိသာသာ လျော့နည်းသွားမယ်လို့ မယူဆဘူး။ ရှိနေဦးမှာပဲ။ ဒီ ဖေဖော်ဝါရီလ တလတည်းမှာပဲ ဖမ်းဆီးခံရသူ ၅,၀၀၀ ဝန်းကျင်လောက် အဖမ်းခံရတယ်။”

ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံးမှာတော့ ထိုင်းနိုင်ငံအတွင်း ဖမ်းမိတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၆၀,၀၀၀ ကျော်လောက် ရှိမယ်လို့လည်း ထိုင်းနိုင်ငံမှာ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ စုပေါင်းထားတဲ့ Migrant Labour Development Network က စာရင်းပြုစုထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG