သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Merck ကုမၸဏီထုတ္ ကုိဗစ္ကုသေဆး ျမန္မာႏုိင္ငံမွာ ထုတ္လုပ္ေရာင္းခ်


Merck ကုမၸဏီထုတ္ ကို႐ိုနာဗိုင္းရပ္စ္ပြားမႈ ေလွ်ာ့ခ်ေဆး Molnupiravir. (ေမ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ကိုဗစ္စတုတၳလိႈင္း တက္လာခ်ိန္ ႏိုင္ငံတကာ အသိအမွတ္ျပဳ ကိုဗစ္ေသာက္ေဆးတခုကို ျပည္တြင္းကုမၸဏီတခုက စတင္ထုတ္လုပ္ ေရာင္းခ်ႏိုင္လိုက္ပါၿပီ။ အေမရိကန္ Merck ကုမၸဏီထုတ္ ကို႐ိုနာဗိုင္းရပ္စ္ပြားမႈ ေလွ်ာ့ခ်ေဆး Molnupiravir ကို ရန္ကုန္ရွိ Pacific Medical Industries လီမိတက္ စက္႐ုံက ထုတ္ၿပီး ဗုဒၶဟူးေန႔ကစ ၿမိဳ႕ႀကီးေတြက ေဆး႐ုံေတြနဲ႔ AA ေဆးဆိုင္ အပါအဝင္ ေဆးဆိုင္ေတြမွာ ေဈးခ်ိဳခ်ိဳနဲ႔ ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ သတ္သတ္မွတ္မွတ္ လူနာေတြမွာသာ အသံုးျပဳသင့္တဲ့ ဒီေဆးအေၾကာင္း ေဆးထုတ္တဲ့ကုမၸဏီ ဒုတိယ အမႈေဆာင္အရာရွိခ်ဳပ္ ေဒါက္တာေစာေနႏြယ္နဲ႔ အေမရိကန္က ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္တို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။

ေဆးတံဆိပ္အမည္ MOLNUPAC နဲ႔ထုတ္တဲ့ ဒီေဆး စတင္ထုတ္လုပ္ ေရာင္းခ်ႏုိင္မႈကုိ ေဒါက္တာေစာေနႏြယ္က အခုလိုစရွင္းပါတယ္။

“ကိုဗစ္ Third Wave (တတိယလိႈင္း) အၿပီးမွာ Delta (မ်ိဳးကြဲ) မွာ က်မတို႔ ျမန္မာႏုိင္ငံမွာ ျပည္သူေတြ အမ်ားႀကီးပဲ ႀကံဳေတြ႔လုိက္ရတဲ့ အေတြ႔အႀကံဳက ခါးသီးတယ္ေပါ့။ အဲဒါေၾကာင့္ ေဆးကေတာ့ မရွိမျဖစ္ လိုအပ္တယ္ေပါ့။ Import (ျပည္ပကသြင္းတာ) ကိုပဲ မွီခုိေနမယ္ဆုိရင္ ျပည္သူေတြ သုံးစြဲဖုိ႔အတြက္ ေဆးေတြ ေနာက္က်ဖို႔ရွိတယ္။ ဒါေၾကာင့္ က်မတုိ႔ ႀကိဳးစားထုတ္မွ ရမယ္ဆုိၿပီးေတာ့ က်မတို႔ရဲ႕ Pacific Medical Industries စက္႐ုံက Scientist ေတြ၊ ေနာက္ ျပည္ပက ပညာရွင္ေတြကိုလည္း ေခၚၿပီးေတာ့ အဆင့္ဆင့္ Research (သုေတသန) and Development (ျဖစ္ေပၚတိုးတက္မႈ) ေတြ လုပ္ၿပီးတဲ့အခါမွာ Molnupiravir ၂၀၀ မီလီဂရမ္ကို ထုတ္ႏုိင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပုိင္းမွာပဲ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနကုိ တင္ျပ ေလွ်ာက္ထားခဲ့ပါတယ္။ ဒီ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔မွာပဲ က်မတုိ႔ ခြင့္ျပဳခ်က္ ရရွိတဲ့အတြက္ စတင္ၿပီး ေရာင္းခ်ေနပါၿပီ။ ျပည္သူေတြ ေဈးႏႈန္းသက္သက္သာသာနဲ႔ အာမခံခ်က္ရွိတဲ့ေဆးကို သုံးစြဲႏုိင္ေအာင္ ဆုိၿပီးေတာ့ တဘူးကို ၃၉,၀၀၀ နဲ႔ စၿပီး ေရာင္းခ်ေနပါတယ္။ ဆရာဝန္ေဆးညႊန္းစာနဲ႔ သုံးစြဲရတဲ့ေဆး ျဖစ္တဲ့အတြက္ ဆရာဝန္ေဆးညႊန္းစာ ျပသၿပီးေတာ့ ဆရာဝန္ညႊန္းတဲ့ Dose အတုိင္း ေရာင္းခ်ေပးေနပါတယ္။”

ဒါ့အျပင္ ဒီေဆးရဲ႕ အရည္အေသြး ခုိင္မာမႈကို ေမးရာမွာလည္း ေဒါက္တာေစာေနႏြယ္က အခုလိုဆက္ေျပာပါတယ္။

“ျမန္မာႏုိင္ငံ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနကေတာ့ သူ႔ရဲ႕ စံခ်ိန္စံညႊန္းေတြေပါ့ေနာ္ Quality Efficacy (အရည္အေသြးထိေရာက္မႈ) နဲ႔ Safety (ေဘးအႏၱရာယ္ကင္းမႈ) ေတြကို ေသခ်ာစစ္ေဆးၿပီးေတာ့ Quality (အရည္အေသြး) စံခ်ိန္စံႏႈန္း မီတယ္၊ ထိေရာက္တဲ့အတြက္ သူတုိ႔က ခြင့္ျပဳခ်က္ေပးလိုက္တဲ့ အခ်ိန္မွာပဲ ၉ ရက္ေန႔မွာကတည္းက က်မတို႔ စၿပီး ျဖန္႔ခ်ိ ေရာင္းခ်ပါတယ္။ အဲဒီမွာ လူနာေတြက ဝယ္ေသာက္ၿပီးေတာ့မွ တရက္ ႏွစ္ရက္အတြင္းမွာ ေတာ္ေတာ္ေလး နာလန္ထူလာတယ္ဆုိတာကို က်မတုိ႔ဆီကုိ ဖုန္းဆက္ၿပီးေတာ့ ေျပာၾကပါတယ္။ ဆရာဝန္ေတြကလည္း ဝမ္းသာအားရ ေျပာၾကတယ္။ သူက ကုိဗစ္ဗုိင္းရပ္စ္ ပြားတာကို သက္သာေစၿပီးေတာ့ ၂၄ နာရီအတြင္းမွာပဲ Positive (ပိုးေတြ႔တာ) ျဖစ္ေနတဲ့လူဆီက တျခားလူကို ျပန္႔ပြားဖို႔ ေလွ်ာ့ခ်ေပးတယ္ဆုိၿပီးေတာ့ Study (ေလ့လာမႈ) ေတြလည္း အမ်ားႀကီးရွိပါတယ္။ ေဆး႐ုံတက္ရတဲ့ႏႈန္းေတြ၊ ေသဆုံးမႈႏႈန္းေတြကို ေလွ်ာ့ခ်ႏုိင္ပါတယ္။”

ဒါေပမယ့္ ေဒါက္တာေဇယ်ာသက္ကေတာ့ ဒီေဆးက အရင္ တုပ္ေကြးအတြက္ စမ္းသပ္ခဲ့ရာမွာ ဗုိင္းရပ္စ္ မ်ဳိးကြဲေစၿပီး ေဆးမတုိးတာ ျဖစ္ေစတာမို႔ မသုံးဘဲ ရပ္ထားခဲ့ကာ အခု ကိုဗစ္အတြက္ ျပန္စမ္းၿပီး ပထမအေကာင္းဆုံးေဆးေတြ မရမွသာ အေရးေပၚအျဖစ္ အေမရိကန္မွာ သုံးခြင့္ ရထားတာေၾကာင့္ ျမန္မာအတြက္လည္း သတ္သတ္မွတ္မွတ္ လူနာေတြမွာသာ သုံးသင့္တယ္လို႔ ဆုိပါတယ္။

“နံပါတ္တစ္က အသက္ ၆၅ ႏွစ္ေက်ာ္တယ္၊ နံပါတ္ႏွစ္က ေဆး Vaccine (ကာကြယ္ေဆး) လုံးဝမထုိးထားတဲ့လူ၊ နံပါတ္သုံးက ဆီးခ်ဳိ၊ ေသြးတုိး၊ အဝလြန္တာေပါ့၊ ေနာက္တခုက ကင္ဆာေရာဂါ ျဖစ္ေနတဲ့လူေတြ၊ Immunosuppressive medication လုိ႔ေခၚတဲ့ ျမန္မာႏုိင္ငံမွာေတာ့ အမ်ားဆုံးသုံးတာကေတာ့ Prednisone ေပါ့၊ အေၾကာေတြ ေရာင္ေနတဲ့လူေတြေပါ့၊ Rheumatoid arthritis ေတြ ျမန္မာႏုိင္ငံမွာ အမ်ားႀကီးရွိပါတယ္။ ကုိယ္ခံစြမ္းအား နည္းေနတဲ့လူေတြေပါ့။ HIV Patient ေတြ၊ ေနာက္ အသည္းအစားထုိးထားတဲ့လူေတြ၊ ေက်ာက္ကပ္အစားထုိးထားတဲ့ လူနာေတြ၊ အသက္ ဘယ္အရြယ္ပဲျဖစ္ျဖစ္၊ Vaccine ဘယ္ႏွစ္လုံး ထုိးထားသည္ပဲျဖစ္ျဖစ္၊ ဘာ Vaccine ပဲ ထိုးထားသည္ပဲျဖစ္ျဖစ္၊ အဲဒီ ကို႐ုိနာဗုိင္းရပ္စ္သည္ သူတုိ႔ အသက္အႏၱရာယ္ ဆုံး႐ႈံးႏုိင္တဲ့အထိ Progress (အေျခအေနျပင္းသြားတာ) ျဖစ္ႏုိင္တယ္၊ ဒီေဆးကို ေသာက္သုံးသင့္ပါတယ္။ အသက္ ၆၅ ႏွစ္ ေက်ာ္လို႔ရွိရင္ Vaccine အျပည့္ထုိးထားရင္ Symptom (ေရာဂါလကၡဏာ) မရွိရင္ေတာ့ က်ေနာ္တို႔အေနနဲ႔ကေတာ့ Recommend (ေဆးညႊန္း) မလုပ္ပါဘူး။ ဒီႏုိင္ငံမွာဆုိရင္ေတာ့ သူတုိ႔က Category 4 (အုပ္စုအဆင့္ ၄) လို႔ ေခၚပါတယ္။ ေနာက္ဆုံး Category ထဲေတာ့ ေရာက္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူက အသက္ႀကီးတဲ့အတြက္ေၾကာင့္ ေပးတာပါ။”

ဒီေဆးကို အက်ဳိးရွိေအာင္ ဘယ္လိုသုံးသင့္ပုံကုိလည္း ေဒါက္တာေစာေနႏြယ္က အခုလိုေျပာပါတယ္။

“သူက ကုိဗစ္ Positive (ပိုးေတြ႔တာ) ျဖစ္ၿပီး ၅ ရက္အတြင္းကို ေသာက္မယ္ဆုိရင္ ထိေရာက္မႈရွိပါတယ္။ ရက္ၾကာသြားမွဆုိရင္ ဒီဗုိင္းရပ္စ္ေတြက ခႏၶာကိုယ္ကုိ တုိက္ခုိက္ဖုိ႔အတြက္ အခ်ိန္ရသြားမွာစုိးလုိ႔၊ အဲဒီေတာ့ မေသာက္ဘဲနဲ႔ ၅ ရက္၊ ၆ ရက္၊ ၇ ရက္ေလာက္ေနၿပီးမွ ေသာက္မယ္ဆုိရင္ မထိေရာက္မွာစုိးတာရယ္၊ ေနာက္ပုိင္း Day 7 ေနာက္ပုိင္းေလာက္က်ရင္ ဗုိင္းရပ္စ္က သူ႔ဟာသူ ခႏၶာကိုယ္ရဲ႕ Immune System နဲ႔ ေလ်ာ့က်သြားတယ္ ဆုိတာလည္း ရွိတယ္ေပ့ါေနာ္။ က်မတုိ႔ တဘူးမွာ အလုံး ၄၀ ပါပါတယ္။ ၂၀၀ မီလီဂရမ္ဆုိရင္။ ဆုိေတာ့ ဒီတဘူးကေတာ့ One Course (ေဆးပတ္တပတ္အကုန္) စာျဖစ္ပါတယ္။ လူတဦးအတြက္ အစအဆုံးေသာက္ဖို႔ လုံေလာက္ပါတယ္။”

ဒါ့အျပင္ ဒီေဆး မသုံးသင့္သူေတြ ရွိေနတာကိုလည္း ေဒါက္တာေဇယ်ာသက္က အခုလို ရွင္းျပပါတယ္။

“အသက္ ၆၅ ႏွစ္ေအာက္မွာ ဘာေရာဂါမွ မရွိတဲ့လူေတြ မေသာက္သုံးသင့္ပါဘူး။ အသက္ ၆၅ ႏွစ္ေအာက္မွာ Vaccine ၃ လုံး ထုိးထားတယ္၊ ဘာေရာဂါ လကၡဏာမွ မျပဘူး၊ ဒီေဆးကုိ မေသာက္သုံးသင့္ပါဘူး။ ဒီေဆးေတြက အရမ္းကို Side Effect (ေဘးထြက္ဆိုးက်ိဳး) အရ မရွိသေလာက္ ရွားပါတယ္။ ဒါေပမယ့္ ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးေတြရယ္၊ ကေလးကို ႏုိ႔တုိက္ေနတဲ့ မိခင္ေတြရယ္၊ ေက်ာက္ကပ္ပ်က္ၿပီးေတာ့ ကေ်ာက္ကပ္ေဆးေနရတဲ့ လူေတြရယ္၊ အသည္းပ်က္ၿပီးေတာ့ အသည္းထဲမွာ ေရေတြဝင္ၿပီးေတာ့ ဗိုက္ႀကီးက ေဖာင္းကားၿပီးေတာ့ ေရဖ်ဥ္းဆြဲတဲ့လူေတြ၊ အဲဒီလိုလူေတြအတြက္ စမ္းသပ္ထားတာ မရွိတဲ့အတြက္ေၾကာင့္ မသုံးသင့္ပါဘူး။”

တကယ္ေတာ့ အေမရိကန္က ပထမတန္းစားေဆး Monoclonal antibody ထုိးေဆးနဲ႔ Pfizer ကုမၸဏီထုတ္ Paxlovid ေသာက္ေဆးေတြ မရႏိုင္ေသးတဲ့ ျမန္မာႏုိင္ငံမွာ အခုေဆးက လက္ရွိ ကုိဗစ္စတုတၳလႈိင္းအတြက္ အားထားစရာအသစ္ ျဖစ္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

Merck ကုမ္ပဏီထုတ် ကိုဗစ်ကုသဆေး မြန်မာနိုင်ငံမှာ ထုတ်လုပ်ရောင်းချ

မြန်မာနိုင်ငံမှာ ကိုဗစ်စတုတ္ထလှိုင်း တက်လာချိန် နိုင်ငံတကာ အသိအမှတ်ပြု ကိုဗစ်သောက်ဆေးတခုကို ပြည်တွင်းကုမ္ပဏီတခုက စတင်ထုတ်လုပ် ရောင်းချနိုင်လိုက်ပါပြီ။ အမေရိကန် Merck ကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ်ပွားမှု လျှော့ချဆေး Molnupiravir ကို ရန်ကုန်ရှိ Pacific Medical Industries လီမိတက် စက်ရုံက ထုတ်ပြီး ဗုဒ္ဓဟူးနေ့ကစ မြို့ကြီးတွေက ဆေးရုံတွေနဲ့ AA ဆေးဆိုင် အပါအဝင် ဆေးဆိုင်တွေမှာ ဈေးချိုချိုနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သတ်သတ်မှတ်မှတ် လူနာတွေမှာသာ အသုံးပြုသင့်တဲ့ ဒီဆေးအကြောင်း ဆေးထုတ်တဲ့ကုမ္ပဏီ ဒုတိယ အမှုဆောင်အရာရှိချုပ် ဒေါက်တာစောနေနွယ်နဲ့ အမေရိကန်က ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်တို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

ဆေးတံဆိပ်အမည် MOLNUPAC နဲ့ထုတ်တဲ့ ဒီဆေး စတင်ထုတ်လုပ် ရောင်းချနိုင်မှုကို ဒေါက်တာစောနေနွယ်က အခုလိုစရှင်းပါတယ်။

“ကိုဗစ် Third Wave (တတိယလှိုင်း) အပြီးမှာ Delta (မျိုးကွဲ) မှာ ကျမတို့ မြန်မာနိုင်ငံမှာ ပြည်သူတွေ အများကြီးပဲ ကြုံတွေ့လိုက်ရတဲ့ အတွေ့အကြုံက ခါးသီးတယ်ပေါ့။ အဲဒါကြောင့် ဆေးကတော့ မရှိမဖြစ် လိုအပ်တယ်ပေါ့။ Import (ပြည်ပကသွင်းတာ) ကိုပဲ မှီခိုနေမယ်ဆိုရင် ပြည်သူတွေ သုံးစွဲဖို့အတွက် ဆေးတွေ နောက်ကျဖို့ရှိတယ်။ ဒါကြောင့် ကျမတို့ ကြိုးစားထုတ်မှ ရမယ်ဆိုပြီးတော့ ကျမတို့ရဲ့ Pacific Medical Industries စက်ရုံက Scientist တွေ၊ နောက် ပြည်ပက ပညာရှင်တွေကိုလည်း ခေါ်ပြီးတော့ အဆင့်ဆင့် Research (သုတေသန) and Development (ဖြစ်ပေါ်တိုးတက်မှု) တွေ လုပ်ပြီးတဲ့အခါမှာ Molnupiravir ၂၀၀ မီလီဂရမ်ကို ထုတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာပဲ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကို တင်ပြ လျှောက်ထားခဲ့ပါတယ်။ ဒီ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာပဲ ကျမတို့ ခွင့်ပြုချက် ရရှိတဲ့အတွက် စတင်ပြီး ရောင်းချနေပါပြီ။ ပြည်သူတွေ ဈေးနှုန်းသက်သက်သာသာနဲ့ အာမခံချက်ရှိတဲ့ဆေးကို သုံးစွဲနိုင်အောင် ဆိုပြီးတော့ တဘူးကို ၃၉,၀၀၀ နဲ့ စပြီး ရောင်းချနေပါတယ်။ ဆရာဝန်ဆေးညွှန်းစာနဲ့ သုံးစွဲရတဲ့ဆေး ဖြစ်တဲ့အတွက် ဆရာဝန်ဆေးညွှန်းစာ ပြသပြီးတော့ ဆရာဝန်ညွှန်းတဲ့ Dose အတိုင်း ရောင်းချပေးနေပါတယ်။”

ဒါ့အပြင် ဒီဆေးရဲ့ အရည်အသွေး ခိုင်မာမှုကို မေးရာမှာလည်း ဒေါက်တာစောနေနွယ်က အခုလိုဆက်ပြောပါတယ်။

“မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကတော့ သူ့ရဲ့ စံချိန်စံညွှန်းတွေပေါ့နော် Quality Efficacy (အရည်အသွေးထိရောက်မှု) နဲ့ Safety (ဘေးအန္တရာယ်ကင်းမှု) တွေကို သေချာစစ်ဆေးပြီးတော့ Quality (အရည်အသွေး) စံချိန်စံနှုန်း မီတယ်၊ ထိရောက်တဲ့အတွက် သူတို့က ခွင့်ပြုချက်ပေးလိုက်တဲ့ အချိန်မှာပဲ ၉ ရက်နေ့မှာကတည်းက ကျမတို့ စပြီး ဖြန့်ချိ ရောင်းချပါတယ်။ အဲဒီမှာ လူနာတွေက ဝယ်သောက်ပြီးတော့မှ တရက် နှစ်ရက်အတွင်းမှာ တော်တော်လေး နာလန်ထူလာတယ်ဆိုတာကို ကျမတို့ဆီကို ဖုန်းဆက်ပြီးတော့ ပြောကြပါတယ်။ ဆရာဝန်တွေကလည်း ဝမ်းသာအားရ ပြောကြတယ်။ သူက ကိုဗစ်ဗိုင်းရပ်စ် ပွားတာကို သက်သာစေပြီးတော့ ၂၄ နာရီအတွင်းမှာပဲ Positive (ပိုးတွေ့တာ) ဖြစ်နေတဲ့လူဆီက တခြားလူကို ပြန့်ပွားဖို့ လျှော့ချပေးတယ်ဆိုပြီးတော့ Study (လေ့လာမှု) တွေလည်း အများကြီးရှိပါတယ်။ ဆေးရုံတက်ရတဲ့နှုန်းတွေ၊ သေဆုံးမှုနှုန်းတွေကို လျှော့ချနိုင်ပါတယ်။”

ဒါပေမယ့် ဒေါက်တာဇေယျာသက်ကတော့ ဒီဆေးက အရင် တုပ်ကွေးအတွက် စမ်းသပ်ခဲ့ရာမှာ ဗိုင်းရပ်စ် မျိုးကွဲစေပြီး ဆေးမတိုးတာ ဖြစ်စေတာမို့ မသုံးဘဲ ရပ်ထားခဲ့ကာ အခု ကိုဗစ်အတွက် ပြန်စမ်းပြီး ပထမအကောင်းဆုံးဆေးတွေ မရမှသာ အရေးပေါ်အဖြစ် အမေရိကန်မှာ သုံးခွင့် ရထားတာကြောင့် မြန်မာအတွက်လည်း သတ်သတ်မှတ်မှတ် လူနာတွေမှာသာ သုံးသင့်တယ်လို့ ဆိုပါတယ်။

“နံပါတ်တစ်က အသက် ၆၅ နှစ်ကျော်တယ်၊ နံပါတ်နှစ်က ဆေး Vaccine (ကာကွယ်ဆေး) လုံးဝမထိုးထားတဲ့လူ၊ နံပါတ်သုံးက ဆီးချို၊ သွေးတိုး၊ အဝလွန်တာပေါ့၊ နောက်တခုက ကင်ဆာရောဂါ ဖြစ်နေတဲ့လူတွေ၊ Immunosuppressive medication လို့ခေါ်တဲ့ မြန်မာနိုင်ငံမှာတော့ အများဆုံးသုံးတာကတော့ Prednisone ပေါ့၊ အကြောတွေ ရောင်နေတဲ့လူတွေပေါ့၊ Rheumatoid arthritis တွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ ကိုယ်ခံစွမ်းအား နည်းနေတဲ့လူတွေပေါ့။ HIV Patient တွေ၊ နောက် အသည်းအစားထိုးထားတဲ့လူတွေ၊ ကျောက်ကပ်အစားထိုးထားတဲ့ လူနာတွေ၊ အသက် ဘယ်အရွယ်ပဲဖြစ်ဖြစ်၊ Vaccine ဘယ်နှစ်လုံး ထိုးထားသည်ပဲဖြစ်ဖြစ်၊ ဘာ Vaccine ပဲ ထိုးထားသည်ပဲဖြစ်ဖြစ်၊ အဲဒီ ကိုရိုနာဗိုင်းရပ်စ်သည် သူတို့ အသက်အန္တရာယ် ဆုံးရှုံးနိုင်တဲ့အထိ Progress (အခြေအနေပြင်းသွားတာ) ဖြစ်နိုင်တယ်၊ ဒီဆေးကို သောက်သုံးသင့်ပါတယ်။ အသက် ၆၅ နှစ် ကျော်လို့ရှိရင် Vaccine အပြည့်ထိုးထားရင် Symptom (ရောဂါလက္ခဏာ) မရှိရင်တော့ ကျနော်တို့အနေနဲ့ကတော့ Recommend (ဆေးညွှန်း) မလုပ်ပါဘူး။ ဒီနိုင်ငံမှာဆိုရင်တော့ သူတို့က Category 4 (အုပ်စုအဆင့် ၄) လို့ ခေါ်ပါတယ်။ နောက်ဆုံး Category ထဲတော့ ရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အသက်ကြီးတဲ့အတွက်ကြောင့် ပေးတာပါ။”

ဒီဆေးကို အကျိုးရှိအောင် ဘယ်လိုသုံးသင့်ပုံကိုလည်း ဒေါက်တာစောနေနွယ်က အခုလိုပြောပါတယ်။

“သူက ကိုဗစ် Positive (ပိုးတွေ့တာ) ဖြစ်ပြီး ၅ ရက်အတွင်းကို သောက်မယ်ဆိုရင် ထိရောက်မှုရှိပါတယ်။ ရက်ကြာသွားမှဆိုရင် ဒီဗိုင်းရပ်စ်တွေက ခန္ဓာကိုယ်ကို တိုက်ခိုက်ဖို့အတွက် အချိန်ရသွားမှာစိုးလို့၊ အဲဒီတော့ မသောက်ဘဲနဲ့ ၅ ရက်၊ ၆ ရက်၊ ၇ ရက်လောက်နေပြီးမှ သောက်မယ်ဆိုရင် မထိရောက်မှာစိုးတာရယ်၊ နောက်ပိုင်း Day 7 နောက်ပိုင်းလောက်ကျရင် ဗိုင်းရပ်စ်က သူ့ဟာသူ ခန္ဓာကိုယ်ရဲ့ Immune System နဲ့ လျော့ကျသွားတယ် ဆိုတာလည်း ရှိတယ်ပေ့ါနော်။ ကျမတို့ တဘူးမှာ အလုံး ၄၀ ပါပါတယ်။ ၂၀၀ မီလီဂရမ်ဆိုရင်။ ဆိုတော့ ဒီတဘူးကတော့ One Course (ဆေးပတ်တပတ်အကုန်) စာဖြစ်ပါတယ်။ လူတဦးအတွက် အစအဆုံးသောက်ဖို့ လုံလောက်ပါတယ်။”

ဒါ့အပြင် ဒီဆေး မသုံးသင့်သူတွေ ရှိနေတာကိုလည်း ဒေါက်တာဇေယျာသက်က အခုလို ရှင်းပြပါတယ်။

“အသက် ၆၅ နှစ်အောက်မှာ ဘာရောဂါမှ မရှိတဲ့လူတွေ မသောက်သုံးသင့်ပါဘူး။ အသက် ၆၅ နှစ်အောက်မှာ Vaccine ၃ လုံး ထိုးထားတယ်၊ ဘာရောဂါ လက္ခဏာမှ မပြဘူး၊ ဒီဆေးကို မသောက်သုံးသင့်ပါဘူး။ ဒီဆေးတွေက အရမ်းကို Side Effect (ဘေးထွက်ဆိုးကျိုး) အရ မရှိသလောက် ရှားပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရယ်၊ ကလေးကို နို့တိုက်နေတဲ့ မိခင်တွေရယ်၊ ကျောက်ကပ်ပျက်ပြီးတော့ ကျောက်ကပ်ဆေးနေရတဲ့ လူတွေရယ်၊ အသည်းပျက်ပြီးတော့ အသည်းထဲမှာ ရေတွေဝင်ပြီးတော့ ဗိုက်ကြီးက ဖောင်းကားပြီးတော့ ရေဖျဉ်းဆွဲတဲ့လူတွေ၊ အဲဒီလိုလူတွေအတွက် စမ်းသပ်ထားတာ မရှိတဲ့အတွက်ကြောင့် မသုံးသင့်ပါဘူး။”

တကယ်တော့ အမေရိကန်က ပထမတန်းစားဆေး Monoclonal antibody ထိုးဆေးနဲ့ Pfizer ကုမ္ပဏီထုတ် Paxlovid သောက်ဆေးတွေ မရနိုင်သေးတဲ့ မြန်မာနိုင်ငံမှာ အခုဆေးက လက်ရှိ ကိုဗစ်စတုတ္ထလှိုင်းအတွက် အားထားစရာအသစ် ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

XS
SM
MD
LG