သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူကုန္ကူးသူေတြ ေခၚလာတဲ႔ ျမန္မာ ၁ဝဝ ေက်ာ္ ထိုင္းနယ္စပ္မွာ အဖမ္းခံရ


လူကုန္ကူးသူေတြ ေခၚလာတဲ႔ ျမန္မာ ၁၀၀ ေက်ာ္ ထိူင္းနယ္စပ္မွာ အဖမ္းခံရ ( Photo Credit : Thai Police)

ထိုင္းျမန္မာနယ္စပ္ ကမ္ခ်နဘူရီျပည္နယ္မွာ ဆယ္ဘီးကားတစီးေပၚ တာလပတ္အုပ္ျပီး လူကုန္ကူးသူေတြ သယ္ေဆာင္လာတဲ့ ျမန္မာႏိုင္ငံသား၁၀၀ေက်ာ္ကုိ ထိုင္းလံုျခံုေရးတပ္ဖဲြေတြက ေမလ၂၅ရက္ေန့မွာဖမ္းဆီးခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။

လူကုန္ကူးသူေတြ ေခၚလာတဲ႔ ျမန္မာ ၁ဝဝ ေက်ာ္ ထိုင္းနယ္စပ္မွာ အဖမ္းခံရ

{{Zawgyi/Unicode}}
ထိုင္းျမန္မာနယ္စပ္ ကမ္ခ်နဘူရီျပည္နယ္မွာ ဆယ္ဘီးကားတစီးေပၚ တာလပတ္အုပ္ျပီး လူကုန္ကူးသူေတြ သယ္ေဆာင္လာတဲ့ ျမန္မာႏိုင္ငံသား၁၀၀ေက်ာ္ကုိ ထိုင္းလံုျခံုေရးတပ္ဖဲြေတြက ေမလ၂၅ရက္ေန့မွာဖမ္းဆီးခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။

ထိုင္းျမန္မာနယ္စပ္ ကမ္္ခ်နဘူရီျပည္နယ္ထဲမွာ စိုင္ရို့စစ္ေဆးေရးဂိတ္ကို ျဖတ္ျပီးေမာင္းလာတဲ့ ကုန္တင္ကားႀကီးထဲမွာအေထာက္အထားမဲ့ ျမန္မာႏိုင္ငံသား ၁၀၀ေက်ာ္လိုက္ပါလာတာပါ။ ကမ္ခ်ဘူရီျပည္နယ္ထဲက ပီေလာပီနံစိုက္ခင္းတခုဘက္ကုိ ဦးတည္ေမာင္းလာခ်ိန္မွာ ထုိင္းရဲ ၂ဦးကေနာက္ကလိုက္လာျပီး စစ္ေဆးဖို့လုပ္တဲ့အခ်ိန္မွာ ကားေပၚမွာတာလပတ္စအုပ္ျပီး လိုက္ပါလာတဲ့ျမန္မာႏိုင္ငံသားေတြက ထြက္ေျပးခဲ့ႀကပါတယ္။ ဒီေနာက္ရဲက ေသနတ္နဲ့ ေဖာက္ျပီး လိုက္လံဖမ္းဆီးတာေတြ လုပ္ခဲ့တာေႀကာင့္ ျမန္မာႏိုင္ငံသား၁၀၀ေက်ာ္ဖမ္းဆီးခံရတယ္လို့ ထုိင္းေတာင္ပုိင္းအေျခစိုက္အလုပ္သမားေရးေဆာင္ရြက္ေနတဲ့ ပညာေရးနဲ့ ဖြံ့ျဖိဳးတုိးတက္ေရးေဖာင္ေဒးရွင္း က အလုပ္သမားေရးရာတာ၀န္ခံ ဦးမင္းဦး က အခုလိုေျပာပါတယ္။

"ကားကလဲ ၂စီးတဲြဆုိေတာ့ သြားမရဘူး ။ ရပ္ေနတဲ့အခ်ိန္မွ ာရဲက ေရာက္လာတဲ့အခ်ိန္မွာ အလုပ္သမားေတြကထြက္ေျပးႀကတယ္။ လူဦးေရက ၁၀၀ေက်ာ္ပါ။ အသက္အငယ္ဆံုးက ၅လသားကေလးပါတယ္ ။ ၅လသားကေလးနဲ့ အေမကေတာ့ကားေရွ့ခန္းမွာလိုက္လာတယ္။ က်န္တဲ့သူေတြကေတာ့ေနာက္မွ ာတလပတ္နဲ့အုပ္ၿပီး လိုက္လာတယ္။ ဒါကလည္းအခက္အခဲေတြနဲ့ပါပဲ။ လူေတြကလည္း ၁၀၀ေက်ာ္ဆုိေတာ့ အသက္ရူရတာ ေတြက အႏၱရယ္ေတာ့ရွိတယ္"

အခုဖမ္းမိတဲ့ျမန္မာႏိုင္ငံသားေတြဟာ မႏၱေလးျမိဳ ့ကေနလာႀကသူေတြလု့ိိဆိုပါတယ္။ သူတို့ေတြကုိ ထုိင္းႏိုင္ငံ ရဲ႔ အတြင္းပိုင္းျပည္နယ္၃ခုမွ ာအလုပ္ေတြရမယ္ဆုိျပီး လူကုန္ကူးသူေတြက ေခၚေဆာင္လာခဲ့တာပါ။ သူတို့ဟာ ထုိင္းႏိုင္ငံအတြင္းပုိင္း ျပည္နယ္၃ခုမွာ အလုပ္သြားလုပ္ႀကမယ့္သူေတြျဖစ္တယ္လို့ဆိုပါတယ္။

"ပထံုဌာနီ ပစၥနလြတ္ရယ္ လေရာင္ရယ္ ေပါ့ ။ သူတုိ့ကိုလက္မွာ မွတ္ထားတာက ပလပ္စတစ္ႀကိဳးေလးေတြနဲ့ခ်ည္ထားတာေပါ့။ အ၀ါေရာင္ရယ္အနီေရာင္ရယ္ အစီမ္းေရာင္ရယ္ ဘယ္အေရာင္က ဘယ္ကိုပို့မယ္ေပါ့"

ဖမ္းဆီးခံရသူေတြဟာ ႏွစ္စီးတဲြ ထရပ္ကားႀကီးေပၚမွာ နာရီအေတာ္ႀကာ တာလပတ္စေတြ အုပ္ျပီးလိုက္ပါလာခဲ့ရတာေႀကာင့္ ဒီထက္ပုိႀကာမယ္ဆုိရင္ အသက္ရူမြန္းႀကပ္တာေတြျဖစ္နိုင္တယ္လို႔လည္း ဦးမင္းဦးကဆုိပါတယ္။

ျပီးခဲ့တဲ့ရက္တုန္းကလည္း လူကုန္ကူးသူေတြက ျမန္မာ၁၀ေယာက္ကုိ တာ့ခ္ျပည္နယ္ကေန ေျပာင္းဖူးေစ့ေတြသယ္ေဆာင္လာတဲ့ကုန္ကားနဲ့ ခ်ိဳင္နတ္ျပည္နယ္ထဲကုိ သယ္ေဆာင္လာစဥ္မွာ လမ္းခရီးမွာပဲ ေအာက္စီဂ်င္ျပတ္လတ္တဲ့လကၡဏာေတြနဲ့ ျမန္မာအမ်ိဳးသမီး ၂ဦးေသဆံုးခဲ့တဲ့ျဖစ္စဥ္ျဖစ္ခဲ့ပါတယ္။

အခုဆိုရင္အလုပ္အကုိင္ရွာေဖြဖို့လာႀကတဲ့ ျမန္မာႏိုင္ငံသားေတြဟာ ထုိင္းျမန္မာနယ္စပ္အသီးသီးကေန အစုလိုက္အျပံဳလိုက္ ၀င္ေရာက္လာေနဆဲျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

...........................................................

လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာ ၁၀၀ ကျော် ထိုင်းနယ်စပ်မှာ အဖမ်းခံရ

{{Zawgyi/Unicode}}
ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်မှာ ဆယ်ဘီးကားတစီးပေါ် တာလပတ်အုပ်ပြီး လူကုန်ကူးသူတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား၁၀၀ကျော်ကို ထိုင်းလုံခြုံရေးတပ်ဖွဲတွေက မေလ၂၅ရက်နေ့မှာဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ စိုင်ရို့စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီးမောင်းလာတဲ့ ကုန်တင်ကားကြီးထဲမှာအထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀၀ကျော်လိုက်ပါလာတာပါ။ ကမ်ချဘူရီပြည်နယ်ထဲက ပီလောပီနံစိုက်ခင်းတခုဘက်ကို ဦးတည်မောင်းလာချိန်မှာ ထိုင်းရဲ ၂ဦးကနောက်ကလိုက်လာပြီး စစ်ဆေးဖို့လုပ်တဲ့အချိန်မှာ ကားပေါ်မှာတာလပတ်စအုပ်ပြီး လိုက်ပါလာတဲ့မြန်မာနိုင်ငံသားတွေက ထွက်ပြေးခဲ့ကြပါတယ်။ ဒီနောက်ရဲက သေနတ်နဲ့ ဖောက်ပြီး လိုက်လံဖမ်းဆီးတာတွေ လုပ်ခဲ့တာကြောင့် မြန်မာနိုင်ငံသား၁၀၀ကျော်ဖမ်းဆီးခံရတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက်အလုပ်သမားရေးဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း က အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦး က အခုလိုပြောပါတယ်။

"ကားကလဲ ၂စီးတွဲဆိုတော့ သွားမရဘူး ။ ရပ်နေတဲ့အချိန်မှ ာရဲက ရောက်လာတဲ့အချိန်မှာ အလုပ်သမားတွေကထွက်ပြေးကြတယ်။ လူဦးရေက ၁၀၀ကျော်ပါ။ အသက်အငယ်ဆုံးက ၅လသားကလေးပါတယ် ။ ၅လသားကလေးနဲ့ အမေကတော့ကားရှေ့ခန်းမှာလိုက်လာတယ်။ ကျန်တဲ့သူတွေကတော့နောက်မှ ာတလပတ်နဲ့အုပ်ပြီး လိုက်လာတယ်။ ဒါကလည်းအခက်အခဲတွေနဲ့ပါပဲ။ လူတွေကလည်း ၁၀၀ကျော်ဆိုတော့ အသက်ရူရတာ တွေက အန္တရယ်တော့ရှိတယ်"

အခုဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေဟာ မန္တလေးမြို့ကနေလာကြသူတွေလု့ိဆိုပါတယ်။ သူတို့တွေကို ထိုင်းနိုင်ငံ ရဲ့ အတွင်းပိုင်းပြည်နယ်၃ခုမှ ာအလုပ်တွေရမယ်ဆိုပြီး လူကုန်ကူးသူတွေက ခေါ်ဆောင်လာခဲ့တာပါ။ သူတို့ဟာ ထိုင်းနိုင်ငံအတွင်းပိုင်း ပြည်နယ်၃ခုမှာ အလုပ်သွားလုပ်ကြမယ့်သူတွေဖြစ်တယ်လို့ဆိုပါတယ်။

"ပထုံဌာနီ ပစ္စနလွတ်ရယ် လရောင်ရယ် ပေါ့ ။ သူတို့ကိုလက်မှာ မှတ်ထားတာက ပလပ်စတစ်ကြိုးလေးတွေနဲ့ချည်ထားတာပေါ့။ အဝါရောင်ရယ်အနီရောင်ရယ် အစီမ်းရောင်ရယ် ဘယ်အရောင်က ဘယ်ကိုပို့မယ်ပေါ့"

ဖမ်းဆီးခံရသူတွေဟာ နှစ်စီးတွဲ ထရပ်ကားကြီးပေါ်မှာ နာရီအတော်ကြာ တာလပတ်စတွေ အုပ်ပြီးလိုက်ပါလာခဲ့ရတာကြောင့် ဒီထက်ပိုကြာမယ်ဆိုရင် အသက်ရူမွန်းကြပ်တာတွေဖြစ်နိုင်တယ်လို့လည်း ဦးမင်းဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ရက်တုန်းကလည်း လူကုန်ကူးသူတွေက မြန်မာ၁၀ယောက်ကို တာ့ခ်ပြည်နယ်ကနေ ပြောင်းဖူးစေ့တွေသယ်ဆောင်လာတဲ့ကုန်ကားနဲ့ ချိုင်နတ်ပြည်နယ်ထဲကို သယ်ဆောင်လာစဉ်မှာ လမ်းခရီးမှာပဲ အောက်စီဂျင်ပြတ်လတ်တဲ့လက္ခဏာတွေနဲ့ မြန်မာအမျိုးသမီး ၂ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

အခုဆိုရင်အလုပ်အကိုင်ရှာဖွေဖို့လာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းမြန်မာနယ်စပ်အသီးသီးကနေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနေဆဲဖြစ်ပါတယ်ရှင်။

XS
SM
MD
LG