သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Omicron မ်ိဳးကြဲသစ္ ျပည္တြင္း အစုလိုက္ကူးစက္မူ


FILE - Pharmacist Sima Manifar prepares a children's dose of the Pfizer COVID-19 vaccine during a vaccination clinic at City of Lawrence's "The Center," which serves seniors, families and the community, Wednesday, Dec. 29, 2021, in Lawrence, Mass.

ျမန္မာႏိုင္ငံမွာ ကိုဗစ္-19 မ်ိဳးကြဲသစ္ကို ေတြ႔ရိွလာတာ တစ္လေက်ာ္လာၿပီး၊ အပါတ္စဥ္ ရာဂဏန္းနဲ႔ခ်ီ ကူးစက္ေနတာကို ေတြ႔ရၿပီး၊ ျမင့္တက္လာရာကေန၊ ေနာက္ဆုံး ရန္ကုန္က စက္႐ုံဝန္ထမ္းေတြမွာလည္း အစုလိုက္ကူးစက္ေနတာကို ေတြ႔ေနပါၿပီ။

ရန္ကုန္တိုင္း မဂၤလာဒုံစက္မူဇုံရွိ မွန္ဘီလူးစက္႐ုံ (Asia Optical) မွာ မၾကာခင္ကပဲ ဝန္ထမ္း (၂၂၀၀) ေက်ာ္ကို ကိုဗစ္စစ္ခဲ့ရာမွာ (၃၀)% ေက်ာ္အျဖစ္ (၇၀၀) ေက်ာ္မွာ ေတြ႔ခဲ့ၿပီး၊ ဒီအထဲကမွ (၁၀) ဦးကို နမူနာအျဖစ္ Omicron ဆက္စစ္ခဲ့ရာမွာေတာ့ (၁၀) ဦးလုံးမွာ ေတြ႔ခဲ့တာမို႔ Omicron ျဖစ္ႏိုင္ေျခက (၁၀၀)% အထိျဖစ္သြားၿပီလို႔ က်န္းမာေရးပညာရွင္ေတြက ေထာက္ျပလိုက္ပါတယ္။ ဒါ့အျပင္ အခုလို ေတြ႔လိုက္တာက တကယ့္ေအာက္ေျခမွာ အမ်ားႀကီး အစိုင္အခဲလိုက္ ျဖစ္ေနႏိုင္တာရဲ႕ အေပၚယံအစိတ္အပိုင္းေလးမွ်သာ (Tip of the Iceberg) ျဖစ္ႏိုင္တာမို႔ ၊ လုံးဝ ေပါ့ေပါ့ဆဆမထားဘဲ ကာကြယ္ကုသမူေတြကို ပိုျပင္ဆင္ဖို႔ က်န္းမာေရးပညာရွင္ေတြက အထူးသတိေပးလိုက္ပါတယ္။ အေၾကာင္းက အခုပိုးေတြ႔ထားသူေတြနဲ႔ ထိေတြ႔ခဲ့ၿပီးတဲ့ အိမ္သားေတြမွာ ကူးစက္ျမန္လြန္းတဲ့ Omicron ကူးၿပီးသား ျဖစ္ေနႏိုင္လို႔ပါ။ ဒီကူးစက္ခံထားရၿပီးသူေတြထဲမွာ သက္ႀကီး (အသက္ ၆၅ ႏွစ္ အထက္) ေရာဂါအခံ (ဆီးခ်ိဳ၊ ေသြးတိုး၊ အဝလြန္၊ ကင္ဆာ၊ ေက်ာက္ကပ္မေကာင္းတာ စတာ) ေတြ ရွိထားလွ်င္ေတာ့ ကာကြယ္ေဆး (Vaccine) ထိုးထားလွ်င္ေတာင္ အႏၲရာယ္ႀကီးလာႏိုင္ပါတယ္။

Omicron မ်ိဳးကြဲသစ္အေနနဲ႔ လက္ရွိေတြ႔ရွိခ်က္ထားခ်က္အရ ျပင္းထန္တဲ့လကၡဏာျပတာေတာ့ မေတြ႔ရေသးဘဲ၊ ကာကြယ္ေဆးထိုးထားၿပီးသူေတြ ရွိလာတာေၾကာင့္လည္း အခုလို မျပင္းထန္ေသးတာ ျဖစ္ႏိုင္ပါတယ္။ အခုအခ်ိန္ထိ ႏိုင္ငံတကာ အေတြ႔အႀကဳံေတြအရ Omicron ရဲ႕ ထူးျခားမူက အဆုပ္ကို သိပ္မထိခိုက္ဘဲ၊ ေလႁပြန္အေပၚဖက္ပိုင္း (Upper Airway) ကိုသာ အဓိက ထိခိုက္တာေတြ႔ထားရၿပီး၊ ေနာက္ဆုံးေတြ႔ထားတဲ့ အဓိက လကၡဏာ (၂) ခုက လည္ေခ်ာင္းအလြန္နာတာနဲ႔ ေခ်ာင္းဆိုးတာပါ။ အခုလို လကၡဏာ မျပင္းထန္ေသးေပမဲ့၊ ဒီမ်ိဳးကြဲသစ္မွာ ကူးစက္တာ ဆတိုးျမန္လြန္းတာကိုေတာ့ ေတြ႔ရွိထားပါတယ္။ ကာကြယ္ေဆးထိုးထားသူေတြ အရင္ကိုဗစ္ ျဖစ္ထားခဲ့သူေတြမွာလည္း Omicron ကူးစက္ခံရႏိုင္တာမို႔၊ စက္႐ုံ အလုပ္႐ုံထဲ (ထမင္းဆိုင္ထဲ) အတူတူလုပ္၊ အတူူတူစားၾကသူေတြမွာ ကူးစက္မူေတြ႔တာ ႐ုတ္တရက္ မ်ားလာတာ ျဖစ္ႏိုင္ကာ၊ Mask ပါးစပ္နဲ႔ ႏွာေခါင္းစည္း အေသအခ်ာ မတပ္တာကလည္း အေၾကာင္းတစ္ခု ျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက သုံးသပ္ထားပါတယ္။

အခုလို Omicron ကူးစက္ျမန္လြန္းတာက ေၾကာက္စရာမဟုတ္ေပမဲ့၊ လူငယ္ေတြသာျဖစ္ၿပီး မျပင္းထန္ေသးတာမို႔ ေသးေသးမႊားမႊားေရာဂါအျဖစ္ မေပါ့ဆမိဖို႔ေတာ့ အထူး အေရးႀကီးပါတယ္။ တကယ္ေတာ့ Omicron ေၾကာင့္ အရင္ကိုဗစ္ သိပ္အကူးမခံခဲ့ရတဲ့ ကေလးေတြမွာ အခု (၂၀)% အထိ၊ ကူးစက္ခံလာရၿပီး တခ်ဳိ ႔ေဆး႐ုံတင္ရတာပါ အေမရိကန္မွာ ေတြ႔ထားၿပီးပါၿပီ။ ျမန္မာႏိုင္ငံမွာလည္း တ႐ုတ္ကာကြယ္ေဆးက ဒီမ်ိဳးကြဲသစ္အေပၚ ထိေရာက္မူရွိတဲ့ အေထာက္အထား မေတြ႔ရေသးတာအျပင္၊ ၁၂ ႏွစ္ေအာက္ ကေလးငယ္ေတြမွာလည္း ကာကြယ္ေဆး မထိုးေပးႏိုင္ေသးခ်ိန္မွာ လုံးဝ မေပါ့ဆသင့္ပါဘူး။ ဒါေပမဲ့ ကေလးေတြမွာ Omicron ျဖစ္လာလွ်င္ေတာင္ လူႀကီးေတြလိုေတာ့ ျပင္းထန္တာ မေတြ႔ရေသးပါဘူး။

တကယ္ေတာ့ Omicron ျဖစ္လာအၿပီး၊ အေမရိကန္က ေဆး႐ုံေတြမွာလည္း အလားတူ အမ်ားႀကီး ကူးခံခဲ့ရကာ၊ ျမန္မာႏိုင္ငံအတြက္လည္း သင္ခန္းစာယူႏိုင္ပါတယ္။ နယူးေယာက္က Wyckoff Heights ေဆး႐ုံမွာဆိုလွ်င္ ပိုးအျမင့္ဆုံးတက္မွတ္ (Peak) ေရာက္ခ်ိန္မွာ ေဆး႐ုံဝန္ထမ္း တစ္ဝက္ေက်ာ္အထိ အကူးခံခဲ့ရပါတယ္။ ကာကြယ္ေဆးအျပည့္ထိုးထားတဲ့ ဒီေဆးဝန္ထမ္းေတြမွာ အခုလို ကူးစက္ခံရေပမဲ့၊ အျမန္ျပန္ေကာင္းလာတာၿပီး၊ အျပင္ေဆးခန္းေတြ ပိတ္ထားကာ အဲ့ဒီက က်န္းမာေရးလုပ္သားေတြပါ ေဆး႐ုံမွာ ျပန္ေခၚထားတာနဲ႔ တျခားအေရးမႀကီးတဲ့ ခြဲစိတ္မူေတြကို ဆိုင္းထားခဲ့တာေၾကာင့္၊ တစ္လခန႔္သာ ေဆး႐ုံဝန္ပိတ္သြားခဲ့ပါတယ္။ အခုလို ေဆးဝန္ထမ္းေတြ အမ်ားႀကီးေလွ်ာ့၊ ဝန္ပိလာခ်ိန္မွာ၊ အေမရိကန္စစ္တပ္နဲ႔ တျခားအျဖစ္မမ်ားတဲ့ ေဒသေတြက ေဆးဝန္ထမ္းေတြ၊ ေစတနာဝန္ထမ္းေတြ၊ အလုပ္မရေသးတဲ့ ေဆးေက်ာင္းဘြဲ႔ရၿပီးသားေတြ ခ်က္ခ်င္း အစားထိုး လာကူေပးႏိုင္ေအာင္ ႀကိဳျပင္ႏိုင္ခဲ့ၾကပါတယ္။ ဒါေပမဲ့ လူနာေတြ ဆတိုးမ်ားလာတာနဲ႔အမွ် အႏၲရာယ္ႀကီးသူေတြ ကာကြယ္ေဆး မထိုးထားသူေတြမွာေတာ့ ေသဆုံးႏႈန္းကလည္း လိုက္တက္လာတာမို႔၊ ေရခဲတိုက္ေတြမွာထားဖို႔ မဆန႔္ေတာ့တဲ့အထိ ေသဆုံးမူကေတာ့ ျမင့္မားခဲ့ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔အတြက္ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာျပည္က ကိုဗစ္လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

== Unicode ==

မြန်မာနိုင်ငံမှာ ကိုဗစ်-19 မျိုးကွဲသစ်ကို တွေ့ရှိလာတာ တစ်လကျော်လာပြီး၊ အပါတ်စဉ် ရာဂဏန်းနဲ့ချီ ကူးစက်နေတာကို တွေ့ရပြီး၊ မြင့်တက်လာရာကနေ၊ နောက်ဆုံး ရန်ကုန်က စက်ရုံဝန်ထမ်းတွေမှာလည်း အစုလိုက်ကူးစက်နေတာကို တွေ့နေပါပြီ။

ရန်ကုန်တိုင်း မင်္ဂလာဒုံစက်မူဇုံရှိ မှန်ဘီလူးစက်ရုံ (Asia Optical) မှာ မကြာခင်ကပဲ ဝန်ထမ်း (၂၂၀၀) ကျော်ကို ကိုဗစ်စစ်ခဲ့ရာမှာ (၃၀)% ကျော်အဖြစ် (၇၀၀) ကျော်မှာ တွေ့ခဲ့ပြီး၊ ဒီအထဲကမှ (၁၀) ဦးကို နမူနာအဖြစ် Omicron ဆက်စစ်ခဲ့ရာမှာတော့ (၁၀) ဦးလုံးမှာ တွေ့ခဲ့တာမို့ Omicron ဖြစ်နိုင်ခြေက (၁၀၀)% အထိဖြစ်သွားပြီလို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြလိုက်ပါတယ်။ ဒါ့အပြင် အခုလို တွေ့လိုက်တာက တကယ့်အောက်ခြေမှာ အများကြီး အစိုင်အခဲလိုက် ဖြစ်နေနိုင်တာရဲ့ အပေါ်ယံအစိတ်အပိုင်းလေးမျှသာ (Tip of the Iceberg) ဖြစ်နိုင်တာမို့ ၊ လုံးဝ ပေါ့ပေါ့ဆဆမထားဘဲ ကာကွယ်ကုသမူတွေကို ပိုပြင်ဆင်ဖို့ ကျန်းမာရေးပညာရှင်တွေက အထူးသတိပေးလိုက်ပါတယ်။ အကြောင်းက အခုပိုးတွေ့ထားသူတွေနဲ့ ထိတွေ့ခဲ့ပြီးတဲ့ အိမ်သားတွေမှာ ကူးစက်မြန်လွန်းတဲ့ Omicron ကူးပြီးသား ဖြစ်နေနိုင်လို့ပါ။ ဒီကူးစက်ခံထားရပြီးသူတွေထဲမှာ သက်ကြီး (အသက် ၆၅ နှစ် အထက်) ရောဂါအခံ (ဆီးချို၊ သွေးတိုး၊ အဝလွန်၊ ကင်ဆာ၊ ကျောက်ကပ်မကောင်းတာ စတာ) တွေ ရှိထားလျှင်တော့ ကာကွယ်ဆေး (Vaccine) ထိုးထားလျှင်တောင် အန္တရာယ်ကြီးလာနိုင်ပါတယ်။

Omicron မျိုးကွဲသစ်အနေနဲ့ လက်ရှိတွေ့ရှိချက်ထားချက်အရ ပြင်းထန်တဲ့လက္ခဏာပြတာတော့ မတွေ့ရသေးဘဲ၊ ကာကွယ်ဆေးထိုးထားပြီးသူတွေ ရှိလာတာကြောင့်လည်း အခုလို မပြင်းထန်သေးတာ ဖြစ်နိုင်ပါတယ်။ အခုအချိန်ထိ နိုင်ငံတကာ အတွေ့အကြုံတွေအရ Omicron ရဲ့ ထူးခြားမူက အဆုပ်ကို သိပ်မထိခိုက်ဘဲ၊ လေပြွန်အပေါ်ဖက်ပိုင်း (Upper Airway) ကိုသာ အဓိက ထိခိုက်တာတွေ့ထားရပြီး၊ နောက်ဆုံးတွေ့ထားတဲ့ အဓိက လက္ခဏာ (၂) ခုက လည်ချောင်းအလွန်နာတာနဲ့ ချောင်းဆိုးတာပါ။ အခုလို လက္ခဏာ မပြင်းထန်သေးပေမဲ့၊ ဒီမျိုးကွဲသစ်မှာ ကူးစက်တာ ဆတိုးမြန်လွန်းတာကိုတော့ တွေ့ရှိထားပါတယ်။ ကာကွယ်ဆေးထိုးထားသူတွေ အရင်ကိုဗစ် ဖြစ်ထားခဲ့သူတွေမှာလည်း Omicron ကူးစက်ခံရနိုင်တာမို့၊ စက်ရုံ အလုပ်ရုံထဲ (ထမင်းဆိုင်ထဲ) အတူတူလုပ်၊ အတူူတူစားကြသူတွေမှာ ကူးစက်မူတွေ့တာ ရုတ်တရက် များလာတာ ဖြစ်နိုင်ကာ၊ Mask ပါးစပ်နဲ့ နှာခေါင်းစည်း အသေအချာ မတပ်တာကလည်း အကြောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။

အခုလို Omicron ကူးစက်မြန်လွန်းတာက ကြောက်စရာမဟုတ်ပေမဲ့၊ လူငယ်တွေသာဖြစ်ပြီး မပြင်းထန်သေးတာမို့ သေးသေးမွှားမွှားရောဂါအဖြစ် မပေါ့ဆမိဖို့တော့ အထူး အရေးကြီးပါတယ်။ တကယ်တော့ Omicron ကြောင့် အရင်ကိုဗစ် သိပ်အကူးမခံခဲ့ရတဲ့ ကလေးတွေမှာ အခု (၂၀)% အထိ၊ ကူးစက်ခံလာရပြီး တချို့ဆေးရုံတင်ရတာပါ အမေရိကန်မှာ တွေ့ထားပြီးပါပြီ။ မြန်မာနိုင်ငံမှာလည်း တရုတ်ကာကွယ်ဆေးက ဒီမျိုးကွဲသစ်အပေါ် ထိရောက်မူရှိတဲ့ အထောက်အထား မတွေ့ရသေးတာအပြင်၊ ၁၂ နှစ်အောက် ကလေးငယ်တွေမှာလည်း ကာကွယ်ဆေး မထိုးပေးနိုင်သေးချိန်မှာ လုံးဝ မပေါ့ဆသင့်ပါဘူး။ ဒါပေမဲ့ ကလေးတွေမှာ Omicron ဖြစ်လာလျှင်တောင် လူကြီးတွေလိုတော့ ပြင်းထန်တာ မတွေ့ရသေးပါဘူး။

တကယ်တော့ Omicron ဖြစ်လာအပြီး၊ အမေရိကန်က ဆေးရုံတွေမှာလည်း အလားတူ အများကြီး ကူးခံခဲ့ရကာ၊ မြန်မာနိုင်ငံအတွက်လည်း သင်ခန်းစာယူနိုင်ပါတယ်။ နယူးယောက်က Wyckoff Heights ဆေးရုံမှာဆိုလျှင် ပိုးအမြင့်ဆုံးတက်မှတ် (Peak) ရောက်ချိန်မှာ ဆေးရုံဝန်ထမ်း တစ်ဝက်ကျော်အထိ အကူးခံခဲ့ရပါတယ်။ ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ ဒီဆေးဝန်ထမ်းတွေမှာ အခုလို ကူးစက်ခံရပေမဲ့၊ အမြန်ပြန်ကောင်းလာတာပြီး၊ အပြင်ဆေးခန်းတွေ ပိတ်ထားကာ အဲ့ဒီက ကျန်းမာရေးလုပ်သားတွေပါ ဆေးရုံမှာ ပြန်ခေါ်ထားတာနဲ့ တခြားအရေးမကြီးတဲ့ ခွဲစိတ်မူတွေကို ဆိုင်းထားခဲ့တာကြောင့်၊ တစ်လခန့်သာ ဆေးရုံဝန်ပိတ်သွားခဲ့ပါတယ်။ အခုလို ဆေးဝန်ထမ်းတွေ အများကြီးလျှော့၊ ဝန်ပိလာချိန်မှာ၊ အမေရိကန်စစ်တပ်နဲ့ တခြားအဖြစ်မများတဲ့ ဒေသတွေက ဆေးဝန်ထမ်းတွေ၊ စေတနာဝန်ထမ်းတွေ၊ အလုပ်မရသေးတဲ့ ဆေးကျောင်းဘွဲ့ရပြီးသားတွေ ချက်ချင်း အစားထိုး လာကူပေးနိုင်အောင် ကြိုပြင်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူနာတွေ ဆတိုးများလာတာနဲ့အမျှ အန္တရာယ်ကြီးသူတွေ ကာကွယ်ဆေး မထိုးထားသူတွေမှာတော့ သေဆုံးနှုန်းကလည်း လိုက်တက်လာတာမို့၊ ရေခဲတိုက်တွေမှာထားဖို့ မဆန့်တော့တဲ့အထိ သေဆုံးမူကတော့ မြင့်မားခဲ့ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့အတွက် ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်က ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG