လူ့အခွင့်အရေးဆိုင်ရာသမားတော်များ (PHR) စီရင်ခံစာအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှု စုစုပေါင်း ၄၁၅ ခု၊ ဖမ်းဆီးထိမ်းသိန်းခံထားရတဲ့ ဆရာဝန်၊ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းပေါင်း ၂၈၆ ဦး၊ သေဆုံးသူပေါင်း ၃၀ ဦး၊ တိုက်ခိုက်ခံရတဲ့ ဆေးရုံနဲ့ ကျန်းမာရေး အဆောက်အဦပေါင်း ၁၂၈ ခုထိရှိကြောင်း ဖေါ်ပြထားပါတယ်။
အာဏာသိမ်းတနှစ်တာ ကိုဗစ်ကပ်ရောဂါ အခြေအနေ
မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ်အတွင်းကိုဗစ်-၁၉ ကပ်ရောဂါ အပြင်းအထန်ကူးစက်ခဲ့တဲ့ တတိယလှိုင်းမှာ လူပေါင်းများစွာ မသေဆုံးသင့်ပဲ သေဆုံးခဲ့ရတာဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအကျိုးဆက်ဖြစ်ကြောင်း ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ အာဏာတည်မြဲရေးအတွက် သူ့ကို ဆန့်ကျင်သူမှန်သမျှ စစ်ကောင်စီက အပြင်းအထန် ချေမှုန်းတိုက်ခိုက်ရာမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေပါ ဖိနှိပ်ခဲ့တာကြောင့် လက်ရှိ ကိုဗစ်-၁၉ ရောဂါပိုးသစ်ဖြစ်တဲ့ Omicron ကူးစက်ပျံ့နှံ့မှုဘေးကိုလည်း ထိရောက်အောင်ကာကွယ်နိုင်မယ့် အခြေအနေမရှိဘူးလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ်အတွင်းကိုဗစ်-၁၉ ကပ်ရောဂါ အပြင်းအထန်ကူးစက်ခဲ့တဲ့ တတိယလှိုင်းမှာ လူပေါင်းများစွာ မသေဆုံးသင့်ပဲ သေဆုံးခဲ့ရတာဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအကျိုးဆက်ဖြစ်ကြောင်း ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ အာဏာတည်မြဲရေးအတွက် သူ့ကို ဆန့်ကျင်သူမှန်သမျှ စစ်ကောင်စီက အပြင်းအထန် ချေမှုန်းတိုက်ခိုက်ရာမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေပါ ဖိနှိပ်ခဲ့တာကြောင့် လက်ရှိ ကိုဗစ်-၁၉ ရောဂါပိုးသစ်ဖြစ်တဲ့ Omicron ကူးစက်ပျံ့နှံ့မှုဘေးကိုလည်း ထိရောက်အောင်ကာကွယ်နိုင်မယ့် အခြေအနေမရှိဘူးလို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီး တနှစ်အတွင်း စစ်ကောင်စီအုပ်ချုပ်မှုအောက် ကျန်းမာရေးစနစ်ပြိုလဲခဲ့မှု နောက်ဆက်တွဲ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုအခြေအနေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။
==========================
မနှစ်က စစ်အာဏာသိမ်းမှုရလာဒ်အဖြစ် ဒီကနေ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် အန္တရာယ်အရှိဆုံး နေရာတခုဖြစ်နေကြောင်း နယူးရောက်အခြစိုက် လူ့အခွင့်အရေးဆိုင်ရာသမားတော်များ (PHR) ကပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်ဟာ သူ့အာဏာတည်မြဲရေး ဆန့်ကျင် သူမှန်သမျှကို ချေမှုန်းနေရာမှာ ကျန်းမာရေးဝန်ထမ်းတွေဖြစ်တဲ့ ဆရာဝန်၊ သူနာပြုတွေ၊ ဆေးရုံအဆောက်အဦတွေကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း "ကျန်းမာရေးဝန်ထမ်းတွေ အကြောက်တရားနဲ့ အလုပ်လုပ်နေကြရတယ် လို့" ခေါင်းစဉ်ပေးထားတဲ့ PHR အစီရင်ခံစာသစ်မှာ ဖေါ်ပြထားပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့နှစ်က ကိုဗစ်-၁၉ delta ပိုးစတင်ကူးစက်ပျံ့နှံ့ချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပြိုလဲနေတာကြောင့် လူအမြောက်အများ အားကိုးရာမဲ့ သေဆုံးခဲ့ရကြောင်း လုံခြုံရေးကြောင့် ပြည်တွင်းက အမည်မဖေါ်လိုတဲ့ သမားတော်တဦးက ဗွီအိုအေကို ပြောပါတယ်။
အသံ
အရင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အရပ်အသားအစိုးရကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရေး အစီအစဉ်ကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖေါ်နေချိန် ဖေဖေါ်ဝါရီလ (၁)ရက်မှာ စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းခဲ့ရတယ်။ နောက် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ အနေနဲ့ မြန်မာပြည်သူ အများအပြားဟာ ကိုဗစ်ကာကွယ်ဆေးတွေ မထိုးခဲ့ကြပါဘူး။ ဒါအပြင် ကိုဗစ်-၁၉ ရောဂါကုသပေးနေတဲ့ ဆေးခန်းတွေကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သလို၊ အရေးကြီးတဲ့ နိုင်ငံတကာကလှူဒါန်းဖို့ရှိနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတဲ့အတွက် အခုလို ကမ္ဘာ့ကပ်ရောဂါဘေးရင်ဆိုင်နေရချိန် မြန်မာ့ကျန်းမာရေးစနစ်ကိုပြိုပျက်စေကြောင်း PHR အစီရင်ခံစာပူးတွဲရေးသားသူ ပရိုဂမ်အရာရှိ Lindsey Green က ပြောပါတယ်။ လက်ရှိ ပြည်တွင်းမှာ အခြေအနေတွေကို လက်တွေ့ရင်ဆိုင်နေရတဲ့ စောစောက မြန်မာသမားတော်ရဲ့အမြင်ဘယ်လိုရှိပါသလဲ။
အသံ
ကိုဗစ် တတိယလှိုင်းဒဏ် အလူးအလဲခံနေတဲ့ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လမှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှု မြင့်တက်နေတဲ့အတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ခေါင်ေးဆာင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ဒီတကြိမ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး၊ အမိန့်မဏာခံရေး CDM လှုပ်ရှားမှုတွေထဲ ကိုဗစ်ကပ်ရောဂါ ရှေ့တန်းကနေ ပြုစုကုသပေးနေတဲ့ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ ထိပ်ဆုံးကပါဝင်ခဲ့တာ ဘာကြောင့်လဲ။
ပြည်ပအခြေစိုက် အမျိုးသားကျန်းမာရေးကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ NUG ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်လည်းဖြစ်တဲ့ လန်ဒန်အခြေစိုက် မြန်မာသမားတော် ဒေါက်တာဥက္ကာက အခုလို ပြောပါတယ်။
အသံ
စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျ အကောင်အထည်ဖေါ်နိုင်ခြင်းမရှိချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း အလူးအလဲခံနေရတဲ့ဒဏ်ကို ကျော်လွှားနိုင်ရေး စေတနာ့အလျောက်ပြုစုပေးတဲ့ ကိုဗစ်-၁၉ စင်တာတွေဟာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြားက ရုန်းကန်ရပ်တည်ကုသပေးခဲ့တာဟာ အရေးပါခဲ့ကြောင်း မြန်မာသမားတော်က ပြောပါတယ်။
အသံ
ကိုဗစ်တတိယလှိုင်းအပြီးမှာ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ဘက်ကို လူတွေ ပြန်စိတ်ဝင်စားလာတာတွေ့ခဲ့ရတယ်လို့သူကဆက်ပြောပါတယ်။ ဒါပေမယ့်လို့ အခုချိန်ထိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို နိုင်နိုင်နင်းနင်းပြန်ပြီး ထူထောင်နိုင်မှုမရှိသေးတာကြောင့် မြန်မာနိုင်ငံမှာစတင် ပျံ့ပွားနေပြီဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါပိုးသစ် Omicron အန္တရာယ်အလွန်ကြီးလာနေကြောင်းလည်း အဲဒီသမားတော်က သတိပေးပြောကြားပါတယ်
အသံ
အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ကို ရင်ဆိုင်နေရချိန် စစ်အာဏာသိမ်းပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲခဲ့ရတဲ့အခြေအနေထိဖြစ်ခဲ့ပြီး ကိုဗစ်ကြောင့် လူတွေ သေဆုံးမှုများရတဲ့ အခြေအနေဟာ စစ်ကောင်စီမှာ တာဝန်အပြည့်ရှိကြောင်း ဒေါက်တာဥက္ကာက ပြောပါတယ်။
အသံ
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ အောက်တိုဘာ၊ ၂၀၂၄
ကုလငြိမ်းချမ်းရေးထိန်းတပ် လက်ဘနွန်ကထွက်ဖို့ အစ္စရေးဝန်ကြီးချုပ်သတိပေး
-
၁၄ အောက်တိုဘာ၊ ၂၀၂၄
ရွေးကောက်ပွဲမတိုင်မီ အောက်တိုဘာအထိတ်တလန့်
-
၁၄ အောက်တိုဘာ၊ ၂၀၂၄
ကိုလံဘီယာပိုင်ကျွန်းတွေ စိုးရိမ်ဖွယ် ပင်လယ်ရေမြင့်တက်လာမှု
-
၁၄ အောက်တိုဘာ၊ ၂၀၂၄
ဖက်ဒရယ်တပ်မတော် ဘယ်ဆီဘယ်ဝယ် (အပိုင်း - ၁)
-
၁၄ အောက်တိုဘာ၊ ၂၀၂၄
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့ရမှုအပေါ်အမြင်သဘောထားများ
-
၁၄ အောက်တိုဘာ၊ ၂၀၂၄
သမ္မတရွေးကောက်ပွဲမှာ အရေးပါတဲ့ ဝစ်ကွန်ဆင် ပြည်နယ်