သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကုိဗစ္ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့အေပၚ ျမန္မာက်န္းမာေရးတာဝန္ရွိသူေတြ သတိေပး


APTOPIX Virus Outbreak Myanmar (မွတ္တမ္းဓါတ္ပုံ)


ကုိဗစ္ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့အေပၚ ျမန္မာက်န္းမာေရးတာဝန္ရွိသူေတြ သတိေပး

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ က်န္းမာေရးဌာနရဲ႕ ေဖေဖာ္ဝါရီ ၁၈ ရက္ ည ၈ နာရီထုတ္ျပန္ခ်က္အရ ကိုဗစ္အတည္ျပဳလူနာ ၃ ေထာင္ေက်ာ္အထိ ျမင့္တက္ေနပါတယ္။ Omicron ကုိဗစ္ပိုး ကူးစက္သူေတြလည္း ပိုပိုမ်ားလာေနပါတယ္။ က်န္းမာေရးဌာနစာရင္းအရ ကိုဗစ္အတည္ျပဳ လူနာကူးစက္သူ အမ်ားဆံုးက ရန္ကုန္တုိင္းထဲမွာျဖစ္ပါတယ္။ လက္႐ွိျမန္ႏိုင္ငံက ကိုဗစ္ေရာဂါကူးစက္မႈနဲ႔ အတည္ျပဳလူနာေတြကို ကုသမႈေပးေနတာနဲ႔ပါတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္း ၿငိမ္သြားခ်ိန္ ေန႔စဥ္ အတည္ျပဳလူနာအေရအတြက္ ဆယ္ဂဏန္းအထိ ေလ်ာ့က်သြားေပမဲ့ ေသာၾကာေန႔ကေတာ့ အတည္ျပဳလူနာ ၃၀၅၈ ေယာက္အထိ ျပန္မ်ားလာခဲ့ပါတယ္။ ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီးမွာ ေရာဂါကုသေပးေနတဲ့ ဆရာဝန္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းတခ်ိဳ႕ ကိုဗစ္ေရာဂါကူးစက္ခံထားရလို႔ အေထြေထြ အထူးကုသမားေတာ္ဌာန၊ ကင္ဆာေဆးကုဌာနအပါအဝင္ ေဆးကုဌာနတခ်ဳိ႕ကို ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔အထိ ယာယီပိတ္ထားတယ္လို႔ ေဖေဖာ္ဝါရီ ၁၄ ရက္က အသိေပးခ်က္ထုတ္ျပန္ထားပါတယ္။

က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ ကိုဗစ္အတည္ျပဳလူနာ အမ်ားဆုံးေတြ႕ရွိတာက ရန္ကုန္တိုင္းထဲမွာျဖစ္ပါတယ္။ စာရင္းေတြအရ လႈိင္သာယာၿမိဳ႕နယ္မွာ ကူးစက္သူအမ်ားဆံုးျဖစ္ပါတယ္။

ႏိုင္ငံျခားျပန္ေတြထဲက စစ္ေဆးေတြ႕ရွိတဲ့ ကိုဗစ္အတည္ျပဳလူနာတခ်ိဳ႕ကို လႈိင္သာယာၿမိဳ႕မွာ ဖြင့္လွစ္ထားတဲ့ ကိုဗစ္စင္တာမွာ ထားတာေၾကာင့္ စာရင္းအရ လူနာဦးေရအမ်ားဆုံးျဖစ္ေနတာလို႔ လႈိင္သာယာၿမိဳ႕နယ္ အေျခစိုက္ ပရဟိတအဖြဲ႕ တာဝန္ခံတဦးကေျပာပါတယ္။

"Public Area ဘက္မွာက သိပ္လာမစစ္ၾကဘူး။ တေန႔ကို အမ်ားဆုံးလာစစ္မွ ၁၄ ေယာက္၊ အေယာက္ ၂၀ အဲေလာက္ပဲ။ ၿပီးေတာ့ ေဆး႐ုံ၊ ေဆးခန္းေတြမွာ Positive ထြက္တဲ့လူနာရဲ႕ Contact ေတြကိုပဲ လိုက္စစ္တယ္၊ သိပ္အမ်ားႀကီးမရွိဘူး။ လႈိင္သာယာမွာက ေျပာမယ္ဆိုရင္ လာမစစ္ၾကတာေပါ့။ လႈိင္သာယာက အဓိကမ်ားတယ္ဆိုတာက အဲဒီ ေယာမင္းႀကီးစင္တာမွာ ႏိုင္ငံျခားျပန္ေတြကို ထားေတာ့ေလ အဲကေနထြက္တာ အဓိကကေတာ့။ အခု Positive ထြက္တဲ့လူနာေတြကေတာ့ က်န္းက်န္းမာမာပဲ။ က်ေနာ္တို႔ကေတာင္ တခါတေလ ေခ်ာင္းဆိုး၊ ႏွာေစးျဖစ္ေနတာ။ သူတို႔ကေတာ့ ကိုယ္ေတြထက္ေတာင္ က်န္းမာေရးေကာင္းေနေသး၊ ဒါေပမယ့္ အဲလိုမ်ိဳး Positive ထြက္တယ္။ အခုခ်ိန္ထိေတာ့ ဆိုးဆိုး႐ြား႐ြားခံစားရတဲ့ လူနာေတာ့ မရွိေသးဘူး။"

ကိုဗစ္အတည္ျပဳလူနာေတြထဲက ကိုယ့္ရဲ႕ေနအိမ္မွာ သီးသန႔္ေနထိုင္လို႔ရတဲ့သူကို ေနအိမ္မွာသာထားၿပီးေတာ့ ေနရာအခက္အခဲရွိသူေတြဆို ၿမိဳ႕နယ္က သာသနာ့ဗိမာန္မွာ သီးျခားထားတယ္လို႔ သိရပါတယ္။ ကိုဗစ္ေရာဂါ လကၡဏာခံစားရတဲ့ လူနာဆိုရင္ေတာ့ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံမွာ ထားတယ္လို႔ ေျပာပါတယ္။

ကိုဗစ္အတည္ျပဳလူနာေတြကို ေရာဂါလကၡဏာမရွိသူေတြနဲ႔ သာမန္ ဒါမွမဟုတ္ အသင့္အတင့္ေရာဂါလကၡဏာရွိတဲ့ လူနာေတြ အပါအဝင္ ျပင္းထန္ေရာဂါလကၡဏာရွိတဲ့ လူနာဆိုၿပီး က်န္းမာေရးဌာနက အဆင့္ခြဲသတ္မွတ္ထားပါတယ္။

လူနာေတြရဲ႕ ေရာဂါအေျခအေနေပၚ မူတည္ၿပီး သီးျခားထား ကုသမႈေတြေပးေနတယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာပါတယ္။ ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္မွာ လူနာေတြရဲ႕ ေရာဂါလကၡဏာေပၚမူတည္ ကုသေပးေနပံုကို ၿမိဳ႕နယ္က်န္းမာေရးဦးစီးမႉးက ခုလိုေျပာျပပါတယ္။

"အတည္ျပဳလူနာေတြကေတာ့ အခုႏိုင္ငံေတာ္က Version 7 နဲ႔ သတ္မွတ္ထားတဲ့ အတိုင္းပဲေပါ့ေနာ္။ ေရာဂါလကၡဏာ ခံစားရၿပီးေတာ့ Positive ျဖစ္ရင္ေတာ့ က်ေနာ္တို႔ လွည္းကူးေဆး႐ုံမွာထားတာေပါ့။ လွည္းကူးေဆး႐ုံကေနၿပီးေတာ့ အေရးႀကီးလို႔ရွိရင္ေတာ့ တိုင္းကိုတင္ျပၿပီးေတာ့ Specialist Hospital ကို လႊဲတယ္။ ဒါေပမယ့္ အခုခ်ိန္ထိေတာ့ လႊဲရတဲ့လူ တေယာက္မွမရွိေသးဘူး။ တကယ္လို႔ Contact ေတြထဲကေနၿပီးေတာ့ စစ္လိုက္လို႔ Positive ျဖစ္လို႔ရွိရင္ သူတို႔က သူတို႔အိမ္မွာ ေနႏိုင္တဲ့အဆင့္အတန္းရွိတယ္၊ သီးသန႔္ေနႏိုင္တယ္၊ Home Isolation အတြက္ ျဖစ္ႏိုင္မယ္ဆိုရင္ေပါ့ေနာ္၊ အုပ္ခ်ဳပ္ေရးမႉးကို က်ေနာ္တို႔ သတင္းပို႔တယ္။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကေနၿပီးေတာ့ သူတို႔ေတြကို အမွန္တကယ္ေနႏိုင္တယ္ဆိုတဲ့ ေထာက္ခံစာေပးရင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကိုလည္း ေစာင့္ၾကည့္ခိုင္းၿပီးေတာ့ သူတို႔အိမ္မွာ Home Isolation ထားတယ္။ က်ေနာ္တို႔ကို တေန႔ကို ၂ခါ သတင္းပို႔ခိုင္းတာေပါ့ေနာ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ Serious မျဖစ္ဘဲနဲ႔ အားလုံးေအးေအးေဆးေဆးနဲ႔ ေကာင္းသြားတာမ်ားပါတယ္။ အခုခ်ိန္ထိ က်ေနာ္တို႔ အထက္ကိုလႊဲရတဲ့လူ တေယာက္မွေတာ့ မရွိေသးပါဘူး။"

ျမန္မာႏိုင္ငံမွာ ကူးစက္ျမန္ Omicron ကိုဗစ္ပိုးကူးစက္ေနသူေတြလည္း ၃၀၀ ေက်ာ္႐ွိေနပါတယ္။ အားလံုးနီးပါးက ႏိုင္ငံျခားက ျပန္လာသူေတြမ်ားတယ္ဆုိေပမဲ့၊ အမ်ားျပည္သူၾကား Omicron ကူးစက္မႈကို သတိထားကာကြယ္သင့္တယ္လို႔ က်န္းမာေရးတာဝန္႐ွိသူေတြက သတိေပးေနပါတယ္။

ကပ္ေရာဂါကာကြယ္ေရးနည္းလမ္းေတြကို တဦးတေယာက္ခ်င္းစီကစၿပီး အားလုံးလိုက္နာမယ္ဆို ကူးစက္ခံရသူဦးေရလည္း ေလွ်ာ့က်လာႏိုင္တယ္လို႔ လွည္းကူးၿမိဳ႕နယ္ က်န္းမာေရးဦးစီးမွဴးက ခုလိုေျပာပါတယ္။

"အားလုံးကစည္းကမ္းကို လိုက္နာၾကမယ္ဆိုရင္ေတာ့ လူနာဦးေရလည္း ေလွ်ာ့က်လာႏိုင္ပါတယ္။ က်ေနာ္တို႔ လွည္းကူးမွာလည္း ကာကြယ္ေဆးက ေတာ္ေတာ္မ်ားမ်ား ထိုးေပးထားႏိုင္ေတာ့ေလ။ စည္းကမ္းေလးလိုက္နာဖို႔ပဲ အေရးႀကီးတာပါ။ စည္းကမ္းလိုက္နာဖို႔က်ေတာ့ လူတေယာက္ခ်င္းစီရဲ႕ သေဘာထားကလည္း အေရးႀကီးတယ္ေလ။ တေယာက္ခ်င္းစီကလည္း စည္းကမ္းလိုက္နာရမယ္။ အုပ္ခ်ဳပ္တဲ့အဖြဲ႕အစည္းကလည္း ေလာ္စပီကာနဲ႔ လိုက္ေအာ္ၿပီးေတာ့ ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြ လိုက္နာဖို႔ ေနထိုင္တာေတြေပါ့ေနာ္၊ ဒါေလးေတြကို ေကာင္းေကာင္းေပးမယ္ဆိုရင္ေတာ့လည္း ေလွ်ာ့က်လာႏိုင္ပါတယ္ခင္ဗ်။"

ကပ္ေရာဂါ ကာကြယ္ႏိုင္ဖို႔နဲ႔ ေရာဂါကူးစက္ခံရၿပီ ဆိုရင္လည္း ခုခံႏိုင္စြမ္းရွိဖို႔ ကိုဗစ္ေရာဂါကာကြယ္ေဆး လူတိုင္းမျဖစ္မေနထိုးၾကဖို႔ကို က်န္းမာေရးပညာရွင္ေတြကလည္း တိုက္တြန္းထားပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ကိုဗစ္ကာကြယ္ေဆး အႀကိမ္ျပည့္ထိုးၿပီးသူ ဦးေရက ၂၃ သန္းေက်ာ္႐ွိတယ္လို႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။ တခ်ိဳ႕ကလည္း ကိုယ့္အစီအစဥ္နဲ႔ကိုယ္ အခေၾကးေငြေပးၿပီး ကိုဗစ္ကာကြယ္ေဆး အားျဖည့္ကိုဗစ္ကာကြယ္ေဆးေတြ ထိုးၾကတာ႐ွိပါတယ္။

.........................................

တိုက္႐ိုက္ လင့္ခ္

ကိုဗစ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့အပေါ် မြန်မာကျန်းမာရေးတာဝန်ရှိသူတွေ သတိပေး

{{Unicode}}

မြန်မာနိုင်ငံမှာ ကျန်းမာရေးဌာနရဲ့ ဖေဖော်ဝါရီ ၁၈ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာ ၃ ထောင်ကျော်အထိ မြင့်တက်နေပါတယ်။ Omicron ကိုဗစ်ပိုး ကူးစက်သူတွေလည်း ပိုပိုများလာနေပါတယ်။ ကျန်းမာရေးဌာနစာရင်းအရ ကိုဗစ်အတည်ပြု လူနာကူးစက်သူ အများဆုံးက ရန်ကုန်တိုင်းထဲမှာဖြစ်ပါတယ်။ လက်ရှိမြန်နိုင်ငံက ကိုဗစ်ရောဂါကူးစက်မှုနဲ့ အတည်ပြုလူနာတွေကို ကုသမှုပေးနေတာနဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ငြိမ်သွားချိန် နေ့စဉ် အတည်ပြုလူနာအရေအတွက် ဆယ်ဂဏန်းအထိ လျော့ကျသွားပေမဲ့ သောကြာနေ့ကတော့ အတည်ပြုလူနာ ၃၀၅၈ ယောက်အထိ ပြန်များလာခဲ့ပါတယ်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ရောဂါကုသပေးနေတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတချို့ ကိုဗစ်ရောဂါကူးစက်ခံထားရလို့ အထွေထွေ အထူးကုသမားတော်ဌာန၊ ကင်ဆာဆေးကုဌာနအပါအဝင် ဆေးကုဌာနတချို့ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ ယာယီပိတ်ထားတယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်က အသိပေးချက်ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ကိုဗစ်အတည်ပြုလူနာ အများဆုံးတွေ့ရှိတာက ရန်ကုန်တိုင်းထဲမှာဖြစ်ပါတယ်။ စာရင်းတွေအရ လှိုင်သာယာမြို့နယ်မှာ ကူးစက်သူအများဆုံးဖြစ်ပါတယ်။

နိုင်ငံခြားပြန်တွေထဲက စစ်ဆေးတွေ့ရှိတဲ့ ကိုဗစ်အတည်ပြုလူနာတချို့ကို လှိုင်သာယာမြို့မှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်စင်တာမှာ ထားတာကြောင့် စာရင်းအရ လူနာဦးရေအများဆုံးဖြစ်နေတာလို့ လှိုင်သာယာမြို့နယ် အခြေစိုက် ပရဟိတအဖွဲ့ တာဝန်ခံတဦးကပြောပါတယ်။

"Public Area ဘက်မှာက သိပ်လာမစစ်ကြဘူး။ တနေ့ကို အများဆုံးလာစစ်မှ ၁၄ ယောက်၊ အယောက် ၂၀ အဲလောက်ပဲ။ ပြီးတော့ ဆေးရုံ၊ ဆေးခန်းတွေမှာ Positive ထွက်တဲ့လူနာရဲ့ Contact တွေကိုပဲ လိုက်စစ်တယ်၊ သိပ်အများကြီးမရှိဘူး။ လှိုင်သာယာမှာက ပြောမယ်ဆိုရင် လာမစစ်ကြတာပေါ့။ လှိုင်သာယာက အဓိကများတယ်ဆိုတာက အဲဒီ ယောမင်းကြီးစင်တာမှာ နိုင်ငံခြားပြန်တွေကို ထားတော့လေ အဲကနေထွက်တာ အဓိကကတော့။ အခု Positive ထွက်တဲ့လူနာတွေကတော့ ကျန်းကျန်းမာမာပဲ။ ကျနော်တို့ကတောင် တခါတလေ ချောင်းဆိုး၊ နှာစေးဖြစ်နေတာ။ သူတို့ကတော့ ကိုယ်တွေထက်တောင် ကျန်းမာရေးကောင်းနေသေး၊ ဒါပေမယ့် အဲလိုမျိုး Positive ထွက်တယ်။ အခုချိန်ထိတော့ ဆိုးဆိုးရွားရွားခံစားရတဲ့ လူနာတော့ မရှိသေးဘူး။"

ကိုဗစ်အတည်ပြုလူနာတွေထဲက ကိုယ့်ရဲ့နေအိမ်မှာ သီးသန့်နေထိုင်လို့ရတဲ့သူကို နေအိမ်မှာသာထားပြီးတော့ နေရာအခက်အခဲရှိသူတွေဆို မြို့နယ်က သာသနာ့ဗိမာန်မှာ သီးခြားထားတယ်လို့ သိရပါတယ်။ ကိုဗစ်ရောဂါ လက္ခဏာခံစားရတဲ့ လူနာဆိုရင်တော့ မြို့နယ်ပြည်သူ့ဆေးရုံမှာ ထားတယ်လို့ ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေကို ရောဂါလက္ခဏာမရှိသူတွေနဲ့ သာမန် ဒါမှမဟုတ် အသင့်အတင့်ရောဂါလက္ခဏာရှိတဲ့ လူနာတွေ အပါအဝင် ပြင်းထန်ရောဂါလက္ခဏာရှိတဲ့ လူနာဆိုပြီး ကျန်းမာရေးဌာနက အဆင့်ခွဲသတ်မှတ်ထားပါတယ်။

လူနာတွေရဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး သီးခြားထား ကုသမှုတွေပေးနေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ လူနာတွေရဲ့ ရောဂါလက္ခဏာပေါ်မူတည် ကုသပေးနေပုံကို မြို့နယ်ကျန်းမာရေးဦးစီးမှူးက ခုလိုပြောပြပါတယ်။

"အတည်ပြုလူနာတွေကတော့ အခုနိုင်ငံတော်က Version 7 နဲ့ သတ်မှတ်ထားတဲ့ အတိုင်းပဲပေါ့နော်။ ရောဂါလက္ခဏာ ခံစားရပြီးတော့ Positive ဖြစ်ရင်တော့ ကျနော်တို့ လှည်းကူးဆေးရုံမှာထားတာပေါ့။ လှည်းကူးဆေးရုံကနေပြီးတော့ အရေးကြီးလို့ရှိရင်တော့ တိုင်းကိုတင်ပြပြီးတော့ Specialist Hospital ကို လွှဲတယ်။ ဒါပေမယ့် အခုချိန်ထိတော့ လွှဲရတဲ့လူ တယောက်မှမရှိသေးဘူး။ တကယ်လို့ Contact တွေထဲကနေပြီးတော့ စစ်လိုက်လို့ Positive ဖြစ်လို့ရှိရင် သူတို့က သူတို့အိမ်မှာ နေနိုင်တဲ့အဆင့်အတန်းရှိတယ်၊ သီးသန့်နေနိုင်တယ်၊ Home Isolation အတွက် ဖြစ်နိုင်မယ်ဆိုရင်ပေါ့နော်၊ အုပ်ချုပ်ရေးမှူးကို ကျနော်တို့ သတင်းပို့တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေပြီးတော့ သူတို့တွေကို အမှန်တကယ်နေနိုင်တယ်ဆိုတဲ့ ထောက်ခံစာပေးရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း စောင့်ကြည့်ခိုင်းပြီးတော့ သူတို့အိမ်မှာ Home Isolation ထားတယ်။ ကျနော်တို့ကို တနေ့ကို ၂ခါ သတင်းပို့ခိုင်းတာပေါ့နော်။ တော်တော်များများကတော့ Serious မဖြစ်ဘဲနဲ့ အားလုံးအေးအေးဆေးဆေးနဲ့ ကောင်းသွားတာများပါတယ်။ အခုချိန်ထိ ကျနော်တို့ အထက်ကိုလွှဲရတဲ့လူ တယောက်မှတော့ မရှိသေးပါဘူး။"

မြန်မာနိုင်ငံမှာ ကူးစက်မြန် Omicron ကိုဗစ်ပိုးကူးစက်နေသူတွေလည်း ၃၀၀ ကျော်ရှိနေပါတယ်။ အားလုံးနီးပါးက နိုင်ငံခြားက ပြန်လာသူတွေများတယ်ဆိုပေမဲ့၊ အများပြည်သူကြား Omicron ကူးစက်မှုကို သတိထားကာကွယ်သင့်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးနေပါတယ်။

ကပ်ရောဂါကာကွယ်ရေးနည်းလမ်းတွေကို တဦးတယောက်ချင်းစီကစပြီး အားလုံးလိုက်နာမယ်ဆို ကူးစက်ခံရသူဦးရေလည်း လျှော့ကျလာနိုင်တယ်လို့ လှည်းကူးမြို့နယ် ကျန်းမာရေးဦးစီးမှူးက ခုလိုပြောပါတယ်။

"အားလုံးကစည်းကမ်းကို လိုက်နာကြမယ်ဆိုရင်တော့ လူနာဦးရေလည်း လျှော့ကျလာနိုင်ပါတယ်။ ကျနော်တို့ လှည်းကူးမှာလည်း ကာကွယ်ဆေးက တော်တော်များများ ထိုးပေးထားနိုင်တော့လေ။ စည်းကမ်းလေးလိုက်နာဖို့ပဲ အရေးကြီးတာပါ။ စည်းကမ်းလိုက်နာဖို့ကျတော့ လူတယောက်ချင်းစီရဲ့ သဘောထားကလည်း အရေးကြီးတယ်လေ။ တယောက်ချင်းစီကလည်း စည်းကမ်းလိုက်နာရမယ်။ အုပ်ချုပ်တဲ့အဖွဲ့အစည်းကလည်း လော်စပီကာနဲ့ လိုက်အော်ပြီးတော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ နေထိုင်တာတွေပေါ့နော်၊ ဒါလေးတွေကို ကောင်းကောင်းပေးမယ်ဆိုရင်တော့လည်း လျှော့ကျလာနိုင်ပါတယ်ခင်ဗျ။"

ကပ်ရောဂါ ကာကွယ်နိုင်ဖို့နဲ့ ရောဂါကူးစက်ခံရပြီ ဆိုရင်လည်း ခုခံနိုင်စွမ်းရှိဖို့ ကိုဗစ်ရောဂါကာကွယ်ဆေး လူတိုင်းမဖြစ်မနေထိုးကြဖို့ကို ကျန်းမာရေးပညာရှင်တွေကလည်း တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူ ဦးရေက ၂၃ သန်းကျော်ရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ တချို့ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် အခကြေးငွေပေးပြီး ကိုဗစ်ကာကွယ်ဆေး အားဖြည့်ကိုဗစ်ကာကွယ်ဆေးတွေ ထိုးကြတာရှိပါတယ်။

XS
SM
MD
LG