သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရႊ႕ေျပာင္းအလုပ္သမားေတြ အတြက္ ထိုင္းအစိုးရ အေထာက္အထားလက္မွတ္ ထုတ္ေပးမည္


(Zawgyi /Unicode)

ထိုင္းႏိုင္ငံအတြင္းမွာ တရားမ၀င္ အေထာက္အထားမဲ့ ေနထိုင္ အလုပ္လုပ္ကုိင္ေနၾကတဲ့ ျမန္မာ အပါအ၀င္ လာအို၊ ကေမာၻဒီးယား၊ ဗီယက္နမ္ ေရႊေျပာင္းလုပ္သားေတြကို ပန္းေရာင္ကဒ္လို႔ ေခၚတဲ့ အလုပ္လုပ္ခြင့္ လက္မွတ္ လုပ္ေပးမယ္႔ အေၾကာင္း ထိုင္အစိုးရအဖြဲ႕က ဇူလိုင္ ၅ ရက္ေန႔မွာ အတည္ျပဳလိုက္ပါတယ္။ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ ထားပါတယ္။

ထိုင္းႏိုင္ငံအတြင္းမွာ တရားမ၀င္ အေထာက္အထားမဲ့ ေနထိုင္ အလုပ္လုပ္ကုိင္ေနၾကတဲ့ ျမန္မာအပါအ၀င္ လာအို၊ ကေမာၻဒီးယား၊ ဗီယက္နမ္ ေရႊေျပာင္းလုပ္သားေတြကို ထုိင္းအစုိးရက နယ္ေျမတခုတည္းမွာပဲ အလုပ္လုပ္လို႔ ရတဲ့ ပန္းေရာင္ကဒ္လို႔ ေခၚတဲ့ အလုပ္လုပ္ခြင့္ လက္မွတ္ကုိ လုပ္ေပးမယ္လို႔ ထုိင္းအစုိးရက ဇူလိုင္လ ၅ ရက္ေန႔မွာ အတည္ျပဳခဲ့ပါတယ္။ မၾကာခင္မွာ ဒီအေထာက္အထား လက္မွတ္ေတြ လုပ္ေပးေတာ့မွာ ျဖစ္တယ္လို႔ အလုပ္သမားေရး တက္ႂကြလႈပ္ရွားသူ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလွဳပ္ရွားမႈ ေကာ္မတီရဲ႕ ဥကၠဌ ဦးမိုးႀကိဳးက အခုလို ေျပာပါတယ္။

“ ထိုင္းအစုိးရ ေျပာခြင့္ရပုဂၢိဳလ္ ျဖစ္တဲ႔ ဓနေကာ္ ဝမ္ဘြန္ခ်န က ဇူလိုင္လ ၅ ရက္ေန႔မွာ ထုိင္းႏို္င္ငံမွာ ရွိေနျပီးသား ေရာက္ရွိျပီးသား အလုပ္လုပ္ကိုင္ေနတ့ဲ ျမန္မာ၊ လာအို၊ ကေမၻာဒီးယား၊ ဗီယက္နမ္ ေရႊ႔ေျပာင္းလုပ္သားေတြကုိ ပန္းေရာင္ကဒ္ လုပ္ေပးမယ္ ဆိုတာကို အတည္ျပဳလိုက္တာပါ။
ကိုဗစ္ ၁၉ အလြန္ကာလမွာ ထုိင္းစီးပြားေရး နာလန္ျပန္ထူႏိုင္ဖို႔ ေရႊ႕ေျပာင္းလုပ္သားေတြ လုပ္အားနဲ႔ အေထာက္အကူျပဳေစရန္ အတြက္ ထုိင္းႏုိင္ငံမွာ ေရာက္ရွိေနျပီးသား တရားမ၀င္ ေရာက္ရွိေနျပီးသား ႏိုင္ငံ ၄ ႏိုင္ငံ ႏိုင္ငံသားေတြကို ဧည္႔သည္ႏိ္ုင္ငံသားေတြကို ဘတ္ကဒ္ လုပ္ေပးျခင္း အားျဖင့္ အေထာက္အထားအသစ္ လုပ္ေပးျခင္းအားျဖင့္ ႀကီးႀကီးမားမား အက်ိဳးျပဳႏိုင္မယ္လို႔ ယူဆတာေပါ့ေနာ္။ ”

အခု ပန္းေရာင္ဘတ္ကတ္ျပဳလုပ္္ဖို႔ အတြက္က အလုပ္ရွင္က အလုပ္အကိုင္ရွာေဖြေရး ဦးစီးဌာနကို လုပ္သားအမည္စာရင္း တင္ရမွာျဖစ္ၿပီး ရက္ေပါင္း ၆၀အတြင္း အလုပ္လုပ္ကိုင္ခြင့္လက္မွတ္ (Work Permit) ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ ေလာေလာဆည္ ကုန္က်စာရိတ္ကေတာ့ ဘတ္ေငြ ၁,၀၀၀ သာ ကုန္က်ဦးမွာျဖစ္တယ္လို႔ ဦးမုိးႀကိဳးက ဆုိပါတယ္။

“ အလုပ္ရွင္ကေန သက္ဆုိင္ရာ အလုပ္သမား၀န္ႀကီးဌာနမွာ Name List အမည္စာရင္း တင္သြင္းရမွာေပါ့ေနာ္။ ရက္ေပါင္း ၆၀ ႏွစ္လ အတြင္း အမည္စာရင္းတင္သြင္းမွာေပါ့ေနာ္။ အမည္စာရင္း တင္သြင္းရင္ ေဖာင္ျဖည့္ခက ဘတ္ ၁၀၀ ၊ အလုပ္လုပ္ခြင့္လက္မွတ္ ေလ်ွာက္ထားဖို႔က ဘတ္ ၉၀၀။ စုစုေပါင္းဘတ္ေငြ ၁,၀၀၀ နဲ႔ ေလွ်ာက္ထားရမယ္။”

အခုဆိုရင္ ထိုင္းႏိုင္ငံအတြင္းမွာ အလုပ္လုပ္ခြင့္ လက္မွတ္ ျဖစ္တဲ့ ပန္းေရာင္ကဒ္ လုပ္ေပးမယ္ဆိုတဲ့ သတင္းေၾကာင့္ တရားမ၀င္ ၀င္ေရာက္လာသူေတြဟာ ေန႔စဥ္ ရာနဲ႔ခ်ီၿပီး အစုလိုက္အျပံဳလုိက္ ၀င္လာေနဆဲျဖစ္ပါတယ္။ တခ်ိဳ ့လည္း ထုိင္းႏိုင္ငံကို ေရာက္ရွိျပီး အလုပ္လုပ္ကိုင္ဖို႔ ေစာင့္ေနသူေတြ ရိွသလို တခ်ိဳ႕လည္း အဖမ္းဆီးခံရျပီး ေနရပ္ျပန္ပုို႔ခံရသူေတြလည္း ရိွေနတာပါ။ အခုလို တရားမ၀င္ ေနထုိ္င္ေနရတဲ့ သူေတြအတြက္ အလုပ္လုပ္ခြင့္ လက္မွတ္ လုပ္ေပးမယ္ဆုိတဲ့ ကိစၥဟာ အေထာက္အထားမဲ့ အလုပ္သမားေတြ အတြက္ ၀မ္းေျမာက္စရာ သတင္းျဖစ္ေၾကာင္း၊ ဒီလက္မွတ္ရွိမယ္ဆိုရင္ အလုပ္သမား အခြင့္အေရးလည္း အျပည့္အ၀ ရရိွမွာျဖစ္ေၾကာင္းကုိလည္း ေျပာပါတယ္္။

“ စာရြက္စာတမ္း ရွိမယ္ဆိုရင္ မည္သည့္ အာဏာပိုင္ အဖဲြ႔အစည္းက ဖမ္းဆီးစစ္ေဆး အေရးယူမွာကို ေၾကာက္စရာ မလုိေတာ့ဘူး။ ထုိင္းႏိုင္ငံရဲ႕ ေဆးရံုေဆးခန္းေတြမွာ စာရြက္စာတမ္းျပျပီး ေဆးကုသမႈ ခံယူလို႔ရတယ္။ သတ္မွတ္ထားတဲ့ လုပ္အားခ အပါအ၀င္ အလုပ္သမား အခြင့္ေရးေတြလည္း အျပည့္အ၀ရရွိမယ္။ ”

အခု ထုိင္းအစိုးရက လုပ္ေပးမယ့္ ပန္းေရာင္ကဒ္လို႔ ေခၚတဲ့ အလုပ္လုပ္ကိုင္ခြင့္ လက္မွတ္ဟာ ၂၀၂၃ ခုႏွစ္ ေဖေဖၚ၀ါရီလ ၁၃ ရက္ေန႔ အထိ သက္တမ္းရိွမွာျဖစ္ျပီး ေနာက္ထပ္ ၁ ႏွစ္သက္တမ္း ၂ ႀကိမ္ ထပ္တိုးႏိုင္သလို ၂၀၂၅ ခုႏွစ္ ေဖေဖၚ၀ါရီလ ၁၃ ရက္ေန႔ အထိ အလုပ္လုပ္ကိုင္ခြင့္၊ ေနထုိင္ခြင့္ ရရိွသြားမွာျဖစ္တယ္လို႔လည္း ထုိင္းအစိုးရ ေျပာခြင့္ရသူေတြက ထုတ္ေဖာ္ေျပာဆုိသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ထိုင်းအစိုးရ အထောက်အထားလက်မှတ် ထုတ်ပေးမည်

ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် အထောက်အထားမဲ့ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ရွှေပြောင်းလုပ်သားတွေကို ပန်းရောင်ကဒ်လို့ ခေါ်တဲ့ အလုပ်လုပ်ခွင့် လက်မှတ် လုပ်ပေးမယ့် အကြောင်း ထိုင်အစိုးရအဖွဲ့က ဇူလိုင် ၅ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် အထောက်အထားမဲ့ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ရွှေပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက နယ်မြေတခုတည်းမှာပဲ အလုပ်လုပ်လို့ ရတဲ့ ပန်းရောင်ကဒ်လို့ ခေါ်တဲ့ အလုပ်လုပ်ခွင့် လက်မှတ်ကို လုပ်ပေးမယ်လို့ ထိုင်းအစိုးရက ဇူလိုင်လ ၅ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ မကြာခင်မှာ ဒီအထောက်အထား လက်မှတ်တွေ လုပ်ပေးတော့မှာ ဖြစ်တယ်လို့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ ဥက္ကဌ ဦးမိုးကြိုးက အခုလို ပြောပါတယ်။

“ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်တဲ့ ဓနကော် ဝမ်ဘွန်ချန က ဇူလိုင်လ ၅ ရက်နေ့မှာ ထိုင်းနိုင်ငံမှာ ရှိနေပြီးသား ရောက်ရှိပြီးသား အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ရွှေ့ပြောင်းလုပ်သားတွေကို ပန်းရောင်ကဒ် လုပ်ပေးမယ် ဆိုတာကို အတည်ပြုလိုက်တာပါ။
ကိုဗစ် ၁၉ အလွန်ကာလမှာ ထိုင်းစီးပွားရေး နာလန်ပြန်ထူနိုင်ဖို့ ရွှေ့ပြောင်းလုပ်သားတွေ လုပ်အားနဲ့ အထောက်အကူပြုစေရန် အတွက် ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီးသား တရားမဝင် ရောက်ရှိနေပြီးသား နိုင်ငံ ၄ နိုင်ငံ နိုင်ငံသားတွေကို ဧည့်သည်နိုင်ငံသားတွေကို ဘတ်ကဒ် လုပ်ပေးခြင်း အားဖြင့် အထောက်အထားအသစ် လုပ်ပေးခြင်းအားဖြင့် ကြီးကြီးမားမား အကျိုးပြုနိုင်မယ်လို့ ယူဆတာပေါ့နော်။ ”

အခု ပန်းရောင်ဘတ်ကတ်ပြုလုပ်ဖို့ အတွက်က အလုပ်ရှင်က အလုပ်အကိုင်ရှာဖွေရေး ဦးစီးဌာနကို လုပ်သားအမည်စာရင်း တင်ရမှာဖြစ်ပြီး ရက်ပေါင်း ၆၀အတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) လျှောက်ထားရမှာ ဖြစ်ပါတယ်။ လောလောဆည် ကုန်ကျစာရိတ်ကတော့ ဘတ်ငွေ ၁,၀၀၀ သာ ကုန်ကျဦးမှာဖြစ်တယ်လို့ ဦးမိုးကြိုးက ဆိုပါတယ်။

“ အလုပ်ရှင်ကနေ သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနမှာ Name List အမည်စာရင်း တင်သွင်းရမှာပေါ့နော်။ ရက်ပေါင်း ၆၀ နှစ်လ အတွင်း အမည်စာရင်းတင်သွင်းမှာပေါ့နော်။ အမည်စာရင်း တင်သွင်းရင် ဖောင်ဖြည့်ခက ဘတ် ၁၀၀ ၊ အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားဖို့က ဘတ် ၉၀၀။ စုစုပေါင်းဘတ်ငွေ ၁,၀၀၀ နဲ့ လျှောက်ထားရမယ်။”

အခုဆိုရင် ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ခွင့် လက်မှတ် ဖြစ်တဲ့ ပန်းရောင်ကဒ် လုပ်ပေးမယ်ဆိုတဲ့ သတင်းကြောင့် တရားမဝင် ဝင်ရောက်လာသူတွေဟာ နေ့စဉ် ရာနဲ့ချီပြီး အစုလိုက်အပြုံလိုက် ဝင်လာနေဆဲဖြစ်ပါတယ်။ တချို့လည်း ထိုင်းနိုင်ငံကို ရောက်ရှိပြီး အလုပ်လုပ်ကိုင်ဖို့ စောင့်နေသူတွေ ရှိသလို တချို့လည်း အဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရသူတွေလည်း ရှိနေတာပါ။ အခုလို တရားမဝင် နေထိုင်နေရတဲ့ သူတွေအတွက် အလုပ်လုပ်ခွင့် လက်မှတ် လုပ်ပေးမယ်ဆိုတဲ့ ကိစ္စဟာ အထောက်အထားမဲ့ အလုပ်သမားတွေ အတွက် ဝမ်းမြောက်စရာ သတင်းဖြစ်ကြောင်း၊ ဒီလက်မှတ်ရှိမယ်ဆိုရင် အလုပ်သမား အခွင့်အရေးလည်း အပြည့်အ၀ ရရှိမှာဖြစ်ကြောင်းကိုလည်း ပြောပါတယ်။

“ စာရွက်စာတမ်း ရှိမယ်ဆိုရင် မည်သည့် အာဏာပိုင် အဖွဲ့အစည်းက ဖမ်းဆီးစစ်ဆေး အရေးယူမှာကို ကြောက်စရာ မလိုတော့ဘူး။ ထိုင်းနိုင်ငံရဲ့ ဆေးရုံဆေးခန်းတွေမှာ စာရွက်စာတမ်းပြပြီး ဆေးကုသမှု ခံယူလို့ရတယ်။ သတ်မှတ်ထားတဲ့ လုပ်အားခ အပါအဝင် အလုပ်သမား အခွင့်ရေးတွေလည်း အပြည့်အဝရရှိမယ်။ ”

အခု ထိုင်းအစိုးရက လုပ်ပေးမယ့် ပန်းရောင်ကဒ်လို့ ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ဟာ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ အထိ သက်တမ်းရှိမှာဖြစ်ပြီး နောက်ထပ် ၁ နှစ်သက်တမ်း ၂ ကြိမ် ထပ်တိုးနိုင်သလို ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ အထိ အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့် ရရှိသွားမှာဖြစ်တယ်လို့လည်း ထိုင်းအစိုးရ ပြောခွင့်ရသူတွေက ထုတ်ဖော်ပြောဆိုသွားပါတယ်။

XS
SM
MD
LG