သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေျပးဒုကၡသည္စခန္း ေထာက္ပံ့မႈနည္းလာ 


ေဒသတြင္းတုိက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြါ ထြက္ေျပးေနၾကရတဲ့ ရခုိင္ျပည္သူမ်ား။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ရခိုင္စစ္ေျပးဒုကၡသည္စခန္းေတြမွာ စားေရးေသာက္ေရး မလုံေလာက္တဲ့ျပႆနာႀကဳံေနၾကတဲ့အျပင္ ေဆာင္းရာသီျဖစ္တာေၾကာင့္ ေစာင္နဲ႔ အေႏြးထည္ေတြ လိုအပ္ေနၾကပါတယ္။ ေနရပ္မျပန္ႏိုင္ေဘးတဲ့ စစ္ေဘးဒုကၡသည္ ၇ ေသာင္းေလာက္ရွိေနတဲ့ ရခိုင္ျပည္နယ္မွာ ေထာက္ပံ့ကူညီမႈေတြကလည္း အရင္ထက္နည္းသြားတယ္လို႔ ဒုကၡသည္ကူညီေရးအဖြဲ႕ေတြက ေျပာပါတယ္။ ရခိုင္ ဘက္က ဒုကၡသည္ေတြရဲ႕ အေျခအေန ရန္ကုန္ကသတင္းေရးသားေပးပို႔ထားတာကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စီးပြားေရးက်ဆင္းလာသလို ကုန္ေဈးႏႈန္းေတြလည္း ျမင့္တက္လာတာေၾကာင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက စစ္ေဘးဒုကၡသည္ေတြ ခိုလႈံေနၾကတဲ့ ယာယီဒုကၡသည္စခန္းေတြမွာ အစားအေသာက္ အသုံးအေဆာင္ မလုံေလာက္မႈေတြ ႀကဳံေနၾကပါတယ္။ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP နဲ႔ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ ICRC တို႔က ေငြေၾကးနဲ႔ ဆန္၊ ဆီ၊စား စတဲ့ ကူညီေထာက္ပံ့မႈေတြပုံမွန္ ေပးေပမဲ့ ျပည္တြင္းက အကူအညီေပးသူေတြ မရွိသေလာက္နည္းသြားတဲ့အတြက္ လိုအပ္ခ်က္ေတြျဖစ္ေနတယ္လို႔ စစ္ေဘးဒုကၡသည္ အေရးေဆာင္႐ြက္ေနတဲ့ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံး REC က ကိုေဇာ္ဇာ္ထြန္းက ေျပာပါတယ္။

“စားနပ္ရိကၡာနဲ႔ပတ္သတ္ၿပီးေတာ့ လိုအပ္ခ်က္ကေတာ့ အၿမဲတမ္းရွိေနတာေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ အရင္လိုမ်ိဳး ေထာက္ပံ့တဲ့အဖြဲ႕ေတြက မရွိေနေတာ့ဘူး၊ ပုံမွန္ ေထာက္ပံ့တဲ့ ICRC တို႔ WFP တို႔ေနာက္ လူကယ္ျပန္ဌာနတို႔ ဒီေလာက္ပဲ ပုံမွန္ရွိတယ္ ေပါ့ေလ၊ က်န္တဲ့အဖြဲ႕ေတြကေတာ့ အၿမဲတမ္းလိုလိုမရွိေနဘူးေပါ့၊ အရင္ကဆိုရင္ေတာ့ ေဒသခံအဖြဲ႕ေတြေရာ ပရဟိတအဖြဲ႕ေတြေရာ ေထာက္ပံ့ၾကတာရွိပါတယ္။ အရင္ကဆိုရင္ စခန္းမွာေနတဲ့သူေတြက ေငြရမယ့္လုပ္ငန္းေတြကို တႏိုင္တပိုင္လုပ္ၾကတာရွိပါတယ္။ ကိုဗစ္ေတြျဖစ္သြားတယ္၊ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာေတာ့ စီးပြားေရးေတြထိခိုက္လာတဲ့အခါမွာ လုပ္ငန္းေတြကလည္း အရင္လိုမလြယ္ကူေတာ့ဘူး။ ရွာလို႔မရဘူးလို႔ ေျပာပါတယ္။ ဒါေၾကာင့္ စားနပ္ရိကၡာပိုၿပီးေတာ့ ၾကပ္တည္းလာတယ္။ တေနရာနဲ႔တေနရာေတာ့ ကြဲျပားမႈရွိပါတယ္။ အေႏြးထည္နဲ႔ ေစာင္ေတြလည္း တေနရာနဲ႔ တေနရာမတူဘူး။ ရတဲ့ေနရာရွိသလို မရတဲ့ ေနရာေတြလည္းရွိတယ္။”

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက လူဦးေရ ၅၀၀ ေက်ာ္ေနထိုင္တဲ့ ေတာင္မင္းကလား စစ္ေဘးဒုကၡသည္စခန္းမွာဆိုရင္ WFP ကေငြေၾကး ေထာက္ပံ့တာေတြရွိေနေပမယ့္ ကုန္းေဈးႏႈန္းေတြ ျမင့္တက္ေနတာေၾကာင့္ စားဝတ္ေနေရး ခက္ခဲေနတယ္ လို႔ စစ္ေဘးဒုကၡသည္ မေအးေအးခိုင္က ေျပာပါတယ္။

“စားဝတ္ေနေရးကလည္း မလုံေလာက္ဘူး WFP ကေတာ့ လူတစ္ေယာက္ကို ၁ ေသာင္း ၇ ေထာင္ေပးတာေတာ့ရွိတယ္။ ဒါေပမယ့္မလုံမေလာက္ဘူးေလ၊ တစ္လကို လူတစ္ေယာက္ကိုမွ ၁ ေသာင္း ၇ ေထာင္ေပးတယ္။ ေဈးႏႈန္းေတြလည္း တအားတက္ေနေတာ့ ဆီတစ္ဗူးကို ၃၅၀၀ အဲတာေၾကာင့္မလုံေလာက္ပါဘူး”

အခုလို စားနပ္ရိကၡာအခက္အခဲေတြအျပင္ ေဆာင္းရာသီျဖစ္တာေၾကာင့္ ေစာင္နဲ႔ အေႏြးထည္ေတြလည္း လိုအပ္ေနတယ္လို႔မေအးေအးခိုင္က ေျပာပါတယ္။

“အခုက တအားခ်မ္းေနတဲ့အခ်ိန္မွာ ေစာင္ေတြ အေႏြးထည္ေတြ မလုံမေလာက္ျဖစ္ေနလို႔ တအားလိုအပ္ေနတယ္၊ ဒီမွာေတာ့ လူေပါင္းငါးရာေက်ာ္ရွိတယ္။ အဲဒီမွာ လူေပါင္းသုံးရာေလာက္ကေတာ့ အခက္အခဲျဖစ္ေနၾကတယ္။ ေစာင္ကေတာ့ေပးပါတယ္။ တအိမ္ထာင္ကို သုံးထည္ေပးတယ္။ ဒါေပမယ့္ လုံေလာက္မႈ မရွိပါဘူး။ တအိမ္ေထာင္မွာ လူ ၁၂ ေယာက္ရွိတဲ့ သူေတြလည္းရွိတယ္၊ ဆယ္ေယာက္ရွိတဲ့ အိမ္ေတြလည္းရွိတယ္၊ အဲဒါ မလုံေလာက္ျဖစ္ေနလို႔ တအားခ်မ္းေနတယ္။ ႏိုင္ငံတကာအဖြဲ႕အစည္းေတြကလည္း မေပးဘူး။ ICRC ကလည္း အေႏြးထည္လည္း မေပးဘူး၊ ေစာင္လည္း မေပးဘူး။ UNHCR ကေတာ့ ၿပီးခဲ့တဲ့ မိုးရာသီက တအိမ္ေထာင္ကို ေစာင္သုံးထည္ေပးတာေတာ့ရွိတယ္။ ဒါေပမယ့္မလုံေလာက္ပါဘူး။”

ရခိုင္ျပည္နယ္မွာ ၂၀၁၈ ခုႏွစ္ အကုန္ပိုင္းေလာက္ကတည္း ျမန္မာအစိုးရစစ္တပ္နဲ႔ ရခိုင္တပ္ေတာ္ AA တို႔ၾကား တိုက္ပြဲ အႀကီးအက်ယ္ျဖစ္ပြားခဲ့တာေၾကာင့္ ရခိုင္ေဒ သခံ ႏွစ္သိန္းေက်ာ္ အိုးအိမ္စြန႔္ခြာထြက္ေျပးခဲ့ၾကၿပီး စစ္ေဘးဒုကၡသည္ေတြ စခန္းေတြမွာ ခိုလႈံေနထိုင္ေနၾကရပါတယ္။ လက္ရွိ ရခိုင္ျပည္ထဲမွာ တိုက္ပြဲေတြရပ္တန႔္ေနၿပီး စစ္ေဘးဒုကၡသည္အမ်ားစု ေနရပ္ျပန္သြားခဲ့ၾကေပမယ့္ မိုင္းနဲ႔ စစ္က်န္ လက္နက္ေတြ မရွင္းရေသးတဲ့ ေက်း႐ြာေတြက ႐ြာသူ႐ြာသားေတြ ေနရပ္မျပန္ႏိုင္ၾကေသးသလို အစိုးရက လုံၿခဳံေရးအာမခံခ်က္ မေပးႏိုင္ေသးတာေၾကာင့္ ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးဒုကၡသည္ စုစုေပါင္း ၇ ေသာင္းနီးပါး စစ္ေဘးဒုကၡသည္စခန္းေတြမွာ ရွိေနၾကပါေသးတယ္။

ရခိုင္စစ္ေျပးဒုကၡသည္စခန္း ေထာက္ပံ့မႈနည္းလာ
please wait

No media source currently available

0:00 0:03:37 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Zawgyi/Unicode]]

ရခိုင်စစ်ပြေးဒုက္ခသည်စခန်း ထောက်ပံ့မှုနည်းလာ

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရခိုင်စစ်ပြေးဒုက္ခသည်စခန်းတွေမှာ စားရေးသောက်ရေး မလုံလောက်တဲ့ပြဿနာကြုံနေကြတဲ့အပြင် ဆောင်းရာသီဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေကြပါတယ်။ နေရပ်မပြန်နိုင်ဘေးတဲ့ စစ်ဘေးဒုက္ခသည် ၇ သောင်းလောက်ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ထောက်ပံ့ကူညီမှုတွေကလည်း အရင်ထက်နည်းသွားတယ်လို့ ဒုက္ခသည်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ရခိုင် ဘက်က ဒုက္ခသည်တွေရဲ့ အခြေအနေ ရန်ကုန်ကသတင်းရေးသားပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးကျဆင်းလာသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ယာယီဒုက္ခသည်စခန်းတွေမှာ အစားအသောက် အသုံးအဆောင် မလုံလောက်မှုတွေ ကြုံနေကြပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC တို့က ငွေကြေးနဲ့ ဆန်၊ ဆီ၊စား စတဲ့ ကူညီထောက်ပံ့မှုတွေပုံမှန် ပေးပေမဲ့ ပြည်တွင်းက အကူအညီပေးသူတွေ မရှိသလောက်နည်းသွားတဲ့အတွက် လိုအပ်ချက်တွေဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည် အရေးဆောင်ရွက်နေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး REC က ကိုဇော်ဇာ်ထွန်းက ပြောပါတယ်။

“စားနပ်ရိက္ခာနဲ့ပတ်သတ်ပြီးတော့ လိုအပ်ချက်ကတော့ အမြဲတမ်းရှိနေတာပေါ့နော်။ ဘာလို့လဲဆိုတော့ အရင်လိုမျိုး ထောက်ပံ့တဲ့အဖွဲ့တွေက မရှိနေတော့ဘူး၊ ပုံမှန် ထောက်ပံ့တဲ့ ICRC တို့ WFP တို့နောက် လူကယ်ပြန်ဌာနတို့ ဒီလောက်ပဲ ပုံမှန်ရှိတယ် ပေါ့လေ၊ ကျန်တဲ့အဖွဲ့တွေကတော့ အမြဲတမ်းလိုလိုမရှိနေဘူးပေါ့၊ အရင်ကဆိုရင်တော့ ဒေသခံအဖွဲ့တွေရော ပရဟိတအဖွဲ့တွေရော ထောက်ပံ့ကြတာရှိပါတယ်။ အရင်ကဆိုရင် စခန်းမှာနေတဲ့သူတွေက ငွေရမယ့်လုပ်ငန်းတွေကို တနိုင်တပိုင်လုပ်ကြတာရှိပါတယ်။ ကိုဗစ်တွေဖြစ်သွားတယ်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စီးပွားရေးတွေထိခိုက်လာတဲ့အခါမှာ လုပ်ငန်းတွေကလည်း အရင်လိုမလွယ်ကူတော့ဘူး။ ရှာလို့မရဘူးလို့ ပြောပါတယ်။ ဒါကြောင့် စားနပ်ရိက္ခာပိုပြီးတော့ ကြပ်တည်းလာတယ်။ တနေရာနဲ့တနေရာတော့ ကွဲပြားမှုရှိပါတယ်။ အနွေးထည်နဲ့ စောင်တွေလည်း တနေရာနဲ့ တနေရာမတူဘူး။ ရတဲ့နေရာရှိသလို မရတဲ့ နေရာတွေလည်းရှိတယ်။”

ကျောက်တော်မြို့နယ်အတွင်းက လူဦးရေ ၅၀၀ ကျော်နေထိုင်တဲ့ တောင်မင်းကလား စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် WFP ကငွေကြေး ထောက်ပံ့တာတွေရှိနေပေမယ့် ကုန်းဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ် လို့ စစ်ဘေးဒုက္ခသည် မအေးအေးခိုင်က ပြောပါတယ်။

“စားဝတ်နေရေးကလည်း မလုံလောက်ဘူး WFP ကတော့ လူတစ်ယောက်ကို ၁ သောင်း ၇ ထောင်ပေးတာတော့ရှိတယ်။ ဒါပေမယ့်မလုံမလောက်ဘူးလေ၊ တစ်လကို လူတစ်ယောက်ကိုမှ ၁ သောင်း ၇ ထောင်ပေးတယ်။ ဈေးနှုန်းတွေလည်း တအားတက်နေတော့ ဆီတစ်ဗူးကို ၃၅၀၀ အဲတာကြောင့်မလုံလောက်ပါဘူး”

အခုလို စားနပ်ရိက္ခာအခက်အခဲတွေအပြင် ဆောင်းရာသီဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့မအေးအေးခိုင်က ပြောပါတယ်။

“အခုက တအားချမ်းနေတဲ့အချိန်မှာ စောင်တွေ အနွေးထည်တွေ မလုံမလောက်ဖြစ်နေလို့ တအားလိုအပ်နေတယ်၊ ဒီမှာတော့ လူပေါင်းငါးရာကျော်ရှိတယ်။ အဲဒီမှာ လူပေါင်းသုံးရာလောက်ကတော့ အခက်အခဲဖြစ်နေကြတယ်။ စောင်ကတော့ပေးပါတယ်။ တအိမ်ထာင်ကို သုံးထည်ပေးတယ်။ ဒါပေမယ့် လုံလောက်မှု မရှိပါဘူး။ တအိမ်ထောင်မှာ လူ ၁၂ ယောက်ရှိတဲ့ သူတွေလည်းရှိတယ်၊ ဆယ်ယောက်ရှိတဲ့ အိမ်တွေလည်းရှိတယ်၊ အဲဒါ မလုံလောက်ဖြစ်နေလို့ တအားချမ်းနေတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း မပေးဘူး။ ICRC ကလည်း အနွေးထည်လည်း မပေးဘူး၊ စောင်လည်း မပေးဘူး။ UNHCR ကတော့ ပြီးခဲ့တဲ့ မိုးရာသီက တအိမ်ထောင်ကို စောင်သုံးထည်ပေးတာတော့ရှိတယ်။ ဒါပေမယ့်မလုံလောက်ပါဘူး။”

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် အကုန်ပိုင်းလောက်ကတည်း မြန်မာအစိုးရစစ်တပ်နဲ့ ရခိုင်တပ်တော် AA တို့ကြား တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် ရခိုင်ဒေ သခံ နှစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြပြီး စစ်ဘေးဒုက္ခသည်တွေ စခန်းတွေမှာ ခိုလှုံနေထိုင်နေကြရပါတယ်။ လက်ရှိ ရခိုင်ပြည်ထဲမှာ တိုက်ပွဲတွေရပ်တန့်နေပြီး စစ်ဘေးဒုက္ခသည်အများစု နေရပ်ပြန်သွားခဲ့ကြပေမယ့် မိုင်းနဲ့ စစ်ကျန် လက်နက်တွေ မရှင်းရသေးတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေ နေရပ်မပြန်နိုင်ကြသေးသလို အစိုးရက လုံခြုံရေးအာမခံချက် မပေးနိုင်သေးတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း ၇ သောင်းနီးပါး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရှိနေကြပါသေးတယ်။

#MyanmarViolence #RakhineConflict #MyanmarIDPs #VOABurmese

#ရခိုင်စစ်ပြေးဒုက္ခသည် #အေးအေးခိုင် #အနွေးထည်၊စောင်လိုအပ် #ဗွီအိုအေ

==============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG