သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းေရာက္ MOU ျပည္ပလုပ္သားေတြ သက္တမ္း တိုးဖို႔ ႏိုင္ငံရင္းျပန္စရာမလို


Myanmar migrants workers in Thailand

ထိုင္းႏိုင္ငံမွာ ႏွစ္ႏို္င္ငံသေဘာတူညီခ်က္စာခၽြန္လႊာ MOU စနစ္နဲ႔ အလုပ္လာေရာက္လုပ္ကို္င္ေနၾကတဲ့ အလုပ္သမားေတြအေနနဲ႔ ၄ ႏွစ္ျပည့္သြားရင္ စာခ်ဳပ္အသစ္ခ်ဳပ္ဖုိ႔ ေနရပ္ျပန္စရာ မလိုေတာ့ပါဘူး။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ခုလို ကန္႔သတ္ခ်က္ကို ထုိင္းအလုပ္သမား၀န္ႀကီးဌာန က ေျဖေလ်ာ့ေပး လိုက္တဲ့အတြက္ ျမန္မာအလုပ္ သမားေတြ ထုိင္းႏို္င္ငံ မွာပဲ အလုပ္လုပ္ခြင့္ စာခ်ဳပ္ကို သက္တမ္းတိုးႏုိင္ မွာျဖစ္ပါတယ္။ ထုိင္းအေျခစိုက္ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးမာက အျပည့္အစံု ဆက္ၿပီး တင္ျပပါမယ္။

ထိုင္းႏိုင္ငံမွာ အစိုးရအခ်င္းခ်င္း နားလည္မႈ စာခၽြန္လႊာ MOU နဲ႔ တရားဝင္ အလုပ္လုပ္ကိုင္ဖို႔ ခြင့္ျပဳထား တဲ့ ျမန္မာ၊ လာအိုနဲ႔ ကေမာၻဒီးယားႏိုင္ငံ ၃ နိုင္ငံက အလုပ္သမားေတြကို ထုိင္းအစိုးရက ၂ ႏွစ္ ေနထုိင္အ လုပ္လုပ္ကုိင္ခြင့္၊ ၂ ႏွစ္ သက္တမ္းတုိးခြင့္နဲ႔ စုစုေပါင္း ၄ ႏွစ္ ထုိင္းႏိုင္ငံထဲမွာ ေနထိုင္အလုပ္လုပ္ ခြင့္ျပဳထား ပါတယ္။ ၄ ႏွစ္ျပည့္သြားျပီဆိုရင္ေတာ့ မိမိတို႔ရဲ ့ မူရင္းႏို္င္ငံကိုျပန္သြား ဖုိ႔လိုၿပီး၊ စာခ်ဳပ္အသစ္ခ်ဳပ္ ဆုိၿပီးမွ ျပန္ေခၚေလ့ရွိပါတယ္ အခု ကိုဗစ္ ကပ္ေဘးျဖစ္ေန ခ်ိန္မို႔ ေနရပ္ ရင္းျပန္သြား သူေတြ ျပန္လာဖို႔ ခက္ခဲေနတာေၾကာင့္ ထုိင္းႏိုင္ငံမွာ အလုပ္သမား ရွားပါးျပတ္လတ္မူေတြ ႀကံဳေနပါတယ္။ အခု ၂၀၂၂ ခုႏွစ္ထဲမွာ ၄ ေနထိုင္အလုပ္လုပ္ခြင့္္ သက္တမ္းကုန္ဆံုးသြားသူေတြကို ေနရပ္ရင္းကို မျပန္ခိုင္းေတာ့ပဲ ထုိင္းႏိုင္ငံထဲမွာပဲ ထိုင္းအလုပ္သမားဝန္ႀကီးဌာနက သက္တမ္းတိုးခြင့္ျပဳလိုက္ၿပီလို႔ ထိုင္းအလုပ္သမားဝန္ႀကီး မစၥတာ စူခ်တ္ ခြၽမ္ကလင္က ေျပာၾကားခဲ့ပါတယ္။

ဒီအေႀကာင္းနဲ့ပတ္သက္လုိျမန္္မာေရႊ့ေျပာင္းအလုပ္သမားအခြင့္အေရးကြန္ယက္ရဲ ့ဥကၠဌ ဦးေအာင္ေက်ာ္ကေတာ့ ထုိ္င္းအစိုးရက ကပ္ေဘးကာလမွာေျဖေလ်ာ့ေပးလိုက္တာျဖစ္ေႀကာင္း အခုလိုေျပာျပပါတယ္။

"Omicron ေရာဂါကလည္း ျမန္မာႏိုင္ငံမွာေကာထုိင္းႏိုင္ငံမွာေကာျပန့္ႏွံ့ေနတဲ့အခါမွာ သူတို့လုပ္သားေတြ ကိုေနရပ္ရင္းကိုျပန္ခိုင္းျပီး အရင္ project အတို္င္း တရား၀င္စာခ်ဳပ္အသစ္ခ ်ဳပ္ျပီးျပန္ေခၚမယ္ဆုိရင္ မလိုလားအပ္ပဲ ေရာဂါျပန့္ပြားမူ့ႏွဳန္းေတြ ျပန္လည္ျမင့္တက္ လာႏိုင္တယ္လို႔ သံုးသပ္တဲ့အတြက္ ထုိင္းႏိုင္ငံထဲမွာပဲ နဂို ပတ္စပို႔ ထုတ္ေပးတဲ့စင္တာရွိတယ္ အဲဒီစင္တာမွာ အဲဒီမွာ သက္တမ္းတႏွစ္တုိးျပီးေတာ့မွ အလုပ္သမားေတြကိုေနရပ္ရင္းျပန္စရာမလိုပဲ ဒီႏိုင္ငံမွာပဲသက္တမ္းတိုးဖို့ စီစဥ္ဆံုးျဖတ္တာပါ အဲဒါကို အလုပ္သမား၀န္ႀကီးဌာနကေတာ့ အခိုင္အမာဆံုးျဖတ္ခ်က္ခ်လိုက္ပါျပီ။"

ထိုင္းနိုင္ငံမွာ ျမန္မာႏိုင္ငံသားေတြအတြက္ ႏို္င္ငံကူးလက္မွတ္ေတြ ထုတ္ေပးတာ သက္တမ္းတိုးတာေတြကုိ လုပ္ေပးတယ္တဲ့ စင္တာကို ဆာမြတ္ဆာခြန္းျပည္နယ္ထဲမွာ ဖြင့္လွစ္ထားပါတယ္။ အဲဒီျပည္နယ္ထဲမွာ ကိုဗစ္ကပ္ေဘး အေျခအေနေပၚမူတည္ျပီး အလုပ္သမားေတြ MOU သက္တမ္းတိုး တဲ့ကိစၥေတြ ကို ထိုင္းအစိုးရကစီစဥ္လုပ္ေပးသြားမွာျဖစ္တယ္လို႔ ဦးေအာင္ေက်ာ္ကေျပာပါတယ္။ ၂ ႏုိ္င္ငံနားလည္မႈ စာခၽြန္လႊာ MOU နဲ႔ အလုပ္လာလုပ္ႀကတဲ့ အလုပ္သမားေတြအတြက္ အခုလိုေနရပ္ျပန္စရာမလုိတဲ့ ထုိင္းအလုပ္သမား၀န္ႀကီးဌာနရဲ ့အစီစဥ္ဟာ ေကာင္းမြန္ျပီး အလုပ္သမားေတြအတြက္ အက်ဳိးလည္း႐ွိ တယ္လို႔ သူက သံုးသပ္ပါတယ္။

"အဲဒီProjet ကအျမန္ဆံုးက ရက္ ၆၀ ပဲ ဒီလုပ္သားတဦးက ရက္ ၆၀ အိမ္ျပန္သြားရတဲ့အတြက္ ရက္ ၆၀ မွာ၀င္ေငြမရွိေတာ့ဘူး။ ကုန္က်စရိတ္႐ွိတယ္ ၀င္ေငြမရွိဘူး။ ေနာက္တႀကိမ္ျပန္၀င္လာ ဖို့အတြက္က လည္းကုန္က်စရိတ္ ရိွတယ္။ ႀကီးမားတဲ့စက္ရံုကုမဏီႀကီးေတြကေတာ့ ျပန္သြားတဲ့စရိတ္ေတြ ျပန္လာတဲ့ စရိပ္ေတြကိုကုန္က်ေပးတာရွိတယ္ ဒါေပမယ့္ စက္ရံုငယ္ေတြကေတာ့ စျပန္တဲ့အခ်ိန္ကစျပီး အေထြေထြ ကုန္က်စရိပ္ေတြကိုအလုပ္သမားေတြကပဲက်ခံရတဲ့အတြက္ ၀န္ထုတ္ ၀န္ပိုးေတြျဖစ္လာပါတယ္။ အခုလိုမ်ိဳးကိုဗစ္ကပ္ေရာဂါကုိအေႀကာင္းျပဳျပီး ဒီထိုင္းႏိုင္ငံအလုပ္သမား၀န္ႀကီးဌာနက စီစဥ္ေပးလိုက္တဲ့ အတြက္ (၁)လုပ္သားေတြအတြက္၀င္ေငြေတြမဆံုးရွံုးသြားေတာ့ဘူး (၂) က မလုိလားအပ္တဲ့ ကုန္က် စရိ္တ္ေတြ မကုန္ေတာ့ဘူးဒီအတြက္ အလုပ္သမားေတြအ တြက္အမ်ားႀကီးအက်ိဳးရွိပါတယ္။"

အခုလို ေနထိုင္ အလုပ္လုပ္ခြင့္ စာခ်ဳပ္အသစ္ခ်ဳပ္ဆိုဖုိ႔ လိုအပ္တဲ့သူေတြ ေနရပ္ျပန္စရာမလိုဘူးဆိုတဲ့ ထိုင္းအလုပ္သမားဝန္ႀကီးဌာနက ဆံုးျဖတ္လိုက္တဲ့အတြက္ သက္ဆိုင္ရာ MOU ထိုးထားတဲ့ႏုိင္ငံေတြက တာဝန္႐ွိသူေတြ လိုအပ္တဲ့ စာ႐ြက္စာတမ္းကိစၥေတြကို လာေရာက္ လုပ္ေပးရမွာျဖစ္ပါတယ္။ ျမန္မာ ကေမၻာဒီးယား လားအို ၃ ႏိုင္ငံက MoU စနစ္နဲ႔ ထိုင္းႏိုင္ငံမွာ လာေရာက္အလုပ္ လုပ္ေနၾကသူေတြ ရဲ႕ ေနထုိင္ အလုပ္လုပ္ခြင့္ ၄ ႏွစ္သက္တမ္းျပည့္သြားၿပီးေနာက္ ေနရပ္မျပန္ဘဲ ထိုင္းႏိုင္ငံထဲမွာ ၆ လဆက္ၿပီး ေနထို္င္ခြင့္ျပဳေရးအတြက္ ထုိင္းအလုပ္သမားဝန္ႀကီးဌာနက သက္ဆိုင္ရာ ႏိုင္ငံေတြနဲ႔ ေဆြးေႏြးေနတယ္လို႔ ထိုင္းသတင္းေတြမွာလည္း ေဖာ္ျပပါတယ္။

-------------------------------------------------

ထိုင်းရောက် MOU ပြည်ပလုပ်သားတွေ သက်တမ်း တိုးဖို့ နိုင်ငံရင်းပြန်စရာမလို

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူညီချက်စာချွန်လွှာ MOU စနစ်နဲ့ အလုပ်လာရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအနေနဲ့ ၄ နှစ်ပြည့်သွားရင် စာချုပ်အသစ်ချုပ်ဖို့ နေရပ်ပြန်စရာ မလိုတော့ပါဘူး။ ကိုဗစ်ကပ်ရောဂါကြောင့် ခုလို ကန့်သတ်ချက်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာန က ဖြေလျော့ပေး လိုက်တဲ့အတွက် မြန်မာအလုပ် သမားတွေ ထိုင်းနိုင်ငံ မှာပဲ အလုပ်လုပ်ခွင့် စာချုပ်ကို သက်တမ်းတိုးနိုင် မှာဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးမာက အပြည့်အစုံ ဆက်ပြီး တင်ပြပါမယ်။

ထိုင်းနိုင်ငံမှာ အစိုးရအချင်းချင်း နားလည်မှု စာချွန်လွှာ MOU နဲ့ တရားဝင် အလုပ်လုပ်ကိုင်ဖို့ ခွင့်ပြုထား တဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံ ၃ နိုင်ငံက အလုပ်သမားတွေကို ထိုင်းအစိုးရက ၂ နှစ် နေထိုင်အ လုပ်လုပ်ကိုင်ခွင့်၊ ၂ နှစ် သက်တမ်းတိုးခွင့်နဲ့ စုစုပေါင်း ၄ နှစ် ထိုင်းနိုင်ငံထဲမှာ နေထိုင်အလုပ်လုပ် ခွင့်ပြုထား ပါတယ်။ ၄ နှစ်ပြည့်သွားပြီဆိုရင်တော့ မိမိတို့ရဲ့ မူရင်းနိုင်ငံကိုပြန်သွား ဖို့လိုပြီး၊ စာချုပ်အသစ်ချုပ် ဆိုပြီးမှ ပြန်ခေါ်လေ့ရှိပါတယ် အခု ကိုဗစ် ကပ်ဘေးဖြစ်နေ ချိန်မို့ နေရပ် ရင်းပြန်သွား သူတွေ ပြန်လာဖို့ ခက်ခဲနေတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်သမား ရှားပါးပြတ်လတ်မူတွေ ကြုံနေပါတယ်။ အခု ၂၀၂၂ ခုနှစ်ထဲမှာ ၄ နေထိုင်အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးသွားသူတွေကို နေရပ်ရင်းကို မပြန်ခိုင်းတော့ပဲ ထိုင်းနိုင်ငံထဲမှာပဲ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သက်တမ်းတိုးခွင့်ပြုလိုက်ပြီလို့ ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ စူချတ် ချွမ်ကလင်က ပြောကြားခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လိုမြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ရဲ့ဥက္ကဌ ဦးအောင်ကျော်ကတော့ ထိုင်းအစိုးရက ကပ်ဘေးကာလမှာဖြေလျော့ပေးလိုက်တာဖြစ်ကြောင်း အခုလိုပြောပြပါတယ်။

"Omicron ရောဂါကလည်း မြန်မာနိုင်ငံမှာကောထိုင်းနိုင်ငံမှာကောပြန့်နှံ့နေတဲ့အခါမှာ သူတို့လုပ်သားတွေ ကိုနေရပ်ရင်းကိုပြန်ခိုင်းပြီး အရင် project အတိုင်း တရားဝင်စာချုပ်အသစ်ခ ျုပ်ပြီးပြန်ခေါ်မယ်ဆိုရင် မလိုလားအပ်ပဲ ရောဂါပြန့်ပွားမူ့နှုန်းတွေ ပြန်လည်မြင့်တက် လာနိုင်တယ်လို့ သုံးသပ်တဲ့အတွက် ထိုင်းနိုင်ငံထဲမှာပဲ နဂို ပတ်စပို့ ထုတ်ပေးတဲ့စင်တာရှိတယ် အဲဒီစင်တာမှာ အဲဒီမှာ သက်တမ်းတနှစ်တိုးပြီးတော့မှ အလုပ်သမားတွေကိုနေရပ်ရင်းပြန်စရာမလိုပဲ ဒီနိုင်ငံမှာပဲသက်တမ်းတိုးဖို့ စီစဉ်ဆုံးဖြတ်တာပါ အဲဒါကို အလုပ်သမားဝန်ကြီးဌာနကတော့ အခိုင်အမာဆုံးဖြတ်ချက်ချလိုက်ပါပြီ။"

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတာ သက်တမ်းတိုးတာတွေကို လုပ်ပေးတယ်တဲ့ စင်တာကို ဆာမွတ်ဆာခွန်းပြည်နယ်ထဲမှာ ဖွင့်လှစ်ထားပါတယ်။ အဲဒီပြည်နယ်ထဲမှာ ကိုဗစ်ကပ်ဘေး အခြေအနေပေါ်မူတည်ပြီး အလုပ်သမားတွေ MOU သက်တမ်းတိုး တဲ့ကိစ္စတွေ ကို ထိုင်းအစိုးရကစီစဉ်လုပ်ပေးသွားမှာဖြစ်တယ်လို့ ဦးအောင်ကျော်ကပြောပါတယ်။ ၂ နိုင်ငံနားလည်မှု စာချွန်လွှာ MOU နဲ့ အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေအတွက် အခုလိုနေရပ်ပြန်စရာမလိုတဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့အစီစဉ်ဟာ ကောင်းမွန်ပြီး အလုပ်သမားတွေအတွက် အကျိုးလည်းရှိ တယ်လို့ သူက သုံးသပ်ပါတယ်။

"အဲဒီProjet ကအမြန်ဆုံးက ရက် ၆၀ ပဲ ဒီလုပ်သားတဦးက ရက် ၆၀ အိမ်ပြန်သွားရတဲ့အတွက် ရက် ၆၀ မှာဝင်ငွေမရှိတော့ဘူး။ ကုန်ကျစရိတ်ရှိတယ် ဝင်ငွေမရှိဘူး။ နောက်တကြိမ်ပြန်ဝင်လာ ဖို့အတွက်က လည်းကုန်ကျစရိတ် ရှိတယ်။ ကြီးမားတဲ့စက်ရုံကုမဏီကြီးတွေကတော့ ပြန်သွားတဲ့စရိတ်တွေ ပြန်လာတဲ့ စရိပ်တွေကိုကုန်ကျပေးတာရှိတယ် ဒါပေမယ့် စက်ရုံငယ်တွေကတော့ စပြန်တဲ့အချိန်ကစပြီး အထွေထွေ ကုန်ကျစရိပ်တွေကိုအလုပ်သမားတွေကပဲကျခံရတဲ့အတွက် ဝန်ထုတ် ဝန်ပိုးတွေဖြစ်လာပါတယ်။ အခုလိုမျိုးကိုဗစ်ကပ်ရောဂါကိုအကြောင်းပြုပြီး ဒီထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက စီစဉ်ပေးလိုက်တဲ့ အတွက် (၁)လုပ်သားတွေအတွက်ဝင်ငွေတွေမဆုံးရှုံးသွားတော့ဘူး (၂) က မလိုလားအပ်တဲ့ ကုန်ကျ စရိတ်တွေ မကုန်တော့ဘူးဒီအတွက် အလုပ်သမားတွေအ တွက်အများကြီးအကျိုးရှိပါတယ်။"

အခုလို နေထိုင် အလုပ်လုပ်ခွင့် စာချုပ်အသစ်ချုပ်ဆိုဖို့ လိုအပ်တဲ့သူတွေ နေရပ်ပြန်စရာမလိုဘူးဆိုတဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆုံးဖြတ်လိုက်တဲ့အတွက် သက်ဆိုင်ရာ MOU ထိုးထားတဲ့နိုင်ငံတွေက တာဝန်ရှိသူတွေ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေကို လာရောက် လုပ်ပေးရမှာဖြစ်ပါတယ်။ မြန်မာ ကမ္ဘောဒီးယား လားအို ၃ နိုင်ငံက MoU စနစ်နဲ့ ထိုင်းနိုင်ငံမှာ လာရောက်အလုပ် လုပ်နေကြသူတွေ ရဲ့ နေထိုင် အလုပ်လုပ်ခွင့် ၄ နှစ်သက်တမ်းပြည့်သွားပြီးနောက် နေရပ်မပြန်ဘဲ ထိုင်းနိုင်ငံထဲမှာ ၆ လဆက်ပြီး နေထိုင်ခွင့်ပြုရေးအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ ထိုင်းသတင်းတွေမှာလည်း ဖော်ပြပါတယ်။

XS
SM
MD
LG