သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ကိုဗစ္ စတုတၳလႈိင္း စတင္ေနၿပီလား


ရန္ကုန္တိုင္းေဒသႀကီး၊ ကိုဗစ္-၁၉ ေရာဂါကုသေရးဌာန (သုဝဏၰ)/ (ဧရာကိုဗစ္စင္တာ-ရန္ကုန္)အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ ေရာဂါျပင္းထန္စြာခံစားေနရသူကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။(ဓာတ္ပုံ -Ministry of Health and Sports, Myanmar - ဇန္နဝါရီ ၂၁၊ ၂၀၂၁)

[ ZAWGYI ]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ စတုတၳလႈိင္း စတင္ေနၿပီလား

ျမန္မာႏိုင္ငံမွာ ကိုဗစ္မ်ိဳးကြဲ Omicron ႀကီးစိုးလာရကေန စတုတၳလႈိင္းျဖစ္ေနၿပီမို႔၊ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ေရးေတြ ပိုအေလးထားဝိုင္းလုပ္သင့္ၿပီလို႔ က်န္းမာေရးကြၽမ္းက်င္သူေတြက ဆိုပါတယ္။ ဒီရက္ပိုင္းေတြအတြင္း ကိုဗစ္လူနာေတြ သိသိသာသာမ်ားလာေနရာမွာ၊ အမ်ားစုက အျပင္မွာ ကိုယ့္ဟာကိုယ္စစ္ေနၿပီး၊ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္တဲ့ စာရင္းမွာထက္ လက္ေတြ႕မွာ အမ်ားႀကီး ကူးစက္ၿပီးသားျဖစ္ေနၿပီလို႔ ေထာက္ျပေနၾကပါတယ္။

ပိုျပင္းျပင္းထန္ထန္ဆက္ျဖစ္မလာေအာင္ လူစုလူေဝးပြဲသဘင္ေတြ ဆက္မလုပ္ဖို႔နဲ႔ တာဝန္ရွိသူေတြအေနနဲ႔ ပုဂၢလိကက႑နဲ႔ ခ်ိတ္ဆက္ၿပီး အားလုံး ႐ိုး႐ိုးသားသား ပြင့္ပြင့္လင္လင္း လုပ္သင့္ၿပီလို႔ အႀကံျပဳၾကပါတယ္။ ဒီအေၾကာင္း ကိုဝင္းမင္းက ေမးထားပါတယ္။

ျမန္မာႏိုင္ငံ ပုဂၢလိကေဆးရုံမ်ားအသင္း ဥကၠဌ ေဒါက္တာ ထင္ေပၚက -
" ကုိဗစ္ အေျခအေနကေတာ့ စတုတၳလႈိင္းလို႔ ေျပာရမွာေပါ့။ ရန္ကုန္တုိင္းမွာ ပုိကူးလာတယ္။ ကာကြယ္ေဆး ထိုးၿပီးသားလူမွာေတာင္ ကူးေနတာ ေတြ႔ရတယ္။ ကုိဗစ္ကုသစင္တာေတြမွာ ခုဆုိရင္ လူနာ ၆၀၀၀ - ၇၀၀၀ ေလာက္ ရွိလာပါတယ္။ "

ဒါ့အျပင္ ေရႊေရာင္သမုိင္း လူမႈကယ္ဆယ္ေရးအသင္း ဥကၠဌ ကိုဇြဲရန္ႏိုင္ကလည္း -
" ဒီရက္ထဲမွာ ကိုဗစ္ positive လူနာေတြ ျပန္ေတြ႔လာရပါတယ္။ အထူးသျဖင့္ ရန္ကုန္မွာပါ။ အိုမီခရြန္လို႔ ေျပာလို႔ရပါတယ္။ က်ေနာ္တုိ႔အပါအဝင္ မိတ္ဖက္ ကယ္ဆယ္ေရး အသင္းေတြဆိုရင္ အခုတေလာ လူနာေတြ လုိက္ပို႔ရတာ ပိုမ်ားလာပါတယ္။ "

ဒီတေခါက္ အိုမီခရြန္က ကေလးေတြကိုပါ ကူးစက္လာတာကို ကေလးအထူးကု ဆရာဝန္ႀကီး ေဒါက္တာ ေစာဝင္းက -
" ဒီရက္ပိုင္းမွာ ကိုဗစ္ျဖစ္ေနတဲ့ ကေလးေတြ ေတြ႔ေနရတယ္ဗ်။ အိုမီခရြန္လို႔ေတာ့ ေျပာလို႔ မရေသးဘူးေပါ့။ ႏွာေစ ေခ်ာင္းဆို လည္ေခ်ာင္နာတယ္ သူတုိ႔အိမ္မွာလည္း တအိမ္လုံး ဖ်ားတယ္ေပါ့ေလ။ ေဆာင္းတြင္းမွာ ျဖစ္တတ္တဲ့ ဖ်ားနာမႈမ်ဳိး ဆိုေပမဲ့ တခ်ဳိ႕က စစ္လုိက္ေတာ ကိုဗစ္ ျဖစ္ေနတယ္။"

အဲဒီေတာ့ ပုဂၢိလက က႑မွာ ကိုဗစ္ စစ္ေဆးမႈႏႈန္းနဲ႔ ေတြ႔ရွိမႈ ႏႈန္းကိုေမးရာမွာ ေဒါက္တာ ထင္ေပၚက -
" အဲဒါေတာ့ ေျပာရခက္တယ္ ။ လတ္တေလာ အေျခအေနမွာ က်ေနာ္တုိ႔ ပုဂၢလိက အခန္းက႑က စစ္ေပးတာရွိေပမဲ့ ၊ ျပည္သူကလည္း ကိုယ့္တုိင္ Test_Kit ေတြနဲ႔ စစ္ေနတာရွိတယ္။ စစ္တုိင္းလည္း ပိုးေတြ႔ေနတယ္။ "

ဒါ့အျပင္ ပုဂၢိလက ေဆးခန္းေတြမွာ ကုိဗစ္လူနာမ်ားလာပုံကိုလည္း အမည္မေဖၚလိုတဲ့ ဆရာဝန္တဦးက -
" က်ေနာ္တို႔ ရန္ကုန္မွာ လြန္ခဲ့တဲ့ ၂ ပတ္ေလာက္ထဲက ကုိဗစ္လူနာေတြ မ်ားလာတာ သတိျပဳမိတယ္။ ခုတေခါက္ ကုိဗစ္က ရန္ကုန္မွာ ေတာ္ေတာ္ျဖစ္ေနၿပီလို႔ ယူဆရတယ္။ ကူးစက္မႈေႏွးသြားဖို႔ လူစုလူေဝး ေရွာင္တာ၊ ကိုဗစ္စည္းမ်ည္း လုိက္နာတာ လုပ္သင့္တယ္။ "

ကူးစက္မႈ မျပင္းထန္ေအာင္ အႀကံျပဳဖို႔ ေမးရာမွာ ေဒါက္တာ ထင္ေပၚက =
" ပုဂၢိလက အပိုင္းေရာ ႏိုင္ငံေတာ္အပိုင္းပါ အခ်ိတ္ဆက္ရွိဖို႔ လိုပါတယ္။ ခ်ိတ္ဆက္ရာမွာ ရုိးသားမႈရွိဖို႔ေတာ့ လုိပါတယ္။ ဆိုလုိတာက လူနာကလည္း ေပါ့စတစ္ ျဖစ္ေနရင္ ရိုးသားစြာ ဝန္ခံၿပီး ကုသမႈ ခံဖို႔လုိပါတယ္။ ေဆးရုံေတြမွာလည္း အဲလုိလူနာေတြရွိေနရင္ အသိေပးဖို႔လုိပါတယ္။ ဥပမာ မိသားစုတခုမွာ တေယာက္ျဖစ္ေနရင္ က်န္တဲ့လူေတြ ပြင့္လင္းဖို႔လုိတယ္။ ေျပာျပရမယ္။ ဖုံးထားဖိထားလို႔ မရဘူး။ "

တကယ္ေတာ့ လူစုလူေဝး မ်ားလာႏိုင္တဲ့ ျပည္ေထာင္စုေန႔ စိန္ရတုသဘင္ပြဲႀကီး ရွိေနခ်ိန္မွာ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္အရ ကုိဗစ္ စစ္ႏႈန္း/ေတြ႔ႏႈန္းက မေန႔က ၅% ေက်ာ္လာေနၿပီး အေရတြက္အားျဖင့္ ၁၀၀၀ ေက်ာ္ သုံးရက္ဆက္တိုက္ ရွိလာေနပါတယ္။

= = = = = = = = = = = = =

တိုက္႐ိုက္ လင့္ခ္

{ UNICODE }

မြန်မာနိုင်ငံမှာ ကိုဗစ် စတုတ္ထလှိုင်း စတင်နေပြီလား

မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲ Omicron ကြီးစိုးလာရကနေ စတုတ္ထလှိုင်းဖြစ်နေပြီမို့၊ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးတွေ ပိုအလေးထားဝိုင်းလုပ်သင့်ပြီလို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီရက်ပိုင်းတွေအတွင်း ကိုဗစ်လူနာတွေ သိသိသာသာများလာနေရာမှာ၊ အများစုက အပြင်မှာ ကိုယ့်ဟာကိုယ်စစ်နေပြီး၊ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ စာရင်းမှာထက် လက်တွေ့မှာ အများကြီး ကူးစက်ပြီးသားဖြစ်နေပြီလို့ ထောက်ပြနေကြပါတယ်။

ပိုပြင်းပြင်းထန်ထန်ဆက်ဖြစ်မလာအောင် လူစုလူဝေးပွဲသဘင်တွေ ဆက်မလုပ်ဖို့နဲ့ တာဝန်ရှိသူတွေအနေနဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ ချိတ်ဆက်ပြီး အားလုံး ရိုးရိုးသားသား ပွင့်ပွင့်လင်လင်း လုပ်သင့်ပြီလို့ အကြံပြုကြပါတယ်။ ဒီအကြောင်း ကိုဝင်းမင်းက မေးထားပါတယ်။

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဌ ဒေါက်တာ ထင်ပေါ်က -
" ကိုဗစ် အခြေအနေကတော့ စတုတ္ထလှိုင်းလို့ ပြောရမှာပေါ့။ ရန်ကုန်တိုင်းမှာ ပိုကူးလာတယ်။ ကာကွယ်ဆေး ထိုးပြီးသားလူမှာတောင် ကူးနေတာ တွေ့ရတယ်။ ကိုဗစ်ကုသစင်တာတွေမှာ ခုဆိုရင် လူနာ ၆၀၀၀ - ၇၀၀၀ လောက် ရှိလာပါတယ်။ "

ဒါ့အပြင် ရွှေရောင်သမိုင်း လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ကိုဇွဲရန်နိုင်ကလည်း -
" ဒီရက်ထဲမှာ ကိုဗစ် positive လူနာတွေ ပြန်တွေ့လာရပါတယ်။ အထူးသဖြင့် ရန်ကုန်မှာပါ။ အိုမီခရွန်လို့ ပြောလို့ရပါတယ်။ ကျနော်တို့အပါအဝင် မိတ်ဖက် ကယ်ဆယ်ရေး အသင်းတွေဆိုရင် အခုတလော လူနာတွေ လိုက်ပို့ရတာ ပိုများလာပါတယ်။ "

ဒီတခေါက် အိုမီခရွန်က ကလေးတွေကိုပါ ကူးစက်လာတာကို ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဝင်းက -
" ဒီရက်ပိုင်းမှာ ကိုဗစ်ဖြစ်နေတဲ့ ကလေးတွေ တွေ့နေရတယ်ဗျ။ အိုမီခရွန်လို့တော့ ပြောလို့ မရသေးဘူးပေါ့။ နှာစေ ချောင်းဆို လည်ချောင်နာတယ် သူတို့အိမ်မှာလည်း တအိမ်လုံး ဖျားတယ်ပေါ့လေ။ ဆောင်းတွင်းမှာ ဖြစ်တတ်တဲ့ ဖျားနာမှုမျိုး ဆိုပေမဲ့ တချို့က စစ်လိုက်တော ကိုဗစ် ဖြစ်နေတယ်။"

အဲဒီတော့ ပုဂ္ဂိလက ကဏ္ဍမှာ ကိုဗစ် စစ်ဆေးမှုနှုန်းနဲ့ တွေ့ရှိမှု နှုန်းကိုမေးရာမှာ ဒေါက်တာ ထင်ပေါ်က -
" အဲဒါတော့ ပြောရခက်တယ် ။ လတ်တလော အခြေအနေမှာ ကျနော်တို့ ပုဂ္ဂလိက အခန်းကဏ္ဍက စစ်ပေးတာရှိပေမဲ့ ၊ ပြည်သူကလည်း ကိုယ့်တိုင် Test_Kit တွေနဲ့ စစ်နေတာရှိတယ်။ စစ်တိုင်းလည်း ပိုးတွေ့နေတယ်။ "

ဒါ့အပြင် ပုဂ္ဂိလက ဆေးခန်းတွေမှာ ကိုဗစ်လူနာများလာပုံကိုလည်း အမည်မဖေါ်လိုတဲ့ ဆရာဝန်တဦးက -
" ကျနော်တို့ ရန်ကုန်မှာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ထဲက ကိုဗစ်လူနာတွေ များလာတာ သတိပြုမိတယ်။ ခုတခေါက် ကိုဗစ်က ရန်ကုန်မှာ တော်တော်ဖြစ်နေပြီလို့ ယူဆရတယ်။ ကူးစက်မှုနှေးသွားဖို့ လူစုလူဝေး ရှောင်တာ၊ ကိုဗစ်စည်းမျည်း လိုက်နာတာ လုပ်သင့်တယ်။ "

ကူးစက်မှု မပြင်းထန်အောင် အကြံပြုဖို့ မေးရာမှာ ဒေါက်တာ ထင်ပေါ်က =
" ပုဂ္ဂိလက အပိုင်းရော နိုင်ငံတော်အပိုင်းပါ အချိတ်ဆက်ရှိဖို့ လိုပါတယ်။ ချိတ်ဆက်ရာမှာ ရိုးသားမှုရှိဖို့တော့ လိုပါတယ်။ ဆိုလိုတာက လူနာကလည်း ပေါ့စတစ် ဖြစ်နေရင် ရိုးသားစွာ ဝန်ခံပြီး ကုသမှု ခံဖို့လိုပါတယ်။ ဆေးရုံတွေမှာလည်း အဲလိုလူနာတွေရှိနေရင် အသိပေးဖို့လိုပါတယ်။ ဥပမာ မိသားစုတခုမှာ တယောက်ဖြစ်နေရင် ကျန်တဲ့လူတွေ ပွင့်လင်းဖို့လိုတယ်။ ပြောပြရမယ်။ ဖုံးထားဖိထားလို့ မရဘူး။ "

တကယ်တော့ လူစုလူဝေး များလာနိုင်တဲ့ ပြည်ထောင်စုနေ့ စိန်ရတုသဘင်ပွဲကြီး ရှိနေချိန်မှာ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ ကိုဗစ် စစ်နှုန်း/တွေ့နှုန်းက မနေ့က ၅% ကျော်လာနေပြီး အရေတွက်အားဖြင့် ၁၀၀၀ ကျော် သုံးရက်ဆက်တိုက် ရှိလာနေပါတယ်။

XS
SM
MD
LG