သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ခိုကိုးရာမဲ႔ စစ္ေဘးေရွာင္ေတြရဲ႕ က်ဴးေက်ာ္တဲ စစ္ေတြရဲ ဖ်က္ဆီး


စစ္ေတြ စစ္ေရွာင္စခန္း က်ဴးေက်ာ္ရပ္ကြက္ကို အာဏာပိုင္ေတြ ဖ်က္ဆီး ( Photo : C J ) Sittwe

[[ ZAWGYI / UNCODE ]]

ခိုကိုးရာမဲ႔ စစ္ေဘးေရွာင္ေတြရဲ႕ က်ဴးေက်ာ္တဲ စစ္ေတြရဲ ဖ်က္ဆီး

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္က စစ္ေတြအမႈိက္ေနရာျဖစ္တဲ့ အာဂ်ိတ္ေတာ္ကုန္းနဲ႔ စစ္ေတြၿမိဳ႕ မီးရထားလမ္း တစ္ေလ်ာက္မွာ က်ဴးေက်ာ္ေနထိုင္သူေတြကို အာဏာပိုင္ေတြဖက္က ဗုဒၶဟူးေန႔က စတင္ဖယ္ ရွားေနပါတယ္။ အဲဒီလုိဖယ္႐ွားမႈအတြင္း ဖမ္းဆီးခံရသူတခ်ဳိ႕လည္း ႐ွိပါတယ္။ လံုၿခံဳေရးေတြက ေနအိမ္ေတြကို အတင္းၿဖိဳဖ်က္ ဖယ္႐ွားတဲ့အတြက္ က်ဴးေက်ာ္ေနထိုင္ သူေတြဒုကၡေတ႔ြခဲ့ၾကတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုရဲမြန္က တင္ျပေပးပါမယ္။

ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕က အမႈိက္ေတြစြန္႔ပစ္ၾကတဲ့ အာဂ်ိတ္ေတာ္ကုန္းလို႔ေခၚတဲ့ ေနရာမွာ က်ဴးေက်ာ္ေနထိုင္သူေတြကို အာဏာပို္ုင္ေတြက ဒီေန႔ မတ္လ ၁၀ ရက္မွာ ဖယ္႐ွားခဲ့ပါတယ္။ အိမ္ေျခ ၁၀၀ ေလာက္႐ွိတဲ့ ေနရာမွာ စစ္သားနဲ႔ ရဲေတြ အင္အားသံုး ဖယ္႐ွားခဲ့တယ္လို႔ ေနအိမ္ ဖယ္ရွားခံရတဲ့ အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

“ က်မတို႔ဆီကို လာၿပီး ျဖိဳသြားတာကေတာ့ ရဲေတြလာတယ္၊ စစ္သားေတြ လာတယ္၊ အကုန္လံုး က်ံဳးသြားတယ္သူတို႔ မင္းတို႔ေတြ ပစၥည္းေတြ ခ်ရင္ခ် မခ်ရင္ အကုန္လံုး ျဖိဳမယ္ဆိုေတာ့ က်မတို႔ ဘာမွ မရလိုက္ဘူး အကုန္လံုး အခုလို ျပိဳသြားတာပဲ၊ က်မတို႔ကေလးေတြကေတာ့ အေဝးကို ေျပးသြားၾကတယ္။ အခုမွ ေတြ႔တာ ထမင္းလည္းမစားရေသးပါဘူးရွင့္”

စစ္ေတြ က်ဴးေက်ာ္ရပ္ကြက္ကို ရဲတပ္ဖြဲ႔က လာေရာက္ဖ်က္ဆီးစဥ္ ( Photo : C J )
စစ္ေတြ က်ဴးေက်ာ္ရပ္ကြက္ကို ရဲတပ္ဖြဲ႔က လာေရာက္ဖ်က္ဆီးစဥ္ ( Photo : C J )

အာဂ်ဳိက္ေတာ္ကုန္းေနရာက က်ဴးေက်ာ္ေတြကို လံုၿခံဳေရးနဲ႔ အာဏာပိုင္ေတြက ဖယ္႐ွားစဥ္ အဲဒီမွာက်ဴးေက်ာ္ေနထိုင္တဲ့ ကိုေမာင္ထြန္းေအးကိုလည္း ဖမ္းဆီးသြားတယ္လို႔ သူ႔အမ်ဳိးသမီးက ခုလိုေျပာျပပါတယ္။

“က်မလင္ကိုေတာ့ မနက္ ၈နာရီမွာ ဖမ္းသြားပါတယ္၊ က်မကို တစ္ျခားတစ္ေယာက္က သူ႔ကို ဖမ္းသြားတယ္လို႔ တစ္ျခားတစ္ေယာက္ေျပာတယ္။ က်မဖုန္းဆက္ၾကည့္ေတာ့ သူဖုန္းမကိုင္ဘူး၊ အဲေတာ့ ကားေတြရပ္ထားတဲ့ေနရာကို သြားၾကည့္ေတာ့ သူကားနားက က်မကို ၾကည့္ေနတယ္၊ ၿပီးေတာ့ ကားေပၚကို တင္သြားပါတယ္။” လို႔ ရခိုင္ဘာသာနဲ႔ ေျပာျပတာျဖစ္ပါတယ္။

ႀကိဳတင္သတိေပး အေၾကာင္းၾကားျခင္းမ႐ွိဘဲ က်ဴးေက်ာ္ေနအိမ္ေတြကို ရုတ္တရက္လာေရာက္ ႐ွင္းလင္းတာေၾကာင့္ အဲဒီမွာ ေနထိုင္သူေတြ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔လည္း ေနအိမ္ဖ်က္ဆီးခံရတဲ့ အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

“ က်မတို႔က မရွိဆင္းရဲသားေတြဆိုေတာ့ သူတို႔ ျဖိဳခဲ့တဲ့ ေနရာေလးမွာပဲ၊ တာေပၚ လိပ္ ေလးေတြ ရွိတယ္၊ ပစၥည္းသြားတာကေတာ့ ပစၥည္းသြားတာေပါ့ေနာ္၊ အဲတာေတြကို မြမ္းမံၿပီး တဲေလးထိုးၿပီး ေမႀကီးေပၚမွာ ေနမွပဲ၊ က်မတို႔မွာ သြားစရာလည္း မရွိပါဘူးရွင့္၊ အိမ္ငွား ၿပီး လည္း မေနႏိုင္ပါဘူးရွင့္ က်မတို႔မွာ စားစရာလည္းမရွိ္ က်မတို႔က ေရသန္႔ဗူးေလးေတြ ေကာက္ၿပီး ေရာင္းစားေနၾကတာပါရွင့္၊ အခုလည္း ျမင္တဲ့အတိုင္းပဲ ပစၥည္းေတြ ထုတ္ထား တယ္၊ က်မေရာင္းမလို႔၊ သူတို႔အခုလို လာၿပီး ျဖိဳသြားေတာ့ စားစရာလည္းမရွိ ေနစရာ လည္း မရွိ ဘယ္လိုလုပ္ရမွန္းလည္းမသိ ကေလးေတြကလည္း ငိုတဲ့သူငို။”

စစ္ေတြ အမႈိက္ပံုေနရာျဖစ္တဲ့ အာဂ်ိတ္ေတာ္ကုန္းမွာ က်ဴးေက်ာ္ေနၾကသူေတြဟာ အမႈိက္ပံုမွာ လာေရာက္စြန္႔ပစ္တဲ့ ေရသန္႔ဗူးခြံေတြနဲ႔ တစ္ျခား ေရာင္းလို႔ရတဲ့ ပစၥည္းေတြကို ေကာက္ယူေရာင္းခ်ၿပီး စားဝတ္ေနေရးကို ေျဖရွင္းေနရသူေတြျဖစ္ၾကပါတယ္။ အဲဒီမွာ ေနသူေတြထဲ စစ္ေတြၿမိဳ႕ကအျပင္ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ရေသ့ေတာင္စတဲ့ၿမိဳ႕နယ္ေတြက ေဒသခံေတြလည္း ႐ွိၾကပါတယ္။ က်ဴးေက်ာ္ေန ထိုင္သူအမ်ားစုက စစ္ေဘးဒုကၡသည္ေတြျဖစ္တယ္လို႔လည္း အဲဒီမွာေနတဲ့သူ ေတြကေျပာျပၾကပါတယ္။

ဒီကေန႔ ေနအိမ္ေတြဖ်က္ဆီးခံရတဲ့ က်ဴးေက်ာ္ေနထိုင္သူ မိသားစု ၃၀၀ ေက်ာ္ေလာက္ ဟာ ဘယ္မွာဆက္ေနရမွန္းမသိျဖစ္ေနတယ္လို႔ ေနအိမ္ဖ်က္ဆီးခံလိုက္ရတဲ့ ကိုဝင္းေက်ာ္က ေျပာပါတယ္။

“ အခုသူတို႔ ရြာကိုလာၿပီးေတာ့ ဖ်က္စီးသြားတယ္ က်ေနာ္တို႔ ဒုကၡသည္ေတြဟာ ဘယ္ မွာေနရမလဲ က်ေနာ္တို႔ ဘာမွမမေျပာဘူး။ က်ေနာ္တို႔ အခု လမ္းေဘးေရာက္ ေနပါတယ္၊ အဲေတာ့ ေနရာတစ္ခုခုျဖစ္ျဖစ္ အကြက္တစ္ခုခုျဖစ္ျဖစ္ ေရြ႕ေျပာင္းမယ့္ ေနရာ တစ္ခုလိုခ်င္ ပါတယ္၊ ညေနအတြက္ က်ေနာ္တို႔ ရြာသား ၃၀၀ေက်ာ္ဟာ ဘယ္မွာ ေနရမလဲ၊ ဘယ္မွာ အိပ္ရမလဲ ဘယ္မွာ စားရမလဲဆိုတာ က်ေနာ္တို႔ မသိရပါဘူး၊ အဲတာ ေၾကာင့္ အခုလမ္း ေဘးမွာပဲေနၾကပါတယ္။”

စစ္ေတြၿမိဳ႕နယ္အတြင္းက အာဂ်ိတ္ေတာ္ကုန္းမွာ က်ဴးေက်ာ္ေနထိုင္ၾကတဲ့ လူေနအိမ္ ၇၅ လံုး၊ လူမေနပဲ ေဆာက္ထား အိမ္ ၃၀ နဲ႔ လူဦးေရက စုစုေပါင္း ၂၈၃ ေယာက္ရွိတယ္လို႔ အမည္မေဖာ္လိုတဲ့ ဌာနဆိုင္ရာတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ စစ္ေတြၿမိဳ႕ မီးရထားလမ္းတေလ ွ်ာက္က က်ဴးေက်ာ္တဲေတြကိုလည္း မတ္လ ၉ ရက္ေန႔က စတင္ ၿဖိဳဖ်က္ ဖယ္႐ွားေနၿပီး၊ လူေနအိမ္ ၄၆ လံုး၊ လူမေနေသးပဲ ေဆာက္ထားတဲ့အိမ္ ၂၅ လံုးတို႔ကို ဖယ္႐ွားခဲ့တယ္လို႔ အဲဒီတာဝန္႐ွိသူက ေျပာပါတယ္။

အခုလို စစ္ေတြၿမိဳ႕အတြင္းက က်ဴးေက်ာ္ေနအိမ္ေတြကို ဖယ္ရွားေနတာနဲ႔ ပတ္သတ္ၿပီး ေမးျမန္းဖို႔ ရခိုင္ျပည္နယ္ေကာင္စီ ေျပာခြင့္ရ ဦးလွသိန္းကို ဆက္သြယ္ခဲ့ေပမယ့္လည္း ဖုန္းလက္ခံေျဖ ဆိုခဲ့ျခင္းမရွိခဲ့ပါဘူး။

ခ႐ိုင္ျပည္နယ္မွာအျပင္ မႏၱေလးတိုင္းထဲက ျမစ္ငယ္အရပ္က ေနအိမ္တခ်ဳိ႕အျပင္ ဗထူးအားကစားကြင္း ပတ္လည္က တိုက္ခန္း၊ ေစ်းဆုိင္ခန္းေတြကိုလည္း မတ္လကုန္ ေနာက္ဆုံးထားဖယ္႐ွားေပးဖုိ႔ အာဏာပိုင္ေတြ အေၾကာင္းၾကားထားတယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = = = = = = = = = = = =

{{ UNICODE }}

ခိုကိုးရာမဲ့ စစ်ဘေးရှောင်တွေရဲ့ ကျူးကျော်တဲ စစ်တွေရဲ ဖျက်ဆီး

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က စစ်တွေအမှိုက်နေရာဖြစ်တဲ့ အာဂျိတ်တော်ကုန်းနဲ့ စစ်တွေမြို့ မီးရထားလမ်း တစ်လျောက်မှာ ကျူးကျော်နေထိုင်သူတွေကို အာဏာပိုင်တွေဖက်က ဗုဒ္ဓဟူးနေ့က စတင်ဖယ် ရှားနေပါတယ်။ အဲဒီလိုဖယ်ရှားမှုအတွင်း ဖမ်းဆီးခံရသူတချို့လည်း ရှိပါတယ်။ လုံခြုံရေးတွေက နေအိမ်တွေကို အတင်းဖြိုဖျက် ဖယ်ရှားတဲ့အတွက် ကျူးကျော်နေထိုင် သူတွေဒုက္ခတေ့ွခဲ့ကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်စစ်တွေမြို့က အမှိုက်တွေစွန့်ပစ်ကြတဲ့ အာဂျိတ်တော်ကုန်းလို့ခေါ်တဲ့ နေရာမှာ ကျူးကျော်နေထိုင်သူတွေကို အာဏာပိုုင်တွေက ဒီနေ့ မတ်လ ၁၀ ရက်မှာ ဖယ်ရှားခဲ့ပါတယ်။ အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ နေရာမှာ စစ်သားနဲ့ ရဲတွေ အင်အားသုံး ဖယ်ရှားခဲ့တယ်လို့ နေအိမ် ဖယ်ရှားခံရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ ကျမတို့ဆီကို လာပြီး ဖြိုသွားတာကတော့ ရဲတွေလာတယ်၊ စစ်သားတွေ လာတယ်၊ အကုန်လုံး ကျုံးသွားတယ်သူတို့ မင်းတို့တွေ ပစ္စည်းတွေ ချရင်ချ မချရင် အကုန်လုံး ဖြိုမယ်ဆိုတော့ ကျမတို့ ဘာမှ မရလိုက်ဘူး အကုန်လုံး အခုလို ပြိုသွားတာပဲ၊ ကျမတို့ကလေးတွေကတော့ အဝေးကို ပြေးသွားကြတယ်။ အခုမှ တွေ့တာ ထမင်းလည်းမစားရသေးပါဘူးရှင့်”

အာဂျိုက်တော်ကုန်းနေရာက ကျူးကျော်တွေကို လုံခြုံရေးနဲ့ အာဏာပိုင်တွေက ဖယ်ရှားစဉ် အဲဒီမှာကျူးကျော်နေထိုင်တဲ့ ကိုမောင်ထွန်းအေးကိုလည်း ဖမ်းဆီးသွားတယ်လို့ သူ့အမျိုးသမီးက ခုလိုပြောပြပါတယ်။

“ကျမလင်ကိုတော့ မနက် ၈နာရီမှာ ဖမ်းသွားပါတယ်၊ ကျမကို တစ်ခြားတစ်ယောက်က သူ့ကို ဖမ်းသွားတယ်လို့ တစ်ခြားတစ်ယောက်ပြောတယ်။ ကျမဖုန်းဆက်ကြည့်တော့ သူဖုန်းမကိုင်ဘူး၊ အဲတော့ ကားတွေရပ်ထားတဲ့နေရာကို သွားကြည့်တော့ သူကားနားက ကျမကို ကြည့်နေတယ်၊ ပြီးတော့ ကားပေါ်ကို တင်သွားပါတယ်။” လို့ ရခိုင်ဘာသာနဲ့ ပြောပြတာဖြစ်ပါတယ်။

ကြိုတင်သတိပေး အကြောင်းကြားခြင်းမရှိဘဲ ကျူးကျော်နေအိမ်တွေကို ရုတ်တရက်လာရောက် ရှင်းလင်းတာကြောင့် အဲဒီမှာ နေထိုင်သူတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း နေအိမ်ဖျက်ဆီးခံရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ ကျမတို့က မရှိဆင်းရဲသားတွေဆိုတော့ သူတို့ ဖြိုခဲ့တဲ့ နေရာလေးမှာပဲ၊ တာပေါ် လိပ် လေးတွေ ရှိတယ်၊ ပစ္စည်းသွားတာကတော့ ပစ္စည်းသွားတာပေါ့နော်၊ အဲတာတွေကို မွမ်းမံပြီး တဲလေးထိုးပြီး မေကြီးပေါ်မှာ နေမှပဲ၊ ကျမတို့မှာ သွားစရာလည်း မရှိပါဘူးရှင့်၊ အိမ်ငှား ပြီး လည်း မနေနိုင်ပါဘူးရှင့် ကျမတို့မှာ စားစရာလည်းမရှိ ကျမတို့က ရေသန့်ဗူးလေးတွေ ကောက်ပြီး ရောင်းစားနေကြတာပါရှင့်၊ အခုလည်း မြင်တဲ့အတိုင်းပဲ ပစ္စည်းတွေ ထုတ်ထား တယ်၊ ကျမရောင်းမလို့၊ သူတို့အခုလို လာပြီး ဖြိုသွားတော့ စားစရာလည်းမရှိ နေစရာ လည်း မရှိ ဘယ်လိုလုပ်ရမှန်းလည်းမသိ ကလေးတွေကလည်း ငိုတဲ့သူငို။”

စစ္ေတြ က်ဴးေက်ာ္ရပ္ကြက္ ဖ်က္ဆီးခံရ
စစ္ေတြ က်ဴးေက်ာ္ရပ္ကြက္ ဖ်က္ဆီးခံရ

စစ်တွေ အမှိုက်ပုံနေရာဖြစ်တဲ့ အာဂျိတ်တော်ကုန်းမှာ ကျူးကျော်နေကြသူတွေဟာ အမှိုက်ပုံမှာ လာရောက်စွန့်ပစ်တဲ့ ရေသန့်ဗူးခွံတွေနဲ့ တစ်ခြား ရောင်းလို့ရတဲ့ ပစ္စည်းတွေကို ကောက်ယူရောင်းချပြီး စားဝတ်နေရေးကို ဖြေရှင်းနေရသူတွေဖြစ်ကြပါတယ်။ အဲဒီမှာ နေသူတွေထဲ စစ်တွေမြို့ကအပြင် ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်စတဲ့မြို့နယ်တွေက ဒေသခံတွေလည်း ရှိကြပါတယ်။ ကျူးကျော်နေ ထိုင်သူအများစုက စစ်ဘေးဒုက္ခသည်တွေဖြစ်တယ်လို့လည်း အဲဒီမှာနေတဲ့သူ တွေကပြောပြကြပါတယ်။

ဒီကနေ့ နေအိမ်တွေဖျက်ဆီးခံရတဲ့ ကျူးကျော်နေထိုင်သူ မိသားစု ၃၀၀ ကျော်လောက် ဟာ ဘယ်မှာဆက်နေရမှန်းမသိဖြစ်နေတယ်လို့ နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့ ကိုဝင်းကျော်က ပြောပါတယ်။

“ အခုသူတို့ ရွာကိုလာပြီးတော့ ဖျက်စီးသွားတယ် ကျနော်တို့ ဒုက္ခသည်တွေဟာ ဘယ် မှာနေရမလဲ ကျနော်တို့ ဘာမှမမပြောဘူး။ ကျနော်တို့ အခု လမ်းဘေးရောက် နေပါတယ်၊ အဲတော့ နေရာတစ်ခုခုဖြစ်ဖြစ် အကွက်တစ်ခုခုဖြစ်ဖြစ် ရွေ့ပြောင်းမယ့် နေရာ တစ်ခုလိုချင် ပါတယ်၊ ညနေအတွက် ကျနော်တို့ ရွာသား ၃၀၀ကျော်ဟာ ဘယ်မှာ နေရမလဲ၊ ဘယ်မှာ အိပ်ရမလဲ ဘယ်မှာ စားရမလဲဆိုတာ ကျနော်တို့ မသိရပါဘူး၊ အဲတာ ကြောင့် အခုလမ်း ဘေးမှာပဲနေကြပါတယ်။”

စစ်တွေမြို့နယ်အတွင်းက အာဂျိတ်တော်ကုန်းမှာ ကျူးကျော်နေထိုင်ကြတဲ့ လူနေအိမ် ၇၅ လုံး၊ လူမနေပဲ ဆောက်ထား အိမ် ၃၀ နဲ့ လူဦးရေက စုစုပေါင်း ၂၈၃ ယောက်ရှိတယ်လို့ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်တွေမြို့ မီးရထားလမ်းတလေ ျှာက်က ကျူးကျော်တဲတွေကိုလည်း မတ်လ ၉ ရက်နေ့က စတင် ဖြိုဖျက် ဖယ်ရှားနေပြီး၊ လူနေအိမ် ၄၆ လုံး၊ လူမနေသေးပဲ ဆောက်ထားတဲ့အိမ် ၂၅ လုံးတို့ကို ဖယ်ရှားခဲ့တယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

အခုလို စစ်တွေမြို့အတွင်းက ကျူးကျော်နေအိမ်တွေကို ဖယ်ရှားနေတာနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေ ဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။

ခရိုင်ပြည်နယ်မှာအပြင် မန္တလေးတိုင်းထဲက မြစ်ငယ်အရပ်က နေအိမ်တချို့အပြင် ဗထူးအားကစားကွင်း ပတ်လည်က တိုက်ခန်း၊ ဈေးဆိုင်ခန်းတွေကိုလည်း မတ်လကုန် နောက်ဆုံးထားဖယ်ရှားပေးဖို့ အာဏာပိုင်တွေ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

XS
SM
MD
LG