သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္မ်ိဳးကြဲသစ္ Omicron ကာကြယ္ေရးျပင္ဆင္မႈ


Virus Outbreak
ကိုဗစ္မ်ိဳးကြဲသစ္ Omicron ကာကြယ္ေရးျပင္ဆင္မႈ
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

====Zawgyi====

ကိုဗစ္-19 မ်ိဳးကြဲသစ္ Omicron ဟာ အေနာက္ႏိုင္ငံေတြအျပင္ ျမန္မာ့အိမ္နီးခ်င္းေတြအပါအဝင္ အာရွႏိုင္ငံေတြမွာပါ စိုးရိမ္တႀကီး ပိုကူးစက္လာတာကို သတိျပဳဖို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေနပါတယ္။

ျမန္မာ့အိမ္နီးခ်င္းေတြမွာ ဒီကူးစက္မူအတြက္ ကာကြယ္ထိန္းခ်ဳပ္မႈေတြ ပိုျပင္ဆင္လာခ်ိန္မွာ ျမန္မာႏိုင္ငံမွာ လည္း မေပါ့ဆၾကဘဲ ကာကြယ္ေရး ျပင္ဆင္မႈေတြ ပိုလုပ္သင့္ပါတယ္။တကယ္ေတာ့ ႏိုင္ငံတကာက ကူးစက္မႈေတြမွာ Omicron နဲ႔အတူ အရင္မ်ိဳးကြဲသစ္ Delta လည္း အတူတြဲရွိေနခ်ိန္လည္း ျဖစ္ပါတယ္။အေရးႀကီးတာကေတာ့ ျပင္းထန္တဲ့ Omicron ေၾကာင့္ ေသဆုံးမႈေတြ စမ်ားလာတာကို ႏိုင္ငံတကာက ေဆး႐ုံေတြမွာ စေတြ႔လာေနရပါတယ္။ အဆုတ္ပ်က္စီးၿပီး ေအာက္ဆီဂ်င္ ျမင့္ျမင့္မားမား လိုေနသူေတြ၊ အသက္႐ႉေခတၱရပ္ၿပီး အေရးေပၚကုခဲ့ရသူေတြကိုလည္း လက္ရွိႀကဳံေနရတာမွာ အခုလို ျပင္းထန္သူအားလုံးက ကာကြယ္ေဆး မထိုးထားသူေတြ ျဖစ္ေနပါတယ္။

အရင္က ခန႔္မွန္းခဲ့သလို ဒီ Omicron မ်ိဳးကြဲသစ္က ကူးစက္မႈ ပိုျမန္လြန္းေပမယ့္ သိပ္ၿပီး မျပင္းထန္ႏိုင္ဘူးလို႔ အရင္ေျပာခဲ့ၾကတာက အေနာက္ႏိုင္ငံက အဆင့္ျမင့္ ကာကြယ္ေဆး (၃) ႀကိမ္ ထိုးၿပီးသူေတြနဲ႔ လူငယ္ေတြမွာ သာမွန္ၿပီး ကာကြယ္ေဆး မထိုးထားသူေတြမွာေတာ့ ျပင္းထန္မႈနဲ႔ ေသဆုံးႏိုင္မႈက အရင္မ်ိဳးကြဲေတြနဲ႔ အတူတူ ျဖစ္ေနတာကို ေတြ႔ေနရပါၿပီ။လူႀကီးေတြမွာ အလားတူ ျပင္းထန္ေနတာကိုလည္း စေတြ႔ေနရပါၿပီ။လက္ရွိမွာ အေမရိကန္မွာေတာ့ ဒီျပင္းထန္လူနာေတြကို အဆင္ျမင့္ေဆးတခ်ိဳ႕နဲ႔ နည္းပညာေတြသုံးၿပီး ထိန္းကုထား ႏိုင္ေပမယ့္ ျမန္မာႏိုင္ငံလို ေဆးဝါးနဲ႔စက္ပစၥည္း အားနည္းခ်ဳိ႕တဲ့တဲ့ ႏိုင္ငံေတြအတြက္ စိုးရိမ္စရာ ျဖစ္လာေနပါ တယ္။ ဒါ့အျပင္ ျမန္မာမွာ အဓိကထိုးထားတဲ့ တ႐ုတ္ကာကြယ္ေဆးေတြ ထိေရာက္မႈအတြက္ Omicron မ်ိဳးကြဲ ဆိုင္ရာ ေလ့လာခ်က္အေထာက္အထားေတြကလည္း မရွိေသးဘဲ ခန႔္မွန္းရခက္ေနပါတယ္။

အခုလို တ႐ုတ္ႏိုင္ငံထုတ္ ကာကြယ္ေဆးေတြအတြက္ Omicron အတြက္ ခန႔္မွန္းရခက္ေနေသးခ်ိန္မွာ ျမန္မာ ႏိုင္ငံမွာ အရင္စသုံးခဲ့ၿပီး ေနာက္ပိုင္း ႀကိဳ႕ၾကားႀကိဳ႕ၾကားေရာက္လာတဲ့ အိႏၵိယထုတ္ Covishield (AstraZeneca) ကိုဗစ္ကာကြယ္ေဆးကေတာ့ ထိေရာက္မႈရွိေနတာကို ၿဗိတိန္မွာ စေတြ႔ထားပါတယ္။ အထူးသျဖင့္ Covishield (၃) ႀကိမ္ ထိုးၿပီးထားသူေတြမွာ ေဆး႐ုံတက္တဲ့ ျပင္းထန္အဆင့္မေရာက္ႏိုင္တာကို (၉၀)% ေက်ာ္မွာ စမ္းသပ္ေတြ႕ရွိထားၿပီးပါၿပီ။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာလည္း အိႏၵိယကာကြယ္ေဆးမ်ိဳး ရႏိုင္လွ်င္ အရင္ (၂) လုံး ထိုးၿပီးထားသူေတြ တတိယတလုံး ထပ္ထိုးခြင့္ရလွ်င္ ထပ္ထိုးထားသင့္ပါတယ္။အိႏၵိယကာကြယ္ေဆးမရလွ်င္ေတာ့ တ႐ုတ္ကာကြယ္ေဆးပဲ ထိုးထားသင့္ပါတယ္။ဒါေပမယ့္ Covishield ၄ လုံး အထိထိုးတာေၾကာင့္ ထူးထူးျခားျခား ထပ္ကာကြယ္ႏိုင္အား တက္မလာတာကို ၿဗိတိန္မွာပဲ ေတြ႔ရွိထား တာေၾကာင့္ အခုလို (၄) ႀကိမ္ ထိုးဖို႔ေတာ့ မလိုေသးပါဘူး။

တခ်ိန္တည္းမွာ ျမန္မာ့အိမ္နီးခ်င္း ထိုင္းနဲ႔အိႏၵိယမွာလည္း Omicron မ်ိဳးကြဲသစ္ကူးစက္မူေတြ စိုးရိမ္တႀကီး ျမင့္တာလာတာနဲ႔ ကိုဗစ္ လံုးဝမရွိေရး ႀကိဳးပမ္းေနတဲ့ တ႐ုတ္မွာပါ ကူးစက္မႈတျဖည္းျဖည္း တက္လာတာ အတြက္ ျပင္ဆင္မႈနဲ႔ ထိန္းခ်ဳပ္မႈေတြ ျပန္ခ်မွတ္လာေနပါၿပီ။ျမန္မာႏိုင္ငံမွာလည္း Omicron ကို တျဖည္းျဖည္း ပိုေတြ႔လာတာေၾကာင့္ ကူးစက္မႈ ပိုမ်ားလာမွာအတြက္ ႀကိဳတင္ ကာကြယ္ျပင္ဆင္ႏိုင္ဖို႔ အေရးႀကီးလာပါၿပီ။အေၾကာင္းက အရင္တုံးက ကိုဗစ္ေၾကာင့္ အမ်ားအျပားေသေက်ခဲ့ရတဲ့ ႏိုင္ငံေတြမွာ ျဖစ္ခဲ့ရတဲ့အေၾကာင္း ရင္းက ျပင္ဆင္မူအားနည္းခဲ့ၾကလို႔ပါ။အထူးသျဖင့္ ဒီပိုးစဝင္ၿပီးေနာက္ ကူးစက္မူအရွိန္အဟုန္နဲ႔ ႐ုတ္တရက္ တက္တဲ့အခ်ိန္မွာ အေမရိကန္လို တစုံတရာျပည့္စုံတဲ့ႏိုင္ငံမ်ိဳးမွာေတာင္ ေဆး႐ုံေဆးခန္းနဲ႔ ေဆးဝန္ထမ္းေတြ ပုံမွန္အင္အားနဲ႔ မႏိုင္တဲ့အဆင့္ကို ခ်က္ခ်င္းေရာက္သြားတတ္တာေၾကာင့္ပါ။လက္ရွိမွာေတာ့ အေမရိကန္မွာ လည္း နည္းမ်ိဳးစုံနဲ႔ ႀကိဳတင္ျပင္ဆင္ၿပီး ကုတင္နဲ႔ေဆးဝန္ထမ္းအပါအဝင္ လိုတာေတြကိုပါ ႀကိဳတင္ျပင္ဆင္ကာ ထိန္းထားႏိုင္ပါေသးတယ္။

ဒါ့အျပင္ ဒီ မ်ိဳးကြဲသစ္ Omicron စတင္ကူးစက္ပ်ံ႕ႏွံ႔မႈက လူအမ်ားစုေဝးၿပီး ကာကြယ္ေရး အားနည္းတတ္တဲ့ ေက်ာင္းေတြကေန အဓိကျဖစ္လာရတာကို ေတြ႔လာရခ်ိန္မွာ ျမန္မာႏိုင္ငံမွာလည္း ကာကြယ္ေဆး မထိုးထားသူ ေတြ စုေဝးႏိုင္မႈေတြကို အဓိက စေလွ်ာ့ခ်သင့္ပါၿပီ။ဒါ့အျပင္ အေမရိကန္မွာဆိုရင္ ထိေရာက္တဲ့ ကာကြယ္ေဆး အျပည့္ ထိုးထားသူေတြေတာင္ Mask ပါးစပ္နဲ႔ႏွာေခါင္းစည္း မတပ္တာေၾကာင့္ ကူးစက္မႈေတြ ျမင့္တက္သြား တာ ေတြ႔ခဲ့ရပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာလည္း ပုံမွန္ကာကြယ္ေရး (Mask တပ္၊ လက္ေဆး၊ လူစုလူေဝး ေရွာင္တာ) ေတြအျပင္ ကိုဗစ္ သံသယလကၡဏာ စျပလာလွ်င္ တတ္ႏိုင္ပါက ကိုဗစ္စစ္ေဆးမူေတြ လုပ္သင့္ပါတယ္။ ပိုးရွိတာေတြ႔လာပါက အျခားသူေတြ (အထူးသျဖင့္ အိမ္က သက္ႀကီးေတြ) ကို မကူးစက္ ေအာင္ သီးသန္းခြဲေနထိုင္စားေသာက္သင့္ပါၿပီ။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ႕ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာျပည္က ကိုဗစ္လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

======Unicode======

Title: ကိုဗစ်မျိုးကွဲသစ် Omicron ကာကွယ်ရေးပြင်ဆင်မှု

ကိုဗစ်-19 မျိုးကွဲသစ် Omicron ဟာ အနောက်နိုင်ငံတွေအပြင် မြန်မာ့အိမ်နီးချင်းတွေအပါအဝင် အာရှနိုင်ငံတွေမှာပါ စိုးရိမ်တကြီး ပိုကူးစက်လာတာကို သတိပြုဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

မြန်မာ့အိမ်နီးချင်းတွေမှာ ဒီကူးစက်မူအတွက် ကာကွယ်ထိန်းချုပ်မှုတွေ ပိုပြင်ဆင်လာချိန်မှာ မြန်မာနိုင်ငံမှာ လည်း မပေါ့ဆကြဘဲ ကာကွယ်ရေး ပြင်ဆင်မှုတွေ ပိုလုပ်သင့်ပါတယ်။တကယ်တော့ နိုင်ငံတကာက ကူးစက်မှုတွေမှာ Omicron နဲ့အတူ အရင်မျိုးကွဲသစ် Delta လည်း အတူတွဲရှိနေချိန်လည်း ဖြစ်ပါတယ်။အရေးကြီးတာကတော့ ပြင်းထန်တဲ့ Omicron ကြောင့် သေဆုံးမှုတွေ စများလာတာကို နိုင်ငံတကာက ဆေးရုံတွေမှာ စတွေ့လာနေရပါတယ်။ အဆုတ်ပျက်စီးပြီး အောက်ဆီဂျင် မြင့်မြင့်မားမား လိုနေသူတွေ၊ အသက်ရှူခေတ္တရပ်ပြီး အရေးပေါ်ကုခဲ့ရသူတွေကိုလည်း လက်ရှိကြုံနေရတာမှာ အခုလို ပြင်းထန်သူအားလုံးက ကာကွယ်ဆေး မထိုးထားသူတွေ ဖြစ်နေပါတယ်။

အရင်က ခန့်မှန်းခဲ့သလို ဒီ Omicron မျိုးကွဲသစ်က ကူးစက်မှု ပိုမြန်လွန်းပေမယ့် သိပ်ပြီး မပြင်းထန်နိုင်ဘူးလို့ အရင်ပြောခဲ့ကြတာက အနောက်နိုင်ငံက အဆင့်မြင့် ကာကွယ်ဆေး (၃) ကြိမ် ထိုးပြီးသူတွေနဲ့ လူငယ်တွေမှာ သာမှန်ပြီး ကာကွယ်ဆေး မထိုးထားသူတွေမှာတော့ ပြင်းထန်မှုနဲ့ သေဆုံးနိုင်မှုက အရင်မျိုးကွဲတွေနဲ့ အတူတူ ဖြစ်နေတာကို တွေ့နေရပါပြီ။လူကြီးတွေမှာ အလားတူ ပြင်းထန်နေတာကိုလည်း စတွေ့နေရပါပြီ။လက်ရှိမှာ အမေရိကန်မှာတော့ ဒီပြင်းထန်လူနာတွေကို အဆင်မြင့်ဆေးတချို့နဲ့ နည်းပညာတွေသုံးပြီး ထိန်းကုထား နိုင်ပေမယ့် မြန်မာနိုင်ငံလို ဆေးဝါးနဲ့စက်ပစ္စည်း အားနည်းချို့တဲ့တဲ့ နိုင်ငံတွေအတွက် စိုးရိမ်စရာ ဖြစ်လာနေပါ တယ်။ ဒါ့အပြင် မြန်မာမှာ အဓိကထိုးထားတဲ့ တရုတ်ကာကွယ်ဆေးတွေ ထိရောက်မှုအတွက် Omicron မျိုးကွဲ ဆိုင်ရာ လေ့လာချက်အထောက်အထားတွေကလည်း မရှိသေးဘဲ ခန့်မှန်းရခက်နေပါတယ်။

အခုလို တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေအတွက် Omicron အတွက် ခန့်မှန်းရခက်နေသေးချိန်မှာ မြန်မာ နိုင်ငံမှာ အရင်စသုံးခဲ့ပြီး နောက်ပိုင်း ကြို့ကြားကြို့ကြားရောက်လာတဲ့ အိန္ဒိယထုတ် Covishield (AstraZeneca) ကိုဗစ်ကာကွယ်ဆေးကတော့ ထိရောက်မှုရှိနေတာကို ဗြိတိန်မှာ စတွေ့ထားပါတယ်။ အထူးသဖြင့် Covishield (၃) ကြိမ် ထိုးပြီးထားသူတွေမှာ ဆေးရုံတက်တဲ့ ပြင်းထန်အဆင့်မရောက်နိုင်တာကို (၉၀)% ကျော်မှာ စမ်းသပ်တွေ့ရှိထားပြီးပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အိန္ဒိယကာကွယ်ဆေးမျိုး ရနိုင်လျှင် အရင် (၂) လုံး ထိုးပြီးထားသူတွေ တတိယတလုံး ထပ်ထိုးခွင့်ရလျှင် ထပ်ထိုးထားသင့်ပါတယ်။အိန္ဒိယကာကွယ်ဆေးမရလျှင်တော့ တရုတ်ကာကွယ်ဆေးပဲ ထိုးထားသင့်ပါတယ်။ဒါပေမယ့် Covishield ၄ လုံး အထိထိုးတာကြောင့် ထူးထူးခြားခြား ထပ်ကာကွယ်နိုင်အား တက်မလာတာကို ဗြိတိန်မှာပဲ တွေ့ရှိထား တာကြောင့် အခုလို (၄) ကြိမ် ထိုးဖို့တော့ မလိုသေးပါဘူး။

တချိန်တည်းမှာ မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့အိန္ဒိယမှာလည်း Omicron မျိုးကွဲသစ်ကူးစက်မူတွေ စိုးရိမ်တကြီး မြင့်တာလာတာနဲ့ ကိုဗစ် လုံးဝမရှိရေး ကြိုးပမ်းနေတဲ့ တရုတ်မှာပါ ကူးစက်မှုတဖြည်းဖြည်း တက်လာတာ အတွက် ပြင်ဆင်မှုနဲ့ ထိန်းချုပ်မှုတွေ ပြန်ချမှတ်လာနေပါပြီ။မြန်မာနိုင်ငံမှာလည်း Omicron ကို တဖြည်းဖြည်း ပိုတွေ့လာတာကြောင့် ကူးစက်မှု ပိုများလာမှာအတွက် ကြိုတင် ကာကွယ်ပြင်ဆင်နိုင်ဖို့ အရေးကြီးလာပါပြီ။အကြောင်းက အရင်တုံးက ကိုဗစ်ကြောင့် အများအပြားသေကျေခဲ့ရတဲ့ နိုင်ငံတွေမှာ ဖြစ်ခဲ့ရတဲ့အကြောင်း ရင်းက ပြင်ဆင်မူအားနည်းခဲ့ကြလို့ပါ။အထူးသဖြင့် ဒီပိုးစဝင်ပြီးနောက် ကူးစက်မူအရှိန်အဟုန်နဲ့ ရုတ်တရက် တက်တဲ့အချိန်မှာ အမေရိကန်လို တစုံတရာပြည့်စုံတဲ့နိုင်ငံမျိုးမှာတောင် ဆေးရုံဆေးခန်းနဲ့ ဆေးဝန်ထမ်းတွေ ပုံမှန်အင်အားနဲ့ မနိုင်တဲ့အဆင့်ကို ချက်ချင်းရောက်သွားတတ်တာကြောင့်ပါ။လက်ရှိမှာတော့ အမေရိကန်မှာ လည်း နည်းမျိုးစုံနဲ့ ကြိုတင်ပြင်ဆင်ပြီး ကုတင်နဲ့ဆေးဝန်ထမ်းအပါအဝင် လိုတာတွေကိုပါ ကြိုတင်ပြင်ဆင်ကာ ထိန်းထားနိုင်ပါသေးတယ်။

ဒါ့အပြင် ဒီ မျိုးကွဲသစ် Omicron စတင်ကူးစက်ပျံ့နှံ့မှုက လူအများစုဝေးပြီး ကာကွယ်ရေး အားနည်းတတ်တဲ့ ကျောင်းတွေကနေ အဓိကဖြစ်လာရတာကို တွေ့လာရချိန်မှာ မြန်မာနိုင်ငံမှာလည်း ကာကွယ်ဆေး မထိုးထားသူ တွေ စုဝေးနိုင်မှုတွေကို အဓိက စလျှော့ချသင့်ပါပြီ။ဒါ့အပြင် အမေရိကန်မှာဆိုရင် ထိရောက်တဲ့ ကာကွယ်ဆေး အပြည့် ထိုးထားသူတွေတောင် Mask ပါးစပ်နဲ့နှာခေါင်းစည်း မတပ်တာကြောင့် ကူးစက်မှုတွေ မြင့်တက်သွား တာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ပုံမှန်ကာကွယ်ရေး (Mask တပ်၊ လက်ဆေး၊ လူစုလူဝေး ရှောင်တာ) တွေအပြင် ကိုဗစ် သံသယလက္ခဏာ စပြလာလျှင် တတ်နိုင်ပါက ကိုဗစ်စစ်ဆေးမူတွေ လုပ်သင့်ပါတယ်။ ပိုးရှိတာတွေ့လာပါက အခြားသူတွေ (အထူးသဖြင့် အိမ်က သက်ကြီးတွေ) ကို မကူးစက် အောင် သီးသန်းခွဲနေထိုင်စားသောက်သင့်ပါပြီ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်က ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG