သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မေပါ႔ဆသင္႔တဲ႔ ရခိုင္ ကိုဗစ္ကူးစက္မႈ အေျခအေန 


Myanmar Covid (စစ္ေတြၿမိဳ႕ေစ်းအနီး ယခင္မွတ္တမ္းဓါတ္ပုံ)

မေပါ႔ဆသင္႔တဲ႔ ရခိုင္ ကိုဗစ္ကူးစက္မႈ အေျခအေန

{{Unicode}}
ကိုဗစ္ေရာဂါကူးစက္မႈေတြနဲ႔ပတ္သက္လို႔ AA ရခိုင္တပ္ဖြဲ႕အေနနဲ႔ ကပ္ေဘးစည္းမ်ဥ္းတင္ၾကပ္တာေတြလုပ္ခဲ့သလို ျပည္နယ္ေကာင္စီက ေရာဂါအသိပညာေပးလုပ္ေဆာင္တာေတြရွိေပမယ့္လည္း အမ်ားအျပည္သူဖက္က လိုက္နာမႈအားနည္းေနေသးတယ္လို႔ ​ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္းကစလို႔ ကိုဗစ္ေရာဂါပိုးကူစက္မႈျမင့္တက္ခဲ့ၿပီး၊ လက္ရွိမွာ ကူး စက္မႈေတြ အနည္းငယ္ က်ဆင္းလာတယ္ဆိုေပမယ့္ ျပည္သူေတြၾကားထဲမွာ ဖ်ားနာတာေတြ အမ်ားအျပားရွိေနတယ္လို႔ ရခိုင္ကိုဗစ္-၁၉ ေစာင့္ေရးအဖြဲ႕က ကိုေဇာ္လႈိင္ထြန္းက ေျပာပါတယ္။

“ တစ္ခ်ိဳ႕ကလည္း ေဆး႐ုံကိုမေရာက္လာပဲနဲ႔ အရပ္ဖက္မွာ ႀကိတ္ကု႔ေနတဲ့ ဟာေတြလည္း ရွိေကာင္းရွိေနႏိုင္တာေပါ့ေနာ္၊ ဒါမွမဟုတ္ရင္လည္း ဒါက ႐ိုး႐ိုးတန္းတန္း ဖ်ားနာေန တယ္ဆိုၿပီးေတာ့ ေဆးဆိုင္က ေဆးေတြဝယ္ၿပီးေသာက္ေနတာေတြလည္း ျဖစ္ႏိုင္ပါတယ္၊ အမွန္တကယ္ဆိုရင္ေတာ့ ဒါ ေပါ့ေပါ့ေလ်ာ့ေလ်ာ့ မေနသင့္ဘူးေပါ့ေနာ္၊ အဲလိုမ်ိဳးေတာ့ ျမင္ပါတယ္။”

ရခိုင္ျပည္နယ္မွာ ကိုဗစ္ကူးစက္မႈေတြ တိုးလာေနတဲ့အခ်ိန္ ပြင့္လင့္ရာသီျဖစ္တာေၾကာင့္ ပြဲလမ္းသဘင္ေတြလည္း မ်ားျပားေနသလို ျပည္သူေတြအေနနဲ႔လည္း ကိုဗစ္စည္းကမ္း လိုက္နာမရွိသေလာက္နည္းပါးေနတယ္လို႔ စစ္ေတြၿမိဳ႕မွာ ေနထိုင္တဲ့ မမ်ိဳးမ်ိဳးေအးက ေျပာပါတယ္။

“ အခုျဖစ္ေနတဲ့ ကိုဗစ္နဲ႔ ပတ္သတ္ၿပီးေတာ့ ညီမတို႔အေနနဲ႔ေတာ့ စိုးရိမ္စိတ္ အမ်ားႀကီး မဟုတ္ေပမယ့္ နည္းနည္းေတာ့ ျဖစ္တယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ရခိုင္မွာက်ေတာ့ အခုအခ်ိန္ထိ Omicronေတြရွိေနေပမယ့္လည္း စည္းကမ္းမလိုက္နာတဲ့သူေတြ အမ်ား ႀကီးရွိ ေနတယ္။ လမ္းေတြမွာဆိုရင္လည္း လူေတြအမ်ားႀကီးပဲ၊ စည္းကမ္းမလိုက္နာၾကေတာ့ ညီမတို႔ကေတာ့ စိုးရိမ္မိတယ္။”

ရခိုင္ျပည္နယ္အတြင္းမွာ ကိုဗစ္ကူးစက္မႈေတြ တိုးေနတာေၾကာင့္ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕က ပြဲလမ္းသဘင္ေတြ မလုပ္ဖို႔ လူစုလူေဝးမလုပ္ဖို႔နဲ႔ လိုက္နာရမယ့္ ကိုဗစ္စည္းကမ္းခ်က္ေတြ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္းကတႀကိမ္ နဲ႔ မေန႔က တႀကိမ္ထုတ္ျပန္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ျပည္သူေတြၾကားမွာ လိုက္နာမႈ အားနည္းေနတယ္လို႔ မမ်ိဳးမ်ိဳးေအးကေျပာပါတယ္။

“ AAရဲ႕ ထုတ္ျပန္ခ်က္နဲ႔ပတ္သတ္ၿပီး ၿပီးခဲ့တဲ့ တတိယလႈိင္းတုန္းကေတာ့ လိုက္နာမႈ အမ်ားႀကီးရွိခဲ့တာကို ေတြ႕ရတယ္။ ညီမတို႔အေနနဲ႔ အခုတစ္ေခါက္ထုတ္တဲ့ အခါမွာေတာ့ ျပည္သူေတြအေနနဲ႔ လက္ခံၾကတယ္လို႔ ေျပာဆိုၾကေပမယ့္ ၿမိဳ႕ေပၚမွာေကာ တခ်ိဳ႕ေနရာေတြမွာ လိုက္နာမႈအားနည္းတာကိုေတြ႕ရတယ္၊ ပြဲေတြလည္းလုပ္ေနၾကတာကို ေတြ႕ရတယ္”

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ၂၀၂၁ခုႏွစ္ ေအာက္တိုဘာလေလာက္ကစတင္ၿပီး ကိုဗစ္ကူးစက္မႈေတြ မရွိသေလာက္နည္းပါးလာရာကေန ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလအတြင္းမွာ တဖန္ျပန္ၿပီး ကူးစက္မႈေတြ ျမင့္တက္လာတာေၾကာင့္ ျပည္သူေတြအေနနဲ႔ က်န္းမာေရး ဝန္ႀကီးဌာနာက ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြကို လိုက္နာဖို႔လည္း က်န္းမာေရးတာဝန္ရွိသူေတြက တိုက္တြန္းထားပါတယ္။

ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ ၂၇ရက္ေန႔အထိ ရခိုင္ျပည္နယ္မွာ ကိုဗစ္ကူးစက္ခံရသူ ၅၇၇၃ဦးအထိရွိေနၿပီး ေသဆုံးသူ ၅၀၁ ဦးနဲ႔ လက္ရွိ ေဆးကုသမႈခံယူေနရသူ ၁၈၁ဦးအထိရွိေနတယ္လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနရဲ႕ စာရင္းအရ သိရပါတယ္။

......................................................................

တိုက္႐ိုက္ လင့္ခ္

မပေါ့ဆသင့်တဲ့ ရခိုင် ကိုဗစ်ကူးစက်မှု အခြေအနေ

{{Unicode}}
ကိုဗစ်ရောဂါကူးစက်မှုတွေနဲ့ပတ်သက်လို့ AA ရခိုင်တပ်ဖွဲ့အနေနဲ့ ကပ်ဘေးစည်းမျဉ်းတင်ကြပ်တာတွေလုပ်ခဲ့သလို ပြည်နယ်ကောင်စီက ရောဂါအသိပညာပေးလုပ်ဆောင်တာတွေရှိပေမယ့်လည်း အများအပြည်သူဖက်က လိုက်နာမှုအားနည်းနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကစလို့ ကိုဗစ်ရောဂါပိုးကူစက်မှုမြင့်တက်ခဲ့ပြီး၊ လက်ရှိမှာ ကူး စက်မှုတွေ အနည်းငယ် ကျဆင်းလာတယ်ဆိုပေမယ့် ပြည်သူတွေကြားထဲမှာ ဖျားနာတာတွေ အများအပြားရှိနေတယ်လို့ ရခိုင်ကိုဗစ်-၁၉ စောင့်ရေးအဖွဲ့က ကိုဇော်လှိုင်ထွန်းက ပြောပါတယ်။

“ တစ်ချို့ကလည်း ဆေးရုံကိုမရောက်လာပဲနဲ့ အရပ်ဖက်မှာ ကြိတ်ကု့နေတဲ့ ဟာတွေလည်း ရှိကောင်းရှိနေနိုင်တာပေါ့နော်၊ ဒါမှမဟုတ်ရင်လည်း ဒါက ရိုးရိုးတန်းတန်း ဖျားနာနေ တယ်ဆိုပြီးတော့ ဆေးဆိုင်က ဆေးတွေဝယ်ပြီးသောက်နေတာတွေလည်း ဖြစ်နိုင်ပါတယ်၊ အမှန်တကယ်ဆိုရင်တော့ ဒါ ပေါ့ပေါ့လျော့လျော့ မနေသင့်ဘူးပေါ့နော်၊ အဲလိုမျိုးတော့ မြင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတဲ့အချိန် ပွင့်လင့်ရာသီဖြစ်တာကြောင့် ပွဲလမ်းသဘင်တွေလည်း များပြားနေသလို ပြည်သူတွေအနေနဲ့လည်း ကိုဗစ်စည်းကမ်း လိုက်နာမရှိသလောက်နည်းပါးနေတယ်လို့ စစ်တွေမြို့မှာ နေထိုင်တဲ့ မမျိုးမျိုးအေးက ပြောပါတယ်။

“ အခုဖြစ်နေတဲ့ ကိုဗစ်နဲ့ ပတ်သတ်ပြီးတော့ ညီမတို့အနေနဲ့တော့ စိုးရိမ်စိတ် အများကြီး မဟုတ်ပေမယ့် နည်းနည်းတော့ ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်မှာကျတော့ အခုအချိန်ထိ Omicronတွေရှိနေပေမယ့်လည်း စည်းကမ်းမလိုက်နာတဲ့သူတွေ အများ ကြီးရှိ နေတယ်။ လမ်းတွေမှာဆိုရင်လည်း လူတွေအများကြီးပဲ၊ စည်းကမ်းမလိုက်နာကြတော့ ညီမတို့ကတော့ စိုးရိမ်မိတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ကူးစက်မှုတွေ တိုးနေတာကြောင့် ရခိုင်လက်နက်ကိုင် AAအဖွဲ့က ပွဲလမ်းသဘင်တွေ မလုပ်ဖို့ လူစုလူဝေးမလုပ်ဖို့နဲ့ လိုက်နာရမယ့် ကိုဗစ်စည်းကမ်းချက်တွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကတကြိမ် နဲ့ မနေ့က တကြိမ်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေကြားမှာ လိုက်နာမှု အားနည်းနေတယ်လို့ မမျိုးမျိုးအေးကပြောပါတယ်။

“ AAရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ တတိယလှိုင်းတုန်းကတော့ လိုက်နာမှု အများကြီးရှိခဲ့တာကို တွေ့ရတယ်။ ညီမတို့အနေနဲ့ အခုတစ်ခေါက်ထုတ်တဲ့ အခါမှာတော့ ပြည်သူတွေအနေနဲ့ လက်ခံကြတယ်လို့ ပြောဆိုကြပေမယ့် မြို့ပေါ်မှာကော တချို့နေရာတွေမှာ လိုက်နာမှုအားနည်းတာကိုတွေ့ရတယ်၊ ပွဲတွေလည်းလုပ်နေကြတာကို တွေ့ရတယ်”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အောက်တိုဘာလလောက်ကစတင်ပြီး ကိုဗစ်ကူးစက်မှုတွေ မရှိသလောက်နည်းပါးလာရာကနေ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာ တဖန်ပြန်ပြီး ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနာက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့လည်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၇ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်ခံရသူ ၅၇၇၃ဦးအထိရှိနေပြီး သေဆုံးသူ ၅၀၁ ဦးနဲ့ လက်ရှိ ဆေးကုသမှုခံယူနေရသူ ၁၈၁ဦးအထိရှိနေတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

XS
SM
MD
LG