သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း ကိုဗစ္ကာကြယ္ေဆးအျပည့္ မထိုးႏိုင္သူေတြ ရွိေနဆဲ


ႏွာေခါင္းစည္း ၀တ္ဆင္ထားတဲ့ ရန္ကုန္ျမိဳ ့ခံမ်ား (ဓာတ္ပံု - ေအပီ)

ျမန္မာႏိုင္ငံမွာ Omicron ကိုဗစ္ပိုး ျပည္တြင္းကူးစက္သူေတြရွိေနခ်ိန္ ေရာဂါကာကြယ္ေရးနည္းလမ္းေတြကို လူတိုင္းလိုက္နာဖို႔ ကြၽမ္းက်င္သူေတြ တိုက္တြန္းေနသလို၊ ေရာဂါကာကြယ္ေဆး လူတိုင္း မျဖစ္မေနထိုးထားဖို႔ကိုလည္း သတိေပးေနပါတယ္။ က်န္းမာေရးဝန္ႀကီးဌာန အစီအစဥ္နဲ႔ ကာကြယ္ေဆးထိုးသူေတြရွိသလို၊ ကာကြယ္ေဆးထိုးႏိုင္တဲ့ အေျခအေနမရေသးသူေတြလည္း ရွိေနပါတယ္။ တခ်ိဳ႕ကလည္း ကိုယ့္အစီအစဥ္နဲ႔ကိုယ္ အဖိုးအခေပးၿပီး ကပ္ေရာဂါကာကြယ္ေဆး ထိုးေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပိုတဲ့သတင္းကို နန္းေလာဝ္ေျပာျပပါမယ္။

ျမန္မာႏိုင္ငံမွာ ကူးစက္ျမန္ Omicron ကိုဗစ္ပိုး အတည္ျပဳလူနာ ၁၈၀ ေက်ာ္ရွိတဲ့ထဲမွာ ၂ ေယာက္က ျပည္တြင္းမွာ ကူးစက္သူေတြ ျဖစ္ပါတယ္။ Omicron ကိုဗစ္ပိုး မကူးစက္ေအာင္ ကိုဗစ္ကာကြယ္ေရးနည္းလမ္းေတြကို အေလးထားၾကဖို႔နဲ႔ ကိုဗစ္ကူးစက္ခဲ့ရင္ေတာင္ ေရာဂါကို ျပင္းျပင္းထန္ထန္ မခံစားရေအာင္ အားျဖည့္ ကိုဗစ္ကာကြယ္ေဆးထိုး ထိုးၾကဖို႔ က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းေနပါတယ္။ ကိုဗစ္ကာကြယ္ေဆး လူတိုင္းထိုးႏွံႏိုင္ဖို႔ က်န္းမာေရးဌာနက ၿမိဳ႕နယ္အလိုက္ ေဆာင္႐ြက္ေပးေနတယ္လို႔ စစ္ေကာင္စီရဲ႕ သတင္းမီဒီယာေတြကေနတဆင့္ ေန႔စဥ္ထုတ္ျပန္ေနပါတယ္။
ျမန္မာႏိုင္ငံမွာေတာ့ အားျဖည့္ကိုဗစ္ကာကြယ္ေဆးထိုးတဲ့ အစီအစဥ္ေတြ မေတ့ြရေသးေပမဲ့ က်န္းမာေရးတာဝန္ရွိသူေတြရဲ႕ အစီအစဥ္နဲ႔ ကိုဗစ္ကာကြယ္ေဆးထိုး ၂ ႀကိမ္ထိုးထားၿပီးသူေတြေတာ့ ေတာ္ေတာ္မ်ားမ်ားရွိေနပါတယ္။ ပထမတႀကိမ္ထိုးၿပီးလို႔ ဒုတိယအႀကိမ္ ထိုးဖို႔ ေစာင့္ေနသူေတြလည္း မနည္းပါဘူး။ ရွမ္းျပည္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕မွာ ကာကြယ္ေဆး ဒုတိယတႀကိမ္ထိုးဖို႔ က်န္ေနသူေတြကို ေဆးခြဲတမ္းရသေလာက္ တရက္တည္းသာ ထိုးေပးသြားမယ္လို႔ ၿမိဳ႕နယ္ကိုဗစ္ေရာဂါ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီက ထုတ္ျပန္ထားပါတယ္။ ကာကြယ္ေဆး လုံးဝမထိုးရေသးလို႔ ေစာင့္ဆိုင္းေနသူေတြအတြက္ေတာ့ ေဆးခြဲတမ္းေပၚမူတည္ၿပီး ေစာင့္ဆိုင္းေနရတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

"ဒီမွာက အခုဟာက သူတို႔ေဆးအသစ္ေတြ ထပ္မေရာက္ေသးဘူးေျပာတယ္။ ကိုဗစ္ေဆးခြဲတမ္းအသစ္ေတြ ထပ္မေရာက္ေသးဘူးေျပာတယ္၊ ပထမတႀကိမ္ထိုးဖို႔အတြက္ကိုေလ မေရာက္ေသးဘူးလို႔ေျပာတယ္။ အေဟာင္းေတြကေတာ့ ထိုးၿပီးသြားၾကၿပီ။ အရင္တေခါက္ကေတာ့ ဒုတိယအသုတ္ဆိုၿပီးေတာ့ သူတို႔ေခၚထိုးတာေတြ႕တယ္။ ဒါကက်ေတာ့ ၿမိဳ႕ေပၚကလူေတာ့ မဟုတ္ဘူး။ အဲဒီေန႔ကေတာ့ ႐ြာဘက္ကလူေတြ အမ်ားဆုံးပဲ သူတို႔ေခၚထိုးတာေပါ့ေနာ္။"

ေနာင္ခ်ိဳၿမိဳ႕ ထဲက ေတာင္ရပ္ကြက္မွာရွိတဲ့ မဏိရတနာခန္းမေနရာမွာ ကိုဗစ္ေရာဂါကာကြယ္ေဆးထိုးႏွံေပးေနတာပါ။ ခန္းမအက်ယ္အဝန္းနဲ႔ ကိုဗစ္ကာကြယ္ေဆးလာထိုးသူ အေရအတြက္ မမွ်တာေၾကာင့္ ေရာဂါပိုးကူးစက္ခံရမွာကို ျပန္ၿပီး စိုးရိမ္ေနရတဲ့ အေျခအေနကိုလည္း ခုလိုေျပာပါတယ္။
"ရက္သတ္မွတ္ခ်က္ေတြကေတာ့ အဆင္ေျပတယ္။ ေနရာကေတာ့ အဆင္မေျပဘူးေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ တအားႀကီးက်ပ္တဲ့အခါက်ေတာ့ လူေတြကေလ တေယာက္နဲ႔တေယာက္ကလည္း ႁပြတ္သိပ္ၾကပ္ညပ္ အဲလိုမ်ိဳးေတြ တန္းစီရတဲ့အခါက်ေတာ့ ပိုဆိုးတာေပါ့။ ေရာဂါျဖစ္မွာစိုးလို႔ ေဆးလာထိုးခါမွ ေရာဂါကူးမယ္။ အဲလိုပုံစံမ်ိဳးျဖစ္ေနတာေပါ့ လူေတြက တအားမ်ားတဲ့အခါက်ေတာ့ေလ။"

က်န္းမာေရးဌာနရဲ႕ အစီအစဥ္နဲ႔ ကိုဗစ္ေရာဂါကာကြယ္ေဆး ထိုးႏွံရမယ့္အုပ္စုအလိုက္ သတ္မွတ္ရက္အတိုင္း အခမဲ့ထိုးေနတာျဖစ္ပါတယ္။ တခ်ိဳ႕ကေတာ့

ကိုယ့္အစီအစဥ္နဲ႔ကိုယ္ အခေၾကးေငြေပးၿပီး ေဆးထိုးႏိုင္တဲ့ ေနရာေတြမွာ ကိုဗစ္ကာကြယ္ေဆး ထိုးေနၾကပါတယ္။ ကိုဗစ္ကာကြယ္ေဆးထိုး ဝန္ေဆာင္မႈေပးေနတဲ့ ပုဂၢလိကလုပ္ငန္းေတြက ကာကြယ္ေဆးထိုးႏွံခ်င္သူ တဦးခ်င္း ဒါမွမဟုတ္ အစုအဖြဲ႕အလိုက္ ဝန္ေဆာင္မႈေပးတာေတြလည္း ရွိလာပါတယ္။ အဖိုးအခယူၿပီး ကိုဗစ္ကာကြယ္ေဆးထိုးဝန္ေဆာင္မႈေပးေနတဲ့ Lodggy ဆိုတဲ့ ခရီးသြားလုပ္ငန္းက ခုလိုရွင္းျပပါတယ္။

"ေဆးကက်ေတာ့ လူ ၁၀ ေယာက္ကို ၁ လုံးထိုးရတာျဖစ္တဲ့အတြက္ လူစုရတယ္။ Batch တခုကို Weekend တိုင္းမွာ ရွိတယ္ေပါ့ေနာ္။ ေနာက္တခုက ေနာက္ထပ္ Product တခုအေနနဲ႔ Home Service ရွိပါတယ္။ သူကက်ေတာ့လည္း ညီမတို႔ date ေပးတာမ်ားတယ္။ ဒါေပမယ့္ ေဆးထိုးမယ့္သူက လူမ်ားမယ္ဆို ၁၀ ေယာက္ျဖစ္တယ္ဆိုရင္ေတာ့ သူတို႔လိုခ်င္တဲ့ date ရႏိုင္တယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ကုမၸဏီအဖြဲ႕အစည္းေတြကို လိုက္ထိုးေပးတာ Product ေနာက္တခုေပါ့ေနာ္။ ေလာေလာဆယ္ ေဆးထိုးတာနဲ႔ပတ္သက္ၿပီး အဲလို ၃ မ်ိဳးခြဲထားတယ္။ အာမခံခ်က္သေဘာမ်ိဳးကေတာ့ ေဆးထိုးေပးတဲ့ ေဒါက္တာရဲ႕ ဆမ သေဘာမ်ိဳးေပးထားတယ္။ ေနာက္ၿပီးေတာ့ Lodggy ကေနၿပီးေတာ့ letterhead ပုံစံမ်ိဳးထုတ္ေပးတာ ရွိပါတယ္ရွင့္။"

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေဆး အႀကိမ္ျပည့္ထိုးႏွံၿပီးသူက ၁၈ သန္းေက်ာ္ ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

တခ်ိန္ထဲမွာ ကပ္ေရာဂါကာကြယ္ေဆး လုံးဝမထိုးရေသးဘဲ ကိုယ့္အလွည့္ေရာက္ဖို႔ ေစာင့္ဆိုင္းေနသူေတြလည္း ရွိပါတယ္။ ကာကြယ္ေဆး အႀကိမ္ျပည့္ထိုးႏွံၿပီးသူ တခ်ိဳ႕ကလည္း ကိုယ့္အစီအစဥ္နဲ႔ကိုယ္ အဖိုးအခေပးၿပီး အားျဖည့္ကိုဗစ္ကာကြယ္ေဆး ထိုးထားၾကပါတယ္။

...............................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာနိုင်ငံတွင်း ကိုဗစ်ကာကွယ်ဆေးအပြည့် မထိုးနိုင်သူတွေ ရှိနေဆဲ

(Unicode)

မြန်မာနိုင်ငံမှာ Omicron ကိုဗစ်ပိုး ပြည်တွင်းကူးစက်သူတွေရှိနေချိန် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လူတိုင်းလိုက်နာဖို့ ကျွမ်းကျင်သူတွေ တိုက်တွန်းနေသလို၊ ရောဂါကာကွယ်ဆေး လူတိုင်း မဖြစ်မနေထိုးထားဖို့ကိုလည်း သတိပေးနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်နဲ့ ကာကွယ်ဆေးထိုးသူတွေရှိသလို၊ ကာကွယ်ဆေးထိုးနိုင်တဲ့ အခြေအနေမရသေးသူတွေလည်း ရှိနေပါတယ်။ တချို့ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် အဖိုးအခပေးပြီး ကပ်ရောဂါကာကွယ်ဆေး ထိုးနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပိုတဲ့သတင်းကို နန်းလောဝ်ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကူးစက်မြန် Omicron ကိုဗစ်ပိုး အတည်ပြုလူနာ ၁၈၀ ကျော်ရှိတဲ့ထဲမှာ ၂ ယောက်က ပြည်တွင်းမှာ ကူးစက်သူတွေ ဖြစ်ပါတယ်။ Omicron ကိုဗစ်ပိုး မကူးစက်အောင် ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို အလေးထားကြဖို့နဲ့ ကိုဗစ်ကူးစက်ခဲ့ရင်တောင် ရောဂါကို ပြင်းပြင်းထန်ထန် မခံစားရအောင် အားဖြည့် ကိုဗစ်ကာကွယ်ဆေးထိုး ထိုးကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။ ကိုဗစ်ကာကွယ်ဆေး လူတိုင်းထိုးနှံနိုင်ဖို့ ကျန်းမာရေးဌာနက မြို့နယ်အလိုက် ဆောင်ရွက်ပေးနေတယ်လို့ စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေကနေတဆင့် နေ့စဉ်ထုတ်ပြန်နေပါတယ်။
မြန်မာနိုင်ငံမှာတော့ အားဖြည့်ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ မတေ့ွရသေးပေမဲ့ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေးထိုး ၂ ကြိမ်ထိုးထားပြီးသူတွေတော့ တော်တော်များများရှိနေပါတယ်။ ပထမတကြိမ်ထိုးပြီးလို့ ဒုတိယအကြိမ် ထိုးဖို့ စောင့်နေသူတွေလည်း မနည်းပါဘူး။ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှာ ကာကွယ်ဆေး ဒုတိယတကြိမ်ထိုးဖို့ ကျန်နေသူတွေကို ဆေးခွဲတမ်းရသလောက် တရက်တည်းသာ ထိုးပေးသွားမယ်လို့ မြို့နယ်ကိုဗစ်ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ ကာကွယ်ဆေး လုံးဝမထိုးရသေးလို့ စောင့်ဆိုင်းနေသူတွေအတွက်တော့ ဆေးခွဲတမ်းပေါ်မူတည်ပြီး စောင့်ဆိုင်းနေရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

"ဒီမှာက အခုဟာက သူတို့ဆေးအသစ်တွေ ထပ်မရောက်သေးဘူးပြောတယ်။ ကိုဗစ်ဆေးခွဲတမ်းအသစ်တွေ ထပ်မရောက်သေးဘူးပြောတယ်၊ ပထမတကြိမ်ထိုးဖို့အတွက်ကိုလေ မရောက်သေးဘူးလို့ပြောတယ်။ အဟောင်းတွေကတော့ ထိုးပြီးသွားကြပြီ။ အရင်တခေါက်ကတော့ ဒုတိယအသုတ်ဆိုပြီးတော့ သူတို့ခေါ်ထိုးတာတွေ့တယ်။ ဒါကကျတော့ မြို့ပေါ်ကလူတော့ မဟုတ်ဘူး။ အဲဒီနေ့ကတော့ ရွာဘက်ကလူတွေ အများဆုံးပဲ သူတို့ခေါ်ထိုးတာပေါ့နော်။"

နောင်ချိုမြို့ ထဲက တောင်ရပ်ကွက်မှာရှိတဲ့ မဏိရတနာခန်းမနေရာမှာ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးနေတာပါ။ ခန်းမအကျယ်အဝန်းနဲ့ ကိုဗစ်ကာကွယ်ဆေးလာထိုးသူ အရေအတွက် မမျှတာကြောင့် ရောဂါပိုးကူးစက်ခံရမှာကို ပြန်ပြီး စိုးရိမ်နေရတဲ့ အခြေအနေကိုလည်း ခုလိုပြောပါတယ်။
"ရက်သတ်မှတ်ချက်တွေကတော့ အဆင်ပြေတယ်။ နေရာကတော့ အဆင်မပြေဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တအားကြီးကျပ်တဲ့အခါကျတော့ လူတွေကလေ တယောက်နဲ့တယောက်ကလည်း ပြွတ်သိပ်ကြပ်ညပ် အဲလိုမျိုးတွေ တန်းစီရတဲ့အခါကျတော့ ပိုဆိုးတာပေါ့။ ရောဂါဖြစ်မှာစိုးလို့ ဆေးလာထိုးခါမှ ရောဂါကူးမယ်။ အဲလိုပုံစံမျိုးဖြစ်နေတာပေါ့ လူတွေက တအားများတဲ့အခါကျတော့လေ။"

ကျန်းမာရေးဌာနရဲ့ အစီအစဉ်နဲ့ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံရမယ့်အုပ်စုအလိုက် သတ်မှတ်ရက်အတိုင်း အခမဲ့ထိုးနေတာဖြစ်ပါတယ်။ တချို့ကတော့

ကိုယ့်အစီအစဉ်နဲ့ကိုယ် အခကြေးငွေပေးပြီး ဆေးထိုးနိုင်တဲ့ နေရာတွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနေကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုး ဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေက ကာကွယ်ဆေးထိုးနှံချင်သူ တဦးချင်း ဒါမှမဟုတ် အစုအဖွဲ့အလိုက် ဝန်ဆောင်မှုပေးတာတွေလည်း ရှိလာပါတယ်။ အဖိုးအခယူပြီး ကိုဗစ်ကာကွယ်ဆေးထိုးဝန်ဆောင်မှုပေးနေတဲ့ Lodggy ဆိုတဲ့ ခရီးသွားလုပ်ငန်းက ခုလိုရှင်းပြပါတယ်။

"ဆေးကကျတော့ လူ ၁၀ ယောက်ကို ၁ လုံးထိုးရတာဖြစ်တဲ့အတွက် လူစုရတယ်။ Batch တခုကို Weekend တိုင်းမှာ ရှိတယ်ပေါ့နော်။ နောက်တခုက နောက်ထပ် Product တခုအနေနဲ့ Home Service ရှိပါတယ်။ သူကကျတော့လည်း ညီမတို့ date ပေးတာများတယ်။ ဒါပေမယ့် ဆေးထိုးမယ့်သူက လူများမယ်ဆို ၁၀ ယောက်ဖြစ်တယ်ဆိုရင်တော့ သူတို့လိုချင်တဲ့ date ရနိုင်တယ်ပေါ့နော်။ နောက်ပြီးတော့ ကုမ္ပဏီအဖွဲ့အစည်းတွေကို လိုက်ထိုးပေးတာ Product နောက်တခုပေါ့နော်။ လောလောဆယ် ဆေးထိုးတာနဲ့ပတ်သက်ပြီး အဲလို ၃ မျိုးခွဲထားတယ်။ အာမခံချက်သဘောမျိုးကတော့ ဆေးထိုးပေးတဲ့ ဒေါက်တာရဲ့ ဆမ သဘောမျိုးပေးထားတယ်။ နောက်ပြီးတော့ Lodggy ကနေပြီးတော့ letterhead ပုံစံမျိုးထုတ်ပေးတာ ရှိပါတယ်ရှင့်။"

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူက ၁၈ သန်းကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တချိန်ထဲမှာ ကပ်ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးဘဲ ကိုယ့်အလှည့်ရောက်ဖို့ စောင့်ဆိုင်းနေသူတွေလည်း ရှိပါတယ်။ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ တချို့ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် အဖိုးအခပေးပြီး အားဖြည့်ကိုဗစ်ကာကွယ်ဆေး ထိုးထားကြပါတယ်။

XS
SM
MD
LG