သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံသားစိစစ္ေရးကတ္ျပ သြားလာ တည္းခိုရမယ့္ ထုတ္ျပန္ခ်က္ ျပည္သူအတြက္ အခက္ႀကဳံႏိုင္


ရခုိင္ျပည္နယ္တြင္းက စစ္ေဘးေရွာင္ျပည္သူမ်ား။ (ဓာတ္ပံု - ေမယုထြန္း - စက္တင္ဘာ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ အသက္ ၁၆ ႏွစ္အထက္ အက်ဳံးဝင္သူေတြအေနနဲ႔ လာမယ့္ ဧၿပီလ ၁ ရက္ေန႔က စၿပီးေတာ့ ခရီးသြားလာတာနဲ႔ တည္းခိုေနထိုင္တာမွာ ႏိုင္ငံသားစိစစ္ေရးကတ္ ျပရမယ္ဆိုတဲ့ စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္ေၾကာင့္ ျပည္သူေတြ အခက္ႀကံဳႏိုင္တယ္လို႔ ေဝဖန္တာေတြ ရွိပါတယ္။ ႏိုင္ငံသားစိစစ္ေရးကတ္ လုပ္ေပးတယ္ ဆုိတာမွာလည္း လူထု အဆင္ေျပေခ်ာေမြ႔ေအာင္ လုပ္ေပးဖို႔ အႀကံျပဳပါတယ္။ ဒီအေၾကာင္း အျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္းကို ကိုရန္ႏိုင္ ေျပာျပပါမယ္။

ျမန္မာႏိုင္ငံမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏိုင္ငံသားစိစစ္ေရးကတ္ မရွိသူေတြ၊ ေထာက္ခံစာနဲ႔ အလုပ္ဝင္ေနၾကတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ မွတ္ပုံတင္ပါမွ ခရီးသြားလာရမယ္၊ တည္းခိုေနထိုင္ရမယ္ဆိုတဲ့ ထုတ္ျပန္ခ်က္ဟာ အခက္အခဲတခု ျဖစ္လာႏိုင္တယ္လို႔ ေရႊ႕ေျပာင္းအလုပ္သမားအေရး ေဆာင္ရြက္သူေတြက ေျပာပါတယ္။

ၿပီခဲ့တဲ့ႏွစ္ေတြက ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ျဖစ္ခဲ့တာေၾကာင့္ အိုးအိမ္စြန႔္ ထြက္ေျပးၾကရတဲ့ စစ္ေဘးဒုကၡသည္တခ်ိဳ႕ဟာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏိုင္ငံသားစိစစ္ေရးကတ္ မရွိဘဲ ေထာက္ခံစာနဲ႔ ခရီးသြားလာၿပီး တိုင္းနဲ႔ျပည္နယ္တခ်ိဳ႕မွာ ေရႊ႕ေျပာင္းလုပ္သားေတြအျဖစ္ အလုပ္ဝင္ေနၾကတာ ရွိပါတယ္။

အခုလို မွတ္ပုံတင္မရွိသူေတြ၊ မွတ္ပုံတင္ျပန္လုပ္ဖို႔ ခက္ခဲေနသူေတြအတြက္ ဒီထုတ္ျပန္ခ်က္က အခက္အခဲ ျဖစ္လာႏိုင္တာေၾကာင့္ စစ္ေကာင္စီအေနနဲ႔ ဘယ္လိုတာဝန္ယူ ေျဖရွင္းေပးမလဲဆိုတာ အေရးႀကီးတယ္လို႔ ရခိုင္အမ်ိဳးသားကြန္ရက္ ဥကၠ႒ ဦးတင္ထူးေအာင္က ေျပာပါတယ္။

“က်ေနာ္တို႔သိရသေလာက္ ရခိုင္က ႏိုင္ငံသား ေတာ္ေတာ္မ်ားမ်ားမွာေတာ့ ႏိုင္ငံသားစိစစ္ေရးကတ္ ရွိၾကတယ္၊ ဒါေပမယ့္ အခက္အခဲ တစုံတရာေၾကာင့္ေသာ္လည္းေကာင္း၊ ေဒသနဲ႔ ကင္းကြာေနတဲ့ အတြက္ေၾကာင့္ေသာ္လည္းေကာင္း မွတ္ပုံတင္မပါလာတဲ့ သူတခ်ဳိ႕လည္း ေထာက္ခံစာနဲ႔ အလုပ္ဝင္ေနတာေတြ ေတြ႔ရတယ္၊ ေနာက္တခ်က္ ဒီေနရာမွာ အေရးႀကီး ေထာက္ျပခ်င္တာကေတာ့ ရခိုင္မွာ စစ္တပ္နဲ႔ AA တိုက္ပြဲေတြ ျဖစ္ပြားခဲ့တဲ့ အတြက္ေၾကာင့္ စစ္ေဘးေရွာင္ေတြဟာ မွတ္ပုံတင္မရွိၾကဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တခ်ဳိ႕ရြာေတြ မီး႐ႈိ႕ဖ်က္ဆီးခံရတာေတြ။ တခ်ဳိ႕ေတြ ကစဥ့္ကလ်ား ထြက္ေျပးလာရတယ္၊ ဆိုေတာ့ သူတို႔မွာ မွတ္ပုံတင္ပါမလာၾကဘူး။ ဒီလိုလူေတြဟာ ေရႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္လာၾကတဲ့အခါ သူတို႔မွာ မွတ္ပုံတင္ မရွိၾကဘူး။ ေထာက္ခံစာတခ်ဳိ႕နဲ႔ အလုပ္ဝင္လုပ္ေနၾကတာကို ေတြ႔ရတယ္။ ဆိုေတာ့ ဒီဟာနဲ႔ပတ္သက္ၿပီး ရခိုင္ျပည္နယ္အစိုးရက ဘယ္ေလာက္ေျဖရွင္းေပးမလဲ၊ ဘယ္လို တာဝန္ယူေပးမလဲဆိုတဲ့ အခ်က္ကိုေတာ့ ေစာင့္ၿပီးေတာ့ ေမးခြန္းထုတ္စရာ ရွိတာေပါ့ေနာ္။”

ရခိုင္ျပည္နယ္ကေန ေထာက္ခံစာနဲ႔ ရန္ကုန္မွာ အလုပ္သြားလုပ္ေနတဲ့ ေရႊ႕ေျပာင္းလုပ္သား တဦးကလည္း သူ႔အေနနဲ႔ လာမယ့္ ဧၿပီလ ၁ ရက္ေန႔ မတိုင္ခင္ ေနရပ္ျပန္ၿပီး မွတ္ပုံတင္ လုပ္ႏိုင္ပါ့မလားဆိုတာ စိုးရိမ္ေနပါတယ္။

“ေထာက္ခံစာနဲ႔လာတာဆိုေတာ့ စိုးရိမ္တာေပါ့။ လမ္းမွာက အစစ္အေဆး မ်ားတယ္ဆို ေတာ့ေလ၊ တခုခုျဖစ္မွာကို စိုးရိမ္တာေပါ့။ ၁ ရက္ေန႔မတိုင္ခင္ ေနရပ္ျပန္ႏိုင္ရင္ေတာ့ ေကာင္းတာေပါ့၊ ျပန္ဖို႔ အခက္အခဲေတာ့ ရွိတာေပါ့။”

ဒါ့အျပင္ ေရႊ႕ေျပာင္းလုပ္သားေတြ အမ်ားဆုံးရွိေနတဲ့ ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္မွာ ဆိုရင္လည္း မွတ္ပုံတင္မရွိသူေတြ၊ ေထာက္ခံစာနဲ႔ အလုပ္လာလုပ္ေနသူေတြ အမ်ားအျပား ရွိေနသလို စစ္ေကာင္စီရဲ႕ အခုထုတ္ျပန္ခ်က္ေၾကာင့္ အလုပ္သမားေတြ ပိတ္မိသြားႏိုင္တယ္လို႔ ဖားကန႔္အလုပ္သမားအေရး ေဆာင္ရြက္ေနသူတဦးက ေျပာပါတယ္။

“ဖားကန႔္ဆိုတာ အခုနက ေျပာသလို ေက်ာက္စိမ္းထြက္တဲ့ ေဒသတခုဆိုေတာ့ ဖားကန႔္ေဒသမွာ ေရၾကည္ရာ ျမက္ႏုရာ လာၾကတဲ့ ျမန္မာႏိုင္ငံအသီးသီးက ျပည္သူလူထုကလည္း အမ်ားႀကီး ဒီမွာလာၿပီး စုေဝးတဲ့ ေနရာမို႔လို႔ အခုလို ႐ုတ္တရက္ႀကီး မွတ္ပုံတင္ရွိမွ သြားရလာရမယ္ဆိုတာက ဖားကန႔္မွာလည္း ပိတ္မိေနတဲ့ သေဘာမ်ိဳး ရွိေနပါလိမ့္မယ္။”

စစ္ေကာင္စီဘက္ကေတာ့ အသက္ ၁၆ ႏွစ္နဲ႔အထက္ အက်ဳံးဝင္သူတိုင္း ဥပေဒအရ ကိုင္ေဆာင္သင့္တဲ့ ကတ္တမ်ဳိးမ်ိဳး ထုတ္ေပးႏိုင္ေရးအတြက္ ပန္းခင္းစီမံခ်က္ဆိုၿပီး လိုအပ္တဲ့ေနရာေတြမွာ တအိ္မ္တက္ တအိမ္ဆင္း ကြင္းဆင္းေဆာင္ရြက္တာေတြကို ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ မတ္လ ၅ ရက္ေန႔ကစၿပီး ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလ ၁၁ ရက္ေန႔အထိ ႏိုင္ငံတဝန္းမွာ ေဆာင္ရြက္ေနတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေပမယ့္လည္း လက္ေတြ႔မွာေတာ့ ျပည္သူေတြအေနနဲ႔ ႏိုင္ငံသားစိစစ္ေရးကတ္ လုပ္တဲ့ေနရာမွာ အခက္အခဲေတြ ရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ရွိ စစ္ေကာင္စီက ထုတ္ျပန္ထားတဲ့ မွတ္ပုံတင္ပါမွ ခရီးသြားလာရမယ္၊ တည္းခုိေနထိုင္ရမယ္ဆိုတဲ့ ထုတ္ျပန္ခ်က္ကို ျပည္သူေတြ လိုက္နာႏိုင္ဖို႔ အတြက္ဆိုရင္ ျပည္သူေတြအတြက္ ႏိုင္ငံသားစိစစ္ေရးကတ္ ထုတ္ေပးတဲ့ လုပ္ငန္းစဥ္ေတြကို အဆင္ေျပေခ်ာေမြ႔ေအာင္ ေဆာင္ရြက္ေပးသင့္တယ္လို႔ ရခိုင္အမ်ိဳးသားကြန္ရက္ ဥကၠ႒ ဦးတင္ထူးေအာင္က ေထာက္ျပပါတယ္။

“မွတ္ပုံတင္လုပ္တဲ့ လုပ္ငန္းစဥ္ေတြမွာ အဆင္ေျပေခ်ာ့ေမြ႕ျခင္း မရွိဘူး၊ ေနာက္ၿပီး အဆင့္ဆင့္ လုပ္ငန္းစဥ္ေတြ ခက္ခဲေနမယ္ဆိုရင္ေတာ့ ျပည္သူေတြအေနနဲ႔ ဘယ္ေလာက္ပဲ အမိန႔္ေတြ ေၾကညာခ်က္ေတြပဲ ထုတ္ထုတ္ ဒီဟာနဲ႔ပတ္သက္ၿပီး အခက္အခဲေတြ၊ အတားအဆီးေတြ၊ အဆင္မေျပမႈေတြ၊ ျပႆနာေပါင္းစုံ ႀကဳံေနရမွာပဲလို႔ က်ေနာ္တို႔ျမင္တယ္။ ဒီေၾကညာခ်က္ေတြ အမိန႔္ေတြ အဆင္ေျပဖို႔ဆိုရင္ ဒီဟာနဲ႔ပတ္သက္ၿပီး အဆင္ေျပေအာင္ အမိန႔္ေတြ၊ ေၾကညာခ်က္ေတြ အစိုးရဝန္ထမ္းေတြကို ဘယ္ေလာက္ထုတ္ျပန္ထားၿပီးၿပီလဲ၊ အစိုးရဝန္ထမ္းေတြက ဘယ္ေလာက္လိုက္နာႏိုင္မလဲ ဆိုတဲ့ အခ်က္ေတြေပၚမွာပဲ အဓိက မူတည္ၿပီးေတာ့ က်ေနာ္တို႔ကေတာ့ ဒီအခ်က္ေတြေပၚမွာ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္လာမွာကို က်ေနာ္တို႔ စိုးရိမ္တယ္။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္အာဏာသိမ္းမႈ ဆန႔္က်င္သူေတြနဲ႔ စစ္ေကာင္စီၾကား တိုက္ပြဲေတြျဖစ္ေနတဲ့ ေဒသေတြမွာ ေက်းရြာေတြ မီး႐ႈိ႕ခံရတာရွိသလို အိုးအိမ္စြန႔္ ထြက္ေျပးေနၾကရတဲ့ ေဒသခံ ျပည္သူေတြအေနနဲ႔ မွတ္ပုံတင္ ေပ်ာက္ဆုံးတာေတြ၊ အသစ္မလုပ္ႏိုင္ေတြလည္း ရွိေနပါတယ္။

-----------------------------------

(Unicode)

နိုင်ငံသားစိစစ်ရေးကတ်ပြ သွားလာ တည်းခိုရမယ့် ထုတ်ပြန်ချက် ပြည်သူအတွက် အခက်ကြုံနိုင်
(Zawgyi / Unicode)
မြန်မာနိုင်ငံမှာ အသက် ၁၆ နှစ်အထက် အကျုံးဝင်သူတွေအနေနဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့က စပြီးတော့ ခရီးသွားလာတာနဲ့ တည်းခိုနေထိုင်တာမှာ နိုင်ငံသားစိစစ်ရေးကတ် ပြရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကြောင့် ပြည်သူတွေ အခက်ကြုံနိုင်တယ်လို့ ဝေဖန်တာတွေ ရှိပါတယ်။ နိုင်ငံသားစိစစ်ရေးကတ် လုပ်ပေးတယ် ဆိုတာမှာလည်း လူထု အဆင်ပြေချောမွေ့အောင် လုပ်ပေးဖို့ အကြံပြုပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင် ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသူတွေ၊ ထောက်ခံစာနဲ့ အလုပ်ဝင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် မှတ်ပုံတင်ပါမှ ခရီးသွားလာရမယ်၊ တည်းခိုနေထိုင်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အခက်အခဲတခု ဖြစ်လာနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ပြီခဲ့တဲ့နှစ်တွေက ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တချို့ဟာလည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ ထောက်ခံစာနဲ့ ခရီးသွားလာပြီး တိုင်းနဲ့ပြည်နယ်တချို့မှာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် အလုပ်ဝင်နေကြတာ ရှိပါတယ်။

အခုလို မှတ်ပုံတင်မရှိသူတွေ၊ မှတ်ပုံတင်ပြန်လုပ်ဖို့ ခက်ခဲနေသူတွေအတွက် ဒီထုတ်ပြန်ချက်က အခက်အခဲ ဖြစ်လာနိုင်တာကြောင့် စစ်ကောင်စီအနေနဲ့ ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးမလဲဆိုတာ အရေးကြီးတယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောပါတယ်။

“ကျနော်တို့သိရသလောက် ရခိုင်က နိုင်ငံသား တော်တော်များများမှာတော့ နိုင်ငံသားစိစစ်ရေးကတ် ရှိကြတယ်၊ ဒါပေမယ့် အခက်အခဲ တစုံတရာကြောင့်သော်လည်းကောင်း၊ ဒေသနဲ့ ကင်းကွာနေတဲ့ အတွက်ကြောင့်သော်လည်းကောင်း မှတ်ပုံတင်မပါလာတဲ့ သူတချို့လည်း ထောက်ခံစာနဲ့ အလုပ်ဝင်နေတာတွေ တွေ့ရတယ်၊ နောက်တချက် ဒီနေရာမှာ အရေးကြီး ထောက်ပြချင်တာကတော့ ရခိုင်မှာ စစ်တပ်နဲ့ AA တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အတွက်ကြောင့် စစ်ဘေးရှောင်တွေဟာ မှတ်ပုံတင်မရှိကြဘူး။ ဘာကြောင့်လဲဆိုတော့ တချို့ရွာတွေ မီးရှို့ဖျက်ဆီးခံရတာတွေ။ တချို့တွေ ကစဉ့်ကလျား ထွက်ပြေးလာရတယ်၊ ဆိုတော့ သူတို့မှာ မှတ်ပုံတင်ပါမလာကြဘူး။ ဒီလိုလူတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်လာကြတဲ့အခါ သူတို့မှာ မှတ်ပုံတင် မရှိကြဘူး။ ထောက်ခံစာတချို့နဲ့ အလုပ်ဝင်လုပ်နေကြတာကို တွေ့ရတယ်။ ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရက ဘယ်လောက်ဖြေရှင်းပေးမလဲ၊ ဘယ်လို တာဝန်ယူပေးမလဲဆိုတဲ့ အချက်ကိုတော့ စောင့်ပြီးတော့ မေးခွန်းထုတ်စရာ ရှိတာပေါ့နော်။”

ရခိုင်ပြည်နယ်ကနေ ထောက်ခံစာနဲ့ ရန်ကုန်မှာ အလုပ်သွားလုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သား တဦးကလည်း သူ့အနေနဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့ မတိုင်ခင် နေရပ်ပြန်ပြီး မှတ်ပုံတင် လုပ်နိုင်ပါ့မလားဆိုတာ စိုးရိမ်နေပါတယ်။

“ထောက်ခံစာနဲ့လာတာဆိုတော့ စိုးရိမ်တာပေါ့။ လမ်းမှာက အစစ်အဆေး များတယ်ဆို တော့လေ၊ တခုခုဖြစ်မှာကို စိုးရိမ်တာပေါ့။ ၁ ရက်နေ့မတိုင်ခင် နေရပ်ပြန်နိုင်ရင်တော့ ကောင်းတာပေါ့၊ ပြန်ဖို့ အခက်အခဲတော့ ရှိတာပေါ့။”

ဒါ့အပြင် ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးရှိနေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဆိုရင်လည်း မှတ်ပုံတင်မရှိသူတွေ၊ ထောက်ခံစာနဲ့ အလုပ်လာလုပ်နေသူတွေ အများအပြား ရှိနေသလို စစ်ကောင်စီရဲ့ အခုထုတ်ပြန်ချက်ကြောင့် အလုပ်သမားတွေ ပိတ်မိသွားနိုင်တယ်လို့ ဖားကန့်အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။

“ဖားကန့်ဆိုတာ အခုနက ပြောသလို ကျောက်စိမ်းထွက်တဲ့ ဒေသတခုဆိုတော့ ဖားကန့်ဒေသမှာ ရေကြည်ရာ မြက်နုရာ လာကြတဲ့ မြန်မာနိုင်ငံအသီးသီးက ပြည်သူလူထုကလည်း အများကြီး ဒီမှာလာပြီး စုဝေးတဲ့ နေရာမို့လို့ အခုလို ရုတ်တရက်ကြီး မှတ်ပုံတင်ရှိမှ သွားရလာရမယ်ဆိုတာက ဖားကန့်မှာလည်း ပိတ်မိနေတဲ့ သဘောမျိုး ရှိနေပါလိမ့်မယ်။”

စစ်ကောင်စီဘက်ကတော့ အသက် ၁၆ နှစ်နဲ့အထက် အကျုံးဝင်သူတိုင်း ဥပဒေအရ ကိုင်ဆောင်သင့်တဲ့ ကတ်တမျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဆိုပြီး လိုအပ်တဲ့နေရာတွေမှာ တအိမ်တက် တအိမ်ဆင်း ကွင်းဆင်းဆောင်ရွက်တာတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့ကစပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း လက်တွေ့မှာတော့ ပြည်သူတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ် လုပ်တဲ့နေရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ မှတ်ပုံတင်ပါမှ ခရီးသွားလာရမယ်၊ တည်းခိုနေထိုင်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ပြည်သူတွေ လိုက်နာနိုင်ဖို့ အတွက်ဆိုရင် ပြည်သူတွေအတွက် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးသင့်တယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ထောက်ပြပါတယ်။

“မှတ်ပုံတင်လုပ်တဲ့ လုပ်ငန်းစဉ်တွေမှာ အဆင်ပြေချော့မွေ့ခြင်း မရှိဘူး၊ နောက်ပြီး အဆင့်ဆင့် လုပ်ငန်းစဉ်တွေ ခက်ခဲနေမယ်ဆိုရင်တော့ ပြည်သူတွေအနေနဲ့ ဘယ်လောက်ပဲ အမိန့်တွေ ကြေညာချက်တွေပဲ ထုတ်ထုတ် ဒီဟာနဲ့ပတ်သက်ပြီး အခက်အခဲတွေ၊ အတားအဆီးတွေ၊ အဆင်မပြေမှုတွေ၊ ပြဿနာပေါင်းစုံ ကြုံနေရမှာပဲလို့ ကျနော်တို့မြင်တယ်။ ဒီကြေညာချက်တွေ အမိန့်တွေ အဆင်ပြေဖို့ဆိုရင် ဒီဟာနဲ့ပတ်သက်ပြီး အဆင်ပြေအောင် အမိန့်တွေ၊ ကြေညာချက်တွေ အစိုးရဝန်ထမ်းတွေကို ဘယ်လောက်ထုတ်ပြန်ထားပြီးပြီလဲ၊ အစိုးရဝန်ထမ်းတွေက ဘယ်လောက်လိုက်နာနိုင်မလဲ ဆိုတဲ့ အချက်တွေပေါ်မှာပဲ အဓိက မူတည်ပြီးတော့ ကျနော်တို့ကတော့ ဒီအချက်တွေပေါ်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်တယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ ကျေးရွာတွေ မီးရှို့ခံရတာရှိသလို အိုးအိမ်စွန့် ထွက်ပြေးနေကြရတဲ့ ဒေသခံ ပြည်သူတွေအနေနဲ့ မှတ်ပုံတင် ပျောက်ဆုံးတာတွေ၊ အသစ်မလုပ်နိုင်တွေလည်း ရှိနေပါတယ်။

XS
SM
MD
LG