သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း Omicron ကိုဗစ်မျိုးကွဲသစ် အဓိကကြီးစိုး


ကလေးမြို့မှာ ကိုဗစ်လူနာကို ပြုစုကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (ဇူလိုင် ၆၊ ၂၀၂၁)
ကလေးမြို့မှာ ကိုဗစ်လူနာကို ပြုစုကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (ဇူလိုင် ၆၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ Omicron ကိုဗစ်မျိုးကွဲသစ် အဓိက ကြီးစိုးသွားပြီမို့ ဆက်ကူးစက်မှု မမြန်အောင် အားလုံး ဝိုင်းကာကွယ်ထိန်းသိမ်းပေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်မှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာသန်းနိုင်စိုး - “ကျနော်တို့ဆီမှာတော့ အခုက ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့။ ကျနော်တို့ဆီက ဝင်တာ နည်းနည်းနောက်ကျတယ်ပေါ့။ နောက် ဝင်ဝင်ချင်းလည်း သိလိုက်တဲ့သဘောတော့ ရှိတယ်။ အနောက်ဘက်က စပြီးတော့ ကလေး၊ တမူးဘက်မှာ တွေ့တယ်၊ တောက်လျှောက်ပဲ အိုမီခရွန်ပေါ့၊ ပြည်ပနိုင်ငံက ဝင်လာတဲ့လူတွေ တောက်လျှောက် စစ်တယ်၊ နောက်ဆုံးတော့ မင်္ဂလာဒုံက စက်ရုံပေါ့၊ အဲဒီမှာတော့ တော်တော်များများ တွေ့လိုက်တဲ့သဘော ရှိတယ်။ အဲဒီတော့ ကျနော်တို့ မှန်းထားတာတော့ ဒါ ကျနော်တို့ဆီတော့ ဝင်လာပြီ၊ ခုနစက်ရုံကလည်း တရုတ်နှစ်သစ်ကူးရက်နဲ့ ပိတ်တဲ့လူတွေပေါ့၊ တချို့ Contact တွေ ပြန်သွားတဲ့ လူတွေလည်း ရှိတယ်။ ဒါလည်း ကျနော်တို့ တတ်နိုင်သမျှ မိအောင်တော့ လိုက်အုပ်နေတယ်။ ဒါပေမယ့်လည်း Public Transport တွေဘာတွေ သုံးသွားတဲ့လူတွေလည်း ရှိနိုင်တယ်။ တချို့ကျတော့လည်း ရွာမှာ ထိတွေ့တာလည်း ရှိနိုင်တယ်။ ဒါက တက်လာမယ်လို့တော့ ကျနော်တို့ မှန်းထားတယ်။”

ကိုဝင်းမင်း - အများကြီး ရုတ်တရက် မကူးသွားအောင် ဘယ်လို အကြံပြုချင်လဲ။

ဒေါက်တာသန်းနိုင်စိုး - “တက်လာနိုင်တဲ့ အရှိန်အဟုန်ကို၊ အဓိကတော့ Mask တပ်ခြင်းပဲ၊ Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ၊ လေဝင်လေထွက်ကောင်း၊ ဒီဟာတွေက တကယ့်ကို ထိရောက်တဲ့ Slow the Spread ဖြစ်နိုင်တဲ့ဟာတွေ။ နောက်တခုက ဝင်ရောက်လာခဲ့ရင် ပြင်းပြင်းထန်ထန် မဖြစ်ဖို့အတွက် အပိုင်းက ကျနော်တို့ အမြဲတမ်း ပြောနေတဲ့ ကာကွယ်ဆေး အကြိမ်ဖြည့် ထိုးနှံခြင်းနဲ့ အခုဆို ကျနော်တို့ Eligible (ထိုးခွင့်ရသူတွေ) ဖြစ်တဲ့လူပေါ့။ အသက် ၆၅ နှစ်အထက် ပုဂ္ဂိုလ်တွေရယ်၊ နိုင်ငံ့ဝန်ထမ်းတွေရယ် အခု Booster Dose တွေ စထိုးနှံပေးနေပြီ။ အဲဒါ တော်တော်အရေးကြီးတယ် ကာကွယ်ရေးနည်းလမ်း။ နောက်တခုက အိုမီခရွန်က ဖြစ်ရင် နည်းနည်းတော့ သိသာတယ်။ Cluster (အုပ်စုလိုက်) လိုက် ဖြစ်တာကိုး။ ကူးစက်မှုနှုန်းက သူက တအားမြန်တော့။ လက္ခဏာတွေကလည်း များသောအားဖြင့် နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာပေါ့။ မိသားစုလိုက် အုပ်စုလိုက်ဖြစ်ရင် ကျနော်တို့ကို သတင်းပေးဖို့ လိုတာပေါ့။ အဲဒါတော့ တော်တော်အရေးကြီးပါတယ်။ စစ်ဖို့လည်း မကြောက်ပါနဲ့။ ဝိုင်းပြီး စစ်လိုက်ရင် တွေ့ရင် စောစောစီးစီး ဆက်တိုက်ကူးစက်မှုတွေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။”

ကိုဝင်းမင်း - အိုမီခရွန်ကတော့ အခုအနေအထားမှာ အများစု တွေ့နေရတဲ့ အနေအထားမျိုးလို့ ပြောလို့ရတာပေါ့နော်။ တမူး၊ ကလေးဘက်မှာ စစ်တုန်းကလည်း ၇၀ ကျော်လောက် စစ်ရာမှာ ၆၀ လောက် သွားတွေ့တော့ ၈၀ ရာခိုင်နှုန်းကျော်လောက် ဖြစ်သွားတာပေါ့။ နောက် ရန်ကုန်က မင်္ဂလာဒုံစက်ရုံမှာဆိုရင် …။

ဒေါက်တာသန်းနိုင်စိုး - “သူက အဓိကတော့ အိုမီခရွန်ဝင်ပြီဆိုရင် စစ်မနေနဲ့တော့။ အိုမီခရွန် ဝင်ပြီဆိုရင် စစ်လိုက်ရင်တော့ တွေ့တဲ့လူတွေ အကုန်လုံးက အိုမီခရွန်ဖြစ်ဖို့ များသွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ဗိုင်းရပ်စ်တွေက တခုနဲ့တခုနဲ့ Dominant ဖြစ်တဲ့ဟာက၊ ကျနော်တို့ ရှေ့တုန်းကဆိုလည်း ဒယ်လ်တာ ဝင်လာတယ်၊ အယ်လ်ဖာတွေ ပျောက်သွားတယ်။ စမ်းသမျှအကုန် ဒယ်လ်တာ ဖြစ်တာပဲ။ အခု အိုမီခရွန် ဝင်လာတဲ့အခါ တကယ့်ကို အိုမီခရွန်က ဒယ်လ်တာကို Overwhelm (အုပ်စီး) လုပ်သွားတာမျိုးပေါ့။ အခုလည်း ရန်ကုန်တိုင်းဒေသကြီးဆိုရင် Population Density (လူနေထူထပ်) များရင်တော့ ပိုစိုးရိမ်ရတာပေါ့။ လူဦးရေ များများရှိတဲ့နေရာမှာ အများကြီး ကူးသွားမယ်၊ အဲဒီကနေ ဆေးရုံတက်ရတဲ့ Rate တွေလည်း —- လူတထောင်ဖြစ်ရင် ၂၇ ယောက်လောက် တက်ရတဲ့နှုန်း သူတို့တွေ့ထားတယ်ဆိုတော့ ကျနော်တို့ ဆေးရုံ ဆေးခန်းတွေလည်း ရောက်လာစရာအကြောင်း ရှိတာပေါ့။”

ကိုဝင်းမင်း - ဒီနေရာမှာ ဆေးရုံဆေးခန်းတွေ အနေနဲ့ ဘယ်လိုပြင်ဆင်မှုတွေ ကြိုလုပ်ထားလဲ။

ဒေါက်တာသန်းနိုင်စိုး - “အဓိကတော့ Test Center တွေ တိုးချဲ့ပြီး ဖွင့်ထားတယ်။ Test Center တွေကို ခရိုင်အဆင့်မှာလည်း Rapid Response Team တွေပေါ့၊ ရန်ကုန် ၄ ခရိုင်မှာ၊ အရင်တုန်းကတော့ —--- တဦးတယောက်ချင်းစီပဲ လူနာ ဆေးရုံတက်ဖို့ကအစ၊ Bed Management Counter တွေမှာ တန်းစီရတဲ့ အပိုင်းတွေရှိတယ်။ အဲဒါလေးတွေကို အခု ခရိုင်အဆင့်တွေမှာ ခွဲထားတယ်။ ခရိုင်အဆင့်တွေကလည်း ဒီဘက်က Rapid Response Team တွေနဲ့ Test Center တွေနဲ့ ဒေသန္တရတွေ မြို့နယ်တွေနဲ့ ချိတ်ဆက်ထားသလို တဖက်က ခရိုင်အဆင့်မှာလည်း လူနာကုတင် စီမံခန့်ခွဲမှု ကော်မတီတွေ ရှိတယ်။ အဲဒီတော့ ဒီဘက်က Positive ဖြစ်ပြီဆိုတာနဲ့ ရောဂါလက္ခဏာ ပြင်းထန်မှု မရှိတဲ့လူတွေဆိုလည်း ဒါ Asymptomatic ပေါ့၊ Treatment Center ဒီလိုမျိုးနေရာတွေ ထားမယ်။ လိုအပ်ရင် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ ခရိုင်အဆင့် ဆေးရုံတွေ ရှိတယ်။ အဲဒီကမှတဆင့် ထပ်ပြီး လိုအပ်လာရင်တော့ ဗဟိုအဆင့် ဆေးရုံကြီးတွေ လွှဲပြောင်းနိုင်ဖို့ လမ်းကြောင်းတွေ အများကြီး လုပ်ထားပါတယ်။ ကျနော်တို့ ဖုန်းနံပါတ်တွေနဲ့တကွ မကြာခင် ထုတ်ပြန်ကြေညာပေးဖို့ ရှိပါတယ်။”

ကိုဝင်းမင်း - နောက်တခုကတော့ ခပ်ခွာခွာနေဖို့ပေါ့၊ အခုအနေအထားမှာ တချို့ပွဲတော်တွေလည်း ရှိနေတဲ့ အခါကြတော့ အဲဒီအပေါ်မှာရော။

ဒေါက်တာသန်းနိုင်စိုး - “အဓိကကတော့ ကိုဗစ်စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ကျင်းပဖို့ဆိုတာ ရှိပါတယ်။ ဥပမာ စက်ရုံ အလုပ်ရုံ လုပ်ငန်းတွေ တချို့ဟာတွေလည်း ၆ ပေ မကွာနိုင်တာတွေလည်း ရှိတယ်၊ သူ့လုပ်ငန်းသဘောသဘာဝအရ။ ဒါပေမယ့် ကျနော်တို့က Outdoor Space ဖြစ်တဲ့ဟာပေါ့၊ နောက် လူဦးရေ ကန့်သတ်မှု ရှိပါတယ်၊ တချို့ ၂၀၀ ပေါ့၊ ပြီးတော့ နိုင်ငံတော်အဆင့် လုပ်ရတာတွေလည်း ရှိတယ်။ အဲ့တော့ ဒီလိုနေရာတွေမှာ ကိုဗစ် စည်းမျဉ်း စည်းကမ်းတွေကို စနစ်တကျ လိုက်နာဖို့၊ ဒီဟာကတော့ တော်တော်အရေးကြီးတယ်။ ကျနော်တို့က ဒါ မလုပ်လို့လည်း မရဘူး၊ ကိုဗစ်နဲ့လည်း ကျနော်တို့ ဘယ်လောက်အထိ ယှဉ်တွဲနေရမလဲ ဆိုတဲ့အပိုင်း တပိုင်းကလည်း စဉ်းစားရသေးတယ်။”

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)












XS
SM
MD
LG